အပိုင်း(၉) :ဦးဆုံးမို့

21K 1.6K 21
                                    

{Zawgyi}

.... ဦးဆုံးမို့...


အဲ့ဒီနေ့ကဗျ

မိုးရွာနေတယ်...။

မိုးရဲ့ချမ်းအေးမှုကို သာယာမှုနှင့်အတူ

ကျွန်တော် ဖြတ်သန်းခဲ့တယ်...။

ရင်ခွင်အောက်က တောင်းဆိုသံသဲ့သဲ့

ငိုယိုသံသဲ့သဲ့ကိုလဲ ကြားနေရတယ်။

ကျွန်တော် ဝန်ခံပါတယ်...

အဲ့ဒါက ကျွန်တော်ရဲ့ ပထမဦးဆုံးပါ

***

သုံးရက်မြောက် ကြာသောအခါ....

မီးဖိုပေါ်မှ အငွေ့တထောင်းထောင်းနှင့် အနံ့မွှေးမွှေး လွှင့်လာစဉ်မှာတော့ သဘောတကျ ပြုံးမိနေပြန်သည်။ အဲ့ဒီနေ့က ပြန်လာကတည်းက ကျွန်တော်က ဘာမှမဖြစ်ပေမယ့် သူ့မှာတော့ သုံးရက်နီးပါး အိပ်ရာမှ မထနိုင်တော့။

ကောင်းကင်မှ ကျလာသော မိုးစက်များကို ခံယူပြီး ရင်ခွင်ထဲက ခန္ဓာကိုယ်အေးအေးလေးကို တင်းကြပ်စွာ ပွေ့ဖက်ထားမိသည်။ အဲ့ဒီနေ့က သူ့ကိုပြန်ပို့လိုက်ပြီး အိမ်ပြန်ရောက်သည်နှင့် ကျွန်တော့်မှာ နီးကပ်မှု၏ ခံစားမှုကို အလုံးစုံ မလုံလောက်သလို ခံစားမိပြီး နောက်မှာတော့ Siteတစ်ချို့သိပေမယ့် တစ်ခါမှပင် ဝင်မကြည့်ခဲ့ဘူး....။

သို့ပေမယ့်...

အဲ့ဒီနေ့က ပြန်လာပြီး နောက်မှာတော့.... Adult websiteတစ်ခုကို ဝင်ခဲ့မိသည်။ ထို့နောက်မှာတော့....

မှန်းတယ်ရယ်လို့ မဟုတ်တော့ဘဲ ပွေ့ဖက်ထားသည့် ခန္ဓာကိုယ်အထိအတွေ့ကို သတိတရ ရှိနေပြီးနောက်မှာ....။

တစ်ကိုယ်လုံး.... ပူပြင်းမှု အဟုန်က အပြင်မှ ရာသီဥတုကို ဆန့်ကျင်စွာပင်။ သို့ပေမယ့် သဘောတကျ ပြုံးမိသည်။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ အဲ့ဒီစိတ်က ခင်ဗျားကြောင့် Arousal....

အတွေးတို့မှ လွန်မြောက်ပြီး လက်မှ နာရီကို တစ်ချက်ကြည့်စဉ်မှာတော့...

2:48PM...

မီးဖိုပေါ်မှ အိုးထဲမှ ဆန်ပြုတ်ကို ချိုင့်လေးထဲသို့ ခပ်ပြီး ထည့်လိုက်မိသည်။ ထို့နောက် အဝတ်အစားများကို သေချာပြင်ဆင်ပြီးမှ ကျောင်းသို့ထွက်လာမိတော့သည်။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now