Only ~ 11

1.4K 249 39
                                    

ခေါင်းရင်းဘက်ဆီကလိုက်ကာအဖြူပါးလေးက လေတလွင့်လွင့်....
ဖြာကျနေတဲ့ နေရောင်သဲ့သဲ့က အခန်းတွင်း နူးညံ့စွာ ဝင်ရောက်နေသည်။

အပြင်မှာ သွားလာလှုပ်ရှားနေသံတွေ..ဌက်ပျံသံတွေ တီးတိုးကြားနေရပြီ....

ဘတ်ဟျွန်းအောက်ကို စမ်းလိုက်တော့
ခါးကိုဖက်တွယ်ထားတဲ့ လက်မောင်းအိုးကြီးကို ထိမိသည်။
မျက်လုံးတို့မဖွင့်သေးဘဲ ပြုံးလိုက်မိ၏ ။
လက်တွေက ခါးကနေ ရှေ့ကိုစမ်းကြည့်တော့ ရင်ဘတ်နွေးနွေးကြီး

ဝေးကွာနေတဲ့အကွာအဝေးလေးကို ချုံ့ချင်တဲ့သဘောနဲ့ ကိုယ်လေးကို လွန့်လူးရင်း ရင်ခွင်ထဲဝင်သွားလိုက်တာနဲ့ ခါးကို အားနဲ့ဆွဲဖက်ပြီး ပိုလို့အနားရောက်စေလိုက်တဲ့ ချန်းယောလ်ပင် ။

”နိုးနေပြီလား...အစောကြီးပဲရှိသေးတယ်ထင်တယ် ”

နှုတ်ခမ်းနဲ့တစ်တန်းတည်းဖြစ်နေတဲ့ နဖူးလေးကို နမ်းလိုက်ပြီး နှစ်ယောက်ကြား မနက်ခင်းကို စတင်လိုက်သည်။

”မစောတော့ဘူး... ကျွန်တော်ကျောင်းသွားရဦးမယ် Honey ”

”ခဏလေး..ခဏလေးပဲ ကိုယ့်ရင်ခွင်ထဲ ရှိနေပေးဦး... ဘီ့ကိုဖက်ထားချင်သေးတယ် ”

ခပ်တင်းတင်းဆွဲဖက်လို့ ချန်းယောလ်ရင်ခွင်ထဲ ဘတ်ဟျွန်းရှိနေသည်။ ဒီရင်ခွင်က နွေးထွေးမှုနဲ့လုံခြုံမှုရှိတယ်လို့ အမြဲခံစားမိတာကြောင့် ချန်းယောလ်ရင်ခွင်ထဲ ရှိနေရတဲ့အချိန်တိုင်းကို ဘတ်ဟျွန်း သဘောကျသည်။

”ကျွန်တော်သဘောကျတယ်... ချန်းယောလ်ရင်ခွင်ထဲ နေရတာ ”

ခေါင်းလေးထောင်ကြည့်ကာ ရင်အုပ်ပေါ် မေးတင်ရင်း မှေးမှိတ်ထားတဲ့ ချန်းယောလ်မျက်နှာကိုပဲ တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်နေ၏ ။

တတီတီမြည်နေတဲ့ဖုန်း alarm မှာ ဆက်ပြီး မကြည်နူးနိုင်တော့....ဆွဲဖက်ခံထားရတဲ့ကြားက ကုန်းရုန်းထရတော့သည်။

”နောက်ကျနေပြီ... နောက်ကျနေပြီ ”

ချန်းယောလ်ရင်ခွင်ထဲ သာယာနေရမဲ့အချိန်မဟုတ်တော့ဘူး ။ ဆက်သာယာနေရင် ဆရာမရဲ့ ကြိမ်းဝါးသံကြီးကိုသာ နားမထောင်ချင်ဘဲ နားထောင်ရလိမ့်မယ် ။

Only Night ~C~Where stories live. Discover now