Only ~ 19

1.4K 241 55
                                    

ထိုးကိုက်နေတဲ့ ခေါင်းကြောင့် အိပ်ယာကထတောင်မထချင်။ ဆေးအကူအညီယူရတော့မှာ သေချာပေါက်မလို့ အံဆွဲထဲကဆေးကတ်ကိုထုတ်ယူလို့ တစ်လုံးဖောက်လိုက်ပြီး ဒီတိုင်းမျောချပစ်လိုက်သည်။ ခါးသက်နေတဲ့အရသာကို မသိရှိတဲ့ လျှာဖျားရဲ့အာရုံခံနိုင်စွမ်းပျောက်ဆုံးနေတဲ့ လူတစ်ယောက်လို အသက်မပါသလိုလှုပ်ရှားနေတဲ့ ဘတ်ဟျွန်းက သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လိုသာ ။

မှန်ထက်ပေါ်နေတဲ့ မျက်ရစ်ဖောင်းဖောင်းတွေကို မသိချင်ယောင်ဆောင်လို့ တစ်ကိုယ်ရေသန့်ရှင်းပြီးနောက် ကျောင်းသွားဖို့ထွက်လာလိုက်သည်။

အိမ်ထဲရဲ့ စားပွဲတစ်ခုမှာတော့ အရည်ပျော်နေတဲ့ရေခဲမုန့်တွေက အထီးကျန်စွာ ကျန်ရစ်လို့....
တစ်စုံတစ်ယောက်ကတော့ လုံးလုံးမသိချင်ယောင်ဆောင်နေခဲ့ပါ၏ ။

~~~~~ O~N~L~Y~~~~~

သုံးရက်မြောက်တဲ့နေ့အထိ ဘတ်ဟျွန်းစိတ်တွေ မငြိမ်းချမ်းသေးပါ။ ဆွဲထားချင်စိတ်နဲ့အတူ ပြတ်သားချင်စိတ်ကပါ ယှဥ်တွဲနေတော့ ဘယ်အရာကိုပြတ်ပြတ်သားသားရွေးချယ်ရမလဲ မတွေးနိုင်သေး။ သူ့ကိုမချစ်ဘူးမှန်းသိပေမဲ့ လက်တွေ့စကားတွေနဲ့ အပစ်ပယ်ခံရတဲ့အခါ အချစ်ကိုလက်ခံစပြုနေပြီဖြစ်တဲ့ နှလုံးသားလေးကို ထက်ပိုင်းချိုးခံလိုက်ရသလိုပဲ...။

ချန်းယောလ်မှာ ချစ်နေသူရှိနေပြီး ထိုတစ်ယောက်နဲ့ ဘယ်လိုအခြေအနေလဲ ဘတ်ဟျွန်းသိပ်သိချင်သည်။ မေးလို့ရဖို့နေနေသာသာ ထိုနေ့ညထဲက တံခါးကိုဝုန်းခနဲဆောင့်ပိတ်ပြီး ထွက်သွားခဲ့တဲ့ ချန်းယောလ်နဲ့ သူအဆက်အသွယ်မရှိတာ အခုသုံးရက်မြောက်တဲ့အထိ။
တစ်စက်လေးတောင် ဘာအပြောစကားမှမရှိတဲ့ ချန်းယောလ်ကို သိပ်မုန်းချင်တာပဲ။ မုန်းပစ်ချင်သည်။ သို့သော် ချစ်နေသေးတဲ့နှလုံးသားက သူ့အကြောင်းတွေးမိတာနဲ့ အမှတ်မရှိ ခုန်ချင်နေတုန်း။

ဖုန်းအပြောလည်းရှိတယ်ဆိုရင် နှစ်ယောက်ရဲ့ဆက်ဆံရေးက ရိုးရှင်းပုံတော့မရ။ ဖေဖေစိတ်ဆိုးနေတယ်ဆိုတဲ့အပြောအရ မိဘတွေထိ ပါဝင်ပတ်သက်မှုရှိနေမယ်ဆိုရင် ချန်းယောလ်တို့ဆက်ဆံရေးက သူထင်ထားတာထက် ပိုအနှောင်အဖွဲ့များ ရှိနေမလား!

Only Night ~C~Onde histórias criam vida. Descubra agora