Only ~ 5

1.7K 266 53
                                    

ပတ်သက်မှုကို ဘယ်လိုသတ်မှတ်ရမလဲ ။
ချစ်သူရည်စား? ဒါလည်း မဟုတ်သေးဘူး ။
ညဘက်တွေ့တာများပေမဲ့ အိပ်ရာပေါ်က ကိစ္စတင်မဟုတ် ချန်းယောလ်ပေးလာတဲ့ ဂရုစိုက်ခြင်းနဲ့ မေတ္တာတရားရဲ့ အရိပ်အောက် ဘတ်ဟျွန်း နွေးထွေးသလို အေးလည်းအေးချမ်းသည်။

လမ်းဘေးမိုးအကာလေးနဲ့ ရောင်းတဲ့ ဆိုဂျူဆိုင်မှာ ခုံနေရာအလွတ်မရှိတာက နှစ်ယောက်တွေ့ခဲ့ပြီး ဒီနေ့ဒီအချိန်ထိဆို သူတို့ပတ်သက်တာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ ။ အခုအချိန်ထိ ပတ်ခ်ချန်းယောလ်ဆိုတဲ့ အမည်နာမကလွဲရင် ဘတ်ဟျွန်းသိတာ ဘာမှမရှိပါ ။ ချန်းယောလ်ကို ပြောထားတာလည်း ဘတ်ဟျွန်းဆိုတဲ့ တက္ကသိုလ်ကျောင်းသားဆိုတဲ့အထိပဲ ။ သူကတော့ ဘီ လို့ခေါ်ချင်တယ်လို့ မတောင်းဆိုဘဲ သူ့သဘောကျသာ ခေါ်ခဲ့သည်။

Sex Partner အကြောင်း ဘာမှမသိတာ ရယ်စရာတော့ ကောင်းမလားမသိပေမဲ့ ဘတ်ဟျွန်းကတော့ လူတိုင်းက အချိန်တန်ရင် သူ့ဘဝထဲက ထွက်သွားမှာလို့ နှလုံးသားအောက်ခြေကကို စွဲစွဲမြဲမြဲယုံကြည်တာမလို့ လိုအပ်နေတဲ့ ပတ်သက်မှု အကန့်မှာပဲ ရပ်တန့်ချင်သည်။

အထီးကျန်တယ်ခံစားရတဲ့ အခိုက်အတန့်မှာ ချန်းယောလ်နဲ့တွေ့ခဲ့ရပြီး ချန်းယောလ်က သူ့ရဲ့ အထီးကျန်ခြင်းတွေကို ဖြေဖျောက်ပေးတတ်လာသည်။ ရင်ခုန်ခြင်းဆိုတဲ့အရာမှာ အသားမကျတဲ့ နှလုံးသားလေးလည်း ရင်ခုန်တတ်ပေမဲ့ အခြားသူကို အချစ်တွေပေးရမှာကိုတော့ ကျင့်သားမရနေပါ ။

မနေ့က ကတိုက်ကရိုက်နဲ့ ထွက်သွားတဲ့ ချန်းယောလ်ကို ကြည့်ပြီး ဘတ်ဟျွန်းရင်ထဲနေလို့မကောင်းတော့ ။ သူ လူတစ်​ယောက်ကို တွယ်တာလို့ မဖြစ်တာကို....
အားလုံးက အချိန်တန် သူ့ကိုထားသွားခဲ့ကြမှာပဲ။

~~~~~ O~N~L~Y~~~~

ပထမဆုံးအကြိမ် သူ့စိတ်ထဲဝင်လာတဲ့ ကလေးကြောင့် ချန်းယောလ် စိတ်ထဲ မတင်မကျကြီးနဲ့ ။
ဘီနဲ့တောင် အချိန်မဖြုန်းနိုင်တဲ့အထိ ပြေးထွက်လာခဲ့လိုက်သေး...
အိမ်ရှေ့ရောက်နေပေမဲ့ စတီယာတိုင်မှာ ခေါင်းငိုက်စိုက်ရင်း အတွေးပွားနေသည်။

သေချာတာ​က သူ့ကလေးလည်း မဟုတ်ဘဲ

နှစ်တွေအကြာကြီးထိ ရာနှုန်းပြည့်ယုံကြည်ထားတာကို...။ ဂျဲအီနဲ့ ဆက်ဆံရေးမပြေလည်တော့တာလည်း ထိုအချိန်ကာလထဲကပင် ။
အိမ်ထောင်ရှိရဲ့နဲ့ အခြားတစ်ယောက်နဲ့ ဂျဲအီ အတူရှိခဲ့တာ မရည်ရွယ်ဘဲ သိသည်မလို့
သူ့ရဲ့ စိတ်ပျက်ခြင်းက ထိုထဲက စတင်ခဲ့တာ ။

Only Night ~C~Where stories live. Discover now