အခန်း၄၄

Começar do início
                                    

စုန့်ရှီးယွီသည် လျင်မြန်စွာထကာ ဧည့်​ကြို​ကောင်တာရှေ့သို့ လျှောက်သွားလိုက်သည်။ လမ်းလျှောက်ရင်း သူ့ဖုန်းရဲ့ အဆက်အသွယ်စာရင်းထဲက ကျီဖန်ယင်းရဲ့ဖုန်းနံပါတ်ကို အမြန်ရှာဖွေလိုက်တယ်။

ဒါပေမယ့် 'Call' ခလုတ်ကို မနှိပ်ရသေးခင်မှာ ဧည့်ကြိုဝန်ထမ်းက ဗိုင်းကောင်းကျောက်ဖိ မိန်းမပျိုလေးကို ရုတ်တရက် ခေါ်ဆောင်လာပါတယ်။

ထိုမိန်းကလေးက စုန့်ရှီးယွီကိုမှတ်မိနေကာ ကျက်သရေရှိသောအပြုံးလေးဖြင့် ရှေ့သို့တိုးလာပြီး "တွေ့ရတာ ဝမ်းသာပါတယ်၊ မစ္စတာစုန့်" ဟု ပြောပါသည်။

စုန့်ရှီးယွီ၏လက်ချောင်းများသည် အေးခဲသွားသည်။  သူသည် ပုံမှန်ကဲ့သို့ သိမ်မွေ့သော အပြုံးကို လျင်မြန်စွာပြုံလိုက်ကာ "ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော် ခုလေးတင် ကုမ္ပဏီက အရေး​​ကြီးဖုန်းတစ်ခုရထားလို့ ခဏလောက် အပြစ်ပြုမိပါတော့မယ်။ အခန်းထဲကို အရင်ဝင်နှင့်ပြီး ကျွန်တော့်ကိုစောင့်ပေးပါ။ ကျွန်​တော် ချက်ချင်း ပြန်လာခဲ့ပါ့မယ်။"

"ဟုတ်ကဲ့ပါ"ဟု မိန်းမပျိုလေးသည် အနည်းငယ် နီမြန်းသော မျက်နှာဖြင့် ပြန်ပြောသည်။ "အလုပ်က ဦးစားပေးပဲလေ။ လုပ်စရာရှိတာ သွားလုပ်ပါ။"

စုန့်ရှီးယွီသည် သူမဖြတ်သွားနိုင်ရန် သူ့ခန္ဓာကိုယ်ကို ဘေးသို့ စောင့်လိုက်သည်။ ထို့နောက် လက်ထဲတွင် ဖုန်းကိုင်ထားလျက် ထွက်ခွာသွားခဲ့သည်။

ဒါပေမယ့် လာစရာ မလိုတော့ဘူးလို့ ကျီဖန်ယင်းကို ဖုန်းဆက်အကြောင်းကြားတော့မည့်အချိန်တွင် စင်္ကြန်အဆုံးမှာ ရုတ်တရက် သူမကို တွေ့လိုက်ရသည်။

သူမသည် နောက်ကျောဘက်တွက် လက်နှစ်ဖက်ပစ်ရာ မတ်တပ်ရပ်နေပြီး သူမမျက်နှာမှာ နူးညံ့တဲ့အပြုံးတစ်ခုလည်းရှိနေသည်။ စောစောက ဖြစ်ပျက်ခဲ့သမျှကို သူမ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသော်လည်း သူမ၏ခံစားချက်များတွင် အပြောင်းအလဲမရှိသည်ကို သူသည် ပြတ်ပြတ်သားသား မြင်နေရသည်။

စုန့်ရှီးယွီ၏ခြေ​ထောက်များသည် ခဏတာမျှ အေးခဲသွားပြီး သူမရှေ့သို့ ဆက်လျှောက်သွားကာ နောက်ဆုံး သူမရှေ့ရောက်ချိန်တွင် ရပ်လိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူOnde histórias criam vida. Descubra agora