"ဘီ~ "
နေရောင်ခြည်စူးစူးက မျက်လုံးတွေကို ကာထားတာမလို့ ဘတ်ဟျွန်း ရှေ့ကိုကြည့်ဖို့တောင် ခက်ခဲနေသည်။ လက်ဖဝါးကာလို့ ကြည့်ပေမဲ့ သူမမြင်ရပေ ၊
"ဘီ ~ "
ကြားလိုက်ရုံနဲ့ မျက်ရည်တွေမထိန်းနိုင်အောင်အထိ ထိုခေါ်သံက ဆွေးမြည့်လွန်းသည်။
အသံကြားပေမဲ့ ချန်းယောလ်ကို သူမတွေ့ဘူးဖြစ်နေတယ်။တဖြည်းဖြည်း ပါးနှစ်ဖက်မှာ မျက်ရည်အပြည့်နဲ့ စိုရွဲလာတဲ့ ဘတ်ဟျွန်းက အလင်းစူးစူးတွေကြားမှာ ချန်းယောလ်ကို ကြိုးစားလို့ရှာနေသည်။
ဘီလို့ခေါ်သံတစ်ခါကြားတိုင်း ထိုအသံက နှလုံးသားစိုင်တစ်ခုလုံးကို အားနဲ့ဆွဲညှစ်ထားသကဲ့သို့ ခံစားရသည် ၊ မျက်လုံးသားတွေ နီရဲလာတဲ့အထိ စီးကျနေတဲ့ မျက်ရည်တွေက ထိန်းချုပ်လို့တောင် မရတော့တာမလို့ ရှိုက်သံတွေပါ ကျယ်လောင်လာသည်။"ချန်းယောလ် ခင်ဗျား ဘယ်မှာလဲဗျာ "
"ဘီ~~ "
ဆွဲငင်စွာခေါ်သံက ပုံမှန်လိုတောင် ဟုတ်မနေတာ ဘတ်ဟျွန်းသိသည်။ အသံကြားရုံနဲ့ သူ့နှလုံးသားတွေ ဘာလို့ဒီလောက်တောင် နာနေရတာလဲ
"ခင်ဗျား... ခင်ဗျား ဘယ်မှာ....လဲ "
ဖြတ်ခနဲအလင်းရိပ်ထဲမြင်လိုက်ရတဲ့ အရိပ်လို့ထင်တဲ့အရာနောက် ဘတ်ဟျွန်းပြေးလိုက်မိသည်။ လင်းထိန်းနေရာကနေ ရုတ်တရက် ရှေ့မမြင်ရတဲ့အထိ မြူတွေဆိုင်းနေသလို အနေအထားကြီးမှာ ချန်းယောလ် ဘယ်နားမှာရှိနေလဲလေ~~
ဦးတည်ရာမရှိပြေးလွှားနေတဲ့ကောင်လေးက မျက်ရည်အသွယ်သွယ်နဲ့..."ချန်း!!! "
အော်ဟစ်သံနဲ့အတူ ဘတ်ဟျွန်း အိပ်ရာထက်က ငေါက်ခနဲ ထထိုင်လာသည်။ မောဟိုက်မှုတွေနဲ့အတူ လှုပ်ရှားမြန်နေတဲ့ နှလုံးကြောင့် ရင်ဘတ်အစုံဟာ နိမ့်ချည်မြင့်ချည်....
ကိုယ်တိုင်လည်း အသက်ရှူတွေမြန်နေပြီး ဘေးဘီဝဲယာကြည့်မိတော့ သူသည် အခု အိမ်မှာပဲ ရှိနေတာကို!!
ဒါက အိပ်မက်တစ်ခုပဲ..."ဘတ်ဟျွန်းနီ!! ဘာဖြစ်တာလဲ "
အိမ်ရှေ့မှာ ရှိနေတဲ့ ဂျယ်ဟွန်းက အိပ်မှုံစုတ်ဖွားနဲ့ သူ့နားရောက်လာသည်။
YOU ARE READING
Only Night ~C~
Fanfictionညပိုင်းပဲပတ်သက်တဲ့ဆက်ဆံရေးထက် ကျော်ချင်လို့တော့ ဘယ်ဖြစ်မလဲ ChanBaek