တံခါးဖွင့်သံကြားတော့ TV ကြည့်နေရာ
က တံခါးဆီကြည့်မိသည်။ ရယ်ချင်ချင်မျက်နှာထားက ဘာဖြစ်မလဲကြိုသိနေသလိုမျိုးနဲ့ အလားသဏ္ဍာန်တူ၏ ။”ရောက်လာပါပြီလား ရှင်းဂျယ်ဟွန်းရှီ ”
ထိုင်ရာကမထဘဲ မျက်နှာလေးလှည့်ကြည့်ကာ ပြုံးစိစိနဲ့ ရိုရိုသေသေစကားကိုမေးလာတဲ့ ဘတ်ဟျွန်းကို ဂျယ်ဟွန်း မျက်စောင်းထိုးမိလိုက်သည်။
လုပ်ချင်ရာလုပ်ပြီး လာချော့နေတယ်..။”ငါအကောင်းအတိုင်းပဲ ပြန်ရောက်လာတာနော် ဂျယ်ဟွန်း
ဘာမှမဖြစ်ပါဘူး ”တစ်ခုခုများထိခိုက်ဒဏ်ရာရှိလေသလားဆိုပြီး စိုးရိမ်စိတ်နဲ့သူ့ကိုကြည့်ဖို့လုပ်တဲ့ ဂျယ်ဟွန်းကို ဘေးမှာထိုင်ခိုင်းလိုက်သည်။
”ငါ ဘယ်လောက်စိတ်ပူနေလဲသိလား
မင်း ကိုယ့်ကိုဖုန်းဆက်သင့်တယ်ကွာ~ ”အကူအညီလိုအပ်နေချိန်မှာမရှိပေးနိုင်ခဲ့တာမလို့ အားမလိုအားမရနဲ့ ဂျယ်ဟွန်းက ဘတ်ဟျွန်းလက်တွေကိုဆုပ်ကိုင်ကာ အနူးညံ့ဆုံးပြောလာသည်။
”ငါ့ရဲ့ ဂျယ်ဟွန်းနီက အများကြီးစိတ်ပူနေတာပါလား
ဖုန်းဆက်ဖို့လုပ်ပေမဲ့ ကိစ္စလေးနည်းနည်းရှိသွားလို့ ဘာပဲဖြစ်ဖြစ် ငါကမင်းရှေ့မှာရှိတယ်လေ
စိတ်မပူနဲ့... ”ဘတ်ဟျွန်းက အေးအေးသာသာဖြစ်နေပေမဲ့ ဂျယ်ဟွန်းကတော့ မနေနိုင်။ ယောအီဒိုမှာ အခက်အခဲကြုံတွေ့ခဲ့ရတာအတွက် စိတ်မကောင်းတာနဲ့အတူ သူ့ကိုယ်သူ အပြစ်တင်စိတ်ပါဖြစ်တည်နေသည်။ အတူတူလိုက်သွားခဲ့ပေးရမှာကို...
”မင်းအပြစ်မဟုတ်ပါဘူး... ငါမခေါ်ခဲ့တာလေ ”
တစ်ယောက်တည်းသွားရတာကြိုက်တယ်ဆိုတဲ့စကားနဲ့ ဂျယ်ဟွန်းကိုမခေါ်ခဲ့တာ ဘတ်ဟျွန်းဆိုပေမဲ့ ဇွတ်တိုးပြီး မလိုက်ခဲ့တာအပေါ် နောင်တရနေတဲ့ ဂျယ်ဟွန်းကိုလေ နာနာလေးပိတ်ခေါက်ပစ်ချင်နေပြီ။
”ရှင်းဂျယ်ဟွန်း! အဲ့မျက်နှာနဲ့ ဆက်နေမယ်ဆို ငါ့အိမ်ထဲက ထွက်သွား!!”
အပြစ်တင်စိတ်နဲ့မကောင်းဖြစ်နေတဲ့မျက်နှာကိုမြင်ရတာ ဘတ်ဟျွန်း စိတ်ဆိုးသည်။
မအော်ချင်ပေမဲ့ ရှင်းဂျယ်ဟွန်းက သူ့ဆီက ဒီလိုစကားကြားချင်နေတာထင်တယ်။ အခုလိုမှသာ ဘတ်ဟျွန်းနီကလည်း ဆိုတဲ့ကြောင်သံသာသာနဲ့ အနားပိုတိုးလာသည်။
VOUS LISEZ
Only Night ~C~
Fanfictionညပိုင်းပဲပတ်သက်တဲ့ဆက်ဆံရေးထက် ကျော်ချင်လို့တော့ ဘယ်ဖြစ်မလဲ ChanBaek