အပိုင်း (၆) : အကြောင်းပြချက်...

21.1K 1.7K 30
                                    


{Zawgyi🌾}

အပိုင်း (၆)

.... အကြောင်းပြချက်....

.... တကယ်တော့
လူတစ်ယောက်ကို
မြတ်နိုးဖို့အတွက်
အကြောင်းပြချက်တွေ မလိုပါဘူး...။

***

ရက်အနည်းငယ် ကြာသောအခါ....။

"ငရောင် တစ်မနက်လုံး ငါတို့ဘာမှမလုပ်ဘဲ ဒီလိုပဲ ဘုရားပေါ်မှာ ထိုင်နေတော့မှာလား?"

ဟုတ်သည်လေ....
မနက် လယ်ထဲက ပြန်လာကတည်းက အိမ်ကို လာခေါ်ပြီး ဘာမှမပြောဘဲ ရွာဦးက ဘုရားပေါ်မှာသာ ရှိနေမိသည်။ ကျွန်တော်တို့မှာ ဘုရားရင်ပြင်ပေါ် လျှောက်ကြည့်လိုက်၊ နံဘေးမှ ရှုခင်းများကို ငေးကြည့်လိုက်ဖြင့်ပင်.....။
နောက်တော့ ဘယ်အချိန်ထိ သူချောဆွဲတာ ခံနေရသည်လည်း မသိတော့တာမို့..... ပြောလိုက်မိတော့သည်။

ထိုအချိန်မှာတော့ သူက သူ့ပုံစံနှင့်မလိုက်စွာ ရှိနေမိပြီး ကျွန်တော်တို့ကို ဘာစကားမှပြောဖို့ အလားအလာမရှိဘဲ ငြိမ်နေသည်မို့.... ဘာကိုမှ အာရုံမစိုက်နိုင်ဘဲ ငြိမ်နေသည့် သူ့ခေါင်းပေါ်မှ ဆံပင်ပေါ်သို့ တင်ကျန်နေသည့် သစ်ရွက်တစ်ခုကို ကောက်ကာ ဖယ်ပေးဖို့ ပြင်မိလေတော့.....။

"ဘာလုပ်တာလဲ?"

သူ့ခေါင်းပေါ်သို့ လှမ်းနေသည့် ကျွန်တော့်လက်ကို ဖယ်ရှားလိုက်ပြီး သဘောမကျစွာ ပြောလာလေတော့....။

"မင်းခေါင်းပေါ်ကို ဘယ်သူမှ ချီးတက်မပါ ပါဘူး....။ ဘာလို့ အဲ့လောက်တောင် အထိမခံ ဖြစ်နေတာလဲ? တစ်ယောက်တည်း နေချင်တာတော့ နေချင်တာပေါ့ကွာ....။ တစ်ခါတစ်လေကျ သဘာဝနဲ့လိုက်လျော ညီထွေ-"

"စိတ်မဝင်စားဘူး....။"

ကျွန်တော့်မှာတော့ အလားအလာကြီးကြီးဖြင့် မိန့်ခွန်းခြွေမလို့ ပြင်နေတုန်းပင် ထုံးစံအတိုင်း သူက ထိပ်ပိတ်လာသည်....။

"ဒါဆိုလဲ ဘာဖြစ်နေတာလဲ ပြောကွာ....။ သူ့အသားကို ထိတာမကြိုက်ဘူးတဲ့....။ အေး တစ်ချိန်ချိန်ကျ မင်းကကို ထိချင်နေတဲ့သူ တွေ့လာဦးမှာပါ။ အဲ့ဒီတစ်ယောက်ကိုတော့ ပူဇော်ပသ,ထားရမယ်... မင်းလို အပေါက်ဆိုးဆိုးနဲ့ အမြင်ကပ်စရာကို ဘယ်လိုပြောင်းလဲလိုက်သလဲပေါ့....။"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now