Only ~ 29

1.5K 298 76
                                    

တိုက်ခန်းမှာ ချန်းယောလ်မရှိတဲ့အခါ
ဘတ်ဟျွန်းတစ်ယောက်တည်း ပျင်းရပေမဲ့
အရင်နဲ့မတူ အခုတော့ ဒူရီ ရှိနေသည်မလို့ သေးသေးလေးတော့ ဖြေသာပါသည်။

ချန်းယောလ်ကိုယ်တိုင် Pet Shop မှာ လိုက်ဝယ်ပေးထားတဲ့ ဒူရီက သူ့ရဲ့ချစ်မွှေးလေး။
ချန်းယောလ်မရှိတဲ့နေ့တွေဆိုရင်တော့ ဒူရီလေးက မပျင်းရအောင် အဖော်ပြုပေးသည်။ သို့ပေမဲ့ ဒီနေ့ကတော့ မတူ ။ ဒူရီပါ သခင်နည်းတူ မှိုင်ကျနေတာက သူလေးပါ ဘတ်ဟျွန်းနီးတူ လွမ်းနေတဲ့ သဘောသက်ရောက်နေသည့်ပုံပင်။

"ဒူရီရား အစာခြောက်ကုန်နေပြီမလို့
ပါးပါး သွားဝယ်ဦးမယ်..."

ခေါ်မသွားချင်တော့ဘူးမလို့ မှိုင်နေတဲ့ဒူရီကို ပြောခဲ့ပြီး ဘတ်ဟျွန်းကတော့ အိမ်ကို တံခါးသေချာပိတ်လို့ ထွက်သွားတော့၏ ။

တစ်ရက်လေးမတွေ့ရရင်တောင် ချန်းယောလ်ကို လွမ်းတတ်တဲ့သူ့အဖို့ ဒူရီရှိနေလို့ တော်ဦးမယ်။ ချန်းယောလ်ကိုယ်တိုင် ဝယ်ပေးထားတာမလို့ ဒူရီကို ချန်းယောလ်ကိုယ်စားလေးလို့ ဘတ်ဟျွန်းကတော့ သတ်မှတ်ထားသည်အထိ..။

~~~~~ ONLY

အေးနေတဲ့ ရာသီဥတုကြောင့် ဘတ်ဟျွန်းမြန်မြန် အခန်းကိုရောက်ချင်နေပြီ။ ကိုယ်လေးကို ကျုံ့လို့ ခပ်သွက်သွက်လျှောက်လာရာက
အိမ်ထဲဝင်လိုက်တာနဲ့ နွေးသွားတဲ့ ခံစားချက်ကို ဘတ်ဟျွန်းသဘောကျသည်။ သို့ပေမဲ့ ဒီခံစားချက်က ထူးခြားသည်။ ရင်ထဲထိ ကော်ဖီပူပူလေး လျှောကျသွားသလို ခံစားချက်...။

"My B~~ "

ထိုလူခေါ်ဆိုတဲ့ ပိုင်ဆိုင်ခြင်းနာမ်စားက ရဲတင်းသည်။ မပြုံးမရယ် မျက်နှာတည်က ဘတ်ဟျွန်းအတွက်တော့ ဆောင်းတွင်းရဲ့ ကော်ဖီခွက်လေးနဲ့ အလားသဏ္ဍာန် တူနေတာ

အိပ်ရာအစွန်းဘက်မှာ ခြေတစ်ချောင်းချိတ်ထိုင်နေတဲ့လူက ပေါင်ပေါ်က ဒူရီလေးရဲ့ အမွှေးတွေကို ပွတ်ပေးနေပြီး ကလေးကပါ ဇိမ်ခံနေတာ ..။

မော့ကြည့်လာတဲ့ အခိုက် ဘတ်ဟျွန်းရဲ့ ပြုံးနေတဲ့မျက်နှာလေးကို မြင်တာနဲ့ နှုတ်ခမ်းတစ်ခြမ်းတွန့်ကွေးသွားပြီး ပါးချိုင့်နက်နက်က ထင်းခနဲ...။

Only Night ~C~Where stories live. Discover now