{Unicode🌿}
အပိုင်း (၅)
ကာကွယ်မှု
ဒီကာကွယ်မှုက....
ကိုယ်တိုင်အတွက် မဟုတ်ဘဲ
တစ်ဦးတစ်ယောက်အတွက်....။***
နောက်တစ်နေ့....
ယမန်နေ့က မိုးကတော့ဖြင့် အခုထက်ထိ အေးအေးဖြင့် တစ်လောကလုံး မှိုင်းထနေသည်။ ခြေမျက်ရင်းမှ ဒဏ်ရာကို ကြည့်မိတိုင်း တစ်စုံတစ်ယောက်ကိုသာ သတိရနေမိသလို.....။
ဒါပေမယ့် အဲ့ဒီအရာက ကျွန်တော့်အတွက် သတိရလိုက်တိုင်း အဆင်မသင့်ဘဲ ခေါင်းထဲ အတွေးပေါင်းများစွာဖြင့် နောက်ကျိရှုပ်ထွေးနေသည်.....။"သား... ရောင်ဖြာ...။ ခဏလေး ဒီကို လာပါဦးကွယ်...။ လာနိုင်တယ်မလား?"
အိမ်ရှေ့ခန်းမှ အမေ့ခေါ်သံကြောင့် ကျွန်တော်လည်း ကျွန်တော့်အိပ်ခန်းထဲမှ လေသာပြတင်းတစ်ဖက်ကို ငေးကြည့်ပြီး တွေးတောနေရာမှ ....
"ဟုတ်ကဲ့... အမေ...။"
အခန်းထဲမှ ထွက်လိုက်ပြီး အသံလားရာ အိမ်ရှေခန့်သို့....။ ခေါင်းကို ငုံ့ကာလျှောက်မိနေရင်းမှ အမေရှိနေသည့် နေရာကို တစ်ချက်ကြည့်မိတော့....
"ဘယ်လိုလဲ? သက်သာလား?"
အပြုံးတစ်ခုနှင့်ပင် သူမက မေးလာသည်။ သူမက ကျွန်တော်ငယ်ငယ်လေးကတည်းက ကျောင်းနေဖက် သူငယ်ချင်းဖြစ်ပြီး ဝင်ထွက်သွားလာသည်က အရင်ကတည်းက ရှိနေမိသည်။ သူမ အမေးကို တစ်ချက်ခေါင်းကိုငုံ့ကာ ဖြေလိုက်မိပြီး အမေ့အနားသို့ ထိုင်လိုက်မိသည်။
"ကဲ ကြည့်တော့... ဒီကလေးကလေ ဘယ်တော့မှ ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်တာ မဟုတ်ဘူး။ နောက်ပြီး သူ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်ရှိတိုင်း ဘယ်တော့မှ ချက်ချင်းသိရတယ် မရှိဘူး....။ အဲ့ဒီအနာက မနေ့က ထွန်းသိန်းတို့ ပြောမှသိတာ။ အိမ်ကို ပြန်လာတာ ဒီတိုင်းအရင်လိုပဲ....။ ညကျမှ အဲ့ဒီကိစ္စကို သိတယ်... သူ့ခြေမျက်ရင်းကို ကြည့်ပြီး ယောင်နေတော့မှ ဆေးလူးပေးရတာ...။"
YOU ARE READING
ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1
Romanceတကယ်တော့ ငါက မပျော့ညံ့ပါဘူး နူးညံ့ခဲ့တာ သတ္တိနည်းတာ မဟုတ်ပါဘူး မင်း တစ်ယောက်တည်း အတွက်ပဲ အရှုံးပေးချင်ခဲ့တာ•••• (အေးဆေးတည်ငြိမ်နူးညံ့သော ကျောင်းဆရာလေး(uke)နှင့် အချစ်ကို မကိုးကွယ်သော ဂျစ်ကန်လေး(seme) အကြောင်း) Artist: Htet Wai Yan တကယ်တော့ ငါက မပျော့ည...