Only ~ 47

1.2K 143 21
                                    

သမီးနဲ့အတူ အင်္ကျီဆိုင်မှာ ဂျဲအီရောက်နေသည်။ Wedding တစ်ခုတက်စရာရှိတာအတွက် အင်္ကျီဆိုင်ရောက်နေတာဖြစ်ပြီး သမီးအတွက် အရင်ကြည့်ဖြစ်သည်။

သမီးကို အင်္ကျီလဲခန်းထဲ ပို့ပေးပြီးနောက် သူမက ထိုင်ခုံမှာထိုင်ရင်း စောင့်နေမိသည်။

ဆိုင်ဝန်ထမ်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးနှစ်ယောက်ရှိသည်။ ကောင်မလေးတစ်ယောက်က သမီးနဲ့အတူ Dress Room ထဲ လိုက်သွားပေးပြီး တစ်ယောက်ကတော့ သူရောက်ရောက်ချင်းထဲက အပြင်ခဏထွက်သွားတာ တွေ့၏ ။

အအေးလာချပေးတဲ့ကောင်လေးက ရုပ်လေးကတော့ မဆိုး။ ဂျဲအီ ဆိုင်ထဲဝင်လာထဲကလိုက်လိုက်ကြည့်နေတာ သိသည်။
အစထဲက ဆိုင်ရဲ့ VIP Customer မလို့ သူမကို ပုံမှန်ထက် လေးစားကြတာတော့ ထုံးစံပင်။

သို့ပေမဲ့ ထိုကောင်လေးရဲ့ သူမကို ကြည့်တဲ့အကြည့်တွေကို နားလည်တာပေါ့​!
ကောင်လေး လာချပေးတဲ့အအေးကို လှမ်းယူလိုက်ရင်း မှောက်ကျဟန်လုပ်ကာ အော်လိုက်မိသည်။

ပြာပြာသလဲရောက်လာတဲ့ ကောင်လေးလက်က အအေး မှောက်ကျရာ သူ့ပေါင်ပေါ်...။
ဆုံသွားတဲ့အကြည့်ကြား ဂျဲအီ မျက်ခုံးပင့်လို့ ပြုံးပြလိုက်သည်။ ထိုအပြုံးသည် သာမန်တော့ မဟုတ်...

အကြည့်တွေ မရွေ့မရှား ဆုံနေရာက

ပေါင်ပေါ်ကနေ နေရာမရွေ့ဘဲဖြစ်နေတဲ့ ကောင်လေး လက်ပေါ် သူမလက် ထပ်တင်လိုက်သည်။ သွားစွယ်လေးပေါ်တဲ့အထိ ရယ်ပြလာတဲ့ကောင်လေးက အင်း ချစ်စရာကောင်းသား....။

သမီးပြန်ထွက်လာပြီမလို့ ဒီမှာတင်ရပ်သွားကြသည်။ အင်္ကျီဝယ်ပြီးပြီမလို့ သမီးလက်ဆွဲလို့ ဆိုင်ထဲက ထွက်ခဲ့ကြသည်။

စူးစူးရဲရဲ လှမ်းကြည့်ရင်း ကျန်ခဲ့တဲ့ ကောင်လေးကို ဂျဲအီ သိပေမဲ့လည်းပေါ့...

သမီးက မုန့်စားချင်တယ်ဆိုလို့ အင်္ကျီဆိုင်နဲ့ မနီးမဝေးက စားနေကြဆိုင်ဆီသွားဖို့ရာ
ကားလမ်းကူးရမည်။
သူမတို့ ကားလမ်းကူးဖို့ သွားနေကြတုန်း...

"မမ..."

ခေါ်လည်းခေါ် ပြေးလည်းလာတဲ့ကောင်လေးက ဂျဲအီအနားရောက်လာသည်။
မပြောမဆို လက်ကိုင်လာတာက ရဲတင်းပေမဲ့ ကြည့်ရုံပဲ ကြည့်လိုက်သည်။

Only Night ~C~Where stories live. Discover now