Only ~ 3

2K 297 31
                                    

ညက ဘာမှမစားခဲ့တာမလို့ မိုးလင်းတဲ့အခါ ဘတ်ဟျွန်းရဲ့ ဗိုက်လေးက အသံပေါင်းစုံနဲ့ ဆန္ဒပြနေပြီ ။ အိပ်ရေးမဝသေးပေမဲ့ ပေတေပြီး ဆက်မအိပ်ချင်တာ​ကြောင့် သန်းဝေရင်း ထလာတဲ့ ကောင်လေးက လက်တွေကိုအရှည်ဆုံးဆန့်တန်းရင်း ပျင်းကြောအကြာကြီးဆန့်နေသေး၏ ။

ဒီနေ့မနက်စာတော့ အပြင်ကဝယ်စားစရာမလိုပါ။ မနေ့က စျေးသွားပြီး အိမ်ဝင်လာတဲ့ ချန်းယောလ်က ရေခဲသေတ္တာထဲ ​အပြည့်ဖြည့်ပေးထားသည်။ အပြင်ထွက်ရမှာပျင်းတဲ့ဘတ်ဟျွန်းအတွက် မီးဖိုခန်းက အမြဲလွတ်နေမြဲ ။ သိရင် ချန်းယောလ်က ဆူသည်။ နောက်ပြီး ဝယ်ထည့်ပေးပြီး ဂရုတစိုက်စားစေတယ်။

တစ်ယောက်အကြောင်းတစ်ယောက် မသိပေမဲ့ သူ့အပေါ် ချန်းယောလ် ဂရုစိုက်မှုတွေက အများကြီးနွေးထွေးစေတာမလို့ ဘတ်ဟျွန်းသဘောအကျဆုံးပဲ ။ ဒါကြောင့်လည်း ဘတ်ဟျွန်းက သူစိမ်းတစ်ယောက်ကို မငြင်းဆန်ဘဲ အတူအိပ်နိုင်တာနေမှာ ။

ရေခဲသေတ္တာကို ဖွင့်ကြည့်တော့ တစ်ပတ်လောက်ထိ ရေဘူးအပြင် ဘာမှမရှိခဲ့တဲ့ ရေခဲသေတ္တာလေးက အခုတော့ အရောင်အသွေးစုံနေသည်။ ရေတစ်ဘူးထုတ်ပြီး သောက်လိုက်၏ ။ တစ်ဝက်လောက်ကျိုးသွားတဲ့အထိ သောက်ပြီးသားဘူးကို စားပွဲပေါ်တင်ကာ ရေခဲသေတ္တာထဲက အိုးကိုထုတ်နေသည်။

ဂတ်စ်အိုးပေါ်နွှေးတင်ထားပြီး ဖန်ခွက်တစ်ခွက်ယူကာ နွားနို့ဘူးကိုလောင်းထည့်လိုက်သည်။
cereal ဘူးအသစ်ကိုဖောက်ကာ နွားနို့ထဲလောင်းထည့်ပြီး ဇွန်းနဲ့မွှေနေပြန်၏ ။ ပူလာတဲ့အိုးကြောင့် အနံ့မွှေးမွှေးတို့က ထမင်းစားခန်းအနှံ့ ဖုံးလွှမ်းကုန်တော့ ဘတ်ဟျွန်းဗိုက်ထဲက အသံစုံက ပိုဆိုးလာတော့သည်။

ကြွေပန်းကန်ထဲ ခွဲထည့်ပြီးနောက်မှာတော့ မနက်စာစားဖို့ စားပွဲထိုင်တော့သည်။ ဘာ Soup မှန်းမသိပေမဲ့ အရသာတော့ရှိသည်။
ကြက်သားဖတ်တွေရော မှိုတွေရောနဲ့ ပြည့်နှက်နေတဲ့ Soup က ချန်းယောလ်ချက်ပေးသွားတာနဲ့ ဘတ်ဟျွန်း ယုံယုံကြည်ကြည်စားနိုင်သည်။
သာမန်လက်ရာမဟုတ်တာသိပေမဲ့ ချန်းယောလ်ရဲ့ Career ကို ဘတ်ဟျွန်းတစ်ခါမှ မမေးဖူးဘူး။

Only Night ~C~Where stories live. Discover now