အခဏ်း.. ၁၃။

218 6 0
                                    


ဧပြီ..

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ...

နွေပီသစွာပဲ.. ရွက်ကြွေတွေ က လေရိုင်းဝေ့တိုင်း လွင့်ကြွေကာ.. ပုရစ်ဖူးကတည်းက အတူရှိခဲ့တဲ့ ပင်စည်ကြီးကို နှုတ်မဆက်ပါဘဲ.. တစ်ဖွဲဖွဲ.. ထွက်ခွာသွားကြပြီ..

အရိုးပြိုင်းပြိုင်း ပင်စည်ကြီးတွေ ကိုင်းခက်တွေကတော့.. တည်ရာမရွေ့..

နေမြဲနေရာကနေ.. ထိုရွက်ကြွေလေးတွေ.. ဉီးတည်ရာမဲ့.. လေလာရာ လွင့်နေတဲ့ မြင်ကွင်းကို မျှော်ငေးနေသည့်အလား... ကြို့တို့ကြဲတဲ ရိုးတံတွေကို လေယူရာယိမ်းနွဲ့လျက်သာ..

ဉယာဉ်သာကြီးတစ်ခွင်.. ပိတောက်ပင်ကြီးတွေကတော့.. သဘာဝအတိုင်း.. ရာသီဉတုကို ဆန့်ကျင်ကာ.. စိမ်းလျက်စိုလျက်.. ဖူးလျက်.. ငုံလျက် သင်္ကြန်မိုး ပက်ဖြန်းတာနဲ့ တစ်ပြိုင်နက် ပွင့်အာကြဖို့.. စိုင်းပြင်းနေကြပုံဖြင့်.. ယိမ်းကနေသည်။

နန်းတော်နှင့်တစ်ကွ နန်းတော်ဝင်းကတော့ ယခင်နေ့တွေနဲ့မတူ.. လူတွေ ဟိုဒီပေြးလွှားကာ.. လှုပ်ရှားသက်ဝင်နေသည်။

ဟုတ်သည်.. ယခင်နေ့တွေနဲ့ မတူအောင်...နန်းတော်ကြီးတစ်ခုလုံး.. လှုပ်လှုပ်ရှားရှား.. နန်းတွင်းသူတွေရော နန်းတွင်းသားတွေအားလုံး.. ပျားပန်းခပ်မျှ အလုပ်များနေကြလေပြီ။

မိန်းကလေး ဗိုက်ဖုံးအင်္ကျီသာဝတ်ဆင်လာခဲ့တဲ့ ခေါင်ဖုရားအတွက်... ကိုယ်

ရုံပွကြီးတွေ ချုပ်လုပ်ဖို့... ရင်ဖုံးလည်ကတုံးရှပ်အင်္ကျီပွကြီးတွေချုပ်လုပ်ဖို့.. တောင်ရှည်ပုဆိုးအစား.. ရှမ်းဘောင်းဘီပွကြီးတွေ ချုပ်လုပ်ဖို့.. အနူးညံ့ဆုံး အကောင်းမွန်ဆုံး ပိတ်သားကို မန္တလေးရှိ ပိုးထည်ရုံတွေမှ နေ့ချင်းပြီးယက်လုပ်ကာပို့လိုက်ပြီးနောက် မချုပ်ခင် ရေလျှော်ကာလှန်းနေကြတာ တပျော်တပါးကြီးပင်။

အပ်ချုပ်သမားကလည်း ရံရွေတော်ဆောင်မှာ ကျောက်ချထိုင်ပြီး နန်းတွင်းက အပျိုတော်တွေ.. ကလေးတွေအကူအညီနဲ့ ...ခြောက်လာသမျှ ပိတ်စကို ချစ်ခင်ရတဲ့ခေါင်ဖုရားအတွက်.. အသေအချာ ဒီဇိုင်းဆွဲပြီး သေသေသပ်သပ် ချုပ်လုပ်ရင်း.. ခေါင်ဖုရားများ.. ကြွလှမ်းလာလေမလားလို့ မျှော်နေရတာ လည်လဲ ရှည်လှပြီလေ။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now