အပိုင်း ၂
"ယျာ့"
"ကတက် ကတက် ကတက်.. ဂလုပ် ဂလုပ်..."
မောင်းနှင်သံနဲ့ ခွာသံ သဲ့သဲ့က အဝေးကနေ လျှင်လျှင်မြန်မြန် ပဲ အနားကိုရောက်လာခဲ့တာမို့ ကျွမ်းကျင်မှုကိုတော့ သံသယဝင်စရာမလို။
နံနက်ခင်းပွဲတော်တည်ရာ အဆောင်ရှေ့အထိ အုန်းခွံရောင်မြင်းကြီး စီးနင်းလာတဲ့ ကိုယ်တော်က နံ့သာရောင် မြင်းစီးဝတ်စုံနဲ့ လိုက်ဖက်လှသည်။
ကိုယ်တော့်နောက်က ရန်ပုံခွင်းနဲ့ ရန်အောင်တို့ မြင်းကိုယ်စီနဲ့ ကပ်လိုက်လာကြသည်။
မချိန်းထားခဲ့ပါဘဲလျှက် မနက်ခင်းတိုင်း အိပ်ခန်းဆောင်ကိုရောက်လာတဲ့ကိုယ်တော့်ကို မြတ် နေ့တိုင်းမျှော်တတ်ခဲ့ပြီ။
"မောင်မင်း.. မြင်းစီးတတ်လား"
မြတ်ခေါင်းကိုခါလိုက်ရင်း ..
"မစီးတတ်ဘူး ကိုယ်တော်။ မနက်စာမစားဘဲ မြင်းစီးနေတာလား ကိုယ်တော်"
"ကိုယ်တော် ဒီနေ့မြင်းရေးလေ့ကျင့်မယ်။ မောင်မင်း သဘောကျရင် ကိုယ်တော့်နောက်လိုက်ခဲ့နိုင်တယ်။ ကိုယ်တော့်စီးတော်မြင်း မှာ ခြွေရံ သုံးစင်းရှိတယ် မောင်မင်း သင်ချင်ရင် သင်နိုင်တယ်"
"သင်ချင်တယ်ကိုယ်တော်။ ကျွန်ေတာ် ချောင်းသာသွားတုန်းက တစ်ခါပဲ မြင်းပေါ် တက်ဖူးတယ်"
"မောင်မင်း ပင်လယ်ကိုလဲ နှစ်သက်တာပေါ့"
ကိုယ်တော်ကြီးက မြင်းပေါ်က ဆင်းလာပြီး လက်အိတ်ကိုချွတ်လိုက်ကာ မြတ်အနားဝင်ထိုင်သည်။
"လှုပ်လှုပ်ရှားရှားလုပ်ရတာမှန်သမျှ ကြိုက်တယ်ပြောရမှာပဲကိုယ်တော်။ ပင်လယ်ထဲ ရေကူးရတာ ပျော်ဖို့ကောင်းတယ်လေ"
"ဟုတ်ပေမယ်။ မောင်မင်းကြည့်ရတာ သွက်လက်လွန်းတယ်လေ။"
"ကိုယ်တော် မနက်စာမစားဘူးလား"
"မြင်းစီးရင် အစားအစာ အပြည့်မစားသင့်ဘူး။ အာရုဏ်တက်တုန်းက ကော်ဖီသုံးေဆာင်ထားတယ် နောင်ရင်းငယ်"
"အတော်ပဲ ကျွန်တော်လည်း ဘာမှမစားရသေးဘူး။ လိုက်မယ်ကိုယ်တော်"
YOU ARE READING
ကြီးမြတ်လေသော နှလုံးသား
Romanceဆိုးယုတ်ခြင်းကို ကြီးမြတ်ခြင်းနဲ့သာ အောင်နိုင်ရာ၏တဲ့ ကိုယ်တော်.. ကျုပ်တို တန်းအညှိမခံကြစိုရဲ့။