ကြီးမြတ်လေသော နှလုံးသား. . ဇာတ်သိမ်း

383 10 0
                                    


"ချွင်... ချွင်.."

သာယာနာပျော်ဖွယ်ရာ.. ဆည်းလည်းသံလေးက..လေအဝေ့မှာ အရပ်လေးမျက်နှာကို လွင့်ပျံနေလေသည်။

ထိုဆည်းလည်းသံလေးကို နားဆင်ရင်း.. ၁၈ ‌ေတာင်ပြည့် ရွှေစေတီပရဝဏ်ကို တံမြက်စည်းလှည်း ကုသိုလ်ယူနေတဲ့ နန်းရင်းဝန်ကြီး ကမ္ဘည်းကျောက်တိုင်လေးရှေ့မှာ ရပ်ရင်း ရေးထိုးထားတဲ့ဆုတောင်းလေးကို အထပ်ထပ်ဖတ်နေမိသည်။

⚜️🙏🏻🙏🏻🙏🏻⚜️ သံသရာမှာ.. ဝန်တိုခြင်း.. ပူပင်ခြင်းနဲ့ လိုအင်ဆန္ဒတွေများပြားခြင်းမှ ကင်းဝေးရပါစေ....⚜️🙏🏻🙏🏻🙏🏻⚜️

နောင်ရင်းမျိုးမြတ်ကြည်သာဟန် ကောင်းမှု... နိဗ္ဗာန်ဆု.....

ရွှေပြားခတ်ထားတဲ့ ကောင်းမှုရှင် ကမ္ဗည်းလေးကို လက်နဲ့ထိတွေ့ရင်း.. ထိခြင်းငါးပါးနဲ့ စိတ်လိုလက်ရ ဉီးချလိုက်ပြီးတော့မှ.. ရင်ထဲက မျက်ရည်တွေကို သွန်ချလိုက်ရသည်။

ခေါင်ဖုရား... တောင်းဆုတွေ ပြည့်ဝပါစေဘုရား။

ဝန်တိုခြင်းကင်းပြီး.. ကိုယ့်အတွက် မဟုတ်တဲ့ လိုအင်ဆန္ဒ ဖြူဖြူစင်စင်တွေနဲ့ အပူအပင်ကင်းခဲ့တဲ့ ခေါင်ဖုရား.. သံသရာမှာလည်း ဝန်တိုခြင်းကင်းမှာပါ ဘုရား။

ဆု‌ေတာင်းမှားခဲ့တယ်လို့ အဆိုရှိကြပေမယ့်လည်း.. ဖြစ်တည်မှုမှန်သမျှကို တန်ဘိုးရှိစေတဲ့ ခေါင်ဖုရားကို .. ဟောဒီ ကျွန် က ဉီးချပါတယ်ဘုရား။

ခေါင်ဖုရားနဲ့ ထီးဘုရားတို့ ပြုခဲ့သမျှ ကုသိုလ်အဖို့ဘာဂတို့အား.. ထီးဘုရားကြီးနဲ့ မယ်တော်မိဖုရားခေါင်ကြီးတို့ကစပြီး.. ကိုယ်ရံတော်ကြီးဗြတ္တနဲ့.. ကိုယ်ရံတော်ခွန်ဖတို့အထိ.. အမျှပေးဝေပါတယ်... ထပ်တူကုသိုလ် ရပါစေဘုရား...

နေပူခံကျောက်ပြားဖြူဖြူလေးတွေ စီရီသပ်ရပ်စွာခင်းထားတဲ့ စေတီပရဝုဏ်ရဲ့ကောင်းမှုရှင်... ခေါင်ဖုရား အပူသောကတွေငြိမ်းပါစေကြောင်း နန်းရင်းဝန်ကြီးနန္ဒ အထပ်ထပ် ဆုတောင်းပေးနေမိသည်။

"ဟော ဘိုးဘိုး.. ဘုရားမှာရောက်နေမှာသိသားပဲ။ ငိုနေပြန်ပြီလား ဘိုးဘိုး.."

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now