Only ~ 4

1.8K 289 36
                                    

ဆယ့်တစ်နာရီ...

တရေးနိုးလာတဲ့ အယ်ချာလေးက အိပ်ရာထက် ထထိုင်လာ၏ ။ ဆက်အိပ်ချင်နေတဲ့
မျက်လုံးတွေက အရမ်းမှေးစင်းနေပေမဲ့ လက်လေးနဲ့ အသာပွတ်လို့ ထလာတဲ့ ကလေးငယ်ရဲ့ ခြေလှမ်းက တစ်နေရာကိုသာ တစိုက်မတ်မတ်သွားနေပါ၏ ။

အယ်ချာနိုးလာတော့ ပထမဆုံးတွေးမိ​တာ ဒယ်ဒီကိုပင် ။ ဒီညတော့ ဒယ်ဒီမျက်နှာလေးဖြစ်ဖြစ်မြင်ချင်သည်။ အိမ်ပြန်နောက်ကျတဲ့ ဒယ်ဒီကို မတွေ့ရတဲ့ရက်တွေက အများသား။ လက်ချိုးရေကြည့်ရင် အယ်ချာခြေချောင်းလေးတွေကိုပါ ထည့်ရေရမယ်ထင်တယ်။

အခန်းတံခါးကိုဖွင့်လိုက်တော့ သဘောကျရတဲ့ ဒယ်ဒီအနံ့လေးက သိသိသာသာပင်ရသည်။ အခန်းထဲဝင်တာမကြိုက်တဲ့ဒယ်ဒီ့အကြောင်းသိပေမဲ့ အယ်ချာက ဒယ်ဒီအိပ်နေချိန်တော့ ခိုးဝင်နေကြ။ မနက်အစောကြီးလဲ တရေးနိုးရင် ဒယ်ဒီကို တွေ့ချင်လွန်းလို့ ခိုးခိုးပြီး လာရတာ ။
ဒယ်ဒီက သူအိပ်နေချိန်ပဲ အယ်ချာကို နှင်မထုတ်တာလေ ။
အခုလည်း တရေးနိုးရောက်လာပေမဲ့ ပြန့်ပြူးနေတဲ့ အိပ်ရာကြီးက ဒယ်ဒီမရောက်သေးဘူးဆိုတဲ့ သဘောဆောင်နေတော့ ကလေးငယ်က သိသိသာသာကို ဝမ်းနည်းသွား၏ ။

လှေကားတစ်လျှောက်ဆင်းလာတော့ တစ်အိမ်လုံး လူရိပ်လူယောင်မတွေ့ရ ။ တိတ်ဆိတ်နေတဲ့အိမ်ကို ကျော်ဖြတ်လို့ ကလေးငယ်က အိမ်ထဲကနေ ထွက်သွားပါ၏ ။

ပိုပိုပြီးမှောင်လာပေမဲ့ ငုတ်တုပ်လေးထိုင်ရင်း အယ်ချာကတော့ ဇွဲနဲ့စောင့်နေသည်။ မိုးစက်လေးတွေ ဖောက်ခနဲ ကျကျလာတယ်။
အနွေးထည်တောင် မပါလာတဲ့အယ်ချာက ထီးသွားယူဖို့ကို တွေဝေနေသည်။ သူဝင်သွားတုန်း ဒယ်ဒီပြန်လာရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေးနဲ့ ထိုင်ရာက မထမိ။
မိုးတွေရွာလာပြီ ။
သည်းလာတဲ့မိုးရေကြား ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးလေးက ကျုံ့ကျုံ့လေးထိုင်လို့ လမ်းပေါ်တစ်လျှောက်ကို မျှော်ကြည့်နေခဲ့ပေမဲ့လည်း...

~~~~~O~N~L~Y ~~~~~

အိပ်ရာပေါ် မျက်လုံးလေးမှေးရင် အိပ်နေတဲ့ သမီးကိုကြည့်ရင်း လက်လေးကို ဆုပ်ကိုင်ထားမိသည်။ လက်လေးတွေက ပူခြစ်တောက်နေလိုက်တာ မီးကျီခဲလိုပဲ ။

Only Night ~C~Where stories live. Discover now