Only ~ 20

1.5K 257 30
                                    

ချန်းယောလ် ပွေ့ချီပြီး အိပ်ယာပေါ်မှာ ချပေးလာပေမဲ့ ဘတ်ဟျွန်းချက်ချင်းထထိုင်လာသည်။
ကုတင်စွန်းမှာထိုင်နေတဲ့ ချန်း​ယောလ်က ဘတ်ဟျွန်းကို ပြုံးကြည့်နေတုန်း။

ဆူပုတ်ပုတ်ဖြစ်နေသေးတဲ့ကောင်လေးကို ဘယ်လိုချော့ရမလဲလေ!

”ကျွန်တော်တို့ ပြတ်ကြရအောင်
ချန်းယောလ်နဲ့ မတွဲချင်တော့ဘူး ”

မထင်မှတ်ထားတဲ့ စကားမလို့ စိတ်ထဲနည်းနည်းလန့်သွားပေမဲ့ ဟန်မပြတ် အပြုံးဆင်လို့ ဘတ်ဟျွန်းကိုကြည့်နေစဲ။

”သုံးရက်အတွင်း စဥ်းစားထားတာ ဒါလား ”

ဘတ်ဟျွန်းအတွက် ဒီသုံးရက်တာလုံး အတွေးပေါင်းစုံနဲ့ ပင်ပန်းနေခဲ့ရတာ။ ပြတ်စဲချင်သည်။
အခြားသူတစ်ယောက်အတွက် ချန်းယောလ် သူ့ကိုအော်သည်။ သူကအရင်မေးခဲ့တာပေမဲ့ တကယ်တမ်းနှိုင်းယှဥ်စရာအကန့်မရှိဘူးလို့ ပြောလိုက်တဲ့အထိ မတွေးခဲ့တာအမှန်ပါ။
စိတ်ကိုတင်းထားတာတောင် ချန်းယောလ်ကိုမြင်တာနဲ့ ချက်ချင်းပျော့ကျသွားတဲ့နှလုံးသားကလည်း သူ့ကိုယ်ထဲဝင်နေတဲ့ ချန်းယောလ်ပိုင်အရာများဖြစ်နေလေသလား မသိအောင်ပဲ။

”အင်း ချန်းယောလ်နဲ့ ပြတ်မှာ ”

”မင်းပြတ်လည်း ကိုယ်မှမပြတ်ချင်တာ ”

အိပ်ယာပေါ်မှာချထားတဲ့လက်လေးကို လှမ်းယူလိုက်သည်။ အားမပါတဲ့ရုန်းကန်မှုလောက်ကို သူမှုနေမယ်ထင်နေလေသလား!
လက်ဖဝါးအတွင်းရောက်နေပြီဖြစ်တဲ့ သူ့ထက်စာရင်သေးတဲ့လက်ဖဝါးပြင်လေးကို ညှစ်ယူရင်း ပြတ်မယ် လို့တင်းခံနေတဲ့ကောင်လေးကိုလည်း မျက်စိမလွှဲလိုက်ကြည့်နေသည်။

ဘတ်ဟျွန်းကတော့မျက်နှာချင်းကိုမဆိုင်။ ဆိုင်လိုက်တာနဲ့ သူ့ရဲ့နှလုံးသားက ချန်းယောလ်ကိုမြင်ရင်ကို ပြန်ပျော့ခွေသွားမှာ။ အခုတောင် ကိုယ်မှ မပြတ်ချင်တာဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ တင်းမခံချင်တော့တဲ့ သူ့နှလုံးသားက ပိုင်ရှင်ရဲ့အလိုကျအတိုင်းပဲလားမသိ....

~~~~

”ချန်းယောလ်မှာ ချစ်တဲ့လူရှိနေတာပဲကို...
ပြီးတော့ သူနဲ့အဆက်အသွယ်ရှိသေးတယ်မလား ”

Only Night ~C~Where stories live. Discover now