Only ~ 13

1.4K 254 23
                                    

ဆေးရုံခန်းတစ်ခု...

”မာမီ~~ အယ်ချာဘယ်အချိန်ထိ ဒီမှာနေနေရမှာလဲ
ဘာမှလည်း မဖြစ်ဘဲနဲ့ ဆေးရုံတက်နေရမှာလား ”

ဆေးရုံနံ့တွေမကြိုက်တဲ့သမီးက လူနာဝတ်စုံပန်းရောင်လေးနဲ့...။ နှုတ်ခမ်းလေးဆူပြီး သူမကို ဝင့်ကြည့်လာတဲ့မျက်ဝန်းသေးသေးလေးတွေကို တန်ပြန်ကြည့်လိုက်ရင်း...

”ဒယ်ဒီကို မလွမ်းဘူးလား ”

”လွမ်းတယ်..မတွေ့ရတာ သုံးရက်တောင်ရှိပြီ
ဒယ်ဒီကို အယ်ချာ အရမ်းတွေ့ချင်နေတာ ”

သူ့ဒယ်ဒီအကြောင်းစလိုက်တာနဲ့ သွက်လက်လာတဲ့ အယ်ချာ။
အဖေရူးသမီးကြောင့် သူမစီစဥ်ထားတာတွေက အလိုက်သင့်ဖြစ်လာနိုင်သည်။

”ဒယ်ဒီကို လွမ်းရင် မာမီပြောသလိုသာလုပ်
အယ်ချာလုပ်ရမှာက ဆေးရုံကုတင်မှာ ငြိမ်ငြိမ်လေးထိုင်နေရုံပဲ ”

”အယ်ချာ ဒီမှာရှိနေရင် ဒယ်ဒီလာမှာပေါ့?
အဲ့လိုလား ”

”အင်းး အယ်ချာနဲ့ မာမီဆီ ဒယ်ဒီသေချာပေါက်လာမှာ... အယ်ချာသာ မာမီခိုင်းတဲ့အတိုင်းလုပ်ရင်.. သေချာပေါက်ပဲ ”

အဖေကိုတွေ့ရတော့မှာမလို့ ပျော်နေတဲ့ အယ်ချာက ကုတင်ပေါ်လှဲချလိုက်ပြီး သူ့မာမီကို ရယ်ပြနေတာ ရှေ့သွားကျိုးလေးထင်းလို့နေ၏ ။

~~~~~O~N~L~Y~~~~~

ကားကို အရှိန်မြှင့်လို့မောင်းလာပြီးမှ ဘရိတ်ဆောင့်အုပ်လိုက်တော့ ဟန်ချက်မညီစွာ ရှေ့ယိုင်ကျသွားသေး...။

တစ်ပြိုင်နက်ဖြစ်တည်လာတဲ့ အလိုမကျခြင်းတွေကြား စတီယာတိုင်ကို ပိတ်ရိုက်လိုက်မိ၏ ။

မုန်းတယ် ရဲ့ ဆန့်ကျင်ဘက်က ဘာများလဲ
ဒါကို ချန်းယောလ်အဖြေရှာရတော့မယ်ထင်တယ်။
အားကိုးတကြီး သူ့ကိုဆက်သွယ်လာတဲ့ ဂျဲအီရဲ့ ရှိုက်ငိုသံကြား ဘာမှမသိတော့တဲ့အထိ ဗျာများသွားတဲ့အခါ ကိုယ့်ကိုကိုယ်တောင် မပိုင်တော့သလိုပဲ...။

ရောက်ရှိနေတာက ဆေးရုံရဲ့ မြေအောက်ကားပါကင်မှာ ။ တက်မသွားသေးဘဲ ချန်းယောလ်တွေဝေနေတုန်း ။ ငိုရှိုက်သံကြား နှစ်ခါမတွေးနိုင်တဲ့အထိ ဖေးမချင်ခဲ့တဲ့စိတ်က သူ့ကိုယ်ပိုင်ရော ဟုတ်ရဲ့လားလေ!

Only Night ~C~Where stories live. Discover now