အပိုင်း (၃၄) : မောင်ဆိုသည်မှာ

11.5K 780 6
                                    


{Zawgyi🌾}

... မောင်ဆိုသည်မှာ...

သို့...

ခင်ဗျားလေး...
သဝန်တိုတာတောင်
မြတ်နိုးစရာလေး...
ကျွန်တော့်ရင်ခုန်သံတွေ
ရပ်မရတဲ့ အဆုံးမှာ
ခင်ဗျားဆီက မျက်စောင်းနုနုလေး
အပြုံးတစ်ပွင့်လေး...
စူထော်နေတဲ့ နူတ်ခမ်းလေး...
ခင်ဗျား မောင့်ကို သေအောင်များ
ပြုစားနေသလား နှလုံးသားရယ်...။

*******

At 5:50 AM...

ဆောင်းရာသီ...
နတ်တော်လ(December)...
ဒီနှစ်သည် အရင်တစ်ချို့သော နှစ်များထက် အအေးဓာတ်လွန်ကဲသည် ။ ဒီမြေဟာ ကိုယ့်ဇာတိချက်ကြွေ မဟုတ်ပေမယ့် အိမ်ထောင်သက်တစ်နှစ်အတွင်းမှာ အရာအားလုံးက မထူးဆန်းတော့ ...ကိုယ်တောင် တဖြည်းဖြည်းနဲ့ မောင့်ရဲ့ နှလုံးသားဘဝကနေ ဒီနယ်ရဲ့ အရေးကြီးသော ခေါင်းဆောင်ပင် ဖြစ်လာသည် ။ မောင်က ဒီနယ်ရဲ့ ရွာသူကြီး ဖြစ်ပြီး ကျွန်တော်ကတော့ အမျိုးသမီးခေါင်းဆောင် ကလေးများ၏ ခေါင်းဆောင်ပင် ဖြစ်သည်...။

ဤရာထူးအား မိမိလွယ်လွယ် ရခဲ့သည် မဟုတ် များစွာသော အတိုက်အခံများအကြား တိုက်တွန်းမှုများ အပြီးမှ ရရှိခဲ့သည် ။ မောင့်ရဲ့ သဝန်တိုမှုများလဲ ပါဝင်သည်......။ သူသဝန်တိုတာက အရေးမကြီး ကြားထဲက သဝန်တိုခံရသော ကျွန်တော်က မျက်နှာပူရသည် ။ အခုဆိုလျှင် ရွာထဲရှိတော်တော်များများက ကျွန်တော့်တို့နှစ်ယောက်ကို ရှောင်ကြသည်။ တစ်ချို့ကြတော့လဲ မောင့်ကို သဝန်တိုစေရန် ရည်ရွယ်ချက်ရှိရှိ စ,ကြသည်......။

စ,မှန်းသိတာကိုပင် မောင်ဆိုသည်မှာတော့ ကျွန်တော့်ကို ထိလျှင်မခံတတ်... အသက်သာ တဖြည်းဖြည်းနဲ့ ကြီးသွားလိမ့်မည်။ ဂျွတ်ဆပ်ဆပ်နိုင်မှုကတော့ မပျောက် ...။အခုလဲ ပြဿနာက စ,ရတော့မည် ...ချမ်းလို့ အိပ်ယာထဲ ကွေးနေရအောင်ပါဆို မီးလှုံပြီး ရေနွေးကြမ်း သောက်ချင်သည်တဲ့....။ ဒီအချိန်ဆိုလျှင် ရွာအနောက်ဖျားက အကြော်ဆိုင်မှာလဲ အတော်လေး လူစီနေလေပြီ......။

"မောင် ထမှဖြစ်မယ် နှလုံးသားရာ ...။ကဲပါ လိမ္မာတယ်နော်... မောင် အကြော်ဝယ်ကျွေးမယ်ကွာ"

ပြောပုံက မသိရင်ဘဲ ကျွန်တော်က မုန့်နဲ့မျှားပြီး ဖြားယောင်းလို့ ရမည့် ကလေးသူငယ်ပေါက်စလို......။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now