Only ~ 24

1.4K 236 93
                                    

လစ်ဟင်းနေတဲ့ မီးဖိုခန်းကြောင့် မနီးမဝေးက mart တစ်ခုဆီ စျေးဝယ်ထွက်ဖြစ်သည်။ ရေရေရာရာရွေးချယ်စရာမရှိဘဲ တွေ့ရာ ကောက်ထည့်လာတာတွေက အများအားဖြင့် ခေါက်ဆွဲခြောက်ဘူးတွေနဲ့ အသင့်စား အသားချောင်းတွေသာ။

အဆက်အသွယ်မရှိတာ ချန်းယောလ် မွေးနေ့ရက်ကစပြီး နှစ်ရက်တိတိ။
နေ့တိုင်း Call log ထဲဝင်ကာ ရိုးရိုးရှင်းရှင်း အသည်းပုံလေးသာ မှတ်ထားတဲ့ နံပါတ်တစ်ခုကို ခေါ်ဆိုချင်ပေမဲ့ အကြိမ်ကြိမ် တားဆီးပြီး စိတ်မာချင်ယောင်ဆောင်ထားတဲ့ ဘတ်ဟျွန်းအဖြစ်ကလည်း လွယ်မနေပါ။
ကိုယ်တောင် မသိလိုက်ဘဲ လှုပ်ရှားသွားတဲ့လက်တွေကို တားဆီးရတာအခါခါ...
ချစ်တော့လည်း ခံစားရတာက ကိုယ်ပဲဖြစ်နေရောပေါ့....။

”ဘတ်ဟျွန်းနီ ”

တိုက်နားမရောက်ခင်မှာ ကြားလိုက်ရတဲ့ ခေါ်သံနဲ့အတူ အနားရောက်လာတဲ့ ဂျယ်ဟွန်း ။
ရုတ်တရက်ရောက်လာပေမဲ့ အံ့သြဟန်မရှိတဲ့ ဘတ်ဟျွန်းက မျက်လုံးသေတွေနဲ့ ကြည့်လာသည်။

”ကျကျန်း!! ငါတို့ ဆိုင်ကယ်စီးကြမလား ”

ဂျယ်ဟွန်းနဲ့အတူ ပါလာတာက ဒီတလော ဘတ်ဟျွန်းကို ပုံတွေပြပြီး လိုချင်ကြောင်း ပြောပြောနေတဲ့ နောက်ဆုံးပေါ် ဆိုင်ကယ်။ ဆိုင်ကယ်အကြောင်း နားမလည်သူမလို့ ဘာတွေမှန်း မသိပေမဲ့ မျက်စိရှေ့က ဆိုင်ကယ်ကတော့ မိုက်မှန်း လက်ခံရမည်။

”ငါ့အဖေဝယ်ပေးတာ
ရရချင်း မင်းကို သတိရလို့ ...
ငါတို့ Driving လုပ်ကြမယ်လေ ”

တက်ကြွနေတဲ့ ဂျယ်ဟွန်းနဲ့ ဆန့်ကျင်ဘက် ခပ်လေးလေးနဲ့သာ ဘတ်ဟျွန်းခေါင်းညိမ့်ပြလိုက်တော့ ဆိုင်ကယ်ဦးထုပ်ယူလာပြီး ကိုယ်တိုင်ဆောင်းပေးသည်။
ဘတ်ဟျွန်း လက်ထဲက အထုတ်တွေကိုလည်း သိမ်းလိုက်ပြီး ဆိုင်ကယ်ပေါ်တက်စေသည်။

ဆိုင်ကယ်အရှိန်ရနေပြီဖြစ်တဲ့အခါ ဘတ်ဟျွန်းလက်တွေက ဂျယ်ဟွန်းခါးကို ဖက်တွယ်လာပြီး လေတွေ တဝကြီး ရှူသွင်းလိုက်ရတော့ လေးလံနေတဲ့ စိတ်တွေက တမဟုတ်ချင်း ပေါ့ပါးသွားသလိုပင်။

”အရှိန်မြှင့်မောင်းပေး
ငါ အသက်ဝဝရှူချင်လို့ ”

လီဗာတစ်ဆုံးတင်လို့ လမ်းမထက်ပြေးလွှားနေတဲ့ ဆိုင်ကယ်အမဲနောက် ဘတ်ဟျွန်းလွတ်လပ်နေခဲ့သည်။ စိတ်ပင်ပန်းတာမရှိ ၊ အေးချမ်းမှုနဲ့ လွတ်လပ်မှု နှစ်ခုတည်းသာ ဘတ်ဟျွန်းမှာ ရှိခဲ့သည်။

Only Night ~C~Where stories live. Discover now