အပိုင်း ၇: အရွတ်တုံး

20.7K 1.6K 63
                                    


{Zawgyi🌾}

အပိုင်း (၇)

...အရွတ်တုံး...

မုန်တိုင်းတွေရဲ့အစက
လေပြည်တွေဖြစ်မှန်းသာ ကြိုသိခဲ့လျှင်
ကျွန်တော် လေပြည်တွေကိုဘယ်တော့မှ
မတောင့်တပါဘူး။

***

သုံးရက်မြောက် လွန်မြောက်လေသော်...

အခြေခံပညာ အထက်တန်းကျောင်း

လေးထောင့်စပ်စပ် ဘေးပတ်လည် လယ်ကွင်းတစ်ချို့မှ မိုးရာသီ ပျိုးပင်များနှင့်အတူ တင့်တယ်စွာ ရှိပါသည်။ ကျောင်းရှေ့မှ လွင့်ထူထားသော အလံသည် လေနှင်ရာ မျောလွင့်နေသည်။ မိုးများများဖြင့် ဝါဆိုလသည် အေးခဲ ထုံထိုင်းမှုအပြည့်.... အအေးဓာတ်သည် မိမိမြို့ထက်ပင် သာလွန်နေသည်လား?

ကျောင်းခန်းထဲမှ မိမိရင်သွေးသည်းခြာများအား စာရေးနေသည်ကို လိုက်ကြည့်ပေးနေသည် မှားရင် အမှန်ပြင် ၊ မှန်ရင် ဆက်ရေးစေခြင်းဖြင့် သနပ်ခါးပါးကွက်ကြားများ ဆီလူးထားသော ခေါင်းမှဆံပင်များအား သေသပ်စွာ သေချာပြင်ဆင်ခဲ့တာကြောင့် နားထင်မှ အုန်းဆီတစ်ချို့က စီးကျနေသည်အထိ...။ မိမိသည် အသန့်ကြိုက်ပါကြောင်း ၊ သန့်ရှင်းသော ကလေးများကို အလွန်ချစ်ကြောင်း ပြောလာသည့်နောက်ပိုင်းမှာတော့ သူတို့လေးတွေ အမှန်တကယ် အချစ်ခံလို၍ ပြောင်းလဲလာကြပေသည်ကို ကြည့်ပြီး သဘောတကျ ရှိနေမိသည်...။

အချိန်အားဖြင့် မနက်၁၀နာရီခန့်ပင်....။

ဒေါက် ဒေါက်!!

တံခါးကို အသိပေးသလို ခေါက်ပြီး စာသင်နေသော ကျွန်တော့်ကို လာခေါ်သော ကျောင်းအုပ်ဆရာမကြီးကြောင့် အနည်းငယ် အံ့သြရပါသည်။ ဆရာမကြီးက စာသင်ချိန်မှာ အရေးမကြီးရင် ဘယ်တာဝန်ကျ ဆရာ၊ဆရာမကိုမှ ကိုယ်တိုင် လာရောက် စာသင်ချိန်မှာ ခေါ်တာမျိုးမရှိ။

"ဟုတ်ကဲ့... ဆရာမကြီး ကျွန်တော့်ကို ဘာပြောစရာ ရှိလို့လဲ ခင်ဗျ..?.."

"ကလေးတွေကို ဆရာမကြီး ဆက်ကြည့်ထားလိုက်မယ်....။ ရုံးခန်းထဲမှာ ဧည့်သည်ရောက်နေတယ်.... မင်းနဲ့တွေ့ချင်လို့တဲ့"

"ဧည့်သည်?"

"ဟုတ်တယ် .... ရွာကာလသားခေါင်းဆောင်လေ မောင်ရောင်ဖြာ"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now