အခဏ်း ၁။

1.5K 34 0
                                    

အပိုင်း ၁။

"ဂိုး"

"ရေး... ကဲ ၂သောင်းခွဲနော် ဟေ့ကောင်တွေ။ မြတ် ရေ မင်းကြည့်ပဲ လေးဂိုး ကွာ မိုက်တယ် ငါ့ကောင်"

"ဟေ့ကောင် မင်းမော် မနက်ဖြန် ညနေ နောက်တစ်ပွဲ နှစ်သောင်းခွဲကြေးပဲနော်။ မင်းတို့ဘက်က မြတ်ကြောင့်နိုင်တာ‌ဆိုပေမယ့် မနက်ဖြန် ငါတိုအနိုင်ပြန်ကန်ပြမယ်။"

‌"ဟျောင့် စိုးလင်း မင်းတိုဘာသာ ညံ့လို မနိုင်တာကို ဘာတွေ လိလိလားလားပြောနေတာလဲ"

အသံစည်ဝေနေတဲ့ အနိုင်အသင်း ဘက်က မခံမရပ်နိုင်အောင် ရန်စကားဆိုလာတော့ မြတ်မနေသာတော့

"အိုး ဟိုး ဟိုး။။ တော်တော့ ကွာ သူငယ်ချင်းတွေအချင်းချင်းကွာ ငါဒါ့ကြောင့် ကြေးတန်းနဲ့မကစားချင်တာ ဟျောင့်စိုးလင်း မနက်ဖြန် ဗလာကြေးကွာ မင်းလည်းအနိုင်ကန်။ နိုင်တဲ့ကောင်တွေ ညနေအဆာပြေစာကျွေးကြေး။ ကဲ လာ ငါဗိုက်ဆာပြီ။ လက်ဘက်ရည်လား ဉီးတီ အသုတ်လား။"

အရပ် ၅ပေ ၉ ကိုမှ ရင်အုပ်ကျယ်ကျယ် မျက်နှာသွယ်သွယ် မျက်အိမ်ကြီးကြီး ထူသယောင်နှုတ်ခမ်းက.. နီ‌ဆွေးဆွေး.. ခြေတံလက်တံ ခပ်ကြီးကြီးနဲ့ ဖြူလွလွ အသားအရည် က ကစားထားလို နီတဲ့ဘက် ကူးနေတဲ့ မြတ် စကားကို အားလုံးသဘောတူကြသည်။ ဘောလုံးကန်တာတင်မက စာလည်းတော်တဲ့ မြတ်ကို ငယ်သူငယ်ချင်းတွေရော တက္ကသိုလ်ကသူငယ်ချင်းတွေကပါ ခင်မင်ကြတာ..

"ငါတိုဝောာ့ လက်ဘက်ရည်မရတော့ဘူး အသုတ်ပဲကွာ"

"အိုကေ.. ငါတိုကနိုင်ထားတာဆိုတော့ ငါတိုဘက်က ရှင်းမယ် ဉီးတီ အသုတ်ဆိုင်မှာဆုံမယ်ကွာ။"

"ဟေ့ မြတ်.. မင်းဖုန်းလာနေတယ်"

ထူးဝေ လက်ထဲက ကျောပိုးအိတ်လေးကို ယူပြီး ဖုန်းထုတ်တော့ မမဆီက။

"ဟုတ်မမ"

"မြတ်.. အိမ်တော်က နားခံတော်ကြီးတို့ ရောက်နေတယ်။ အမိန့်တော်အတွက် မြတ်ကိုစောင့်နေတယ်။ မြန်မြန် ပြန်လာတော့နော်"

မမရူပါရဲ့ အသံက နဂိုအတိုင်းကြည်လင်တည်ငြိမ်နေပေမယ့် နားထောင်နေတဲ့ မြတ်ရင်ထဲမှာတော့ ဝမ်းနည်းပန်းနည်း လှုပ်ရှားသွားရသည်။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now