Only ~ 36

1.4K 258 86
                                    

”ဘီ~ ”

ခပ်နင့်နင့်အသံစိုင်တစ်ခုက နားနားထိ လာခေါ်နေသလို
နီးလာသလို ဝေးသွားသလိုနဲ့...

အိပ်နေရာက ဘတ်ဟျွန်းမျက်လုံးတွေ ဖျက်ခနဲပွင့်လာသည်။ နှာခေါင်းထိပ်က နှာရှိူက်သံနဲ့အတူ ခံစားရတဲ့ အစိုဓာတ်ကြောင့်
မျက်လုံးထောင့်တစ်ဝိုက်ကို လက်မနဲ့ပွတ်သပ်ကြည့်မိတော့ မျက်ရည်စီးကြောင်းအချို့...

အလားတူ သူ့ခေါင်းအုံးသည်လည်း မျက်ရည်တို့နဲ့ ရွဲနစ်နေခဲ့ပါ၏ ။

နောက်လှည့်ကြည့်ပြီး သက်ပြင်းချမိသည်။
မျက်ရည်တို့ သုတ်လိုက်ပြီးနောက် အိပ်မရနိုင်ဖြစ်သွားတဲ့ ဘတ်ဟျွန်းက ဒူးကိုပိုက်လို့ အိပ်ရာပေါ်မှာ ငုတ်တုပ်လေးထိုင်နေသည်။

ဘာအိပ်မက်လဲ သူမမှတ်မိပါ။
စလယ်ဆုံး ရိပ်မှန်းသံဖမ်းတောင် မသိပေမဲ့ နောက်ဆုံး ကြားလိုက်ရတဲ့ ဘီ ဆိုတဲ့အသံမှာ ဘတ်ဟျွန်း နင့်သည်းစွာ ဝမ်းနည်းမိသည်။
အကြောင်းအရင်း ဘာမှန်းမသိပေမဲ့ ထိုအသံနဲ့တင် သူ့ရင်တွေ နာနေသလို မွန်းမွန်းကျပ်ကျပ်ကြီး....။

စဥ်းစားလို့မရတဲ့ အချိန်ခဏတာ...နောက်

မသိလိုက်ခင်မှာပဲ ရင်ဘတ်ကိုဖိကိုင်လို့ ဘတ်ဟျွန်း ရှိုက်ငိုသံသဲ့သဲ့က ထိန်းမရစွာ ဆက်တိုက်ထွက်အံလာ၏ ။

ထို့နောက် မျက်ရည်စီးကြောင်းအသွင်သွင်နဲ့ ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့တော့သည်။

တိတ်ဆိတ်တဲ့ညလယ်ရဲ့ တိုက်ခန်းကျဥ်းထဲ ဘတ်ဟျွန်းရဲ့ ရှိုက်ငိုသံတွေက အကြောင်းအရာ ရေရေရာရာ မရှိ~~

ရင်ထဲက မွန်းကြပ်မှုတွေက လူကို အသိစိတ်မဲ့စေသည်လား~~

~~~~~ O~N~L~Y~~~~~~

အလုပ်ခန်းကိုရောက်လာတဲ့ ဂျယ်ဟွန်းက နေ့လည်စာ လိုက်ကျွေးဖို့ပြောလာတော့ တစ်နာရီထိုးနေတာတောင် အဆာမတောင်းသေးတဲ့ ဗိုက်ကိုဆန့်ကျင်ပြီး ဘတ်ဟျွန်းပါလာခဲ့သည်။

မနက်ထဲက လူက နှုံးချိချိနဲ့... ။ အာရုံလည်း မကပ်နေတာ ဘာလို့မှန်းမသိ။
ညက အိပ်ရေးပျက်ခဲ့လိုများလား

”Condition ကောင်းလား ဘတ်ဟျွန်းနီ ”

သူ့အခြေအနေပုံမှန်မဟုတ်နေတာကို ရိပ်မိတဲ့ ဂျယ်ဟွန်းက ဘတ်ဟျွန်းပန်းကန်ထဲ လှီးဖြတ်ပြီးသား အသားတစ်တုံးထည့်ပေးရင်း မေးလာသည်။

Only Night ~C~Hikayelerin yaşadığı yer. Şimdi keşfedin