Only ~ 18

1.4K 246 60
                                    

သာမန်အချိန်ဆို ဘတ်ဟျွန်းသဘောကျရလှပါသော မျက်ဝန်းဝိုင်းဝိုင်းတွေဟာ အခုလို ဘတ်ဟျွန်းကို စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ အခါမျိုးမှာတော့ တံတွေးပဲမြိုချရလောက်တဲ့အထိ တုန်လှုပ်စရာကောင်းလွန်းလှသည်။ ခဏခဏမြိုချရလွန်းတဲ့ တံတွေးဂလင်းကြောင့် လည်တိုင်တစ်လျှောက်က
အပေါ်အောက်လှုပ်ရှားနေတာ အကြိမ်ကြိမ်။

ကြက်သီးထစရာစူးရဲရဲမျက်ဝန်းတွေနဲ့အတူ မျက်စိရှေ့ ဖြန့်ချလာပါသော လက်ဖဝါးပြင်။ ဘတ်ဟျွန်းလက်ထဲက ဖုန်းကိုတောင်းနေသည်ဆိုတာ ရာနှုန်းပြည့်မလွဲ။ တုန်ယင်ချင်နေတဲ့လက်ဖဝါးကိုထိန်းလို့ နားနားကပ်ထားတဲ့ ဖုန်းအပြာရင့်လေးကို ပေးလိုက်ရသည်။
ပေးလာတဲ့ ဘတ်ဟျွန်းလက်ထဲက ဖုန်းကိုဆက်ခနဲဆွဲလုသွားတဲ့အပြင် နှုတ်ခမ်းထူထူထက် လက်ညိုးတစ်ချောင်းကို ကန့်လန့်ဖြတ်တင်ခြင်းက တိုးတိုးနေဆိုတဲ့ သဘောဆောင်တာမလို့ ဘတ်ဟျွန်း နှုတ်ခမ်းလွှာကို စေ့ပိတ်လို့ တင်းတင်းစေ့ထားလိုက်ရသည်။

ဘယ်သူမလို့ အမြဲအရေးပေးနေရတာလဲ?
တစ်ခါ ဖုန်းဆက်တော့ မပြောမဆို ကားပေါ်က မောင်းချသလို ကြုံတွေ့ရတဲ့ ဒုတိယအကြိမ်မှာလည်း ထိတ်လန့်ရအောင်ထိ တင်းမာတဲ့မျက်နှာပေးနဲ့ ဖုန်းကိုတောင်းလာသည့်အပြင် စကားမပြောခိုင်းတဲ့အထိ...

သူ့ဖြစ်တည်မှုကို ထိုတစ်ယောက်မသိစေချင်သည့်အလား အသွင်ဆောင်နေတာ မရိပ်မိရအောင် ဘတ်ဟျွန်းက မသိတတ်တဲ့ ကလေးအရွယ်မှမဟုတ်တာ။
ထိုသူက ဘယ်သူမလို့ ချန်းယောလ်က အမြဲ သူ့ကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံနေတာလဲ

ချန်းယောလ်က သူချစ်နေသေးတယ်ဆိုတဲ့တစ်ယောက်နဲ့ အခုထိ မပြီးပြတ်သေးတာလား!
ဒါသာ အမှန်ဆိုရင် ဘတ်ဟျွန်းရဲ့ဖြစ်တည်မှုက ဘာလဲ???

ဝမ်းနည်းမှုက လှိုက်ခနဲ
စိတ်ရှုပ်မှုကပါ ဒွန်တွဲလာတဲ့အခါ ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
ကြပ်သည်းလာတဲ့ ရင်ဘတ်ထဲကမွန်းကြပ်မှုတွေက ဘတ်ဟျွန်းကို ဒုက္ခပေးပြန်ပြီ။

ချန်းယောလ်အတွက် သူ့နေရာက အိပ်ဖော်အိပ်ဖက်သာသာပဲလား!!

~~~~~ O~N~L~Y~~~~~

Only Night ~C~Where stories live. Discover now