အခဏ်း ၂.. ။ (Z)

119 3 0
                                    

အပိုင်း ၂"ယျာ့""ကတက် ကတက် ကတက်.. ဂလုပ် ဂလုပ်..."မောင်းနှင်သံနဲ့ ခွာသံ သဲ့သဲ့က အဝေးကနေ လျှင်လျှင်မြန်မြန် ပဲ အနားကိုရောက်လာခဲ့တာမို့ ကျွမ်းကျင်မှုကိုတော့ သံသယဝင်စရာမလို။နံနက်ခင်းပွဲတော်တည်ရာ အဆောင်ရှေ့အထိ အုန်းခွံရောင်မြင်းကြီး စီးနင်းလာတဲ့ ကိုယ်တော်က နံ့သာရောင် မြင်းစီးဝတ်စုံနဲ့ လိုက်ဖက်လှသည်။ကိုယ်တော့်နောက်က ရန်ပုံခွင်းနဲ့ ရန်အောင်တို့ မြင်းကိုယ်စီနဲ့ ကပ်လိုက်လာကြသည်။မချိန်းထားခဲ့ပါဘဲလျှက် မနက်ခင်းတိုင်း အိပ်ခန်းဆောင်ကိုရောက်လာတဲ့ကိုယ်တော့်ကို မြတ် နေ့တိုင်းမျှော်တတ်ခဲ့ပြီ။"မောင်မင်း.. မြင်းစီးတတ်လား"မြတ်ခေါင်းကိုခါလိုက်ရင်း .."မစီးတတ်ဘူး ကိုယ်တော်။ မနက်စာမစားဘဲ မြင်းစီးနေတာလား ကိုယ်တော်""ကိုယ်တော် ဒီနေ့မြင်းရေးလေ့ကျင့်မယ်။ မောင်မင်း သဘောကျရင် ကိုယ်တော့်နောက်လိုက်ခဲ့နိုင်တယ်။ ကိုယ်တော့်စီးတော်မြင်း မှာ ခြွေရံ သုံးစင်းရှိတယ် မောင်မင်း သင်ချင်ရင် သင်နိုင်တယ်""သင်ချင်တယ်ကိုယ်တော်။ ကျွန်‌တော် ချောင်းသာသွားတုန်းက တစ်ခါပဲ မြင်းပေါ် တက်ဖူးတယ်""မောင်မင်း ပင်လယ်ကိုလဲ နှစ်သက်တာပေါ့"ကိုယ်တော်ကြီးက မြင်းပေါ်က ဆင်းလာပြီး လက်အိတ်ကိုချွတ်လိုက်ကာ မြတ်အနားဝင်ထိုင်သည်။"လှုပ်လှုပ်ရှားရှားလုပ်ရတာမှန်သမျှ ကြိုက်တယ်ပြောရမှာပဲကိုယ်တော်။ ပင်လယ်ထဲ ရေကူးရတာ ပျော်ဖို့ကောင်းတယ်လေ""ဟုတ်ပေမယ်။ မောင်မင်းကြည့်ရတာ သွက်လက်လွန်းတယ်လေ။""ကိုယ်တော် မနက်စာမစားဘူးလား""မြင်းစီးရင် အစားအစာ အပြည့်မစားသင့်ဘူး။ အာရုဏ်တက်တုန်းက ကော်ဖီသုံး‌ဆောင်ထားတယ် နောင်ရင်းငယ်""အတော်ပဲ ကျွန်တော်လည်း ဘာမှမစားရသေးဘူး။ လိုက်မယ်ကိုယ်တော်""ကောင်းပြီ နောင်ရင်းငယ်။ မောင်မင်းလိုက်ပါမယ်ဆို ဝတ်လဲတော် ပြင်ဆင်ခြေတော့။ ကိုယ်တော် စောင့်မယ်""ကောင်းပါပြီ"ဝဏ္ဏ ဝတ်ဆင်ပေးတဲ့ ဘောင်းဘီအကျပ်နဲ့ ရှပ်အင်္ကျီက မြတ်ကိုယ်နဲ့ကွက်တိ။ အမယ် ငြိမ်နေတာ နှစ်ပါတ်ကျော်လို့ထင်ရဲ့ မြတ် ဗိုက်ကလေးတောင် ပူတူတူလေးဖြစ်လာသလို။ မဖြစ်သေးပါဘူး အရင်အတိုင်း Major King ဘော်ဒီကိုပြန်ထိမ်းအုံးမှပါ။ ဘောလုံးကန်ဖို့ နေရာနဲ့ လူရှာရတော့မှာ။ အိမ်ပြန်ဖို့ကိုတော့ ‌ရွှေကိုယ်တော်ကြီးစိတ်ခုသွားကတည်းက မပြောဖြစ်တော့။ တော်ကြာအိမ်ပြန်ဖို့ထပ်ပြောမိရင် စိတ်တစ်ကယ်ဆိုးသွားမှ မြတ်ဆီ မလာတော့ဘဲနေတော့မလား ပဲတောင်ထင်ရသည်။ အင်း မမ ထိမ်းမြားပြီးရင်တော့ သူပြန်ရမှာပါလေ။မြတ် အတွေးတွေ ထဲ နစ်နေတာကို ဝဏ္ဏက သေချာစိုက်ကြည့်နေလေသည်။ မြတ်သတိဝင်လာတော့ ဝဏ္ဏကို ဘာကြည့်တာလဲဆိုတဲ့ အဓိပ္ပါယ်နဲ့ မျက်စပင့်ပြလိုက်တော့ ဒူးထောက်ကျသွားပြန်သည်။ မြတ်စိတ်ညစ်တာ အဲ့ဒါတွေ။"သခင်လေး မျက်နှာတော်မှာ အမူအယာတွေက တစ်ခုစီဖြတ်သွားနေလို့ ငေးမိတာပါဘုရား စိတ်တော် မညိုပါနဲ့ဘုရား""ဝဏ္ဏ ငါလည်းဘာမှမပြောရသေးပါလား။ နေပါအုံး ထပါ ။ ဘာအမူအယာလဲ ပြောပါအုံး"လက်ကထူမလိုက်တော့ ဝဏ္ဏပြုံးတုံ့တုံ့နဲ့ ထလာသည်။"သခင်လေး. .. အပျိုတော်တွေထဲက ဘဘောတော်ကျတဲ့သူ တွေ့ထားလို့လား ဘုရား။ သခင်လေး မျက်နှာတော်မှာ ဖျိုးဖျိုးဖြတ်ဖြတ်နဲ့ စိတ်လှုပ်ရှားတော တွေ့မိလို့ပါဘုရား""အာ.. မဟုတ်တာ။ ကဲ ပြောစမ်းပါ ဝဏ္ဏ ဘယ်အပျိုတော်က မျက်စေ့ကျလောက်စရာ ချောမောနေလို့လဲ။ ကိုယ်တော် ချောလှတာလောက် မီတဲ့ အပျိုတော် ရှိသလား""ဘယ်လို သခင်လေး""အာ.. ဘာမှ မဟုတ်တော့ဘူး သွားကြစို့""ခဏလေးပါ ဘုရာ့။ မြင်းစီးဖိနပ် လဲရအုံးမှာပါဘုရာ့"ဝဏ္ဏကို လွှတ်ကနဲပြောမိပြီးမှ မသင့်တော်လိုက်တဲ့ စကား လို့ ကိုယ့်ဘာသာ နှာခေါင်းရှုံ့လိုက်ရသည်။ ဝဏ္ဏကတော့ ဖိနပ်လဲပေးရင်း တွေးဆဆနဲ့ ခပ်ငေးငေး။ကိုယ်တော်ကြီးနဲ့အတူ ယှဉ်ကာလမ်းလျှောက်လာရာက စီးလို့ကောင်းလှတဲ့မြင်းစိးဖိနပ်နဲ့ မြက်ခင်းကိုနင်းရတာ အရသာရှိလွန်းလို့ မြတ် ဘောလုံးသမားပြေးသလို ကွင်းပတ်ပြေးမိသည်။ ကိုယ်တော်ကြီးကတော့ လက်နှစ်ဘက်ကိုပိုက်လျှက် မြတ်ကို ကြည့်ရုံသာကြည့်နေလေသည်။မြတ်တစ်ခါမှ မမြင်ဖူးတဲ့ လူနှစ်ယောက် မြင်းနှစ်ကောင်ဆွဲလာတော့ အုန်းခွံရောင်မြင်းကြီးက ကိုယ်တော့်ကို ကြည့်ကာ ပတပ်ရပ်လျှက် ဟီ လေသည်။"မောင်မင်း ကိုယ်တော့်ကို ဘာများလျှောက်ချင်လို့လဲ ကွယ့် ""ဝဟီးး ဟီးးးဟီးး... ဘူးးးဖလူးးဖူလူးး""အရှင့်သား တိုးပွားရဲ့ မျိုးဆက် လျှပ်ရောင် ဆီမှာ ခနေကြောင်းပါဘုရား။""ဟေ.. တော်လိုက်တဲ့ တိုးပွား။ ကိုယ်တော့် မောင်မင်းကို ချီးမြှောက်ရတော့မှာပေါ့ ငသင်.. ကဲ ရန်ပုံခွင်း.. ငသင်နဲ့ ငမြင့် ကို ဆုတော် ချမယ်ကွဲ့""အမိန့်အတိုင်းပါ အရှင့်သား""ကဲ မောင်မင်းက ဒီမြင်းငယ်ကို စီးကွဲ့။ ဒီမြင်းငယ်က တိမ်ခိုး လို့ နာမည်ရတယ်။ ငမြင့် နောင်ရင်းငယ်ကို မောင်မင်း မြင်းအစီးသင်ပေးကွဲ့။ လျှပ်ရောင်ကတော့ ကိုယ်လေးလက်ဝန်နဲ့မို့ နားနားနေနေ ပဲ နေပါ့စေတော့""မှန်လှပါ"ငမြင့်ဆိုသူက အသက် ငါးဆယ်နီးနီး။ မြတ်ကို မြင်းပေါ် တက်လိုက် ဆင်းလိုက်နဲ့ နည်းလမ်းပြပြီး မြင်းပေါ်တက်စေပေမယ့် မြတ် တက်ရတာအဆင်မပြေ။"ခဏလေး ဉီးမြင့်.. ကျွန်တော် ရအောင်တက်ကြည့်မယ်"ဘယ်တော့များမှ ယဉ်ပါးမှာမဟုတ်တဲ့အခေါ်အဝေါ်ကို မြတ် လျှာယားလို့မခေါ်ရက်ပေမယ့် ထိုလူတွေ ဒူးထောက်ကုန်ကြသည်။"သခင်လေး.. နိမ့်ကျတဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးတွေပါဘုရာ့။""တော် တော် ရန်ပုံခွင်း.. ကျွန်တော်သိပြီ။ ကိုယ်တော် နာမည်အပြည့်အစုံခေါ်လို့မရဘူးလား ငမြင့်ဆိုတာကြီး ကျွန်တော်မခေါ်တတ်ဘူး""မောင်မင်း. .. စစ်သူကြီးမျိုးရိုး မဟုတ်ပေလား နောင်ရင်းငယ်။ နန်းတွင်းထဲမှာ နန်းစဉ်အတိုင်း ကျင့်ပါမှ နောက်လိုက်နောက်ပါများ နေသာပေလိမ့်မယ်...။ ရိုင်းပျတယ်လို့ မထင်စေ့ချင်ဘူးကွဲ့။""ကောင်းပါပြီ။ ကဲ ကျွန်တော်ကြိုးစားပြီးတက်ကြည့်မယ်။"တစ်ခါ မရ နောက်တစ်ခေါက်ကျမှ မြင်းပေါ်ကို နည်းစနစ်တစ်ကျ တက်တတ်သွားတော့တာပင်။အသားကျ စီးနည်းကို ငမြင့်က အောက်ကနေ လိုက်ပြေးရင်း သင်ပေးတာမို့ သိပ်မခက်ဘူးထင်ရပေမယ့် တစ်ကယ်တန်း မြင်းကို ကိုယ့်စိတ်တိုင်းကျ သွားစေဖို့ ထိန်းရတာ ဇက်ကိုင်ရတာ သိပ်ခက်သည်။ ဘောလုံးကို လိုရာနေရာ ဆီရောက်ဖို့ လမ်းကြောင်းကို တစ်စက္ကန့်အတွင်းဆုံးဖြတ်ချက်ချပြီး ဂိုးတိုင်အတွင်း ဝင်အောင် သွင်းရတာ လွယ်ပေမယ့် မြင်းဇက်ကိုထိန်းရတာတော့ မြတ်အတွက် မလွယ်ပါ။ယောင်ပြီး စီးနင်းကွင်းထဲထည့်ထားတဲ့ ခြေထောက်ကို မငြိမ်မိတော့ မြင်းကို ရိုက်လွှတ်လိုက်သလိုဖြစ်တာမို့ တိမ်ရောင် ဇွတ်ပြေးတော့သည်။ မြတ် ကြောက်ကြောက်နဲ့ ဇက်ကို တအားဆွဲထားရင်း မြင်းပေါ်ကမကျ‌အောင် အတော်ကြိုးစားကာ ဒယိမ်းထိုးလျက် တိမ်ရောင်ပြေးရာ‌နောက်ကို ပါသွားရတော့သည်။"ငါတော့ သေပြီ"မိန်းမမပြောနဲ့ ရဲစားလေးတောင် မရသေးခင် သေရတော့မှာ။ ရပ်လိုက်ပါတော့တိမ်ရောင် မင်းကိုနောက်မစီးတော့ပါဘူး လို့ အကြိမ်ကြိမ် အော်နေမိတဲ့ မြတ် မရှက်နိုင်တော့။ရုတ်တရက် တိမ်ရောင်လည်းရပ်သွားပြီး မြတ်ကိုယ်လုံးကလည်း မြက်ခင်းနဲ့ မညားဘဲ ရင်ခွင်ကျယ်ကြီးထဲ ဆွေ့ကနဲရောက်သွားလေတော့သည်။မျက်စိကို အသားကုန်မှိတ်ထားမိတဲ့ မြတ်.. မွှေးပျံ့တဲ့ ကိုယ်သင်းနံ့ကြောင့် ဇဝေဇဝါ။ မြတ်လက်ကို ကိုင်ထားတဲ့ လက်တစ်ဘက်က သန်မာပေမယ့် နူးညံ့လှပေသည်။"မောင်မင်း သတိလစ်သွားသလား သိပ်ကြောက်သွားသလား""ကိုယ်တော် .. မကြောက်ပါဘူး။ လန့်သွားတာ။ ဒီမြင်းက ဆိုးမှန်းသိလို့ ကျွန်တော့်ကိုစီးခိုင်းတာလား ကိုယ်တော်။"မြတ်ရဲ့ ဒေါသသံကို ကိုယ်တော် ပြန်မတုန့်ပြန်ခင်မှာပဲ ရန်ပုံခွင်း မြင်းတစ်စီးနဲ့ ‌ရောက်လာလေသည်။ တိက္ခနဲ့ ငမြင့်ကတော့ အနောက်ကပြေးလိုက်လာတာ မောဟိုက်လို့။"သခင်လေး ဘာမှမဖြစ်ဘူးမဟုတ်လားဘုရာ့။ အရှင့်သား သခင်လေးကို ကျွန်တော်မျိုး ချီမ ချပါ့မယ်"မြတ်ကို အရှင့်သားမြင်းပေါ်က ချပေးဖို့ လက်လှမ်တဲ့ ရန်ပုံခွင်း ရင်ဝကို ဓါးနဲ့စိုက်လိုက်သည့်အလား.. အရှင့်သား အကြည့်တွေက စူးစိုက်လာတာမို့ ကိုယ်ကိုယို့ပြီး ခေါင်းငုံ့လိုက်ရသလို.. နောက်က ပြေးလိုက်လာတဲ့ ငသင်နဲ့ ငမြင့်ကိုလည်း ဒူးထောက်ခစားစေလိုက်သည်။"မောင်မင်း အတော်ဝေးဝေးအထိကို တိမ်ခိုးပေါ်က မကျတာ တော်တယ်ဆိုရမယ် မြတ်။ တစ်ကယ်ဆို တိမ်ခိုးက သိပ်လိမ်မာတာ... ငသင့် အသင်အပြ လိုတယ်ထင်ပါရဲ့။ ငသင် မောင်မင်း အပြစ်မောင်မင်းသိသလား"မြတ် နားအပ်ထားရတဲ့ ရင်အုံထဲက အသံကို အထိတ်တလန့် နားထောင်မိသည်။"ကိုယ်တော်.. မြင်းဗိုက်ကို ကျွန်တော် ကန်မိတယ်။ အဲ့ဒါကြောင့်ပြေးတာ ကိုယ်တော် သူတို့မှာအပြစ်မရှိဘူး။""မြတ်ငယ်.. မောင်မင်း...""ကျွန်တော်အောက်ဆင်းတော့မယ်။ မြင်းကို နောက်တစ်ခေါက် စီးချင်သေးတယ် ကိုယ်တော်။""နောင်ရင်းငယ် ... သဘောတော် ကြီးလို့ မောင်မင်းတို့ အပြစ်လွတ်ပြီ ငသင် ငမြင့်..။ တိမ်ခိုးကို ခေါ်သွား ရိုင်းပြရတဲ့အကြောင်းရင်း ရှာပြီး ကိုယ်တော်ပြန်မကြွခင် သံတော်ဉီးတင်ကြ။""မှန်လှပါဘုရား""ရန်ပုံခွင်း မတိမ်းမယိမ်းက လိုက်ခဲ့။ တိက္ခ ဆောင်ခန်းက ပြန်စောင့်"တိုတိုပြတ်ပြတ် မိန့်ပြီးတာနဲ့ မြတ်ကို ရင်ခွင်ထဲ ထည့်ထားလျက်သား မြင်းကိုမောင်းထွက်လိုက်တဲ့ ကိုယ်တော်ကြီးကို မြတ် နားမလည်တော့။အရှိန်နဲ့ စီးနင်းနေတာမှန်သော်လည်း ခြေကျမှန်လှတဲ့ တိုးပွားကြောင့် မြတ် ပြုတ်ကျမလိုတော့မဖြစ်။ ကိုယ်တော့်ခါးက အင်္ကျီစကိုတော့ ဆုပ်ကိုင်ထားရတာပေါ့လေ။ကိုယ်တော်က မြက်ခင်းအလွန်လေးမှာ မြင်းကို ရပ်လိုက်ပြီး မြတ်ကို အရှေ့ဘက်လှည့်စေကာ မြင်းဇက်ကြိုးကို ကိုင်စေသည်။"နောင်ရင်းငယ်.. ဇက်ကြိုးကို ကိုင်။ ဒီလိုမျိုး ညင်ညင်သာသာ ကြိုးကို လှုပ်ခတ်လိုက်ရင် တိုးပွားက ကိုယ်တော် ဘာလုပ်စေချင်တယ်ဆိုတာ နားလည်တယ်"ဇက်ကြိုးကိုင်ထားတဲ့ မြတ်လက်ပေါ်ကနေ ကိုယ်တော်က ထပ်ကိုင်လျှက် မြင်းကို မောင်းနှင်နည်းများ သင်ပေးလေတာမို့ မြတ် သေချာ သင်ယူမိသည်။ တိုးပွားက လိမ်မာလွန်းလို့ ကိုယ်တော် ခိုင်းသမျှ တစ်သဝေမတိမ်း လိုက်လုပ်နိုင်သလို.... မြတ်က မလိမ်မာလို့ .. ရင်ခုန်နှုန်းတွေ ထိမ်းမရအောင် ဝုန်းဒိုင်းကျဲနေတော့သည်။ သတိထားနေတဲ့ကြားက .. ဒီလိုမျိုးခံစားရတာ မမိုက်ဘူးလေ မြတ်။"နောင်ရင်းငယ်.. နို့ချက်စက်ရုံကို မြင်ဖူးချင်လား""ကိုယ်တော် ပြရင် ကြည့်ချင်တယ်""ကောင်းပြီ။ ဇက်ကြိုးကို ကိုင်ထား နောင်ရင်းငယ်"အသားကျစီးရာကနေ အရှိန်တင်ပြီး အမြန်စီးနင်းတာမို့ ကိုယ်တော့် ရင်ဘတ်တစ်ခုလုံးက မြတ်ကျောပြင်နဲ့ တစ်သားတည်း ကျသည်။ မြင်းစီးဉီးထုပ်အောက်ကနေ တစ်စွန်းတစ်စ ထွက်ပြူကျလာတဲ့ မြတ်ရဲ့ ဆံပင်တွေက လေတိုက်တိုင်း တစ်လွင့်လွင့်နဲ့ ။ မြတ်ရဲ့ ပခုံးတွေကို ကိုယ်တော်က ပိုက်ထွေးထားဘိသည့်အလား..မြက်ခင်းကလွန်လာ‌တော့ ကုန်းကမူတွေ ချိုင့်တွေနဲ့ တောအုပ်တစ်ခုထဲရောက်လာတော့သည်။ လမ်းကြမ်းတဲ့အလျှောက် ခပ်ဖြေးဖြေးစီးနင်းလာခဲ့တာ စက်ရုံကြီတစ်ခုနောက်ကျောဘက်ကိုရောက်ကြပြီ။"နောင်ရင်းငယ်..ဒီစက်ရုံပဲကွဲ့ ဒီနေ့တော့ ဒီလောက်နဲ့ကျေနပ်ပေတော့။ ကိုယ်တော် ရုတ်တရက်ရောက်သွားရင် အလုပ်ပျက်ကုန်ကြလိမ့်မယ်။""ကိုယ်တော့်ကို တစ်နေ့လုံးမတွေ့ရတာ ဒီစက်ရုံကိုလာနေရလို့လား ဟင်""နောင်ရင်းငယ်က ကိုယ်တော့်ကို တစ်နေ့လုံးရှာနေလို့လား""အာ..ဟို .. ကိုယ်တော် မရှိရင် အိမ်တော်မှာက သိသာတယ်လေ။ ဒါကြောင့်ပါ""ကိုယ်တော် ရှိပါရဲ့ နောင်ရင်းငယ်။ ညီလာခံများက တစ်ခါတစ်လေ ကြာတတ်တယ်ကွဲ့။ ကဲ ပြန်ကြရအောင်"အိမ်တော်ဆီအပြန်လမ်းမှာတော့ ကိုယ်တော်က ပိုင်ဆိုင်သည့် နယ်ပယ်တွေကို ညွှန်းပြရင်း.. အထင်ကရနေရာတွေရဲ့အမှတ်တရတွေကို ပြန်ပြောင်းပြောလာခဲ့သည်။"နောင်ရင်းငယ်.. အဲ့ဒီနေရာတွေကိုမှတ်ထားပေတော့။ ကိုယ်တော် ပိုင်ဆိုင်သမျှ ဒါအကုန်မဟုတ်သေးဘူးကွဲ့။ နောင်ရင်းငယ် အခြေတစ်ကျ ရှိတဲ့အခါ .. အားလုံးလိုက်လို့ကြည့်ရ‌အောင် တိုင်းခန်းလှည့်လည် ကြမယ်ကွဲ့"မြတ် ..နားမလည်ပေမယ့် .. အားတက်သရော ပြောပြနေတဲ့ ကိုယ်တော့်ကို ကြားဖြတ်နှောက်ယှက်တာမျိုးမလုပ်ချင်။ ယောက်ဖကို ပိုင်ဆိုင်သမျှ ပြ နေတာ .. တစ်ကယ်ဆို မမ ကို အခုလိုပြသရမှာမဟုတ်လား။ အင်းလေ နောက်တော့ မမ အိမ်တော်ကို ရောက်လာတော့ ကိုယ်တော်နဲ့ အခုလိုမျိုး လှည့်လည်သွားလာ.. ဝှူး.... ချက်ချင်းကြီး မြတ် မပျော်တော့။သက်ပြင်းကို ချလိုက်ပေမယ့် မသက်သာ.. အတွေးတွေက တစ်ဖြေးဖြေး မြတ်ကို လည်ပင်းညှစ်နေသလိုမျိုး..။မမရဲ့ ကြင်ယာတော်ကို ငါ ဘာတွေတွေးနေတာလဲ မြတ်.."ဟောဟိုက တောစပ်ကိုမြင်လားနောင်ရင်းငယ်.. အဲ့ဒီနောက် ရေကန်ကြီးတည်တယ်ကွဲ့။ အဲ့ဒီရေကန် အလွန် အထိ ကိုယ်တော့်မြေပဲ..ဒီဘက်ခြမ်း လယ်ကွင်းတွေ မီးရထားလမ်း အဆုံးအထိ ကိုယ်တော်ပိုင်ဆိုင်တယ်"ဘုန်းရှိန်ရောင်ဝါ.. တစ်ခါဘူးမှ မဖြစ်ဖူးသလိုမျိုး နောင်ရင်းငယ်ကို သံယျောဇဉ်တွယ်နေမိသည်။ ပိုင်ဆိုင်သမျှတွေကို ပြသနေရင်းက .. တစ်ချိန်မှာ ဆက်ခံသူဖြစ်လာရမယ့် ကြင်ယာတော်.. အကြောင်းစုံသိသွားတဲ့အခါ သူ့ကို အခုလိုကြည်ဖြူတော့မှာမဟုတ်နိုင်တာကိုလည်း ကြိုတွေးနေမိပြန်သည်။ဘယ်လိုပဲဖြစ်ဖြစ်.. နောင်ရင်းအိမ်တော်အပေါ် ကြမ္မာဆိုးကြီး မကျရောက်ဖို့ နန်းတွင်းမှာလည်း ကြမ္မာဆိုးအဆုံးသတ်ဖို့.. ဘုန်းရှိန်ရောင်ဝါ. .. ကြိုတွေးထားကာ ပြင်ဆင်ထားခဲ့ပြီးပြီ။ဉီးရီးတော်ကိုတော့ ထပ်သတိပေးရအုံးမှာ..။ နန်းတော်ကနေ ပြင်ပကိုရောက်သွားကြသူတိုင်း.. ကြမ္မာစက်ကွင်းက လွတ်လေသလားလို့ .. ကိုယ်တော်စမ်းသပ်ထားပေမယ့်.. အချိန်ကစကားမပြောသေး။ ဘုန်းရှိန်ရောင်ဝါ သေချာချင်သည်၊ ယခင်ကတော့ တစ်ပါးတည်းလွတ်လွတ်လပ်လပ် အချိန်ရှိတိုင်း တွေးတောကာ နည်းလမ်းရှာဖြစ်ပေမယ့်.. နောင်ရင်းငယ်ကိုဆောင်ယူလာတဲ့အချိန်ကစပြီး.. ကိုယ်တော်ကြီး.. တစ်ကိုယ်တည်း မတွေးဖြစ်တော့။ ချွန်းအုပ်ထားပေမယ့်လည်း စိတ်အစဉ်က ကြင်ယာတော် ဆိုတဲ့ တော်စပ်မှုကို စွဲလန်းနေသလိုမျိုးမို့.. ယခင်အစီအစဉ်ကို အကောင်ထည်ဖော်ဖို့ နှောင့်နှေးနေရတာဖြစ်သည်။ ဉီးရီးတော် ပြန်ရောက်ရင်တော့.. ကိုယ်တော့်ကို တစ်ပူပူ နဲ့ နားတော်သွင်းလိမ့်အုံးမှာ..။နောင်ရင်းငယ်က လိမ်မာလွန်းလို့ သိတတ်လွန်းလို့.. ကိုယ်တော်ကြီး မြတ်နိုးမဝ..။ ဒါပေမယ့်.. ယောက်ဖတော်အနေနဲ့ နန်းတွင်းဝင်လာရတဲ့ နောင်ရင်းငယ်အတွက်.. ကိုယ်တော့်မြတ်နိုးမှုတွေက အဆင်ပြေလိမ့်မယ်မဟုတ်။ ဤမျှလောက်ပဲ.. ကိုယ်တော် စိတ်အလိုလိုက်သင့်ပြီ လို့ .. ဘုန်းရှိန်ရောင်ဝါ.. မြတ်ငယ်ကို ရင်ခွင်ထဲထည့်ထားရင်း ဆန့်ကျင်စွာတွေးနေမိသည်။.ရာဇအိနြေ္န ထိမ်းသိမ်းနေရင်း.. ကြမ္မာစက်တွင်း .. ကြင်ယာတော်ကို ဆွဲမထည့်ဖို့ ပိုခိုင်မာလာနေတာကတော့ .. ကိုယ်တော့် ရင်တွင်းမှာပဲ ရှိတော့သည်။"ကိုယ်တော်... ကျွန်တော် ဒီနားမှာဆင်းတော့မယ်။ လမ်းလျှောက်ပြန်လာခဲ့မယ်ကိုယ်တော်"မြတ် ကိုယ်တော့်လက်တွင်းကနေ တိုးဝှေ့ပြီးဆင်းတော့ ရန်ပုံခွင်းအပြေးရောက်လာပြီး ကူမပေးလေသည်။ ရန်ပုံခွင်းရဲ့ ဒူး‌ပေါ် ခြေတင်လိုက်ချိန် စိတ်ထဲကနေလည်း ကန်တော့ပါတယ် လို့ ပြောလိုက်ရသေး၏။ ရန်ပုံခွင်းဆိုတာ.. အသက် ၅၀ ကျော် ဉီးလေးအရွယ်ပဲမဟုတ်လား။ဒီစည်းကမ်းတွေနဲ့တော့ အသားကျမှာမဟုတ်မယ့်အတူတူ... ခပ်ဝေးဝေး နေတာ ကောင်းတယ်လေ။"နောင်ရင်းငယ်.. ဆောင်းလေအေးတယ်ကွဲ့.. အဆောင်တော် ပြန်ဖို့ ကိုယ်တော် စီးတော်ယာဉ်ပို့ဆောင်လိုက်မယ်။"ကိုယ်တော့်မျက်နှာပေါ်က ဝမ်းနည်းမှုတွေကို မြတ်မသိချင်ယောင်ဆောင်ပြီး မြက်ခင်းပြင်မှာ လမ်းလျှောက်နေလိုက်သည်။မကြာလိုက်.. တိက္ခ မြင်းတစ်စင်းနဲ့ရောက်လာပြီး ဒူး‌ထောက်လာတော့သည်။"သခင်လေး.. ကျွန်တော်မျိုးအခစားရောက်ကြောင်းပါ။ စီးတော်ယာဉ် အရောက်ကို စောင့်တော်မူပါဘုရား""တိက္ခ.. ဒီမှာလမ်းမရှိတာကို ကားက ဘယ်ကလာမှာလဲ။""စီးတော်ယာဉ်က ကားလောက်မမြန်တာမို့ပါဘုရာ့""ငါ လမ်းလျှောက်ချင်တယ်။""ခရီးမိုင် ဝေးလွန်းပါတယ်ဘုရား။ ဒီမြက်ခင်းအဆုံးထိ တာ ရှိပါတယ်""အင်း လျှောက်ရင်းစောင့်တာပေါ့ တိက္ခ""သခင်လေး.. ထိခိုက်နာကျင်တဲ့ နေရာများရှိပါသလားဘုရား။ သခင်လေးမျက်နှာတော် ညိုလွန်းလှတယ်ဘုရား""တိက္ခ... ငါ အိမ်ပြန်ရင်ကောင်းမယ်ထင်တယ်""............""ငါ.. အဆင်မပြေဘူး""သခင်လေး.. ဉီးရီးတော် ပြန်ကြွလာပြီဘုရာ့။ အဆောင်တော်ပြန်ကြွပြီး ရေသုံးသပ်ပြီတာနဲ့ ကျွန်တော်မျိုး နဲ့အတူ ဉီးရီးတော်ဆီ သွားကြရအောင်ဘုရား"မြတ် ဉီးရီးတော်နဲ့ တွေ့ချင်သည်။ မမ ရှေ့ရေးအတွက် မမ အိမ်ထောင်ဘက်အကြောင်း သိထားဖို့လိုတယ်မဟုတ်လား။ အင်း.. တစ်ကယ်တန်းတွေးမိတော့လည်း .. ငါ ကိုယ်တော့်အကြောင်း ဘာမှမသိသေးတာပါလား လို့..။လူလေးယောက် ထမ်းလာတဲ့ ဝေါယာဉ် ... သန်လိုက်တဲ့လူကြီးတွေဆိုတာလည်း .. မြတ်ကိုယ်ထက် နှစ်ဆမကလောက်။"စီးတော်ယာဉ်ရောက်ကြောင်းပါ သခင်လေး။ ကြွတော်မူပါ"စောဒကမတက်ဘဲ ဝေါယာဉ်ပေါ် ထိုင်လိုက်သွားတဲ့ မြတ်ငယ် နောက်တော်ပါးက တိက္ခ မြင်းအနက်လေးနဲ့ နောက်ကကပ်လိုက်သွားတာ... ကိုယ်တော်ကြီး တောစပ်ထဲကနေ စောင့်ကြည့်ရင်း.. ကိုယ့်စိတ်ကို ကိုယ် ခွဲခြမ်းစိတ်ဖြာနေရသည်။"အရှင့်သား.. အမှန်အတိုင်း မိန့်ကြားလိုက်မှ စိုးရိမ်ပူပန်မှုတွေ သက်သာပါလိမ့်မယ်ဘုရား""ရန်ပုံခွင်း.. ညီတော် ခံစားရတာတွေ.. မောင်မင်း မျက်မြင်ပဲလေ။ ကိုယ်တော် မြတ်ငယ်ကို ဒီအတိုင်းပဲ နေစေ့ချင်တယ်။ ကိုယ်တော်... မမြင်ရတဲ့ ကံကြမ္မာထက်... နောက်ကျောကိုထိုးလာမယ့် ဓါးချက်ကို ပိုစိုးရိမ်တယ် ရန်ပုံခွင်း.. မောင်မင်း အတွေ့အကြုံရှိသားပဲလေ""အရှင့်သားကျွန်တော်မျိုးတို့အပေါ် ဒီတာဝန်တွေ ပုံချလို့ မဖြစ်နိုင်ဘူးလားဘုရား""မောင်မင်း စေတနာကို ကိုယ်တော် အသိမှတ်ပြုပါရဲ့ ရန်ပုံခွင်း။ ကိုယ်တော့်နောက်ကျောကနေ လုံအောင်စောင့်ရှောက်ပေးတာကိုပဲ ကိုယ်တော် ကျေနပ်ပါပြီ။"ဒီတစ်ကြိမ် ညီတော်ဆီက သတင်းကို စောင့်နေရင်း.. စမ်းသပ်ချက်ကို အတည်ပြုဖို့ ဘုန်းရှိန်ရောင်ဝါ စိတ်လောလာမိသည်။ ဉီးရီးတော် ကတော့ အထောက်တော်တွေဆီက သတင်းတွေ ပြန်နားထောင်ရင်း .. ညနေဘက် အဆောင်တော်ဆီရောက်လာမှာ ကြိုတွေးရင်း စိတ်လေးနေမိတော့သည်။***"ဉီးရီးတော် ဘုရား.. ကြင်ယာ‌တော် နန်းဆောင်စံ သခင်လေး မြတ်ကြည်သာဟန် ကြွလာကြောင်းပါဘုရား"မြတ် .. နားကို တောင် မယုံနိုင်.. နားကြားမှားတာနေလိမ့်မယ်.. ဝဏ္ဏကိုမေးဖို့ လှည့်မယ်ကြံတုန်း အဆောင်ခန်းတံခါးကြီးပွင့်လာတာမို့ မေးဖို့အခွင့်မသာလိုက်။"သခင်လေးဘုရား.. ကြွတော်မူပါ။.."အိမ်နိမ့်ဆောင်ဆိုပေမယ့်... ရံရွေနဲ့ ကိုယ်ရံတော်မရှိတာကလွဲရင် ကျန်နန်းဆောင်တွေအတိုင်း အပြည့်အစုံပင်။ ဒူးထောက်ခစားနေတာက အပါးတော်မြဲဖြစ်မယ်ထင်သည်။ ဝဏ္ဏပြောပြလို့ ဉီးရီးတော်ရဲ့ အပါးတော်မြဲ သူရဇ္ဖ ဘယ်လောက်တော်တယ်ဆိုတာ မြတ်သိပြီးပြီ။ စီးပွားရေးပညာ ဒေါက်တာဘွဲ့ကို အသက်‌ကြီးမှ ရထားတဲ့ သူရဇ္ဇ .. အိမ်နိမ့်တော်မှာ ဉီးရီးတော်အနား နေနေတာ အကြောင်းရှိမယ်ထင်သည်။"နောင်ရင်းသခင်လေးဘုရား.. အိမ်နိမ့်ဆောင်ကို ကြွမန်းလာရတာ ကျွန်တော်မျိုးစိုးရွံ့မိကြောင်းပါဘုရား""ဉီးရီးတော်.. ကျွန်တော့်ကို ... အဲ့ ကျွန်တော် ကိစ္စမရှိပါဘူး""နန်းတွင်းသုံးစကားသံတွေ အလေ့အကျင့် မရဘူးထင်ပါ့သခင်လေး။ ကျွန်‌တော်မျိုး လျှောက်တင်တာများ လိပ်ပတ်မလည်ခဲ့ပါလျှင် ချက်ချင်းမိန့်ပါသခင်လေး""အို ကိုယ်တော်နဲ့ စကားပြောနေကျမို့ နားယဉ်နေပါပြီ ဉီးရီးတော် ခင်ဗျာ။ ပြောဖို့သာ ဉီးရီးတော်တို့လိုမျိုး စကားလုံးတွေ မသိဘူးဗျ""ကိုယ်တော်? "အရှင့်သားကို ရည်ညွှန်းတာပါလား နောင်ရင်းသခင်လေးဘုရား""ဟုတ်ပါတယ် ဉီးရီးတော်"ဉီးရီးတော်နန္ဒ မျက်ဝန်းအစုံက နောက်တော်ပါးခစားနေတဲ့ တိက္ခဆီ ချက်ချင်းရောက်သလို့ သူရဇ္ဇ ကိုလည်း ကြည့်မိသည်။"ဉီးရီးတော်ကို တွေ့ဆုံပါ လို့ ကိုယ်တော်က ပြောတာနဲ့ ကျွန်တော် စောင့်နေတာ ဉီးရီးတော်။ မမကို ဘယ်တော့လောက် ဒီကိုခေါ်လာမလဲဗျ။ ကျွန်တော်တို့မောင်နှမနှစ်ယောက်တည်းရှိတာမို့လို့ ကျွန်တော် ဘွဲ့ယူအခန်းအနား မမနဲ့အတူသွားချင်လို့ပါ။ ထိမ်းမြားမင်္ဂလာလည်း သူငယ်ချင်းတွေ ဖိတ်ချင်တယ်။ နောက်ပြီး ကိုယ်တော်ကမမ တစ်ယောက်ကိုပဲ လက်ထပ် အဲ လက်ဆက်ဖူးတယ်ဆိုတာပဲ.. ကိုယ်တော်က တစ်ဉီးတည်းသောသားလား"ဉီးရီးတော် မြတ်ရှေ့ ရိုရိုသေသေရပ်နေရာက မြတ်နံဘေး ခုံမှာဝင်ထိုင်လိုက်သည်။"သခင်လေးက အုပ်ထိမ်းသူနေရာကနေ မိန့်လာ‌တာပဲကိုး ဖျာ့။ တော်ပါပေတယ် သခင်လေး""အာ အဲ့လိုတော့မဟုတ်ပါဘူး။ မမနဲ့ လက်ဆက်မယ့်သူနဲ့ သူ့မိသားစုအကြောင်းသိထားချင်တာပါ။"ရိုးသားပွင့်လင်းပြီး ချစ်စဖွယ်ကောင်းလွန်းလှတဲ့ မင်းသားငယ်လေးကို နန္ဒ ဂရုဏာသက်နေမိသည်။ နန္ဒစိတ်ကို ဒီလိုနူးညံ့စေတဲ့သူမရှိတော့ဘူးထင်ထားခဲ့တာ.. ကိုယ်တော်လေးကို လက်လွှတ်လိုက်ပြီးတဲ့နောက်ပိုင်း နန္ဒစိတ်တွေ ကြမ်းတမ်းကုန်တော့တာမို့ ဘာကိစ္စမဆို တစ်ဇွတ်ထိုးတွေ လုပ်လွန်းလို့ အိမ်နိမ့်ဆောင်ကို ပို့ခံထားရတာ။ အခု သခင်လေးကိုဆောင်ယူခဲ့တာတောင်မှ ရွှေကိုယ်တော်ကြီး စိတ်ညိုနေလို့ ဟိုတယ်ကိစ္စအကြောင်းပြပြီး ခရီးအတိုထွက်နေရင်း ကိုယ်တော်လေးကိုသွားတွေ့ခဲ့ရတာ။ကံကြမ္မာကို နန္ဒက စိတ်ပူသလောက် .. ကိုယ်တော်ကြီးကတော့ နောက်ကျောက ဓါးထိုးမယ့်လက်တွေကို ပိုဂရုစိုက်နေလို့ နောင်ရင်းသခင်လေးကို မလိမ့်တစ်ပတ်နဲ့ အိမ်တော် အပါ ခေါ်ထားပြီးပြီ။ ကိုယ်တော်ကြီးက သခင်လေးအပေါ် အလေးပေးမှုတွေကိုလည်း သူဇာထံပါးကတစ်ဆင့် သိထားရပြီမို့ နဲနဲလောက်များ အခွင့်ပေးရင် ကိုယ်တော်ကြီး မသိခင်.. သခင်လေးကို အစဖျောက်ပစ်ဖို့လည်း နန္ဒတွေးထားခဲ့ပြီးသား။အခုတော့.."နောင်ရင်း သခင်လေးက မည်သည့်အကြောင်းအရာများ သိလိုပါလဲဖျာ့""အော်. ကိုယ်တော်က သိပ်အထီးကျန်တယ်လေ။ မမ နဲ့လက်ဆက်ပြီးရင်တော့ အဖော်ရှိပြီပေါ့။ ကိုယ်တော့်မှာ မောင်နှမမရှိဘူးလား""နောင်ရင်းသခင်လေးက ရွှေကိုယ်တော်ကြီးတို့ မျိုးရိုးစဉ်ဆက် မသိဘူးထင်ပါရဲ့ ဖျာ့"နန္ဒ ထီးဘုရားတို့ မျိုးရိုးစဉ်ဆက် စာအုပ်ကို ထုတ်ယူလာခဲ့ပြီး.. သခင်လေးကို သေသေချာချာရှင်းပြလိုက်သည်.. ။ သခင်လေး သိလို့ ကိစ္စမရှိဘူးလေ။ သခင်လေးရဲ့ သက်တမ်းက .. သိပ်ကျန်တာမှမဟုတ်တာ။"ရွှေထီးဘုရားကြီး သတိုးရာဇာတိရာဇ နဲ့ သခင်မ ထိပ်ထားဒေဝါနွယ် တို့ က ဆင်းသက်ပါသော.. ထီးဘုရား သတိုးဘုန်းရာဇ နဲ့ ထိပ်ထားလှရူပါစံတို့ရဲ့ သားတော်ကြီး အိမ်ရှေ့မင်းတြား သတိုးတေဇ‌ရောင်ရှိန် ဖြစ်ပါတယ် နောင်ရင်းသခင်လေးဖျာ့""အင်း.. ဒီဓါတ်ပုံကို ကျွန်တော့်အိမ်မှာ ချိတ်ထားတယ် ဉီးရီးတော်။ ဘိုးဘိုးရဲ့ စစ်သူကြီး ပုံနဲ့ အတူတူ ရှိတယ်""ထီးဘုရား က ဓါတ်ပုံရိုက်ခဲတယ် သခင်လေး။ နောက်ရင်းမျိုးစစ် ကိုယ်တော်မြတ်ကို မြတ်နိုးတော်မူလို့ ပုံတော်ချီးမြှင့်ထားတယ်ထင်ပါတယ်ဖျာ့""ဟုတ်ကဲ့ ဉီးရီးတော်""ဒီမြင်းစီးနေတာကတော့ ကိုယ်တော်လေး သတိုးမဟာ မင်းရှိန် ပါဖျာ့။ အရှင့်သား ညီတော်ဖြစ်ပြီး ယခုအခါ.. ပညာရေးအတွက် .. နန်းတွင်းပြင်ပရောက်နေကြောင်းပါဖျာ့"ပိန်လှီလှတဲ့ လူငယ်လေးက ဓါတ်ပုံထဲမှာ ရုပ်တောင်မပေါ်တော့။ နာမကျန်းနေတာ သိသာတဲ့ ပုံမျိုး။ မြတ် ခေါင်းညှိမ့်လိုက်သည်။"ဉီးရီးတော်.. ဒါက ရော ဘယ်သူပါလဲ"်"အရှင့်သားရဲ့ ဉီးရီး‌တော် သတိုးမြတ်တေဇာပါဖျာ့"အော်.. ဉီးရီးတော် သတိုးမြတ်တေဇာ နောက်တော်ပါးက ခပ်ကွယ်ကွယ်နေရာမှာ ရပ်နေသူက မြတ် နဲ့တူသလိုလို.. အဟက်.. ဆေးရောင်စုံဆိုပေမယ့် ဒီပုံတွေ ရိုက်တုန်းက မြတ်တောင်မမွေးလောက်သေး။"ဒါနဲ့ ဉီးရီးတော်က ရော ကိုယ်တော်နဲ့ ဘာတော်တာလဲ။""မှန်ပါ ကျွန်တော်မျိုးက သခင်မ ဒေဝါနွယ် ရဲ့ တူတော်ကြောင်းပါဖျာ့"အော် အဖေဘက် ဉီးလေးနဲ့ အဘွားဘက် ဉီးလေးပေါ့ .."ကိုယ်တော့်က ထီးဘုရားနဲ့ပိုတူတယ်နော်.. ဉီးရီးတာ် သတိုးမြတ်တေဇာ ကရော အတူမနေဘူးလား ဉီးရီးတော်""မှန်ပါ ဒီနန်းတွင်းမှာ လက်ရှိ စံမြန်းနေတာက အိမ်ရှေ့စံမင်းတြား တစ်ပါးတည်းပါ သခင်လေး""ကိုယ်တော်က အမှန် ပျင်းနေခဲ့တာပဲကိုးဗျ။ အဟဲဟဲ"ကိုယ်တော်က ပျင်းလို့ မြတ်နားအဖော်လာရှာတာဆိုပေမယ့် မြတ်အတွက်ကတော့ ဒီတစ်လတာဟာ ပျော်ရွှင်ရတဲ့တစ်လတာ ဖြစ်ခဲ့ပါတယ်လေ..။"သခင်လေး.. ဘွဲ့နှင်းသဘင် တက်ရောက်ဖို့ရာ ကျွန်တော်မျိုးစီမံထားပြီးဖြစ်ကြောင်း တစ်ပါတည်းလျှောက်ထားလိုပါတယ်ဖျာ့""ဟုတ်ကဲ့ ဉီးရီးတော်။ သိပ်အပင်ပန်းမခံပါနဲ့ဗျာ။ သူငယ်ချင်းတွေကို လွမ်းမိတာရော ဒီဘွဲ့ရတာနဲ့ အလုပ်လုပ်ချင်တာကြောင့်ရော ပွဲတက်ချင်တာဗျ။ မမ မင်္ဂလာဆောင်ပြီးရင် ကျွန်တော်က အိမ်ပြန်တော့မှာ ဉီးရီးတော်။ အလုပ်တွေလျှောက်ရမယ်ဗျ။"နန္ဒ စိတ်ထဲ ဝမ်းနည်းသွားမိသည်။ ဒီလိုဖြူစင်ကာ အပြစ်ကင်းတဲ့ လူငယ်လေးကို ကြမ္မာစက်ကွင်းရဲ့ တာဝန်တွေ ထမ်းခိုင်းလိုက်ရမှာ.. မတရားဘူးဆိုပေမယ့်.. နန္ဒတတ်နိုင်တာ ဘာမှမရှိပါ။"ဉီးရီးတော် ခရီးပန်းလာမှာပေါ့။ ကျွန်တော် ပြန်တော့မယ်လေ။""ကျွန်တော်မျိုး လိုက်ပါပို့ဆောင်ပါ့မယ် သခင်လေး""ရပါတယ် ဉီးရီးတော်.. ကျွန်တော်လမ်းလျှောက်ပြန်မှာပါ။ နေရစ်ခဲ့ပါ""အမိန့်တော်အတိုင်းပါ သခင်လေးဖျာ့"နုနယ်ပျိုမြစ်ပြီး သွက်လက်ဖြတ်လတ်တဲ့ နောင်ရင်းသခင်လေးနောက်ကျောကို ငေးမောရာက သူရဇ္ဇဘက်ကို နန္ဒလှည့်လိုက်ရသည်။"ငသူ.. ငါတို့အရေးကြီးပြီထင်တယ်ကွဲ့။ အရှင့်သားဆီ အခစားဝင်ကြစို့""ဉီးရီးတော်... စိတ်မလောသင့်ပါဘူး ဘုရား။ ရွှေကိုယ်တော်ကြီး မိန့်လာနိုင်တဲ့ ကိစ္စကြောင်းများ ကြိုတင် တွေးဆသွားဖို့ လိုအပ်ကြောင်းပါဘုရာ့""ငသူ.. အရှင့်သား.. မူရင်းအစီအမံကို မောင်မင်းသိရဲ့မဟုတ်လား။ ချစ်ခင်ခြင်းတွေ ထပ်တိုးလာလျှင်ဖြင့် ၄င်းအစီအမံတွေက ပိုလို့ ခိုင်မာလာလိမ့်မယ်ကွဲ့။""ဉီးရီးတော်... တူလွန်းလှတယ် မထင်ဘူးလားဘုရား။ သွယ်ပြောင်းနုရွခြင်း တစ်ချက်သာ ပါဝင်ပါက.. တစ်ယောက်တည်းလားလို့တောင် ထင်စရာပါဘုရား""မလိုအပ်တာတွေ မလျှောက်တင်စမ်းနဲ့ .. ငသူ... General ledger အမြန်ပြင်ခြေ အရှင့်သားဆီ အခစားဝင်ကြစို့""အမိန့်အတိုင်းပါ ဉီးရီးတော်"************"ဉီးရီးတော် ကိုယ်တော့်ကို လျှောက်တင်စရာ ဒီတစ်ခုတည်းမဟုတ်ဘူး ထင်ရဲ့.. လာပါလေ ဒီအနားထိုင်ပါ။ ပွင့်ပွင့်လင်းလင်း သံတော်ဉီးတင်စမ်းပါ"ဖွင့်လက်စ လက်ပတော့မှာ ပေါ်နေတဲ့ General ledger နဲ့ အရှုံးအမြတ်စာရင်းကို ကြည့်ရင်းကနေ အနားရှိ သလွန်ငယ်မှာ‌ နေရာပေးလို့ နန္ဒ ဝင်ထိုင်လိုက်ရသည်။"အရှင့်သား.. ထိမ်းမြားမင်္ဂလာပွဲတော်ကို နတ်တော်လဆန်းမှာ ကျင်းပဖို့ လျှောက်တင်ထားခဲ့တာ.. အရှင့်သား အဆုံးအဖြတ်ကို စောင့်မျှော်နေကြောင်းပါဘုရား""ဉီးရီးတော် .. "လက်ပတော့ကိုပိတ်လျက်... ပေါင်ပေါ် ဒတောင်တစ်ဘက်ထောက်ကာ ခပ်ကိုင်းကိုင်း မိန့်လာတဲ့ ကိုယ်ဟန်မူယာက .. အခိုင်အမာ ဆုံးဖြတ်ထားတဲ့ ပုံ။"မြတ်နိုးယုယဟန်ကို နန်း‌တော်ဆီ ဆောင်ယူဖို့.. ပြင်ဆင်ပေတော့။ ကိုယ်တော် .. မြတ်နိုးယူယဟန် ကို ဒေဝီဘွဲ့ချီမြှင့်ပြီး တောင်ဘက်နန်း‌ဆောင် အပိုင်စားပေးမယ်။ ဉီးရီးတော်.. နတ်တော်လပြည့်နေ့.. ကြင်ယာတော်မွေးနေ့ မတိုင်ခင် အပြီး ပြင်ဆင်စေ""အရှင့်သား...""ကြင်ယာတော်ကို မောင်မင်း‌ဆောင်ယူခဲ့ပြီးပြီပဲလေ.. ဉီးရီးတော် .. ကိုယ်တော် သတိပေးရဲ့ နော်။ ဒီတစ်ကြိမ်များ ကိုယ်တော့်ကို ကျော်လွန်လို့ စီမံခဲ့လျှင် မောင်မင်းဇက်ကို ကိုယ်တော် မဖြတ်ဝံ့ဘူး မထင်လေနဲ့""အရှင့်သား.. နောင်ရင်းမယ်မယ်ကို နန်းတွင်း‌ဆောင်ယူဖို့ ကျွန်တော်မျိုး ပြင်ဆင်ပါ့မယ်ဘုရား။ နတ်တော်လပြည့်ကျော်သည့်အခါ.. တစ်ဖြန် အသစ်ပြန်လည်လာမယ့် ကျိန်စာကို.. ရင်ဆိုင်တာထက်.. ကြိုတင်ကာကွယ်တာက ပိုသင့်လျှော်ကြောင်း အရဲစွန့်လျှောက်ပါရစေဘုရား""ဉီးရီးတော်.. ကိုယ်တော့်နောက်ကျောမှာစိုက်တဲ့ ဓါးပဲ... ဘာလို့များ သူတစ်ပါး တာဝန်ဖြစ်စေချင်နေတာပါလဲ ဟင်?""အရှင့်သား ဘေးရန်ကင်းရှင်းပြီး ကျန်းမာနေစေဖို့ ဆိုပါလျှင် ကျွန်တော်မျိုး အသက်ကိုတောင် စွန့်လွှတ်နိုင်ပါတယ်ဖျာ့။"စေတနာ စကားမို့ ရွှေကိုယ်တော်ကြီး ခေါင်းညှိမ့်ကာ ပဲ အသိမှတ်ပြုရပါသည်။ ..ကျိန်စာ.. ဒီ ကျိန်စာ က .. ဘုန်းရှိန်ရောင်ဝါ တို့ နဲ့ မည်သို့မျှ မပတ်သက်တဲ့ ကျိန်စာ။ ထီးဘုရားတို့ ညီအကို ဆီ ပစ်လွှတ်လိုက်တဲ့ ကျိန်စာက.. ဘုန်းရှိန်ရောင်ဝါတို့ ညီအကို ဆီအထိ... သက်ရောက်နေသေးတာ .. ကျိန်စာကို ပျက်ပြယ်စေမယ့် နည်းလမ်း အစား ကျိန်စာ မသက်ရောက်စေမယ့် နည်းလမ်းတွေကိုသာ ရှာကြံနေကြရတာမို့ ကိုယ်တော်ကြီး စိတ်မရှည်နိုင်တော့။ ရေစက်ဆိုးတွေရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို ဘုမသိဘမသိနဲ့ တာဝန်ခံရမယ့် အနှီလူသားကလည်း ကိုယ်တော်ကြီး စိတ်နှလုံးကို သိမ်းကြုံး သိမ်းပိုက်ထားနှင့်ပြီ။ မကြာမကြာ လာစိုက်တဲ့ နောက်ကွယ်က ဓါးချက်တွေကလည်း အိမ်တော်စီးပွားကို ကြံစည်သူများဆီကနေ လာတတ်သေးတာ။"ဉီးရီးတော်... မြတ်နိုးယုယဟန်ကို သန်ဘက်ခါ ဆောင်ကျဉ်းခဲ့စေ။ ပွဲခန်း ဝင်ခင်းဖို့ ပြင်ဆင်စေ။ ကြင်ယာတော် မွေးနေ့ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပမယ်။ အခုတည်းက ပြင်ဆင်ခြေ။""အမိန့်တော်မြတ်အတိုင်းပါ ဘုရား"🎺💐💐🌸🌸🌸🌺🌺🌺🍁🍁🌿🌿"တူ.. တူ...တူ...ဒူ...."ခရုသင်း မှုတ်သံများ စီဝေလို့... မောင်းကြီးတစ်ချက် တီးလိုက်တိုင်း နှလုံးသားကြီးခုန်ထွက်တော့မည့်အတိုင်း ...ကော်ဇောအနီခင်းထားတဲ့ လျှောက်လမ်းတစ်ခုလုံး ပန်းတွေဝေနေအောင် ကြဲပက်ထားလို့။စောင်းနဲ့ ဆိုင်းဝိုင်း တွဲဖက်ထားတဲ့ဆီက ရေကင်းသံ က လွင့်ပျံလို့... ။ကားအနက်ပေါ်က ဆင်းလာတဲ့ မမက တော့ တော်ဝင်မင်းသမီးတစ်ပါးအလား လှပကျက်သရေပြည့်စုံခြင်းတွေ ထုံမွမ်းလို့။နောက်လိုက် ရံရွေတော် အပြည့်အစုံနဲ့ မမကို မြတ်ငေးကြည့်လို့ မဝနိုင်အောင်ပင်။ကြင်ယာတော်ကို ဆောင်ခန်းအပ်နှင်းမင်္ဂလာ ဒီလောက်ကြီးကျယ်တယ်ဆိုရင်.. ထိမ်းမြားမင်္ဂလာ ကတော့ သိပ်ခမ်းနားတော့မှာ။မြတ် မမကို ငေးကြည့်ရင်း.. ဗိုလ်ရှူခံစင်မြင့်ပေါ်က ကိုယ်တော့်ကို တစ်လှည့် ငေးကြည့်မိသည်။ မင်းမြှောက်တန်ဆာခေါ်မည့် ရွှေစလွယ်စတဲ့ အဆင်အယင်အပြည့်အစုံ.. အဖြူရောင်စွတ်စွတ် မင်းသားဝတ်စုံက .. ကိုယ်တော့်ကို တောက်ပနေစေသလို ရွှေလိုဝင်းတဲ့အသားအရည်ကလည်း ကိုယ်တော့်ကိုယ်ရောင်ကိုယ်ဝါကို ထပ်ဆောင်းပေးထားသည်။ယခင်နေ့တွေတုန်းက ထုံးရောင်ရောင် ထုံးထားတတ်တဲ့ လျှောင်ထုံးလေးက ဒီ‌နေ့တော့ မင်းသားခေါင်းပေါင်းအတွင်းမှာ သပ်ရပ်ကျစ်လစ်လို့။လက်ပိုက်ရပ်နေသည့်ပုံက မာန်ပါလွန်းလို့ .. အားကိုးချင်စရာ အတိ။မြတ် ထိုင်နေရာက အသာထလျက် ကော်ဇောနီပေါ်လျှောက်သွားတဲ့ မမရဲ့ နောက်နားကနေ အတူ လိုက်ပါသွားမိသည်။ဒေဝီဘွဲ့ခံ တောင်ညာစံ မိဖုရား အဖြစ် တင်မြှောက်မယ့် မမကိုတော့ အိမ်တော်ကြီးတစ်ဘက်ခြမ်းက သီးသန့် နန်းဆောင်တစ်ခုမှာ နေရာချထားပေးတာမို့.. ခမ်းနားတဲ့အပြင်အဆင် ပြည့်စုံတဲ့ အသုံးအဆောင်တွေနဲ့ ရံရွေတော် တွေ အများကြီး က မမအနား ခစားနေကြလေသည်။ကိုယ်ရံတော်အဖြစ် ဉီးရီးတော် ရွေးချယ်ပေးထားတဲ့ ဒိဗ္ဗ က တိက္ခနဲ့ ညီအကိုတော်သည်။ ကိုယ်ခံပညာတစ်ဘက်ကမ်းခတ်တတ်မြောက်တဲ့ ဒိဗ္ဗ ကို မမအတွက် ရန်ကုန်က တစ်ကူးတစ်က ပြန်ခေါ်ထားရတာ။ အပါးတော်မြဲကတော့ မြတ် ခဏခဏသွားလည်နေတဲ့ ရံရွေဆောင်အထိမ်းတော်ကြီး.. ဒေါ်သူဇာ..မြတ်ကျေနပ်သည်။ အဆောင်ခန်းထဲ မမကိုနေရာချပြီးတာနဲ့ အနားကပ်ပြီး မမ နဲ့စကားတွေ အများကြီးပြောချင်ပေမယ့် အရှင့်သားကြွလာတယ်ဆိုတာကြောင့် ခပ်မြန်မြန်ပဲ ရှောင်ပေးလိုက်ရသည်။"သခင်လေး.. ဘယ်ကိုကြွမြန်းမလို့ပါလဲဘုရား။ မြင်ခင်းပေါ်မှာ နှင်းတွေစိုထားလို့ နားနေဖို့ရာ အခန့်မသင့်ပါဘုရား"လျှောက်လာလိုက်တာ မြက်ခင်းပြင်ကြီး အလယ်တည့်တည့်မှာ ရောက်နေခဲ့သည်။ဝမ်းမြောက်နေတာပါ။ တစ်ကယ့်ကိုပဲ မမအတွက်ရော ရွှေကိုယ်တော်ကြီးအတွက်ကိုပါ လိုက်ဖက်လွန်းလို့ ဝမ်းမြောက်နေတာ....အတွေးက ဝမ်းမြောက်နေသလို ကိုယ်ခန္ဓာက ခြေမကိုင်မိလက်မကိုင်မိ နဲ့ ဘာကိုဖုံးကွယ်ထားမှန်း မသိ။ဒီနေ့ကစပြီး .. ခြေဉီးလှည့်မလာတော့မယ့် ခြေနင်းတစ်စုံကို မနက်စာစားတိုင်း ညစာစားတိုင်း မျှော်မနေချင်တော့။ တစ်ယောက်တည်း ဖြစ်ရမှာကိုလည်း မလိုချင်တော့။ နေ့နေ့ညည အလုပ်များလွန်းတဲ့ကိုယ်တော်က .. မြတ်ဆီမှာ အချိန်ကုန်နိုင်တော့မှာမဟုတ်တော့ဘူးလေ။ကြောင်စီစီနဲ့ အိပ်ဆောင်ဘက် ပြန်လျှောက်လာတော့.. အစေခံတန်းလျားဘက်ကို ရောက်လာတော့သည်။"သခင်လေးကြွမြန်း‌တော်မူတယ် ဒူးထောက်ခစားစေ"တိက္ခကသူ့အလုပ်ကိုသူလုပ်သည်။ ကျန်လူတွေကလည်း သူ့အလုပ်သူလုပ်ကြသည်။ မြတ်က .. ဘာလုပ်ရမလဲ?လည်ပါတ်နေကျအတိုင်း ဧည့်ခန်းဆောင်မှာဝင်ထိုင်မိတော့ အဆောင်ထိမ်းနဲ့ စားဖိုတော်မင်း တို့ အပြေးရောက်လာကြတော့သည်။"သခင်လေးဘုရား။ စားတော်ပွဲမှာ မတက်ရောက်ဘူးလားဘုရား။"အဆောင်ထိမ်း ငမိုးဆွေနဲ့ စားတော်ဖိုမင်း မောင်ကျော် တို့ သတိပေးမှပဲ မမနဲ့ ကိုယ်တော်တို့ စားတော်ပွဲရှိတာ သတိရတော့သည်။"အဆောင်ထိမ်းကြီး.. ကျွန်တော် ကလေးတွေစာသင်ပေးရတာ အဆောင်ဝေးတော့ သွားလာရတာ ခက်တယ်။ ဟိုဘက်ဒေါင့်က အခန်း လွတ်နေတာ ကျွန်တော် နေမယ်။ တိက္ခ ငါ့ပစ္စည်းတွေ ယူပေးနော်""သခင်လေး ဘုရား။ အရှင့်သား မသိဘဲ ဆောင်တော် ပြောင်းလို့ မဖြစ်ပါဘူးဘုရား။ နောက်ပြီး ငယ်ကျွန်တန်းလျားမှာ စက်တော်ခေါ်ဖို့မသင့်တော်ပါဘုရား""တိက္ခ .. ငါ့စကားနားထောင်။ ငါကတော့ ဒီမှာပဲနေတော့မှာ။ မောင်ကျော်.. ကျွန်တော့်ကို ထမင်းတစ်ပန်းကန် ထည့်ပေး။ အခန်းထဲမှာပဲစားတော့မယ်။""အမလေး..သခင်လေးဘုရား.. စောင့်တော်မူပါအုံးဘုရား။ လျှောင်းစက်နိုင်အောင် အိပ်ခန်းဆောင် ပြင်ဆင်ပေးပါ့မယ်။ ဖုန်တွေတက်နေပါ့မယ်ဘုရား ကိုယ်ရံတော် တိက္ခ။ သွားလေ။ လျှောက်ခြေပါတော့လား"အဆောင်ထိမ်းကြီးရော စားဖိုတော်မင်းကြီးရော ပြာပြာသလဲ အပြင်ပြန်ထွက်သွားကြသလို တိက္ခလဲ ပြန်ထွက်သွားတော့သည်။"အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ။ ကျွန်တော် ခွင့်ပေးပါတယ်"ဒူးထောက်ခစားနေကြသူတွေ ပြန်ပြီးလှုပ်လှုပ်ရွရွဖြစ်ကုန်ကြလို့ မြတ်ရဲ့ ဘော်ဒါတွေက ဧည့်ခန်းဆောင်ထဲ ရောက်လာကြတော့သည်။"သခင်လေးဘုရား.. ကျွန်‌တော်မျိုးတို့နဲ့ တစ်ကယ်လာနေမှာနော်ဘုရား""အင်းတစ်ကယ်လာနေမှာ""ဟေး.. သခင်လေး.. ဘောလုံးကန်မယ်နော်။ အိမ်စာတွေလည်း လုပ်ထားပြီးပြီ။ သခင်လေး ဒီနေ့တော့ သင်္ချာသင်ပေးပါ။ ဆရာမ စာမေးမယ်ပြောတယ်ဘုရား ပထဝီတွေ ပြန်ဆိုမယ်နော် ..သခင်လေး... အင်္ဂလိပ်စာ ရှင်းပြပါ သခင်လေး၊ သခင်လေး ဂိမ်းတစ်ပွဲလောက် ဆော့ပေးပါ"ကလေးတွေ ဝိုင်းပတ်လို့ စီဝေနေတဲ့ ဒီနေရာမှာတော့ မြတ်နေသာလိမ့်မည်။ မြတ်ရောက်ကတည်းက စာသင်ပေး စာစစ်ပေးထားတဲ့ မူလတန်းကလေးငယ်တွေထဲမှာ အိမ်တော်ထိမ်းရဲ့ မြေးတွေပါသလို စားတော်ကဲကြီး မောင်မင်းထွန်းရဲ့ သားတွေပါသည်။ အပျိုတော်ထိမ်း ဒေါ်သူဇာရဲ့ မြေးတွေလည်းပါသည်။ ဝဏ္ဏရဲ့ ညီအငယ်လေးလဲပါသည်။ဒီမိသားစုကြီးကို တစ်ပါးတည်းထိမ်းသိမ်းထားတဲ့ ကိုယ်တော့်ပခုံးပေါ်က တာဝန်တွေကို မြတ် ကူထမ်းပေးချင်ပေမယ့်.... မြတ်က အပြင်လူပဲလေ။ပွဲတော် တည်နေတုန်း နေရာလွတ်ကိုသာ စိတ်ရောက်နေတဲ့ကိုယ်တော်ကြီး .. တိက္ခနဲ့ ဝဏ္ဏကိုသာ ရံရွေတွေအကြား ရပ်လျက်တွေ့နေရတာ စိတ်မသက်သာ။ မြတ်နိုးယုယဟန်က ကိစ္စရပ်တစ်ခုလုံးကို သိထားပြီးပေမယ့်.. နန်းတော်ရောက်တဲ့နေ့မှာပဲ ပွဲတော်နဲ့ထားခဲ့ရတာမျိုး လုပ်လို့မဖြစ်ဘူးလေ။ တိက္ခကိုခေါ်မေးချင်ပေမယ့် တောင်ညာစံဒေဝီကို အားနာသင့်တာမို့ သည်းခံနေရတာ စားတော်ထမင်းတောင် စားမဝင်တော့။ အရှင့်သားရဲ့ ရာဇအိနြေ္ဒ ပျက်ယွင်းတာ ရိပ်မိတဲ့ ရန်အောင်က တိက္ခနဲ့ ဝဏ္ဏ အနားကပ်သွားပြီး အကြောင်းရင်း မေးမြန်းစနည်းနာလိုက်သည်။တိက္ခရဲ့ စကားစုံ ခပ်တိုးတိုးကို နားထောင်ပြီးတာနဲ့ ရန်အောင် ရန်ပုံခွင်းကိုတစ်ဆင့် မသိမသာ အကြောင်းကြားသည်။ ရန်ပုံခွင်း နဲနဲ တွေဝေနေပြီးမှ .. ပွဲတော်အုပ်ကို ဖုံးကာ စားလက်စကို လက်စသတ်နေပြီဖြစ်တဲ့‌အရှင့်သားထံ လျှောက်တင်ရတော့သည်။နားအနား ခပ်တိုးတိုးလျှောက်တင်တဲ့စကားပေမယ့် ရွှေကိုယ်တော်ကြီး ကျောပြင်က ဖျဉ်းကနဲနေအောင် စိတ်လှုပ်ရှားမိသည်။ ဘာ့ကြောင့်ပါလိမ့်မလဲ။ မြတ်ငယ်က ရံရွေတော်တန်းလျားမှာ သွားနေမယ်ဆိုတာ။ စောစောက အထိ အမတော်ကိုငေးရင်း ကျေနပ်နေသေးတာမဟုတ်လား။"အရှင့်သား.. မြတ်မှာအကြောင်းတစ်ခုခုရှိလို့လားဘုရား။""ကိုယ်တော် သေချာ စေ့ငုချေအုံးမယ် တောင်ညာစံ.. မြတ်ငယ်ဟာ ကလေး ဆန် သေးသကိုး"လွှတ်ကနဲ ထွက်တဲ့စကားနဲ့ လှစ်ကနဲ ပြုံးမိတဲ့ အပြုံးတို့ကို ရန်ပုံခွင်းနဲ့ မြတ်နိုးယုယဟန်တို့ သေသေချာချာ ဖမ်းမိကြသည်။"တောင်ညာစံ.. နန်းဆောင် ပြန်ကြွတဲ့အခါ ကိုယ်တော် လိုက်ပါမယ်ကွဲ့..။""မှန်ပါဘုရား"အိမ်ရှေ့စံနဲ့ မိဖုရားတို့ အတူယှဉ်လျက် လျှောက်နေကြတဲ့ မြင်ကွင်းက ဒီအိမ်တော်ကလူတိုင်း မက်ကြရတဲ့ အိမ်မက်တစ်ခုဆိုလည်း မမှား။ အခု အိမ်မက်ကတစ်ကယ်ဖြစ်လာခဲ့ပြီမို့ ရံရွေတော်များ ခပ်လှမ်းလှမ်းက လိုက်ပါလာရင်း တစ်ယောက်ကိုတစ်ယောက် ပြုံးလျက် ကျေနပ်နေကြလေသည်။"နောင်ရင်းအိမ်တော်ကို နှမတော် စောင့်ရှောက်ထားတာ သိပ် ဒေါင့်စေ့ပါပေတယ်။ နှမတော် နန်းတော်မှာ မပျော်တဲ့အခါ ကိုယ်တော့်ကို မကြောက်မရွံ့လျှောက်တင်ပါ။ ကိုယ်တော် မြတ်ငယ်ကိုတော့ နောင်ရင်းအိမ်တော် ပြန်မပို့တော့ဘူး ကွဲ့""မူလအစီအစဉ်က ပျက်ပြယ်ပါသလားအရှင့်သား""မပျက်ပြယ်ပါဘူး နှမတော်။ ဒါပေမယ့် နှမ‌တော်ရဲ့ ဘဝရှေ့ရေးကရှိသေးရဲ့မဟုတ်လား။ နှမတော်မှာ ရည်ရွယ်သူများရှိခဲ့ရင် ကိုယ်တော်တို့ ကြောက်လို့ ထင်ရာလုပ်ကြတဲ့ ဒီအစီအစဉ်တွေကြောင့် ပျက်ပြားမှာ စိုးရိမ်တယ် နှမတော်""မြတ်ကိုတော့ ရောဘုရား""ဟုတ်ပေတယ်။ မြတ်ငယ်ကိုတော့ ကိုယ်တော် နန်းတော်မှာပဲ စောင့်‌ရှောက်ရလိမ့်မယ် နှမတော်။ ကိုယ်တော့်ဆီကိုလာမယ့် မြားဉီးအတွက် မြတ်ငယ်က တာဝန်မရှိပေဘူးမဟုတ်လား""လူအများ သိကုန်ကြရင်ဖြင့် အရှင့်သားရာဇဂုဏ်ကို ထိပါးမလားမသိနိုင်ပါ ဘုရား""ကံကြမ္မာက ဒီလိုသတ်မှတ်ထားတယ်ဆိုတာကိုး နှမတော်ရဲ့။ ကိုယ်တော် ညီတော်မဟာ့ကို တွေ့ဉီးမယ်ကွဲ့ ။ ညီတော့်ထံပါး ထူးခြားမှုရှိခဲ့ရင် ကိုယ်တော်တို့ အိမ်တော်နှစ်ခုလုံးအတွက် ကောင်းသောသတင်းပဲကွဲ့""အရှင့်သား.. နောက်ဆုံးစာကြောင်းကို ဖေါ်လို့ ရပြပြီလား ဘုရား""အခုထိ မရသေးပါဘူးနှမငယ်။ ဒါကြောင့်လည်း မြတ်ငယ်ကို ကိုယ်တော် ကာကွယ်လိုတာပဲဖြစ်ပေတယ်"နန်းဆောင် အဝအထိ လိုက်ပို့ဆောင်ပြီးတာနဲ့ မြတ်နိုးယုယဟန်ကို နှုတ်ဆက်ကာ ကိုယ်တော်ကြီး အစေခံတန်းလျားဆီ တစ်ခါတည်း လျှောက်သွားတော့သည်။ ၄ ဖာလုံလောက်ဝေးတဲ့နေရာကို တစ်မဟုတ်ခြင်း ရောက်သွားလောက်အောင် ဇောကြီးတာမို့ ရန်ပုံခွင်းနှင့် ရန်အောင်တို့အပြင် နောက်လိုက်ရံရွေတော်များ မောဟိုက်အောင် အပြေးလိုက်လာကြရတော့သည်။"ထီးဖုရား ကြွချီတော်မူလာ...."ရွှေကိုယ်တော်ကြီး လက်ပြလိုက်တာနဲ့ ရန်ပုံခွင်း ရဲ့ အောင်မြင်တဲ့ အသံက တို့လို့တန်းလန်း ရပ်သွားရသည်။ဧည့်ခန်း‌ဆောင်မှာ ယွန်းအုပ်တစ်အုပ်နဲ့ ပွဲတော်တည်လျက်.. ကလေးတစ်သိုက်က ခြေတော်ရင်းမှာ စာအုပ်ကိုယ်စီနဲ့ စာအံလျက်.. သလွန်ငယ်ထက်မှာ ဘောလုံးတစ်လုံးက တင်ထားလျက်.. ကွန်ပြူတာ အလုံးတိုင်းမှာလည်း ကလေးတစ်ဉီးစီ စာရိုက်လျက်.. အိမ်တော်ထိမ်းက‌တော့ အနားဒူးတုပ်ထိုင်ကာ ယပ်တော်သွင်းရင်း ပြုံးလျက်.. ကိုယ်တော်ကြီး မြတ်နိုး‌တော်မူရတဲ့ မြတ်ငယ်ကတော့ ထမင်းပလုပ်ပလောင်းစားရင်း ပြုံးနေပုံများ မမြင်ဖူးတဲ့ မြင်ကွင်းအလား.. ကိုယ်တော်ကြီး ငေးစိုက်ကြည့်နေရင်းက ဆတ်ကနဲနောက်လှည့်ပြန်လာခဲ့သည်။ဉီးရီးတော်က အ‌ဆောင်တော်ရှေ့စောင့်နေတာမို့ အိပ်ဆောင်အတွင်း ဝင်ခဲ့ဖို့ မိန့်ပြီး အဝတ်လဲဆောင်ထဲ တန်းဝင်လာခဲ့သည်။ ရန်အောင် ဝတ်လဲတော် လဲဖယ်ပေးနေတာကို ကိုယ်တော်ကြီးစိတ်မရှည်နိုင်။"ရန်အောင် ငါကိုယ်တော့်ကို ရိုးရိုးပဲ ဆင်ယင်စမ်း""ဆောင်းလေအေးပါတယ်ဘုရား.. ညဘက်ဆောင်တော်ကူးရင် ဝတ်ရုံတော်အပါးနဲ့ ကျန်းမာရေး ထိခိုက်ပါ့မယ်ဘုရား""......... အဆောင်တော်ကူးရမယ်?""ကြင်ယာ‌တော် အစေခံဆောင်မှာ အကြာကြီးမနေနိုင်လောက်ပါဘူးဘုရား.. ကျွန်တော်မျိုးနဲ့ ဝဏ္ဏတို့ ပြန်ပင့်ဆောင်လာမှာပါဘုရား""ရန်အောင်.. မောင်မင်း.. အင်း"ရှက်ပြုံးလေးပြုံးလိုက်တဲ့ အရှင့်သားကို ရန်အောင် ခေါင်းငုံ့လျက် တောင်ရှည်ပုဆိုးတော် ဝတ်ပေးနေရင်း ကျေနပ်စွာပဲ ပြုံးလိုက်ရသည်။ မွေးကတည်းက အတူကြီးပြင်းလာခဲ့တာပဲ ကိုယ်တော်ရယ်.. သိလိုက်တာမှ..။"အရှင့်သား ကြင်ယာတော်ကို ထိမ်မြားဖို့အ‌ရေး အရင်ဆောင်ရွက်ရအောင်ပါလားဘုရား။ မွေးနေ့ပွဲကို ထိမ်းမြားပြီးနောက်မှ ကျင်းပလည်းအချိန်မလင့်ပါဘူးဘုရား""ဉီးရီးတော်.. မောင်မင်းခြေလှမ်းကို ကိုယ်တော်သိနေလို့ ကိုယ်‌တော့်အစီအစဉ်အတိုင်း လိုက်ဖို့ သတိထပ်ပေးတယ်။ ကဲ ဉီးရီး‌တော် ဒီနေ့ အကျိုးဆောင်ရတာ ပင်ပန်းလှရော့မယ်လေ။ အဆောင်ပြန်လို့နားနေပါတော့်။ မွေးနေ့ပွဲမတိုင်မီအထိ ရံရွေတော်ပို့ထားပေးမှာမို့.. သက်တောင့်သက်သာ နားနေပါ။ ဘွဲ့နှင်းသဘင် အခမ်းအနားကို တောင်ညာစံဒေဝီ လိုက်ပါမယ် လို့ သိထားလိုက်ပါ ဉီးရီးတော်""အရှင့်သား ကျေးဇူးကြီးလှကြောင်းပါ ဖျာ့။ ဘွဲ့နှင်းသဘင်တက်ရောက်ဖို့ စီစဉ်ထားပြီးကြောင်းပါဘုရား။""ကောင်းပြီ ဉီးရီးတော်။ .. ကိုယ်တော် တစ်ခုသတိပေးပါရစေ။ ရတနာမယ် လမ်းမျိုးတော့ .. ထပ် မဖောက်စေချင်ဘူး ဉီးရီးတော်""ကျွန်တော်မျိုး နားလည်သိရှိကြောင်းပါဖျာ့"ဉီးရီးတော် အဆောင်မှထွက်ခွာတာနဲ့ ရန်ပုံခွင်းက အတင်းကို ဝင်လာခဲ့သည်။"အရှင့်သား.. ကြင်ယာတော်က ဆောင်ခန်းမှာ စက်တော်ခေါ်ဖို့ ညင်းပယ်လိုက်ကြောင်းပါ။""အင်း.. ကိုယ်တော် အခြေအနေ ကြည့်တော်မူမယ် .. ရံရွေတစ်ယောက်မှ မမြင်ချင်ဘူး ရန်ပုံခွင်း""မှန်လှပါ"ရန်ပုံခွင်း ဖုန်းထုတ်ကာ မက်ဆေ့တစ်စောင်ပို့လိုက်ပြီးတာနဲ့ အရှင့်သားနောက်ပါးကနေ လိုက်လာခဲ့သည်။ကြင်ယာတော်သည်ကား မြက်ခင်းပြင်မှာ ဘောလုံးကန်နေလေပြီ။ဘောလုံးဝတ်စုံနဲ့ ကြင်ယာ‌တော်သည်ကား .. လိပ်ပြာအဖြူလေးပျံနေဘိသကဲ့သို့ နေဝင်ရီတစ်ယောမှာ လွင့်ဝဲနေလေသည်။က‌လေးတွေကို ဘောလုံးကန်နည်းသင်ပေးနေရင်း ခြေဗလာနဲ့ နင်းရတဲ့ မြက်ခင်းပြင်ကြီးက အိစက်လို့ .. ဂိုးဖမ်းပေးရတဲ့အလှည့်တွေဆိုလျှင် ကလေးတွေပျော်အောင် မြက်ခင်းပေါ် လှဲချရသေးတာ။ မြတ် ပျော်နေသည်.. ပျော်အောင် နေနေသည်။ မြတ် နေမဝင်ချင်ပါ.. ညမမှောင်ချင်ပါ။ ညစာလည်းမစားချင်ပါ။ အိပ်ချိန်ကိုလည်း မရောက်ချင်ပါ။ ဒါပေမယ့်... မြတ်တားလို့ရတဲ့ ကိစ္စတွေမှ မဟုတ်တာ။အတတ်နိုင်ဆုံး ပျော်အောင် ဇွတ်လုပ်နေရတာ မောလာတာမို့ မြက်ခင်းပေါ် ထိုင်ချလိုက်တော့ ကလေးတွေရော အနားက ရပ်နေကြတဲ့ မြတ်ရဲ့ ရံရွေတွေရော ဒူးထောက်ကုန်ကြသည်။ အခုတော့.. ဒီယဉ်ကျေးမှုကို ကျင့်သားရလာသလိုလို။"ပြန်ကြတော့ ကွယ် ငါ ခဏ နားပြီး လိုက်လာခဲ့မယ်.. ပျော်ကြရဲ့လား ကလေးတို့""မှန်ပါ သခင်လေး။ ပျော်ကြပါတယ်ဘုရား"တစ်ညီတစ်ညာတည်း ‌လျှောက်တင်ပြီး ခြေသံမထွက်စေဘဲ ပြန်ထွက်သွားကြတဲ့ သူတို့ ကို မြတ်လှည့်မကြည့်မိ။ ဝဏ္ဏနဲ့ တိက္ခကတော့ ဒူးထောက်လျက် ရှိနေကြပေလိမ့်မည်။မြတ် မြက်ခင်းပေါ် ကျောလှဲချလိုက်ပြီး မှောင်လုဆဲဆဲ ကောင်းကင်ကို ငေးကြည့်လိုက်မိသည်။ မြူခိုးတွေများ..ရစ်သိုင်းလို့..။ဒီအချိန်ဆို ကိုယ်တော် ညစာပွဲတော်တည်ဖို့ စောင့်နေကျ နေရာမှာ စောင့်များနေမလား.. ဒါမှမဟုတ်.. အော် မမအဆောင်မှာ ပွဲတော်တည်လိမ့်မှာပေါ့လေ.. ယောက်ဖအနားလာဖို့မှမလိုတော့တာကို။သက်ပြင်းတစ်ချက်ချလိုက်တော့.."သခင်လေး.. ချွေးစိုဝတ်လဲတော် လဲဖို့လိုပါတယ်ဘုရား။ ဆောင်းလေအေးမှာ နာမကျန်းဖြစ်ပါလိမ့်မယ်ဘုရား။""တိက္ခ.. ငါ အခု အိမ်ပြန်လို့ရပြီထင်တယ်နော်။ မမကိုလည်း ဒီကိုခေါ်လာခဲ့ပြီးပြီဆိုတော့..""သခင်လေး.. အရှင့်သားက သခင်‌လေးကို ခင်မင်တွယ်တာနေတာမို့ .. အိမ်တော်ပြန်ဖို့ မမိန့်ပါနဲ့လားဘုရား။ သခင်လေး အိမ်ပြန်တော့ ကလေးတွေ စာသင်မယ့်သူ မဲ့ပါလိမ့်မယ်ဘုရား""အင်း.. ""သခင်လေး.. အဆောင်တော်ပြန်ကြွတော်မူပါဘုရား။ အေးလာပါပြီ""တိက္ခ ငါ ဝဏ္ဏကို ပစ္စည်း ပြန်ယူခိုင်းထားတာ ရောက်ပြီလား မေးလိုက်။ ငါ ငမိုးဆွေတို့ဆီမှာ နေမလို့။""သခင်လေးဘုရား"တားမရမယ့်အတူတော့ ပစ္စည်းစုံအောင်ယူလာခိုင်းရမယ်လို့တွေးပြီး တိက္ခ ဒူးထောက်နေရာက တစ်ဘက်လှည့်ပြီး ဖုန်းထုတ်ကာ ဝဏ္ဏဆီ ဆက်ဖို့ကြံတုန်း နောက်မှာရပ်လျက် ကြည့်နေတဲ့ အရှင့်သားကို မြင်လိုက်ရတာမို့ သခင်လေးကို လျှောက်ဖို့ဟန်ပြင်လိုက်စဉ် အရှင့်သားက နှုတ်ခမ်းမှာ လက်ညှိုးလေးကပ်လျက် ရှူးတိုးတိုး ပုံစံ လုပ်ပြတာမို့ ကြောင်အမ်းအမ်းနဲ့ပဲ ခေါင်းငုံ့ထားလိုက်ရသည်။အရှင့်သားရဲ့ ခြေနင်းလေး မျက်စေ့အောင်က ပျောက်သွားမှ မော့်ကြည့်မိတော့ အရှင့်သားက နန်းမဆောင်ကိုပြန်ကြွသွားလေပြီ။ သခင်လေးကတော့ မြက်ခင်းပေါ်မှာ လှဲလျက် ဆောင်းလေညင်းကို ခံစားနေလေသည်။****"နောင်ရင်းငယ်က.. အိမ်ပြန်ဖို့ သိပ်စိတ်လောနေတာပဲကိုး""အရှင့်သား အမှန်အတိုင်း ဖွင့်ပြောပြလိုက်လျှင် ... ""ကိုယ်တော်က နောင်ရင်းငယ်ကို ဘယ်ကိုမှ ပြန်မလွှတ်ဘူး လို့ မိန့်ထားပြီးသားပဲ လေ။ ‌နောင်ရင်းငယ် အမိန့်ဖီဆန်မယ်မထင်ဘူး ရန်ပုံခွင်း""ဘာ့ကြောင့် နေဖို့လိုတာလဲလို့ အမေးတော် ရှိလာခဲ့ရင်ရော ဘုရား။""နန်းတွင်းမှာ နေထိုင်ရခက်ခဲလို့များလား ရန်ပုံခွင်း..ကိုယ်တော် သိပ်ပြီး ဂရုမစိုက်မိခဲ့ဘူးထင်ပါရဲ့လေ။ ရတနာအိမ်တော်ဘက်က ဖောက်ပြားချင်နေတာတွေကို အာရုံစိုက်နေရတာနဲ့ အချိန်အားနည်းပါးခဲ့တာပဲ""အရှင့်သား။ ညစာပွဲတော် ..""ကိုယ်တော် တစ်ပါးတည်း တည်မယ်ရန်ပုံခွင်း။ ဒီနေ့တော့ နားလိုတယ်ကွယ်"အားမရစရာ မိန့်မှာမှုကို ရန်ပုံခွင်း စိတ်မကောင်းပါ။ အရှင့်သား ဒီနေ့တော့ အထီးကျန်နေပြန်ပြီပေါ့။🌺🌺🌺🌺 ညစာပွဲတော် က ရှေ့တည့်တည့်မှာ.. အိပ်ဆောင်ခန်း ဝရန်တာလေးမှာ ပြင်ပေးထားတာမို့ နန်းတော်ဆောင်ကြီးကို လှမ်းမြင်နေရသည်။ဒီအချိန်ဆို .. ကိုယ်တော်နဲ့ မမတို့ များ အတူတူ ထမင်းလက်စုံစားလို့ ကြည်နူးနေကြလေမလား။မြတ် ယွန်းအုပ်လေးကို ဖွင့်လိုက်တော့ ထမင်းကို တရုတ်လိုကြော်ထားတဲ့ အသားနိုင်းချင်းနဲ့ ထမင်းကြော်.. စားပွဲပုလေးပေါ်မှာတော့ ကြက်ပေါင်ကြော်များ၊ ဂေါ်ဖီနဲ့ ကြက်သွန်အချဉ်များ၊ အသားလုံးကြော်နဲ့ ဟင်းချို။ ဒါတွေက မြတ်အကြိုက်တွေကြည့်ပင်။ စားတော်ကဲကြီးက မြတ်အတွက် သီးသန့်များ တည်ခင်းလေးသလားမသိ။ပွဲတော်အုပ် ပို့ရာက ပြန်လာကြတဲ့ မီးဖိုဆောင်ရံရွေတော်တွေ မြတ်ကို မမြင်ကြ။ မြတ်ဆီပွဲတော်အုပ်လာဆက်ကြတဲ့ အပျိုတော်တွေနဲ့ စကားလက်စုံကြနေကြသည်။"အရှင့်သား ပွဲတော်တည်တာ အရာတောင်မယွင်းပါဘူးဟယ်။ ထမင်းကြော်က ဒီအတိုင်းပြန်ပါလာတယ် ခင်နောင်းရယ်"" ဒေဝီသခင်မလေးကတော့ ပွဲတော်တည်နိုင်တယ် မောင်တော်လေး အကြိုက်မို့ သခင်မလည်းကြိုက်တယ် လို့မိန့်တယ်ကွယ်။ စားတော်ကဲကြီးကတော့ ကျေနပ်နေတော့မှာ""အရှင့်သားက ဒီနေ့ ဘာလို့ တစ်ပါးတည်းပွဲတော်တည်တာလဲ ခင်နောင်း။ သခင်လေးနဲ့အတူ ပွဲတော်တည်မယ် ထင်ထားတာ။""အို.. အိုဇာ .. သခင်လေးက ရံရွေဆောင်မှာ လာနေတယ်လေ.. ညဘက် လမ်းမသင့်လို့နေမှာပေါ့အေ။ ကဲ ညည်းအလုပ်ညည်းလုပ်တော့။ ‌ဒေါ်သူဇာကြားရင် အဆို ခံနေရမယ်။"မြတ် တစ်ဇွန်းမှ စားမဝင်တဲ့ ထမင်းကြော် ယွန်းအုပ်ကိုကြည့်ရင်း ဘာတွေဖြစ်နေလဲဆိုတာ ကို အဖြေရှာနေမိသည်။ ဘယ်လိုတွေးတွေး .. လက်ပိုက်လျက် ရပ်နေတဲ့ ကိုယ်တော်ကြီး ရုပ်သွင်မှာသာ အတွေးတွေရပ်တန့်တာမို့.. အဖြေဆိုတာ ရှာမရ။ညစာပွဲတော်ကို ဒီအတိုင်း ထားပြီး အိပ်ခန်းငယ်လေးထဲ ပြန်ဝင်လာခဲ့ပြီး ဇွတ်မှိတ် အိပ်ပစ်လိုက်ရတော့သည်။*****အချစ်က...လင်းတစ်လှည့် မှောင်တစ်ခါ..ချိုတစ်လှည့် ခါးတစ်ခါ...ပျော်တစ်လှည့် ငိုတစ်ခါ...ပြုံးတစ်လှည့် ဝမ်းနည်းတစ်ခါ....ဟာ..တစ်ပြိုင်နက်... လင်း.. မှောင်..ချို.. ခါး... ပျော်...ငို.. ပြုံးရင်း..ဝမ်းနည်း...အဲ..တတ်လည်းတတ်နိုင်ပါပေတယ်။..********ဘွဲ့ဝတ်စုံအောက်မှာ rehearsal နေ့ကနဲ့မတူတဲ့ ဝတ်စားဆင်ယင်မှုက မြုပ်နေပေမယ့်.. မင်းမော်တို့ စိုးသန်းတို့ မြင်ဖြစ်အောင်မြင်ကြသည်။တစ်ခါတည်းပေါ်မလာဘဲ ပျောက်သွားခဲ့တဲ့သူငယ်ချင်းက နန်းဝတ်နန်းစားနဲ့ ပြန်ပေါ်လာတာမို့ အားလုံးစိတ်ဝင်စားနေကြသည်။"မြတ်.. မင်း.. တစ်ကယ်ပဲ မင်းမျိုးမင်းနွယ်ထဲကလား""မဟုတ်ပါဘူးကွာ ငါက စစ်သူကြီးမျိုးနွယ်ကွ။ ငါ့အမက မင်းသားတစ်ပါးနဲ့ လက်ထပ်လို့ ငါက အိမ်ရှေ့မင်း ယောက်ဖဖြစ်သွားတာ""ဟာ.. မင်းဂေါ်တာပေါ့. နန်းတော်ကြီးက ကြီးလား ငါတို့လိုက်လည်လို့ရလား""စည်းကမ်းသိပ်ကြီးတယ်.. မန္တလေးနန်းတွင်းလိုမျိုး ပြတိုက်တောင် စည်းကမ်းသိပ်ကြီးတာ။ တစ်ကယ့်ဘုရင်တစ်ပါး စံမြန်းတဲ့နန်းတော်လေ.. စည်းကမ်းကတော့ သိပ်ကြီးတာမောင်""အဟေး.. မြတ် မင်းတောင် လေသံတွေပြောင်းလာတယ်""ဟားဟား"ရယ်‌မောရင်း စနောက်ကာ သခင်လေးကို ကိုင်တွယ်နေကြတဲ့သူတွေကို တိက္ခကတော့ ဓါးတစ်ထုတ်ထုတ်နဲ့ ကားပေါ်မှာ ဂဏာမငြိမ်။ ဒေဝီသခင်မအနား ရံရွေတော်တွေ ပါသွားပေမယ့်.. သခင်လေးအနားမှာတော့ ဘယ်သူမှမရှိ။မျက်စေ့ရှေ့မှာတင် ဝတ်ရုံလေးတွေကိုယ်စီနဲ့ ဘွဲ့နှင်းသဘင်ထဲ ဝင်သွားလေတော့ တိက္ခ ကတ္တရာလမ်းကို ချောင်းပေါက်မတတ် လျှောက်ရင်းစောင့်နေရတော့သည်။"တိက္ခ။ ငါ အဆင်ပြေတယ်နော်။ ကားပေါ်ကမစောင့်နေနဲ့ ရထားထိမ်း ငနိုင့်ကိုခေါ်ပြီး ရာမညဆောင်ဘက်က စားသောက်ဆိုင်တွေမှာစောင့်။ ပြန်ထွက်လာတော့ဖုန်းဆက်လိုက်မယ်"စာတိုလေး ပို့ပေးရှာတဲ့ သခင်လေးက ငယ်ကျွန်တွေရဲ့သောကကို နားလည်ပေတယ်။ ဒါကြောင့်လည်း ဒီနှစ်လလောက်အတွင်းမှာ အချစ်ပိုရတဲ့ ကြင်ယာတော်လေးကို တိက္ခစိတ်မချတာမဆန်း။အခြေအနေကို စေ့စေ့ငင ရန်ပုံခွင်းဆီ သတင်းပို့လိုက်ပြီးတော့ တိက္ခစိတ်အေးသွားရသည်။အတော်ကြာတဲ့ အချိန်ကုန်မှ သခင်လေးတို့ ဘွဲ့နှင်းသဘင်ကထွက်လာပြီး အုပ်စုလိုက်ဓါတ်ပုံရိုက်ကြ.. ပျော်နေကြတာ တိက္ခကြည့်ရင်း နားစွန်နားဖျား ကောလဟာလ တွေကို တစ်ကယ်မဖြစ်လာပါစေနဲ့လို့ ဆုတောင်းနေမိသည်။ထို.. အုပ်စုလိုက် ပျော်ရွှင်နေကြတဲ့ လူငယ်လေးတွေရဲ့ ခပ်လှမ်းလှမ်းမှာတော့ .. အိမ်ရှေ့စံ ရွှေကိုယ်တော်ကြီး တိတ်ဆိတ်စွာပဲ ကားပေါ်ကနေ လှမ်းကြည့်နေခဲ့တာ ရန်ပုံခွင်းနဲ့ ရထားထိန်း ငရွှေကျော် တို့ သာ သိတော့မည်ဖြစ်သည်။********"ကတက်..ကတက်.. ကတက်"မြင်းကွင်းပတ်လည် တင်းတိမ်များ ရာဇမတ်ကွက်များကာရံထားကာ.. တစ်ချို့က မြင်းကို အသားကျစီးနင်းနေပြီး တစ်ချို့က ခပ်ဝေးဝေးကို အုပ်စုလိုက် အပြင်းစီးနင်းနေကြသည်။ဒီနေ့သည်ကားတောင်ညာစံဒေဝီ ဆောင်ခန်း အပ်နှင်းသည့်အထိမ်းအမှတ်အနေဖြင့် မြင်းခင်းသဘင် ကျင်းပပြီးသည့် နောက်ရက်ဖြစ်သည်။ မြင်းခင်းသဘင်မှာ မြင်းရေးကျွမ်းကျင်မှုကို အကောင်းဆုံးပြသနိုင်သည့် အမတ်တစ်ယောက်နဲ့ အိမ်ရှေ့စံတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရာမှာ အိမ်ရှေ့စံက အပြတ်အသတ် အနိုင်ရတာမို့ ယနေ့ မြင်းခင်းသဘင်ပွဲနေရာမှာ ဧည့်သည်များ ရောက်နေပြီး မြင်းစီးခြင်း.. မြင်းစီးသင်ခြင်း။ မြင်းအစာကျွေးခြင်းစတဲ့ သာမန် အပန်းဖြေသည့်ကိစ္စတွေကို အရှင့်သားခွင့်ပြုပေးထားတာဖြစ်သည်။တောင်ညာစံဒေဝီ မြတ်နိုးယုယဟန်ကတော့ မြင်းမစီးနိုင်လို့ ခုံလေးနဲ့သာထိုင်ပြီး အုပ်စုလိုက် မြင်းအလှစီးတာကို ရှုစားနေလေသည်။ မြတ်ကတော့ တိမ်ခိုးကို ဧည့်သည်မိန်းကလေးတစ်ယောက်စီးနင်းနေတာမို့ မြင်းစီးခွင့်မသာ.. မမ အနားကပ်လျက် ရပ်နေပြီး မမကို ကိုယ်တော်သင်ပေးတဲ့ မြင်းစီးနည်းများ ပြန်ပြောပြနေမိသည်။ ကိုယ်တော်ကတော့ ဒီနေ့ ပေါ်မလာတော့ပြီ။ထိုခဏမှာပဲ တိမ်ခိုးကိုစီးနင်းထားတဲ့ ရတနာစံအိမ်က သမီးငယ်.. မြင်းပေါ်ကဆင်း‌ဖို့ အသင့်စောင့်နေကြတဲ့ အစေခံတွေကို မခေါ်ဘဲ မမအနားကပ်လျက် ရပ်နေတဲ့ မြတ်ကို လက်ညှိုးထိုးကာ လှမ်းခေါ်သည်။"ဟေ့.. ဟိုက ငယ်ကျွန် ဒီကိုလာ သခင်မ ဆင်းတော်မူမယ်.."မြတ်က ပုံမှန်အတိုင်း စပို့ရှပ်လေးနဲ့ ဘောင်းဘီရှည်ကိုသာဝတ်ထားတာမို့ အများကြားထင်ရှားနေသည်ထင်ပါရဲ့.. ။မထင်ထားတာမို့ မြတ် ရုတ်တရက် မသွားဘဲ ဘေးဘီကို ကြည့်မိသည်။ တိက္ခက မြတ်နောက်နားရပ်နေတာမို့ တိက္ခကိုခေါ်တာ မဟုတ်။"အို.. ထိပ်ထားရဲ့ အစေခံတွေကအလိုက်မသိတဲ့အပြင် ရိုင်းသေးတာပဲ။ ဒီလိုနောက်လိုက်နောက်ပါတွေရှိနေတာ ထိပ်ထားကများ အဆုံးအမ မတတ်လို့လား။ ဟိုသူငယ် သခင်မခေါ်နေတယ် မြင်းပေါ်ကဆင်းဖို့ လာကူညီပါ"ရိုင်းစိုင်းတဲ့ အခေါ်အဝေါ်နဲ့ မမကိုပါ ထိပါးလာတာမို့ ဒိဗ္ဗနဲ့ တိက္ခတို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။မြတ်လည်း အကျယ်အကျယ်မဖြစ်လိုတာနဲ့ တိက္ခတို့နဲ့ မမနောက်နားက အထိမ်းတော်တွေကို တားမြစ်လိုက်ပြီး အေးအေးဆေးဆေးပဲ ဧည့်သည်ဆီလက်လှမ်းပေးလိုက်တော့ မြင်းပေါ်က ဧည့်သည်က မျက်မှောင်ကျုတ်သလို.. နံဘေးက အစေခံတွေက မြတ်ကိုအော်ဟစ်ကုန်ကြတော့သည်။"‌ဟေ့ .. ငယ်ကျွန် မင်းဘာလုပ်တာလဲ သခင်မကို မော်မဖူးရဘူး။ ဒူးထောက်စမ်း။ သခင်မမြင်းပေါ်ကဆင်းမယ်"အယ်.. မြတ်က ဒူးထောက်ရမယ်? ဧည့်သည် စီးထားတဲ့ မြင်းစီးဖိနပ်က သူမဂါဝန်နဲ့မလိုက်စွာပဲ ဒေါက်အမြင့်ကြီးနဲ့မို့ ကျောတော့ နာတော့မှာထင်ပါရဲ့။ မတတ်နိုင် မြတ် ခပ်အေးအေးပဲ ဒူးထောက်ကာ ကိုယ်ကိုကိုင်းပေးထားလိုက်ပြီး ကျောပြင်ပေါ်ကျလာမယ့် ဒေါက်မြင့်ဖိနပ်ကိုစောင့်နေလိုက်သည်။"ဟိုက်.. အား"ရုတ်ကနဲ့ ခါးကနေ ကောက်မချီခံလိုက်ရတဲ့ ကိုယ်လုံးက လေပေါ်မြောက်သွားကာ မြတ်ရဲ့ အမြင်တွေက ကောင်းကင်ရော မြက်ခင်းရော မြင်းတွေရော လူတွေရော ရောထွေးပြီး ဇောက်တိဇောက်ထိုးတွေဖြစ်ကုန်တဲ့အပြင် မျက်နှာအပ်ထားတဲ့ ကျောပြင်ကြီးက သင်းပျံ့တဲ့ ရနံ့ကြောင့်မို့ စိတ်တွေတောင် ထွေကုန်တော့သည်။ ရုတ်တရက် ကောက်ချီမခံလိုက်ရတဲ့ မြတ်.. ခေါင်းဇောက်ထိုးကို အတတ်နိုင်ဆုံးမော့ကြည့်တော့.. တင်ပါးလုံးလုံးလေးနဲ့.. ခြေသလုံးသွယ်သွယ်၊ မြင်းစီးဘွတ်ဖိနပ်အရှည် ကို အရင်ဆုံးမြင်လိုက်ရပြီး နောက်မှ ဒူးထောက်ကာ ခေါင်းငုံ့ထားကြသူတွေကို မြင်ရတော့သည်။ ခပ်ကြာကြာအထမ်းခံထားရလို့ ဗိုက်ကအောင့်ချင်လာပြီ။ ပေါင်နဲ့တင်ပါးကိုသိမ်းကိုင်ထားတဲ့လက်အစုံက သန်မာသလောက် ကျောပြင်က နူးညံ့လှတာမို့.. ဘယ်သူကြီးက ငါ့ကို ထမ်းထားတာလဲ.. လို့ ပဲ မြတ်တွေးနိုင်တော့သည်။"သယ်...ရဲတင်းလိုက်လေ.. ရတနာအိမ်နိမ့်စံ မိန်းမငယ်... ကိုယ်တော့်အာဏာ မယ်မင်းတို့အပေါ် မလွှမ်းမိုးနိုင်ဘူးများ ထင်နေသလား။ မယ်မင်းတို့ နန်းတော်ကနေ ချက်ချင်းပြန်ကြရင်ဖြင့် အသက်နဲ့ခန္ဓာ မြဲပေလိမ့်မယ်။ ကိုယ်တော် နောက်ဆုံးသတိပေးတယ်။ ရန်ပုံခွင်း စီးတော်ယာဉ် ဒီအထိ ခေါ်စမ်း။ ဒိဗ္ဗ .. အိမ်နိမ့်စံတွေ နန်းတော်အပြင် မောင်းထုတ်စေ"ရုတ်ရုတ်သဲသဲ တွေဖြစ်ကုန်ပြီး စောစောက မိန်းကလေးဆီကရော ၄င်းရဲ့ အစေခံတွေဆီကပါ.. တောင်းပန်သံတွေ စီဝေသွားလေသည်။မြင်းပေါ်ကနေ သူ့ဘာသာ ရုတ်ကနဲခုန်ဆင်းလာတဲ့ မိန်းကလေးကို မြတ် ဇောက်ထိုးအနေအထားကနေ ခေါင်းထောင်လျက် ကြည့်လိုက်မိသည်။"အရှင့်သား အထင်တော်လွဲတာပါဘုရား။ ခွင့်လွှတ်တော်မူပါဘုရား။ အသက်ကို သနားပါဘုရား" စတဲ့ အသံပေါင်းစုံတို့က စီညံနေအောင် ထွက်လာတော့သည်။မြတ်ကို အိမ်ရှေ့စံ ထမ်းထားလျက်က ကားပေါ်ကို တစ်ပါတည်းခေါ်တင်သွားပြီး ကားနံဘေးတံခါး ပိတ်တာနဲ့ ကိုယ်တော်ကြီးနံဘေးက ထိုင်ခုံပေါ် ချပေးလိုက်သည်။"မြတ်ငယ်.. မောင်မင်းနှယ်..ဒီလိုနိမ့်ပါးသူတွေထံ ဒူးထောက်စရာလားကွဲ့။ မြတ်ငယ်သဘောတော်ကြီးပေမယ့် ဒင်းတို့က ရိုင်းပျလွန်းလှတယ်။""မမကို အထင်သေးကြတဲ့သူတွေကို ကျွန်တော် ရင်ဆိုင်နေကျ ပုံစံပါပဲ ကိုယ်တော်။ သူတို့ က ဘယ်သူတွေလဲဆိုတာသာ မသိလို့ပါ။ နောက်မဖြစ်စေရပါဘူး။"နှစ်ယောက်သား တိတ်ဆိတ်နေကြပြီးမှ.. တစ်ရှူးရှူးဒေါသထွက်နေဆဲ ကိုယ်တော့်ကို မြတ် တောင်းဆိုလိုက်သည်။"ကိုယ်တော်.. ကျွန်တော် အိမ်ပြန်နေရင်ကောင်းမလားမသိဘူး။ ကိုယ်တော်တို့ အတွက် ကျွန်တော်က အနှောက်အယှက်ဖြစ်နေတယ်ထင်တယ်"ရွှေကိုယ်တော်ကြီး ဘာမှမပြောနိုင်ခင် နန်းဆောင်မကြီးရှေ့ရောက်လာတာမို့ မြတ် ကားပေါ်ကဆင်းကာ ရံရွေတော်တန်းလျား ပြန်ဖို့ပြင်လိုက်တုန်း ကိုယ်တော်က တစ်ခါထမ်းလျက် နန်းဆောင်တော်ပေါ်တက်သွားတာမို့ မြတ် ဇောက်ထိုးသာ ပါသွားရပြန်တော့သည်။ ယခင်နေတဲ့ အဆောင်က နန်းဆောင်မကြီးရဲ့ မြောက်ဘက်အခြမ်းမှာ .. အခုက နှစ်ဆောင်ပြိုင် အိမ်မကြီး အပေါ်ထပ်ကို တက်လာခဲ့တာဖြစ်ပြီး မြတ်မသိတဲ့ အခန်းတစ်ခုထဲ တစ်ခါတည်းထည့်ကာ အပြင်ကနေ တံခါးပိတ်သွားလေတော့သည်။"ကိုယ်တော်.. ကျွန်တော် ဘာအမှားလုပ်မိလို့လဲ.. ကိုယ်တော် တံခါးဖွင့်ပေးပါဗျာ။ ကိုယ်တော်.."နန်းဆောင်ပေါ်က ဆင်းလာတဲ့ကိုယ်တော်ကြီးဆီက မမြင်စဖူး ဒေါသတွေကို မြင်နေရတဲ့ ရံရွေတော်တွေ... ဒူးတုန်နေကြသလို ရန်ပုံခွင်းလည်း တိတ်ဆိတ်နေရသည်။နောက်မှရောက်လာတဲ့ တိက္ခကို ကိုယ်တော်ကြီးက အသံပြတ်ဖြင့် မိန့်သည်။"နောင်ရင်းငယ်ကို ဒီပါစံနန်းဆောင်မှာ ထားမယ်။ ပွဲတော်ပြင်ပေး။ ဝဏ္ဏ၊ တိက္ခ.. အပါးတော် အမြဲစောင့်ကြပ်စေ။ ငါကိုယ်တော် ခွင့်မပြုမချင်း နန်းဆောင်က မခွာစေနဲ့။ ရန်အောင် လိုအပ်ရာမှန်သမျှ စီမံပေးစေ။ ရန်ပုံခွင်း.. ညီလာခံဆင့်ခေါ်စမ်း။ ရတနာအိမ်နိမ့်စံက တစ်ယောက်မကျန် ညီလာခံတက်ရမယ် အမိန့်တော်""အမိန်‌တော်မြတ်အတိုင်းပါ အရှင့်သား"*****"အရှင့်သား.. ဘာတွေတွေးနေပါလဲဘုရား။ ကြမ္မာရဟတ်ထဲ အရှင့်သား ရောထွေးပါသွားမှာ စိုးရွံ့ပါတယ်ဘုရား""ဉီးရီးတော်.. တစ်အိမ်ထဲအတွက် စိုက်ခဲ့တဲ့ ဓါးမှမဟုတ်တာ.. ဘာလို့များ တစ်ဘက်ထဲကို လွှဲချဖို့ ကြိုးစားနေတာလဲ။ အကြင်နာတရားမရှိလိုက်လေ""အရှင့်သား ဘေးကင်းစေဖို့ဆိုပါလျှင် .. ကျွန်တော်မျိုး အသက်ကိုတောင် စွန့်ဝံ့ပါတယ်ဘုရား။ တစ်ဘက်အိမ်တော်ပေါ် ဓါးချက် လွှဲချလိုက်ဖို့ဆိုတာ ကျွန်တော်မျိုးအတွက် အလွယ်ဆုံးအတွေးပါဘုရား""ကိုယ်တော် ခွင့်မပြုဘူး ဉီးရီးတော်။ တစ်ခြားနည်းလမ်း မရှိတော့ရင် ကိုယ်တော့် မူလ အစီအမံအတိုင်း ဆောင်ရွက်ရမယ် အမိန့်ပဲ""အရှင့်သား.. ဆင်ခြင်တော်မူပါဘုရား"တုန်လှုပ်တဲ့ အသံနဲ့ ခပ်စူးစူးလျှောက်ပေမယ့်.. အရှင့်သားကတော့ ကျောခိုင်းသွားခဲ့ပြီ။ ဉီးရီးတော် နန္ဒ ခေါင်းကို အရမ်းအလုပ်ပေးနေရတော့ပြီ။ ဒီအတိုင်းဆိုလျှင် ကျိန်စာထဲကအတိုင်း အရာရာ အသက်ဝင်လာတော့မလား မသိ။ ရတနာ အိမ်နိမ့်စံတွေနဲ့ ထိပ်တိုက်မတွေ့ဖို့ ကြိုးစားလာခဲ့တာ .. ရွှေကိုယ်တော်ကြီးကလည်း အိမ်ရှေ့စံဘဝနဲ့ ဘိသိတ်ခံဖို့ကို လက်လျှော့ပြီး သည်းညည်းခံနေခဲ့တာ ဒီကျိန်စာကြောင့်.. အခုတော့ သည်းမခံတော့ဘူးတဲ့လား။ သည်းမခံတဲ့အကြောင်းရင်းကလည်း ကြင်ယာတော်ကြောင့်ပဲတဲ့လား။ ချစ်ခင်ရင်းစွဲကနေ.. ပိုလို့ တိုးလာတဲ့ခံစားချက်တွေကြောင့် မူလအစီအစဉ်ကို ခွဲထွက်သွားမှာ စိုးရိမ်မိပေမယ့်.. ရွှေကိုယ်တော်ကြီးများ ကြင်ယာအနေနဲ့တစ်ကယ်တန်းတင်မြှောက်လိုက်ခဲ့မယ်ဆိုလျှင်... .ကျိန်စာထဲကအတိုင်း ပျက်ပြယ်စေဖို့ သေချာပြီမဟုတ်လား။ရွှေကိုယ်တော်ကြီး ဘုန်းရှိန်ရောင်ဝါ.. ဉီးရီးတော် သတိုးမြတ်တေဇရဲ့ ဆောင်ခန်းထဲ ဝင်လာခဲ့သည်။ နှစ်များစွာကြာခဲ့ပြီ။ ဆောင်ခန်းက အရင်တုန်းကအတိုင်း ဉီးရီးတော်ကို စောင့်မျှော်လျက်။ ဖခမည်းတော်နဲ့ ရုပ်ရည်တူမျှတဲ့ ဉီးရီးတော်က .. နန်းတော်ကနေ ပျောက်ဆုံးသွားခဲ့တာ ယနေ့တိုင် သတင်းတစ်စိုးတစ်စမှ မရခဲ့ပေမယ့်.. ဘုန်းရှိန်ရောင်ဝါ ရှာဖွေနေဆဲပင်ဖြစ်သည်။ ဘုန်းရှိန်ရောင်ဝါ အားလုံးမသိမီလိုက်ပေမယ့် ဉီးရီးတော်တို့ ဇာတ်လမ်းလေးက လွမ်းမောဖွယ်ရာဖြစ်သလို ယနေ့အထိ ဘုန်းရှိန်ရောင်ဝါတို့ ညီအကိုအပေါ် စူးနစ်နေတဲ့ကျိန်စာရဲ့ ပင်မအရင်းအမြစ်တွေလည်းဖြစ်သည်။ ဉီးရီးတော်ဆောင်ခန်းထဲမှာ တစ်ညတာကုန်ဆုံးတော့မှာမို့ ရန်ပုံခွင်းတို့ကိုတောင် ဆောင်ခန်းထဲပေးမဝင်တော့ဘဲ သလွန်ပေါ် လှဲကာ တစ်ပါးတည်း တွေးနေမိတော့သည်။To be continue...Many Thanks for reading.. feel free to comment me..

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now