အပိုင်း (၄) : မြတ်နိူးမှု

24.1K 1.9K 23
                                    

{Zawgyi🌾}

... အကြာအေဝး...

ဝါတွင်းသုံးလ... ပထမဝါဆို၏ ပထမအပတ်... သီတင်းသီလယူမိသည်။ uniမပါပေမယ့် သူငယ်တန်းကနေ ၁၀တန်းအထိ stateကျောင်းသားဘဝက မောပန်းလှသည် ။...လေးရက်တက်ရတာရှာပြီး ၆ရက်က ပုံမှန်လိုပင် ဥပုတ်နေ့ပဲ ပိတ်တာမို့ ...။ ထို့ကြောင့် ကိုယ်သည်လည်း ကျောင်းဖွင့်ရက် အာပေါင်အာရင်းသန်သန်မောခဲ့သမျှ ပိတ်ရက်မှာတော့ သီလယူရမည်။ သံသရာအတွက် ကြိုစုထားရမည် ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမှီဆိုသော စကားသည် အလကား မဟုတ်။

ဘယ်သူမှ အနိစ္စ ဒုက္ခ အနတ္တ သင်္ခါရ သဘောထားတွေကို ရှောင်လွဲနိုင်မည် မဟုတ် ။ အခုလဲ ရွာဦးကျောင်းလာပြီး ရှစ်ပါးသီလ ခံယူအပြီး ဥက္ကဌ၏ ဓမ္မာရုံအတွက် မိန့်ခွန်းကို နားထောင်နေမိသည်....။မပြီးသေးသော ဓမ္မာရုံနံရံများအား လှူဖို့တိုက်တွန်းပြီး မွန်းမံခြယ်သမှုအပိုင်းပါ ပါလာလေပြီ ....။ ကိုယ်က အခုမှ တစ်လလောက်ပဲ ရှိသေးသော လူသစ်အနေနဲ့ သူတို့ ဆွေးနွေးပွဲကိုပဲ ငြိမ်သက်စွာနားထောင်နေမိပြီ။

"ကျွန်တော်ကတော့ အဝါနုရောင်ပဲ ကောင်းမယ်ထင်တယ်....အဲ့ဒါက မင်္ဂလာကျတယ် လေ။

ရင်းနှီးနေသော အသံတစ်ခုကြောင့် ခေါင်းထောင်ကြည့်လိုက်မိသည် ။စတစ်အနက်၊ ယောပုဆိုးဇီးညိုရောင်နဲ့ပင် ဆံပင်က မသပ်မရပ် မျက်နှာက ညှင်းသိုးသိုးပင် ။ သို့သော်ငြား ချောမောမှု အလုံးစုံသည် လွင့်ပြယ်မှု မရှိခဲ့။

"ကောင်းပါတယ် ...ဒါပေမယ့် အခြားလူတွေကို မေးကြည့်ရဦးမယ်... ရပ်ရွာ ဆန္ဒကို မေးရဦးမယ်"

"ကျွန်တော်ပြောရင် ဘယ်သူ့က ကန့်ကွက်မှာလဲ? ကျွန်တော်ပဲ တော်တော်များများ ဆုံးဖြတ်လာတာ...."

"ဒါပေမယ့် ရပ်ရွာဆန္ဒတစ်ချက်မေးကြည့်ရဦးမယ်...။ အားလုံးက စုပြီး လှူဒါန်းထားတာဆိုတော့....။"

"သဘောပဲလေ"

"ကဲ ... မောင်ရောင်ဖြာကတော့ မင်္ဂလာရောင်တဲ့ ...အားလုံးသဘောတူမလား?"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now