Only ~ 46

1K 143 17
                                    

အရှိန်နဲ့ထွက်သွားတဲ့ ကားနောက် မှီ​အောင်
ပြေးမလိုက်နိုင်ဘူးဆိုတာ သိပေမဲ့ သူ့အသိစိတ်ကို မဲ့အောင် တစ်စုံတစ်ယောက်က ဖန်တီးသွားတော့ မျက်ရည်တွေနဲ့ ဝါးနေတဲ့အမြင်ကြားက ပြေးလိုက်မိတဲ့အထိ...
ကိုယ့်အရှိန်နဲ့ကို အထိန်းအချက်မညီလို့ ချော်လဲမှုကြောင့် လမ်းမအလယ်မှာ ပုံလျက်သားလေး ။ ထရပ်နိုင်ဖို့အင်အားမဲ့စွာခြေထောက်တွေက သစ္စာဖောက်လေတော့ ဘတ်ဟျွန်းက လမ်းမအလယ်မှာ တစ်ယောက်တည်း ...

မျက်ရည်တွေနဲ့ကောင်လေးက လဲကျနေတဲ့ကြားက အလောတကြီး ဖုန်းခေါ်မိသည်။
တတူတူဝင်နေတဲ့ အသံကိုနားထောင်ရင်းနဲ့တောင် အလျင်လိုနေတာ...ခေါ်ဆိုရာ တစ်ဖက်က  ဖုန်းကိုင်လိုက်တာနဲ့  အားကိုးတကြီး ပြောလာတဲ့စကားတွေက ရှိုက်သံတွေကြား ဗလုံးဗထွေးနဲ့...

”ဂျယ်ဟွန်း... ငါ့ကို ကူညီပါ~~ ”တဲ့

~~~~~ O~N~L~Y~~~~~

ဖေဖေက ဖြောင့်မတ်တဲ့လူဖြစ်တာကြောင့်သူ့အနေနဲ့ ဘယ်လိုပဲ ပိုင်ရှင်ရဲ့သားဖြစ်စေဦးတော့ အခွင့်ထူးခံပြီး နေရာတစ်ခုကို အလွယ်ရခဲ့တာမျိုး တစ်ခါမှ မရှိိဖူးပါ။
ဘတ်ဟျွန်းနီကြောင့် ပန်းတိုင်ရှိခဲ့ပြီး
သူ့ရဲ့ကြိုးစားမှုတွေက တစတစများပြားလာခဲ့တာ... ။

အောက်ခြေကနေအများကြီးကြိုးစားခဲ့တဲ့ ရလာဒ်နောက်မှာ ရာထူးတစ်ခုတွဲလျက်ပါရှိပြီး
အခုလို အရေးကြီးတဲ့အလုပ်ကိုပါ အပ်နှံခံခဲ့ရသည်။
ကုမ္မဏီအတွက် အရေးကြီးတဲ့ လုပ်ငန်းကို ဖေဖေက သူ့လက်ထဲ ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးခဲ့သည်။ သူ့အစီအစဥ်ကို လက်ခံသဘောကျတဲ့ အခြားတစ်ဖက်က စာချုပ်ချုပ်ဖို့ ပြောလာတာကြောင့် နှစ်ဖက်သဘောတူ လက်မှတ်ထိုးကြမှာဖြစ်သည်။

ပြည်ပနိုင်ငံကနေ ဒီကိုလာမှာဖြစ်တာကြောင့် လေဆိပ်သွားကြိုဖို့ကအစ သူ့တာဝန်ဖြစ်လာသည်။ ပြီးရင် စာချုပ်မှာ လက်မှတ်ထိုးဖို့အတွက် ဖေဖေတို့နဲ့ ကုမ္မဏီဒါရိုက်တာတွေက ဟိုတယ်မှာစောင့်နေကြမှာပင်ဖြစ်သည်။ ပြီးရင် အထိမ်းအမှတ် ညစာစားပွဲရှိသည်။
ဘယ်သူ့ကိုမှ အပ်မထားချင်လို့ သူက ဧည့်သည်ကို လေဆိပ်မှာကြိုပြီး ဟိုတယ်ခေါ်သွားမည့် တာဝန်ပါ အစအဆုံးယူထားသည်။ ဖေဖေ့အနေနဲ့ သူ့ကို ယုံကြည်ပြီး အပ်နှံထားတဲ့ ပထမဆုံးအလုပ်ဖြစ်တာကြောင့် စိတ်ပျက်သွားမှာ မလိုလားပေ။ ဒါကြောင့် အသေးစိတ်တွေကအစ ဘယ်သူ့လက်မှ မအပ်နှံရဲတာ...။

Only Night ~C~Where stories live. Discover now