Only ~ 31

1.6K 319 80
                                    

ချန်းယောလ်အတွက်ကတော့ ဘာမှပြောင်းလဲသွားတာရှိမှာမဟုတ်ဘူးလို့ ပြောခဲ့တဲ့အတိုင်း ဘတ်ဟျွန်းအိမ်ကို လာချင်တဲ့အချိန်ရောက်ရောက်လာတတ်သည်။
ဘတ်ဟျွန်းရဲ့ အေးဆေးနေခြင်းကို ဂရုပြုခြင်းမရှိသလို အရင်လိုသာသူ့စိတ်ကြိုက်တွေပြုမူနေတုန်းပင်။

”ဘီ~ ကိုယ်မင်းအတွက် အသီးဝယ်လာမလို့ကို မေ့သွားတယ်
ကားကြပ်နေတာနဲ့...”

”အင်း ...”

အဖြစ်သဘောသာ ချန်းယောလ်စကားကို အင်းလုပ်လိုက်တာ ၊ ဘတ်ဟျွန်းစိတ်တွေက ခံစားမှုတွေ ကင်းမဲ့နေသလို အပြုအမူတွေကလည်း ငြိမ်သက်နေသည်။ ရိပ်မိပုံမရတဲ့ချန်းယောလ်တစ်ယောက်သာ ခံစားချက်တွေ အဆင်ပြေနေတာ ။

”ဘာလုပ်နေတာလဲ ကိုယ့်ဘေဘီလေး ”

အနားရောက်လာတဲ့ချန်းယောလ်က ဘတ်ဟျွန်းနား အတင်းတိုးကပ်လာသည်။ ပေါင်ပေါ်လက်တင်ထားရင်း ဘတ်ဟျွန်း Laptop ထိ အတင်းလိုက်ကြည့်နေတာ...
အရင်လိုဆို သူတို့ပျော်ရွှင်ဖို့ကောင်းနေမှာ အသေအချာပဲ ။
ချန်းယောလ်ဘက်က အတင်းလိုက်ကပ်ရင် ဘတ်ဟျွန်းဘက်က ရုန်းထိုးရင်း စနောက်နေမိမှာ။ ချန်းယောလ်ကို သဘောကျတဲ့စိတ်က  နှလုံးသားတစ်ခုလုံးထိ အမြစ်တွယ်နေမိတော့ အခုလိုချန်းယောလ်ရဲ့အပြုအမူတွေက ဘတ်ဟျွန်းကို ရူးအောင်လုပ်နေသလိုပဲ။

ဝဲတက်လာတဲ့မျက်ရည်တွေကို အခါခါပုတ်ခတ်လို့ ဘတ်ဟျွန်းနားက ထိုလူဟာ ပိုင်ဆိုင်ဖို့ လောဘတက်လို့မရတဲ့လူဆိုတာ သတိပေးနေရတာလည်း ပင်ပန်းလှသည်။

”ကိုယ် ပင်ပန်းလာလို့ ခဏအိပ်မယ်နော် ”

ခွင့်မတောင်းဘဲ ပေါင်ပေါ် ခေါင်းတင်အိပ်နေသူက သူပင်ပန်းလာလို့တဲ့! ဖယ်ထုတ်ပစ်လိုက်ချင်ပေမဲ့ မလုပ်ရက်ပါ။
ရွယ်ထားတဲ့လက်ကို ရုတ်သိမ်းလို့ ဘတ်ဟျွန်းခေါင်းငုံ့ချမိသည်။

ဒီလူက အမြဲ သူ့ကို ပင်ပန်းအောင်လုပ်နေတာပဲ။ ချန်းယောလ်ဘက်ကို အမြဲလှည့်ကြည့်ခဲ့ပေမဲ့ ချန်းယောလ်ကတော့ သူ့ဘက်ကို တစ်ချက်မှလှည့်ကြည့်ဖို့ အတွေးတောင် ရှိမယ်မထင်ပါ။

လူကတစ်ဖက်လှည့်လာကာ ဘတ်ဟျွန်းခါးကို တင်းတင်းဖက်တွယ်လာတဲ့အခါ မျက်ရည်တစ်စက်က ထိုလက်မောင်းပေါ်။

Only Night ~C~Unde poveștirile trăiesc. Descoperă acum