Only ~ 15

1.4K 235 53
                                    

”ဟယ်လို မေမေ ”

နှာတရှုံ့ရှုံ့ဖြစ်နေတာကြောင့် တစ်ရှူးထုတ်ထဲနှစ်ရွက်လောက်ဆင့်ယူကာ နှာခေါင်းထက်အပ်လို့ ညှစ်ချရင်း တစ်ဖက်က ဖုန်းကိုပါ အလောတကြီး
ဖြေလာ၏ ။ ခေါ်ဆိုလာသူက သူ့ကိုဝမ်းနဲ့လွယ်မွေးထားတဲ့ မွေးမေမေရင်း။
လကုန် အသုံးစရိတ်ပေးရင်တောင် အဆက်အသွယ်မလုပ် ဘဏ်အကောင့်ထဲထည့်ပေးတတ်တဲ့ မေမေ့ကြောင့် ဖုန်းဆက်တိုင်း ဘတ်ဟျွန်း စိတ်ထဲပျော်ရသည်...
မေမေ ဘာများပြောမလဲဆိုပြီး!... ရာသီဥတုပြောင်းနေပြီမလို့ ဂရုစိုက်လို့ ပြောမလား? နွေးနွေးထွေးထွေးနေလို့များ နွေးထွေးတဲ့စကားတွေနဲ့ ဂရုဏာသက်စွာ ပြောမလား ဘတ်ဟျွန်းအမြဲမျှော်လင့်တတ်သည်။
သို့သော်....ဘတ်ဟျွန်းအမေလို့ ကျိန်ဆိုရမဲ့သူက ထိုစကားတွေကို တစ်ခါလေးတောင်မပြောဖူးခဲ့ပါ...
အကျိုးလိုမှ ကျွေးမွေးထားတဲ့ကျေးဇူးတွေနဲ့ ဖုန်းခေါ်တတ်တာ...။ အကြောင်းသိလည်း ဘတ်ဟျွန်းပျော်သည်။ အနည်းဆုံး မေမေ့ဖုန်းထဲသူ့နံပါတ်လေးရှိသေးသလို မေမေ့ရဲ့ သူ့သမီးငယ်လေးနဲ့ သူ့ယောကျ်ားကိုပဲမှတ်ထားတဲ့ဦးနှောက်ကဏ္ဍထဲ ဘတ်ဟျွန်းလည်း အစက်သေးသေးလေးလောက်တော့ နေရာယူထားတယ်ဆိုတာ အဓိပ္ပါယ်မလား!

”ဟယ်ရီက မင်းကိုတွေ့ချင်တယ်ဆိုလို့ ”

မဟုတ်မှန်းသိပေမဲ့ မမျှော်လင့်ထားဘူးဆိုတာတော့ လိမ်ရာကျမှာပေါ့! ကြားလိုက်ရတဲ့စကားမှာ မေမေများ သူ့ကို ဂရုစိုက်ပေးတဲ့စကားလေးတစ်ခွန်းလောက်များပြောလေမလား ဆိုတဲ့ မျှော်လင့်ချက်လေးက ရေနက်နက်ထဲကျောက်တုံးကျသွားသလို ပြန်ရှာဖို့ခက်ခဲသွားသည်။

ဘတ်ဟျွန်းကို ခင်တွယ်လွန်းတဲ့ဟယ်ရီဆိုတဲ့ကောင်မလေးက မေမေ့နောက်အိမ်ထောင်နဲ့ရတဲ့ သမီးပင်ဖြစ်သည်။ ရှစ်နှစ်အရွယ်သူမလေးက တစ်လကိုတစ်ခါလောက်တော့ ဘတ်ဟျွန်းကိုတွေ့ဖို့ မေမေ့ကိုတောင်းဆိုတတ်သည်။
ဟယ်ရီတောင်းဆိုတာဆို မေမေ့မှာ ဘယ်တော့မှ အငြင်းစကားမရှိတာ ဘတ်ဟျွန်းမျက်စိရှေ့တင်ခဏခဏမလို့ အသားကျနေပါပြီ။ အသားကျနေတယ်ဆိုပေမဲ့ အကြိမ်ကြိမ်တိုက်စားခံနေရတဲ့ ဘတ်ဟျွန်းရဲ့ဒဏ်ရာကိုတော ဘယ်သူမြင်မတဲ့လဲ!!!

Only Night ~C~Nơi câu chuyện tồn tại. Hãy khám phá bây giờ