အခဏ်း.. ၆။ 🚨🚨🔞🔞🚨🚨

264 7 0
                                    

🚨🚨🔞🔞🚨🚨🚨🚨🔞🔞🚨🚨

အသက်အပိုင်းအခြားအလိုက်.. ချင့်ချိန်ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 


ငှက်ကလေးများတီတီတာတာ မြည်တမ်းကြသံတွေ.. လင်းကြက်တွန်သံတွေ အပြင် ခေါင်းအုံးနားက ဖုန်းဆီက နှိုးစက်သံခပ်တိုးတိုးထွက်လာတာမို့ ဘုန်းရှိန်ရောင်ဝါ.. ရင်ခွင်ထဲက ကလေးပေါက်စကို ခပ်တင်းတင်းဖက်လိုက်ပြီး မင်္ဂလာနေ့အတွက် အားတင်းလိုက်ရသည်။

ယခင်ကတော့ စီးပွားရေးလုပ်ငန်းတွေမှန်သမျှ ဉီးရီးတော်တွေကို ရှေ့တန်းမှာထားပြီး နောက်ကနေသာ စီမံခန့်ခွဲခဲ့ပေမယ့် ဒီနေ့ကစပြီး.. ဘုန်းရှိန်ရောင်ဝါ.. ထီးနန်းရှင်အနေနဲ့ .. တာဝန်အားလုံးကို မျက်နှာပြကာ ယူရတော့မည်ဖြစ်သည်။ ထို့အပြင်.. ကြင်ယာတော်ကို စောင့်ရှောက်ရင်း.. ဆိုးယုတ်တဲ့ကျိန်စာကို ပျက်ပြယ်စေဖို့ နည်းလမ်းလည်း ရှာရတော့မှာ။ မျိုးဆက်အတွက် ဘုန်းရှိန်ရောင်ဝါ စဉ်းစားထားတာကို ထိပ်ခေါင်တင်က သဘောတူပါ့မလားမသိ။ ညီငယ် မဟာနဲ့ နောင်ရင်းမျိုးမြတ်နိုးယုယဟန်ကို လက်ဆက်ပေးလိုက်ရင်..မင်းဆီမင်းသွေး မျိုးဆက်ကတော့ ရလာမှာပင်။ အဲ့ဒီမျိုးဆက်က ကျိန်စာကိုအဆုံးသတ်လိမ့်မည်လို့ ဘုန်းရှိန်ရောင်ဝါ စွဲစွဲမြဲမြဲ ထင်နေမိသည်။

ညီငယ်နဲ့ မင်းညွန့်လျာ မျိုးဆက်ကို ထီးနန်းလွှဲအပ်ပြီးတာနဲ့ ဘုန်းရှိန်ရောင်ဝါကတော့.. မြတ်လက်ကိုဆွဲကာ တစ်နေ့ ဟိုးအဝေးက စိုက်ခင်းတွေဆီ အေးအေးချမ်းချမ်းသွားနေမည်။ မြတ်ငယ်ကို ကြင်နာမြတ်နိုးခွင့်ရမယ့် နောက်ဆုံးအချိန်အထိ နေ့ရက်တွေကို အတူတူ ကျော်ဖြတ်မည်။ ထိုနေ့တွေက ဖန်တီးစရာမလိုဘဲ ပင်ကိုယ်က ပျော်ရွှင်ရမယ့် နေ့တွေဖြစ်ဖို့ ကိုယ်တော် ကြိုးစားချင်သည်။

လောလောဆယ်တော့.. ကိုယ်တော့့် ခက်ခဲကြမ်းတမ်းတဲ့ ဘဝထဲ မကြောက်မရွံ့ တိုးဝင်လာခဲ့တဲ့ ချစ်ရသူလေးကို မွေးနေ့ဆုလေးတောင်းပေးရပေအံုးမည်လေ။ ဒီနေ့က မြတ်ငယ်ရဲ့ ၂၁ နှစ်ပြည့်မွေးနေ့လည်းဖြစ်သလို.. ထိပ်ခေါင်တင် ဘွဲ့နှင်းလို့ မိဖုရားကြင်ယာတော် အဖြစ် ထိမ်းမြားမယ့်နေ့လည်းဖြစ်လေသည်။ ထီးဖြူရှင်နဲ့ဝေးနေတာ နှစ်ပေါင်းကြာလှပြီဖြစ်တဲ့ ထီးနန်းကိုလည်း ဘုန်းရှိန်ရောင်ဝါ သိမ်းပိုက်ရမယ့်နေ့လည်းဖြစ်လေသည်။ ထို့အပြင်.. ကျောကိုတည့်တည့်ချိန်ကာ ပစ်လွှတ်ထားတဲ့ ကျိန်စာဓါးကို အရင်လို ပုန်းလျှိုးကွယ်လျှိုးမဟုတ်ဘဲ ရဲရဲကြီး ရင်ဆိုင်ဖို့ အသင့်ပြင်တဲ့ နေ့လည်းဖြစ်လေသည်။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now