အခဏ်း ၁၂။

152 6 0
                                    

ကျွန်‌်ေတာ် ပြန်လာပါပြီခင်ဗျာ။

အချိန် နဲနဲကြာသွားလို့ တောင်းပန်ပါတယ်ခင်ဗျ။

💖🙏🏻🙏🏻🙏🏻💖

ကျေနပ်စွာ ဖတ်ရှုနိုင်ကြပါစေဗျာ။

အခဏ်း ၁၂။

"မိန်းကလေးက ရုပ်လေးရှိရဲ့နဲ့ လုပ်တာကိုင်တာ ညံ့ဖျင်းလိုက်တာ။ CEO မျက်နှာနဲ့ဝင်လာတာမို့လို့ သူ့ကို အရေးပေးနေကြတာလေအေ။ ဒီမှာကြည့်စမ်း.. အိပ်ယာခင်းတွေခင်းထားတာ တွန့်ကြေနေလို့ ငါ့မှာ ဧည့်သည်အပြောအဆို ခံလိုက်ရတယ်။ အစအဆံုး အကုန်ပြန်လုပ်ပေးလိုက်ရတယ်လေ။ ဒင်းကြောင့်.. လူကသာ သတောင်းစားပုံနဲ့ အလုပ်တော့ လက်ကျောမတင်းဘူး။ မနက်ဖြန်အဆိုင်းကျရင်တော ဆူပါဗိုက်ဆာကို တိုင်ပြောတော့မယ်အေ"

မနက်လင်းအားကြီး.. တစ်ညလုံး အိပ်ခန်းတွေ သန့်ရှင်‌းရေးလုပ်ထားရလို့ ပင်ပန်းလှတဲ့ ကိုယ်ခန္ဓာကိုသယ်ရင်း အိမ်ပြန်ပါမယ်ဆိုမှ.. အလုပ် အဆိုင်းအတူကျတဲ့ မိန်းကလေးတွေ သူ့အကြောင်းအတင်းတုပ်နေကြတာကို ဝန်ထမ်းအဝတ်လဲခန်းအပြင်ကနေ နားထောင်နေမိသည်။

တင်တင်ကြီးဆိုတာ မွေးကတည်းက တစ်အိမ်လုံးဖူးဖူးမှုတ်ထားကြတာ။ လူမှန်းသိတတ်စအရွယ်မှာပဲ... ဒွေးတော်မင်းသမီးက .. အနားမှာခေါ်ထားလို့ အချစ်တော်ဘဝနဲ့ ကြီးပြင်းလာခဲ့ရပြီး.. ဒွေးတော်ဆုံးပါးခါနီး.. အနားကိုခေါ်.. သေတမ်းစာလက်ထဲထည့်ပေးခဲ့လို့ .. တင်တင်ကြီးဆိုတဲ့ မိန်းကလေးကို .. တစ်အိမ်လုံးက ချစ်ရာက ကြောက်ကုန်ကြတော့တာပင်။

တင်တင်ကြီးကလည်း ချစ်လို့ အလိုလိုက်တာထက် ကြောက်လို့ ခစားကြတာကို ပိုသာယာခဲ့တယ်လေ။

ဟုတ်တယ်။ ဒွေးတော် ကွယ်လွန်ပြီးနောက်ပိုင်း .. တင်တင်ကြီး အနားမှာ ကပ်နေခဲ့တဲ့ အဘွားလေး ဒေါ်‌ေရွှလင်းရဲ့ ရှေ့ဆောင်လမ်းပြမှုတွေကို တစ်စိုက်မတ်မတ်လိုက်လုပ်ခဲ့လို့ သရဲပုံပြင်လိုမျိုး အောက်လမ်းဆရာမကြီးတစ်ယောက်ကို အိတ်ထောင်ထဲထည့်ပြီး .. ပီယအစီအရင် အောင်မြင်မှုအစီအရင် .. အနိုင်ရတဲ့ အစီအရင် စတာတွေ ရနေတဲ့ တင်တင်ကြီးဘဝက လုပ်ချင်တာမှန်သမျှ ဖြစ်.. ကြံစည်တာတွေ အကုန် ရ နဲ့ သာယာခဲ့တာပါ။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now