Only ~ 1

6.6K 393 21
                                    

မွေ့ရာထဲနစ်မြုပ်မတတ်ဖြစ်နေတဲ့ ကိုယ်လေးထက် မှီချလိုက်ပြီး နှုတ်ခမ်းတွေကို လိုက်နမ်းတော့ ပြုံးစစလုပ်နေသူက ရှောင်ပြေးချင်သေးတာ ။
တွယ်ဆက်ထားတဲ့ချည်နှောင်မှုကို မပြတ်ရလေအောင် တိုးဝင်တော့ ခပ်ဟဟပွင့်လာတဲ့ နှုတ်ခမ်းပါး ပန်းရောင်လေး ။
နှုတ်ဖျားက ထွက်လာတဲ့ ညည်းသံတွေကြား ချည်နှောင်ခြင်းတွေက တစ်စတစ်စ တင်းကျပ်လာတယ် ။
အဆုံးသတ်ခြင်းအရောက်မှာတော့ ပင်ပန်းသွားသူလေးက ခပ်ဖျော့ဖျော့အပြုံးနဲ့

”Honey....Kiss Me ”

တောင်းဆိုစကားအဆုံး ထိကပ်သွားတဲ့ နှုတ်ခမ်းတွေ ။ လစ်ဟင်းနေတဲ့ခန္ဓာကိုယ်တွေက အိပ်ရာထက် ပူးကပ်မတတ် ပိုမိုထိစပ်လာကြသည်။

”ကိုယ့်ကို ရုန်းထွက်မရအောင် လုပ်ရတာ ပျော်လား ဘီ ”

အသံထွက်တဲ့အထိ အမျှင်မပြတ်တဲ့ အနမ်းတွေကြား ခပ်လွင်လွင်ရယ်သံလေးကြောင့် ချန်းယောလ်ပါ ပြုံးလိုက်မိသည်။

”အချိန်တိုင်း ရုန်းမထွက်နိုင်အောင် လုပ်ပေးရမလား ”

ကျောပြင်ဖြူဖြူလေးမှာ တွေ့ရတဲ့ အနီရောင်အမှတ်အသားတွေ ။ ချန်းယောလ် ဘေးနေရာဝင်ယူလိုက်ရင်း အမှ​တ်အသားတွေအပေါ် အနမ်းထပ်ချမိသည်။

ဒီဘက်ပြန်လှည့်လာတဲ့ ဘီက မေ့ဖျားလေးကိုနမ်းလို့ ခပ်ယို့ယို့ပြုံးတယ် ။ လက်ဖျားလေးကို စုပ်ကိုင်ပြီး ချန်းယောလ်က နှုတ်ခမ်းကို ထပ်နမ်းလာသည်။

”ကိုယ့်ကို ဘီ့်အကြောင်းမပြောပြချင်ဘူးလား ”

”ညဘက်ပဲ ပတ်သက်တဲ့ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်အကြောင်းတစ်ယောက်သိဖို့လိုလို့လား Honeyရဲ့ ”

ဂုတ်ဖျားလေးကို လှမ်းနမ်းလိုက်တော့ သူ့ဘက်လှည့်လာသူက မျက်စိတစ်ဖက်ပါ မှိတ်ပြပြီး ဆွဲဆောင်လာသေးတာ...

”ဖုန်းမြည်နေတယ်ထင်တယ်
မကိုင်ဘူးလား ”

စားပွဲပေါ်တင်ထားတဲ့ ဖုန်းလေးက Vibrate သံနဲ့။

”ထားလိုက်. အခုအချိန်မှာ မင်းက အရေးကြီးတယ်လေ ”

​အပေါ်စီးက ပြန်အုပ်မိုးလာသူက ဆွဲဆောင်မှုရှိတဲ့အပြုံးလှလှတွေကို သည်းခံဖို့ ခက်ခဲနေပြီ ။

Only Night ~C~Where stories live. Discover now