Only ~ 16

1.4K 242 42
                                    

ညနေစောင်းစောင်းကနေ မှောင်ရိပ်သန်းကာ ညအချိန်သို့ တစစကူးပြောင်းနေပြီဖြစ်သည်။

မှောင်ရိပ်သန်းနေတဲ့လမ်းဘေးတစ်နေရာမှာရပ်ထားတဲ့ ပြောင်လက်နေတဲ့နက်ပြာရောင်ကား
တစ်စီး... ။
အထဲမှာတော့ လူနှစ်ယောက်ရှိသည်။
ခေါင်းလေး​စောင်းလို့ လောကကြီးကိုခဏတာ အဆက်အသွယ်ဖျက်ကာ မှေးစက်နေတဲ့ကောင်လေးက ချန်းယောလ်ရဲ့ ဘေးနေရာမှာနေရာယူထား၏ ။
ရင်ခွင်ထဲ ပြိုလဲကျကာ သတိလစ်သွားတဲ့ကောင်လေးကို ပွေ့ချီလို့ ပါလာတဲ့ မိတ်ဆွေ ကို အားနာကြောင်းပြောပြီး ချန်းယောလ်ကော်ဖီဆိုင်ထဲကထွက်လာခဲ့တာဖြစ်သည်။

ဘတ်ဟျွန်းကို ကြည့်ပြီး Boyfriend လား ဆိုတဲ့မေးခွန်းကို မေးလာတဲ့မိတ်ဆွေကြောင့်
မဟုတ်ပါဘူး လို့ဖြေခဲ့ရသေး ။
ချစ်သူရည်စားလည်းမဟုတ်သလို မိတ်ဆွေလည်းမဟုတ်...။ ဒီတိုင်း လိုအပ်နေတဲ့အချိန်ဖြည့်ဆည်းနိုင်ကြတဲ့ ပါတနာတွေလို့ ရိုးရိုးရှင်းရှင်းသတ်မှတ်ထားတဲ့ ချန်းယောလ်အတွေးကိုများ ဘတ်ဟျွန်းသိခဲ့ရင်...

မှေးမှိတ်ထားတဲ့မျက်ဝန်းငယ်ကို ကာရံထားတဲ့မျက်တောင်စိတ်လေးတွေ တဖြတ်ဖြတ်ခတ်ရင်းလှုပ်ရှားစပြုလာလျှင်ကို...
မျက်ခွံအိတ်လေးကို ရုတ်သိမ်းလို့ ပွင့်ဟလာတဲ့မျက်ဝန်းအိမ်လေးက ကားအတွင်းလှည့်ပတ်ကြည့်လာသည်။ ဘေးမှာရှိနေတဲ့ ချန်းယောလ်ကိုတွေ့လိုက်ရရင်ပဲ အံ့သြတကြီးဖြစ်တည်လာတဲ့ အပြုံး။
စိတ်ပင်ပန်းမှုနဲ့နွမ်းလျနေတဲ့ ခန္ဓာကိုယ်ကို မတ်မတ်ပြင်ထိုင်လိုက်တော့ ချန်းယောလ် သူ့ကိုလှည့်ကြည့်လာသည်။

"ချန်းယောလ်က.. ဘယ်လိုလုပ်? "

လည်ချောင်းထဲခြောက်သွေ့ကာ ဘတ်ဟျွန်းအသံတွေက အက်ကွဲလို့နေတာမလို့ ကားထဲအသင့်ရှိနေတဲ့ ရေဘူးကိုကမ်းပေးလိုက်ရင်ပဲ ဘတ်ဟျွန်းလှမ်းယူလာသည်။
သူတကယ် ရေငတ်နေတယ်!

နှုတ်ခမ်းထောင့်ကနေ စီးကျလာတဲ့ ရေစီးကြောင်းတွေကို ချန်းယောလ်က လက်မနဲ့အသာပွတ်ယူကာ သုတ်ပေးလိုက်တော့ ရေသောက်နေရင်း ပြူးကြောင်ကြောင်မျက်ဝန်းတွေနဲ့ကြည့်လာတဲ့ဘီ ။

"ကော်ဖီဆိုင်ထဲမှာ ဘာကိစ္စဖြစ်ခဲ့လို့ မင်း အသက်ရှူကျပ်ပြီး မေ့လဲကျတဲ့အထိဖြစ်ရတာလဲ? ကိုယ်မေးပိုင်ခွင့်ရှိမလား "

Only Night ~C~Where stories live. Discover now