အခဏ်း... ၃။ (Z)

80 1 0
                                    

အပိုင်း ၃။ ကျယ်ဝန်းပြီး အဖိုးတန်ပရိဘောဂများနဲ့ ဆင်ယင်ထားတဲ့ ဒီခန်းဆောင်ထဲမှာ ကိုယ်တော် မြတ်ကိုပိတ်လှောင်ထားတာ ငါးရက်ရှိပြီ။ အပြင်မထွက်ရ အမိန့်အပြင် ဘယ်သူမှလည်း လာမတွေ့ရဘူးလို့ အမိန့်ထုတ်ထားတာမို့ မမကိုလည်း မတွေ့ရ။ တိက္ခနဲ့ ဝဏ္ဏ တို့အပြင် အခန်းဆောင်ထဲ ဝင်ခွင့်ရ အပျိုတော် လေးငါးဉီးကသာ မြတ်ကိစ္စဝိစ္စ အကုန်လုပ်ပေးနေရသည်။ ရှေးခေတ်နန်းဆောင်မို့ တွဲလျက် ရေချိုးခန်းက စဉ့်ရေစိမ်ကန်ကြီးတစ်ခုအပြင်... တစ်ခြားဘာမှမရှိ။ အရှင့်သား အမိန့်အတိုင်း ရေစိမ်ကန်မှာ ရေနွေးနဲ့ စပ်လို့ ရေစိမ်ချိုးရသည်။ ပွဲတော်ကို တစ်ယောက်တည်း တည်ရသည်။ ညစာစားပြီးတာနဲ့ မြတ်အနားက ရံရွေတွေအားလုံး အသီးသီးပျောက်ကုန်ကြပြီး မြတ်တစ်ယောက်တည်းကျန်ခဲ့ရသည်။ အခုလိုနေရတာ မြတ်.. ဟိုအမျိုးသမီးအတွက် ဒူးထောက်‌မိတာက အပြစ်လား ယောက္ဖတော် မြတ်ကြည်သာဟန် ပါလို့ မိတ်မဆက်မိတာက အပြစ်လား။ မမအနား ကပ်မနေမိတာကအပြစ်လား?ဝှူး... အဲ့ဒီ Bull shit စည်းကမ်းတွေ ဘယ်ခေတ်ရောက်နေပြီလဲ။ ဒီအိမ်ကြီးထဲ ရောက်နေခဲ့တာ လေးလရှိပြီမို့လို့ မြတ် မရောက်ဖူးတဲ့နေရာမရှိအောင် နှံစပ်ပြီးသား။ အခု.. ဆောင်ခန်းရှိတဲ့ အိမ်တော်ပေါ်ကိုတော့ မြတ်တစ်ခါမှမရောက်ဖူးခဲ့။ မြင်းကွင်း နဲ့နီးလားလို့ တစ်ဘက် ဝရန်တာက မျှော်ကြည့်တော့လဲ မြင်းနှာမှုတ်အသံလေးတောင်မကြားရ။ မြင်မြင်ရာ ဉယာဉ်ကြီးပဲရှိတာ။ မြတ် လွမ်းသည်။ ညနေတိုင်းဆုံနေကျ သူငယ်ချင်းတွေကိုလွမ်းသည်။ ဖူဆယ်ကစားကွင်းကိုလွမ်းသည်။ လမ်းထိပ်ကလ္ဘက်ရည်ဆိုင်ကို လွမ်းသည်။ အိမ်နားက ဂစ်တာတီးနေကျ အုတ်ခုံလေးကို လွမ်းသည်။ အစေခံတန်းလျားက ဘောလုံးကန်ဘက် ကလေးတွေကို သတိရနေမိသည်။ နောက်ပြီး.. မနက်တိုင်း ညတိုင်း မပေါ်လာတော့တဲ့ ခြေနင်းတစ်စုံကို လွမ်းမိသည်။ အစေခံတန်းလျားမှာနေတုန်းက ‌ပေါ့ပါးပျော်ရွှင်ရသလောက် အခုတော့ ဆောင်ခန်းကြီးတစ်ခုလုံးမှာ ကိုယ်တစ်ယောက်တည်း။ လိုချင်တာရှိရင် ကိုယ်တိုင်ထ လာစရာမလိုအောင် အလိုက်တစ်သိဖြည့်ပေးမယ့် ဝဏ္ဏနဲ့ အပျိုတော်တွေက မြတ်အနားမှာကပ်နေတာ တစ်နေကုန် တစ်ချက်ကလေးမှ မလွတ်လပ်။ ဒီကြားထဲ မျိုးရိုးစဉ်ဆက်အကြောင်းတွေ နားခံတော်ကြီး လာသင်ပေးလို့ နေ့လည်ဘက်တောင်မနားရဘဲ သင်နေရသေးသည်။ အိပ်ချိန်လေးပဲ မြတ်အတွက် တစ်ယောက်တည်း ဖြစ်ခွင့်ရတာဖြစ်သည်။ ဒီဆောင်ခန်းက ထူးခြားသည်... မနက်နိုးထတိုင်း ကြာညိုနံ့သင်းသင်းကို ရတတ်သည်။ တစ်ယောက်ယောက်.. ရေမွှေးသုံးတယ်ဆိုရအောင်လည်း .. တစ်နေကုန် ခြွေရံသင်းပင်းတွေအနား ဘာအနံ့မှမရ။ ဒါကြောင့်လည်း မြတ် ညအိပ်မီးလေးထွန်းအိပ်ပေမယ့်... စိတ်ထဲ သိပ်တော့ မရဲမိ မကြောက်တတ်ပေမယ့်လည်း ထူးဆန်းတာကိုတော့ သတိထားနေရတာဖြစ်သည်။ "အမလေးဗျ။ ဘယ်သူလဲ . ကျုပ်ထလာရင် အကြောင်းဆိုးလိမ့်မယ်နော်"နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ရာက ချွတ်ကနဲအသံကြားလို့ အိပ်ယာက ထကြည့်တဲ့ မြတ်.. ကြောက်ကြောက်နဲ့ ကုန်းအော်လိုက်ပေမယ့် ထိုလူရိပ်ကတော့ ပျောက်မသွား။ နံနက်ဝေလီဝေလင်း အလင်းရောင်မရှိသေးတဲ့ အဆောင်ခန်းထဲ ထိုနံရံကပ်လူရိပ်ကပဲ မီးကိုချောက်ကနဲဖွင့်လိုက်တော့ မှ မြတ် ကြောက်စိတ်ပျယ်တော့သည်။ မြတ်နဲ့ အသက်မတိမ်းမယိမ်း ပိန်ပိန်ပါးပါး မခို့တရို့ အပြုံးလေးတွေနဲ့ မွှတ်နေအောင်ချောတဲ့ လူတစ်ယောက်။ မျက်ခုံးထူထူတန်းတန်းတွေနဲ့ မျက်နှာကျကတော့ တစ်ယောက်ယောက်နဲ့တူသယောင်"မောင်မင်းက ဒီမှာတစ်ကယ်နေရာကျနေတာကိုး""ခင်ဗျား ဘယ်သူလဲ အခန်းထဲဘယ်လိုရောက်လာတာလဲ"အခန်းတံခါးက အတွင်းဂျက်လေးထိုးထားလျက်သား ဖွင့်ထားတဲ့ လက္ခဏာမရှိ။ "မောင်မင်း ဒီအခန်းက ဘယ်သူ့အခန်းဆိုတာ သိလား""မသိဘူး။ ကိုယ်တော် နေရာချလို လာနေရတာ။ မမအခန်းနဲ့ အဝေးကြီးပဲ အအစေခံတန်းလျားမှာ နေနေတာအဆင်ပြေရဲ့နဲ့ ခင်ဗျားက ဘာလိုမေးတာလဲ""ကိုယ်တော်? ဟုတ်စ။ ကိုယ်တော်လို့ခေါ်တာ ခွင့်ပေးတယ် ဟုတ်စ""ဘယ်သူကလဲ အော် အရှင့်သားလား။ ဟုတ်တယ်လေ သူ့ကိုယ်သူကိုယ်တော်လို ပြောနေကျပဲလေ""မောင်မင်း ကိုယ်တော့်ကိုရော ဘာထင်လဲ"သူ့ကိုယ်သူရည်ညွှန်းတဲ့လက်ညှိုးလေးကို ယမ်းပြရင်းမေးလာသည်။"ဒီအိမ်တော်ထဲက ထူးဆန်းတဲ့ သူတစ်ယောက်လိုပဲမြင်တယ်။ ဉီးရီးတော် မိတ်ဆက်ပေးထားတဲ့သူတွေထဲ ခင်ဗျားလိုပုံစံ မကြားဖူးသေးဘူး။""ဟင်.... ဉီးရီးတော်ဆီတောင် ရောက်ခဲ့ပြီလား။ နောင်တော် ဘာတွေလုပ်တာလဲ""နောင်တော်.. ဟာ ဒါဆို ခင်ဗျားက အဲ့ ကိုယ်တော်လေးက ကိုယ်တော့်ညီပေါ့။ ဉီးရီးတော်ပြတဲ့ ဓါတ်ပုံနဲ့ တစ်ခြားစီပဲ။""ဘာလဲ ရောဂါသည်ပုံတဲ့လား"မြတ် ပါးစပ်ပိတ်ထားလိုက်သည်။ "ရောက်နေတာ ၃ လလောက်ရှိပြီ ဒီအခန်းကိုမသိဘူး‌ဆိုတော့ မောင်မင်းကို အတော်အလေးထားတာပဲလေ။ ကိုင်း ကိုယ်တော်သွားမယ် တံခါးပြန်ပိတ်ထား။"နောက်ခိုင်းသွားပြီး မှ ပြန်လှည့်လာတဲ့ ကိုယ်တော်လေး.. "မြတ် နော်.. "လက်ညှိးလေးထောင်လို တွေးဆဆပြောလာတာမို မြတ်ခေါင်းညှိမ့်လိုက်သည်။ "မင်းမဟာ.. ကိုယ်တော့်ကို မဟာလို့ခေါ်နိုင်တယ်""ကိုယ်တော်လေး ကျွန်တော်က မဟာလိုခေါ်ရင် ဇက်ပြတ်မှာပေါ့""ဟားဟား.... ကိုယ်တော်က ဒီအိမ်တော်နဲ့ မသက်ဆိုင်သူ.. ကိုယ်တော်တို့ သူငယ်ချင်းဖြစ်လို့ ရတယ်။"ပြောရင်းထွက်သွားတာမို့ တံခါးကိုပိတ်လိုက်ပြိးအခန်းထဲပြန်ဝင်ကာ ခမ်းနားတဲ့ ကုတင်မှာထိုင်လိုက်ရသည်။ ကြာညိုနံ့သင်းသင်းလေးကတော့ နံနက်ခင်းမှာကြိုနေကျအတိုင်း .. မွှေးပျံ့နေလို့..ခဏအကြာမှာ မျက်နှာသစ်တော်ရေဆက်ဖို့ ဝဏ္ဏ ဆောင်ခန်းတံခါးကိုခေါက်လာတော့သည်။"သခင်လေးဘုရား.. အရှင့်သားက လွတ်လပ်စွာ ကြွမြန်းဖို့ ခွင့်ပေးတော်မူပါတယ်ဘုရား။ စက်တော်ခေါ်ရာမှာတော့ ဒီအဆောင်ခန်းကိုပြန်ကြွရမှာပါဘုရား"မြတ် မတွေးချင်တော့။ မတွေးနိုင်တော့။ ထားရာနေလိုက်တာပဲကောင်းတယ်မဟုတ်လား"ဝဏ္ဏ .. ။ ဟိုတောအုပ်ဘက် သွားချင်တယ်။ သရက်သီးတွေ ကြီးလှရောပေါ့""အမိန့်အတိုင်းပါ သခင်လေး"ဝဏ္ဏ အပြေးထလာပြီး ဝတ်လဲတော်တွေ လဲပေးတာမို့ ငြိမ်ခံလိုက်ရသည်။အပြင်ထွက်ဖို့ပြင်ဆင်နေတုန်း .. ဉီးရီးတော်ရဲ့ အပါးတော်မြဲ သူရဇ္ဇ ရောက်လာတော့သည်။ "နောင်ရင်းသခင်လေးဘုရား.. ဉီးရီးတော် နန္န ဖူးမျှော်ရန် ရောက်ရှိကြောင်းပါဘုရား""အင်း.. ဝင်လာခဲ့လေ"ဉီးရီးတော် နန္ဒ လက်ထဲက ရက်ချုပ်ပေလွှာလေးတစ်ခုနဲ့ ချောကလက် ကိတ်မုန့်လေးတစ်ခု ကို ဝဏ္ဏလက်ထဲထည့်လိုက်တာမို့ ဝဏ္ဏကတစ်ဆင့် မြတ်ဆီဆက်သလေသည်။"ဉီးရီးတော် ထိုင်ပါခင်ဗျာ"နေရာပေးတော့ ထိုင်ခုံမှာမထိုင်ဘဲ မြတ်နံဘေး သလွန်ပေါ် တိုးကပ်ထိုင်လာတာမို့ မြတ် အနည်းငယ် နေရာရွှေ့ပေးလိုက်ရသည်။ ဝဏ္ဏကတော့ မနှစ်သက်တဲ့ အမူအယာနဲ့ ကြည့်လို့သာနေရသည်။"နောင်ရင်းသခင်လေး.. ဒီရက်ချုပ်ဇာတာလေးက နောင်ရင်းသခင်လေးရဲ့ ဇာတာလေးပါဖျာ့။ ဒီရက်ချုပ်ထဲကအတိုင်းဆိုပါလျှင်.. ဒီနေ့က ရေတွက်လျှင် ရှစ်ရက်မြောက် က သခင်လေးရဲ့ မွေးနေ့ မွေးရက် အမှန်ပါဖျာ့""ကျွန်တော်ကတော့ ခရစ်သက္ကရာဇ်ကိုပဲ သိတယ်ဉီးရီးတော်။ တစ်ကယ်ဆို ကျွန်‌တော့်မွေးနေ့က ဒီဇင်ဘာ ၄ ရက်နေ့ .. လိုသေးတယ်.။"မှန်လှပါ ... ခရစ်သက္ကရာဇ်များနဲ့ ကောဇာသက္ကရာဇ်များက မကိုက်ညီလှပါဘုရား။ တစ်သက်တာမှာ ဆယ်ကြိမ်လောက် ကိုက်ညီတတ်ကြပါတယ်ဘုရား။""ဉီးရီးတော်က .. ဘာများ ပြောချင်လို့လဲ""ကျွန်တော်မျိုး အရဲစွန့်ပြီး.. လျှောက်တင်လိုပါတယ်ဘုရား။"ဉီးရီးတော်က ဝဏ္ဏကို လှမ်းကြည့်တာမို့ မြတ်လည်း ဝဏ္ဏကိုလက်ပြကာ အနောက်ဆုတ်ခိုင်းလိုက်ရသည်။ အရေးကြီးတာ ပြောမယ်ထင်ပါရဲ့။"အိမ်ရှေ့စံ ရွှေကိုယ်တော်ကြီးဘုရားကို .. သခင်လေးက .. ထိမ်းမြားမင်္ဂလာ ရက်မြတ် စောစောသတ်မှတ်ပေးဖို့ လျှောက်တင်ပေးပါလားဖျာ့။ သခင်လေးမွေးနေ့ရက်မြတ် မတိုင်မီ.. ထိမ်းမြားနိုင်ခဲ့ပါလျှင်.. ကံကြမ္မာဆိုးတွေကနေ ကင်းဝေးမယ်လို့... ပုဏ္ဏဖြူ ပုဏ္ဏညိုတို့က ဟောကြား ကြတယ်ဖျာ့""မမ တောင် တောင်ညာစံဒေဝီဖြစ်နေပြီပဲဟာ ထိမ်းမြားဖို့ကို ကိုယ်တော်က ရက်‌ရွှေ့နေသေးတာလား""တောင်ညာစံဒေဝီသခင်မဘုရား နဲ့ ဆက်နွယ်သော .. ကံကြမ္မာမျိုးမဟုတ်ပါဘုရား.. နောင်ရင်းသခင်လေးနဲ့ ဆက်နွယ်သော ကံကြမ္မာမျိုး ဖြစ်ပါတယ်ဘုရား""ကျွန်တော်နားမလည်ဘူး ဉီးရီးတော်။""နောင်ရင်းသခင်လေးရဲ့ ဇာတာက .. ယောက်ဖတော် ဖြစ်လာမယ့် ရွှေကိုယ်တော်ကြီး ဇာတာထက် နိမ့်ပါးနေလို့ အသက်ဘေးအန္တရာယ် ရှိနိုင်ပါတယ်ဘုရား။ ဇာတာနှစ်ခု တိုက်ဆိုင်ကြည့်လိုက်တော့ သခင်လေးမွေးနေ့ပွဲမတိုင်မီ ရွှေကိုယ်တော်ကြီးလက်ဆက်မှသာ..သခင်လေးရဲ့ ဇာတာစန်းလဒ်တွေ ပြန်လည် ဆန်းသစ်လာမှာတဲ့ဘုရား။ ဇာတာနှစ်ခုက အပြန်အလှန် အကျိုးဖြစ်မယ်ဆိုလျှင် ရွှေကိုယ်တော်ကြီးလည်း ကျန်းမာရေး ထိပါးလိမ့်မလားမသိနိုင်ပါဘုရား"အိုး.. ကိုယ်တော့်ကိုပါ ထိခိုက်မယ်တဲ့လား။ ဒါဆိုရင်တော့မဖြစ်သေးဘူးလေ။"ကိုယ်တော်နဲ့ တွေ့တော့ ကျွန်တော် ပြောလိုက်ပါ့မယ်။ တစ်ကယ်ဆို မမတို့က အဆင်ပြေနေပြီပဲမဟုတ်လားဉီးရီးတော်။" "သခင်လေး လျှောက်ဖြစ်‌အောင် လျှောက်ပေးပါဘုရား..။ ကျွန်တော်မျိုး နန်းတော်ပြင်ပ ထွက်ရမှာမို့ ခွင့်ပြုတော်မူပါဘုရား"ပြောရင်းဆိုရင်း ပြန်ထွက်သွားတဲ့ ဉီးရီးတော်တို့နှစ်ယောက်ကို မြတ် စိတ်ညစ်ညူးစွာပဲ ငေးကြည့်နေမိသည်။နန်းဆောင်ပြင်ပကိုထွက်လာတော့ အရင်ထက်ပိုများလာတဲ့ နောက်လိုက်နောက်ပါတွေကို လှည့်ကြည့်လိုက်ရင်း မြတ် အတော် စိတ်ညစ်သွားရတော့သည်။ "ဝဏ္ဏ .. ရံရွေတော်တွေကို မနက်စာ စားဖို့လွှတ်လိုက်ပါ.. ကျွန်တော့်နောက်က ခင်ဗျားပါရင်ရပြီ""အမိန့်အတိုင်းပါ သခင်လေး"ငါလိုယောက်ဖကို ထားစရာမရှိဖြစ်နေတာ ထူးဆန်းလှတယ်ဆိုပေမယ့်..စေခံတန်းလျားမှာတုန်းက ...ဒေါ်သူဇာနဲ့ ရံရွေတော်တွေ ပြောကြတဲ့ စကားကိုလည်း ပြန်ကြားယောင်နေမိပြန်သည်။ ကျိန်စာ.. ထိုကျိန်စာကို မြတ်.. အတိအကျ သိချင်လှသည်။ ကိုယ်တော့်ကိုတွေ့ရင် မေးမယ်လို့တွေးထားပေမယ့် ထိုခြေနင်းပိုင်ရှင်သည်ကား မမဆီကိုသွားနေတယ်ထင်ပါရဲ့..""အရှင့်သားက တောင်ညာစံဒေဝီအဆောင်တော် မကူးပါ့လား မညို.... ဘာလို့လဲမသိဘူး‌နော် ထိမ်းမြားပြီးအထိစောင့်နေတာများလား။ နောက်ပြီး ဟို ကျိန်စာက ထိမ်းမြားပြီးရင် ပျက်ပြယ်မယ်မဟုတ်လား""ကျိန်စာက အရှင့်သား သက်တော်သုံးဆယ် မကျော်ခင် အသက်ပြန်ဝင်မယ်လို့ ကောလဟာလ ကြားရတာပဲဟဲ့""အထိန်းတော်ကြီး ဒေါ်သူဇာ ပြောသလိုဆိုရင် ကြင်ယာတော်က တောင်ညာစံဒေဝီမဟုတ်ဘူး တဲ့.. ဒါဆိုကျိန်စာထဲက ကြင်ယာတော်ဆိုတာ .. ဘယ်သူလဲမသိဘူး‌နော်""အိုအေ သိချင်မနေပါနဲ့ .. ကျိန်စာထဲမှာ.. ကြင်ယာတော် လွန်လေမှ ကျိန်စာပြယ်မယ် လို့ပါတယ်တဲ့... သေမယ့်ကြင်ယာတော်ကို ပေါ်ပေါ်ထင်ထင် ခေါ်ထားပါ့မလား""ယောက်ဖတော်ကိုတော့ အတော်ကြင်နာတာပါအေ..""ဟုတ်ပါ့အေ.. အရှင့်သား ယောက်ဖတော် ကြင်ယာတော်ဆောင်ခန်း မြန်းလာတော့မှ ပွဲတော်လည်းတည်နိုင်လာတယ်၊ စက်တော်လည်းခေါ်နိုင်လာတယ်။ ရွှေစိတ်တော် ညှိုးလွန်းလို့ မကျင်းပဖြစ်တာကြာတဲ့ မြင်းခင်းသဘင်တောင် ကျင်းပလိုက်သေးတာ။ ဟို ‌ယောက်ဖတော် ဘွဲ့ယူတော့.. လိုက်သွားသေးတယ်တဲ့အေ့.. ရန်ပုံခွင်းနဲ့ စားဖိုဆောင်မင်းကြီး ပြောနေတာ ကြားမိရဲ့""ဟယ်.. အရှင့်သားက ယောက်ဖတော်ကိုထမ်းပိုးပြီး.. ခေါ်သွားတော်မူလိုက်တာ ဆောင်ခန်းထဲပိတ်ထားလို့တဲ့အေ့.. လည်ပါတ်နေကျ ကလေးတွေဆီတောင် မလာဘူးတဲ့""ဟဲ့ ကောင်မတေ.. အာတော်တော်ချောင်ကြတယ်လား။ သရက်သီးကောက်စရာရှိတာကောက်စမ်း။ ငါမပြောလိုက်ချင်ဘူး အရှင့်သား ဓါးက မထုတ်တာကြာပေမယ့် ဇက်‌တော့ အေးအေးလေးပြတ်တယ်နော်""ကောင်းပါ့အေ.. မယ်ရွှေမိတို့များ ကိုယ်ရံတော် တိက္ခရဲ့ ခယ်မတော်တော့မှာဆိုတော့လည်း တို့က ကြောက်ရတာပ.. ဟားဟား"သရက်သီးခူးသူ ခူး ကောက်သူကောက်နဲ့ တစ်ရုန်းရုန်း ပျော်နေကြတဲ့ ရံရွေတော်တစ်သိုက်.. မြတ်ကို မမြင်ကြ။ မြတ် နားထောင်နေရာက နောက်ကအမီလိုက်လာတဲ့ ဝဏ္ဏကို အသာလက်တို့ခေါ်လာခဲ့ပြီး.. မြက်ခင်းကိုဖြတ်ကာ လျှောက်လာခဲ့မိသည်။ ကျယ်ပြန့်တဲ့ မြက်ခင်းပြင်ကြီး အနားသတ်.. တောအုပ်လေးထဲမှာ မြတ်လေးပွင့်တွေ ဆောင်တော်ကူးပွင့်တွေက သစ်ပင်တွေပေါ်တွယ်တက်ပြီး ပွင့်နေတာ မွှေးပျံ့လို့.. ဟိုးခပ်လှမ်းလှမ်း မှာ ကိုယ်တော်ပြထားဖူးတဲ့ ရေကန်ကြီး ရှိသည်။ ဝဏ္ဏကို တစ်ခွန်းမှ မဆိုဘဲ ရေကန်ဘက် လျှောက်လာလိုက်တော့... နေတောင်အတော်မြင့်လုပြီ။ "ဝဏ္ဏ ဗိုက်ဆာနေပြီလား""သခင်လေးဘုရား.. စိတ်တော် ညှိုးနွမ်းစရာများရှိပါလျှင် မိန့်တော်မူပါဘုရား""မရှိပါဘူး ဝဏ္ဏ.. ကျွန်တော် ဒီနားမှာ ခဏထိုင်ချင်သေးတယ်.. ရေကန်က အကျယ်ကြီးပဲရော ဗျ။ ဟိုးဘက်ကမ်းက ကားလမ်းထင်တယ်နော် ဝဏ္ဏ..""သခင်လေးဘုရား.. မနက်ပွဲတော်လည်း မတည်ဖြစ် နေ့လည်ပွဲတော်လည်း‌နောက်ကျနေပြီဘုရား.. ကျွန်တော်မျိုးပွဲတော်အုပ် ဆောင်ယူပါ့မယ် .. ဒီနားကနေ စောင့်တော်မူပါဘုရား""ခင်ဗျားသဘောအတိုင်းပဲ ဝဏ္ဏ"ဝဏ္ဏ ဖုန်းထုတ်ပြီး အကြောင်းကြားနေတုန်း .. မြတ် ကိုင်းကြီးတွေယှက်နွယ်နေတဲ့ ကုက္ကိုပင်ကြီး ဂွကြားထဲ တက်ထိုင်လိုက်သည်။ လူတစ်ရပ်ခန့်မြင့်တာမို့ ရေကန်ကြီးကို အပေါ်စီးက မြင်နေရတာ သိပ်သာယာသည်။ အြမင့်ကမို မြတ်လေးရုံများ.. ဆိတ်ဖလူးပင်များကိုကျော်ကာ မြင်နေရတဲ့ မြင်ကွင်းထဲ.. အုန်းခွံရောင်မြင်းကို ဆွဲလျက် ဝင်လာတဲ့ ကိုယ်တော်ကြီး... မတွေ့ရတာ ကြာလို့ထင်ပါရဲ့.. ပိန်တော်သွားသလို.။ ရေကန်ကြီးနံဘေး တစ်ပါးတည်း မြတ်လေးပန်းခိုင်များကို ခူးဆွတ်ကာ နမ်းရှုံရင်း ကန်ရေပြင်ကို ကြည့်ကာ ပြုံးလေသည်။ ကိုယ်တော့်အပြုံးကို မြတ် တစ်ကြိမ်လေးတောင် မမြင်ဖူးခဲ့။ ခန့်ညားတဲ့ကိုယ်ဟန် နဲ့ အားပါးတရပြုံးနေပုံက.. မြတ်နှလုံးသားကို ‌နွေးထွေးစေသည်။ ကိုယ်တော်က‌တော့ ကန်ရေကို ခေါင်းထိုးသောက်နေတဲ့ တိုးပွားကို .. စကားတွေ ပြောနေလေသည်။"တိုးပွား... မောင်မင်းကတော့ မိသားစုလေး ရပြီပေါ့ကွယ်။ ကိုယ်တော်ကတော့ တစ်ပါးတည်း ဖြစ်နေအုံးမှာကွဲ့။ ကိုယ်တော် အခုလို ခပ်ဝေးဝေးနေရတာ ပင်ပန်းတယ် တိုးပွား။ ဟုတ်တယ် .. ကိုယ်‌တော့် မေတ္တာတရားတွေက တိုးရင်းပွားရင်းနဲ့ ကြီးထွားလာနေတာ.. အနားမှာရှိနေရင် ကိုယ်တော် စိတ်ချမ်းသာရဲ့ကွယ်။ သို့ပေမယ့်လေ.. ကိုယ်တော့် ကြမ္မာကို ကိုယ်တော် မယုံရဲဘူး တိုးပွား။ ကိုယ်တော့်ကြောင့် ဖျတ်လတ်သွက်လက်နေတဲ့..သူကလေး.. ကံကြမ္မာဝဲဂယက်ထဲမှာ ရောထွေးပြီး စိတ်ညစ်ညူးရမှာ စိုးရိမ်တယ်ကွယ်။ ဒီလိုသာ မြတ်နိုးရမယ်ဆိုရင် ခပ်စောစောက ဆောင်ယူခဲ့ပါရဲ့ တိုးပွားရယ်"သေသေချာချာ ကြားရတဲ့ စကားဆိုတော့လည်း မြတ်နှလုံးသားနဲ့ နားလည်မိသည်။ ခက်ပြီ။ မြတ်အသံမထွက်အောင် ကြိုးစားနေကာမှ ပွဲတော်အုပ်ပို့လာတဲ့လူတစ်စုက မြက်ခင်းကိုဖြတ်လျက် ရောက်လာကြတော့မယ်။ ရေသောက်ပြီးသွားတဲ့ တိုးပွားကိုယ်ပေါ် ကိုယ်တော် လွှားကနဲခုန်တက်ကာ မောင်းထွက်သွားတော့မှ မြတ် သက်ပြင်းချနိုင်တော့သည်။ ရောက်လာတဲ့ ပွဲတော်အုပ်ကို မြက်ခင်းပြင်မှာပဲ ထိုင်စားလိုက်ပြီး.. မတွေ့ရတာကြာပြီဖြစ်တဲ့ မမဆီ သွားတွေ့ဖို့ မြတ် စိတ်လက်ပေါ့ပါးစွာ ခြေလှမ်းလိုက်တော့သည်။ 🌺🌺🌺 "နောင်တော်..ဘုရား။ အတိတ်ကို ပြန်အသက်သွင်းနေတာလားဘုရား။ ဒါဆို နောင်ရင်းအိမ်တော်အတွက် .. မတရားဘူးနော်ဘုရား"မိုးမလင်းသေးမီ ဆောင်ခန်းထဲ ပြန်ရောက်ကာစ .. နန်းဆောင်ခန်းထဲ ညီတော် ဝင်လာရင်း .. စိတ်ပူပန်စွာ ဆိုလာခဲ့တဲ့ ညီတော် သတိုးမဟာမင်းရှိန်...."ညီတော့်ကို နန်း‌တော်ထဲ ဘယ်သူဝင်ခွင့်ပြုလဲ"ကိုယ်တော့်သလွန်နံဘေး ဝင်ထိုင်ရင်း ကလေးတစ်ယောက်လို ချွဲလာတာမို့.. ကိုယ်တော်ကြီး ညီတော့်ကို ဘာမှမတတ်နိုင်အောင် ခွင့်ပြုလိုက်ရသည်။ "ဆွဲတော့မထုတ်ဘူးမဟုတ်လား ဘုရား""ညီတော်.. ကျန်းမာရဲ့မဟုတ်လား""ကျန်းမာပါတယ် နောင်တော်။ ဆရာဝန်တွေက စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာလို့ နာမည်တပ်ပါတယ်။ ကျိန်စာတွေ ဘာတွေကြောင့်မဟုတ်ပါဘူး နောင်တော်.. ဒါကြောင့် စိုးနှောင့်မနေဘဲ မြတ်ကို အိမ်ပြန်ပို့လိုက်ပါတော့။""ညီတော်.. မြတ်ငယ်ကို သွားတွေ့ခဲ့ပြီလား" "မစိုးရိမ်ပါနဲ့ နောင်တော်.. ညီတော် ဘာမှ ပြောခဲ့ပါဘူး။ အချိန်မလွန်ခင်.. အိမ်ပြန်ပါ့စေ နောင်တော်။""ညီတော်.. အတွင်းလမ်းကိုသုံးခဲ့တယ်ပေါ့""နောင်တော်... တိုက်ပိတ်ထားလို့.. ဒီအမျိုးကောင်းသားက အမိန့်မဖီဆန်ဘဲ နေတယ်ထင်နေတာလား။ ဉီးရီး‌တော်တို့ လမ်းစဉ်ကို ထပ်မံလို့ ခွင့်မပြုလိုက်ပါနဲ့ဘုရား။ မြတ် ဟာ. .. ရိုးစင်း အပြစ်ကင်းလွန်းပါတယ် ဘုရား။ နောင်တော်.. ဉီးရီးတော်နန္ဒလက်ထဲများ ဝကွက်အပ်ဖို့ အစီအစဉ် ရှိနေတာလားဘုရား။ ညီတော် ခွင့်မပြုနိုင်ဘူးနော် နောင်တော်" "ညီတော်.. ကျန်းမာတာမြင်ရ ကိုယ်တော် သိပ်ဝမ်းမြောက်တယ်""ဘာလဲနောင်တော်.. အိမ်တော်ကနေဝေးဝေးပြေးနေနိုင်ရင် ကျိန်စာက မသက်ရောက်ဘူးလို့ ထင်တော်မူတယ်လား။""အဲ့လို မျှော်လင့်တယ် ညီတော်။ နောင်တော့်မွေးနေ့မင်္ဂလာမတိုင်မီ.. သိလိုနေတာ""နောင်တော်.. ကိုယ့်ခံစားချက်ကို ကိုယ်နားလည်ရဲ့မဟုတ်လား ဘုရား.. ရင်နာရမယ့်ကိစ္စများ ရှောင်ရှားပြီး.. ဘာအပြစ်မှ မရှိတဲ့ မြတ် ကို စောင့်ရှောက်ပေးတော်မူပါ ဘုရား" "ညီတော်.. နောင်တော့် အသက်နဲ့ ခန္ဓာထက်ကို ပိုလို့ မြတ်နိုးစောင့်ရှောက်ပါမယ်"လွှတ်ကနဲ ထွက်လာတဲ့ ကတိစကားကြောင့် မင်းမဟာ ပါးစပ်အဟောင်းသားဖြင့်.. အံ့အားသင့်သွားမိသည်။ နောင်တော့် ကိုယ်သင်းနံ့ကို အတွင်းလမ်းတစ်လျှောက် ရခဲ့တာတောင်မှ.. နှုတ်ထွက်စကားက အံ့အားသင့်အောင် လုပ်နိုင်သေးသည်။ ဒီလို နူးညံ့မှုမျိုး .. မမြင်ရတာလည်း ကြာခဲ့လှပြီ။ ဉီးရီးတော် ပျောက်ဆုံးကတည်းက .. ဒီနန်းဆောင်ကြီးခြောက်ကပ်သွားခဲ့တာ.. နောင်တော် တစ်ပါးတည်း ဘယ်လောက်များ အထီးကျန်နေလိမ့်မယ် မင်းမဟာ ကောင်းစွာ နားလည်သည်။ ထိမ်းမြားအလွန်.. ဆိုတဲ့ ကျိန်စာကတော့ နောင်တော့်ကိုသာမက.. နန်းအပြင်ကိုရောက်နေတဲ့ မင်းမဟာအတွက်.... အိမ်မက်ဆိုးတစ်ခု မဖြစ်လာဖို့ .. မျှော်လင့်ပေမယ့်.. ဒါ မဖြစ်နိုင်တော့။ နောင်တော်ရဲ့ ကြင်ယာတော်အပေါ်ထားတဲ့ စိတ်ထားကို ဒီပါစံနန်းဆောင်ထဲ ထည့်ထားတဲ့ လူငယ်လေးပုံစံကြည့်ရုံနဲ့ သိနိုင်တယ်မဟုတ်လား။ညီတော်ပြန်ထွက်သွားတော့ ကိုယ်တော်ကြီး ကိုယ့်ခံစားချက်ကို ကိုယ်စေ့ငုမိသည်။ မေးစရာမလိုအောင် အဖြေက ထင်ရှားနေပြီးသား။ ညစဉ်တိုင်း အတွင်းလမ်းကနေ.. နှစ်နှစ်ခြိုက်ခြိုက် စက်တော်ခေါ်နေတဲ့ မြတ်ငယ်အနား.. သွားနေမိတဲ့ ကိုယ့်ကိုယ်ကို ... အိမ်ရှေ့စံ ဆိုတာ မေ့နေလောက်အောင်ပဲ.. သေချာနေခဲ့ပြီးသား။ အတွင်းဆောင် ဝင်လာတဲ့ ရန်ပုံခွင်းနဲ့ ရန်‌အောင့်ကို ကိုယ်‌တော်ကြီး အမိန့်ပေးလိုက်ရသည်။ "နောင်ရင်းငယ်ကို လွတ်လပ်စွာ လှည့်လည်ဖို့ မိန့်လိုက်တယ် ရန်ပုံခွင်း.... ဝဏ္ဏဆီ.. အကြောင်းကြားလိုက်။ ရန်အောင်.. မြင်းစီးဝတ်စုံ ပြင်ဆင်စမ်း။ ကိုယ်တော် မြင်းရေးလေ့ကျင့်တော်မူမယ်"နန်းတော်နဲ့ ဝေးနေလို့... နန်းဆောင်ထဲမှာမဟုတ်လို့.. ကျိန်စာက မသက်ရောက်နိုင်ဘူးဆိုလျှင်.. မြတ်ငယ် ပြန်လိုပါက ပြန်ပါစေတော့..။ ဒါပေမယ့် မွေးနေ့အလွန်အထိတော့ မြတ်ငယ်ကို ကိုယ်‌တော်စောင့်ရှောက်ရပေလိမ့်အုံးမည်။ နောက်ကျောက ထိုးမယ့်ဓါး.. ဘယ်အရပ်ကလာနိုင်တယ်ဆိုတာ ဘုန်းရှိန်ရောင်ဝါ ကောင်းကောင်းသိတာမို့.. မြတ်ငယ်ကို အနားမှာထားကာ စောင့်ရှောက်ပေးရပေအုံးမယ်လေ။ 🌺🌺🌺🌺🌺🌺ညီလာခံပြီးချိန် နန်းဆောင်ထဲပြန်ဝင်လာရင်း ဒီပါစံနန်းဆောင်ဘက် ကိုယ်တော်ကြီး လျှောက်လှမ်းလာမိသည်။ နောင်ရင်းငယ်နဲ့ စကားမပြောဖြစ်တာ ပွဲတော်အတူမတည်ဖြစ်တာ ကြာခဲ့ပြီပဲ။ ညီတော့်လက္ခဏာအတိုင်းဆိုလျှင်ဖြင့် .. မည်သူမှ မထိခိုက်စေဘဲ ကျိန်စာကို ပြယ်စေဖို့ နည်းလမ်း ရှိနေပြီဆိုပေမယ့် နောက်ဆုံးက ဖော်မရသေးတဲ့ ပုစ္ဆာတစ်ခုကြောင့် စိတ်တော့မအေးရသေး။ "သခင်လေး မြက်ခင်းပေါ်မှာ ဘောလုံးလေ့ကျင့်နေကြောင်းပါဘုရား"ရန်ပုံခွင်း.. ရဲ့ လျှောက်တင်မှုတောင် မဆုံးလိုက် ကိုယ်တော်ကြီး ချာကနဲပြန်လှည့်ကာ နန်းဆောင်ပေါ်က ဆင်းသွားတာမို့ နောက်လိုက်နောက်ပါများ အပြေးအလွှား လိုက်သွားကြရတော့သည်။ မြက်ခင်းပြင်မှာ မြတ်တစ်ယောက်တည်း ဘောလုံးကို တော့ကာကန်ရင်း သွေးပူအောင်လေ့ကျင့်နေမိသည်။ ခြေချုပ်ချခံထားရတဲ့ တစ်ပါတ်လောက် အညောင်းမိနေတာ။ မမနဲ့အတူ နေ့လည်စာစားရင်း ကိုယ်တော်နဲ့ အခြေအနေကို စေ့ငုကြည့်တော့ ကိုယ်တော်က ဒီနေ့အထိ မမဆီ လာတောင်မလာခဲ့ဘူးတဲ့လေ။ ကိုယ်တော် ဘာတွေလုပ်နေတာလဲ။ ဒီလိုဆို‌တော့လည်း ရံရွေတွေ အတင်းတုပ်ကြသလို ကြင်ယာတော်နောက်ထပ်တစ်ယောက် ရှိနေသေးတာများလား။ ဒါဆို ငါ့အပေါ်ထားတဲ့ သ‌ဘောထားကရော.. ငါကပဲထူးဆန်းနေတာ မဟုတ်ဘူး လို့ ဘာလို့ အသေအချာ ခံစားနေရတာလဲ။မြတ် အဖြေမရှိတဲ့ အမေးတွေကို ခေါင်းထဲမှာ ဝေ့လည်နေရင်း.. ဘောလုံးကို တော့ကာ တစ်ပါတ်ပြေးလိုက်သည်။ ကလေးတွေ စာမေးပွဲနီးနေလို့.. အဖော်စပ်မရတာနဲ့ တစ်ယောက်တည်း သွေးပူအောင်လုပ်နေရတာ။ "နောင်ရင်းငယ်.. ရံရွေတွေနဲ့အတူ ကစားပါ့လား..တစ်ကိုယ်တည်း ပျင်းနေရော့မှာပေါ့""ကိုယ်တော်...""နောင်ရင်းငယ် နန်းတွင်းထဲမှာ နေရတာ ပျင်းရိတယ်ထင်ပါ့။ အပြင်ကို အလည်အပါတ် သွားလိုက သွားဖို့ ကိုယ်တော် ခွင့်ပြုတော်မူတယ်ကွဲ့"မြတ် .. ကိုယ်တော့်ကို သတိရလွမ်းဆွတ်နေခဲ့တာ... ကိုယ်တော့် အသံကြောင့် ရင်ထဲက နှလုံးခုန်သံကို ကိုယ့်ဘာသာ ပြန်ကြားနေရလောက်အောင်ကိုပဲ စိတ်လှုပ်ရှားမိသည်။ " ကိုယ်တော်.. ကျွန်တော် ဘယ်ကိုမှမသွားချင်ပါဘူး။ အသွားအပြန်နဲ့တင် တစ်နေကုန်မှာ ဘယ်ကိုမှ လည်ဖို့အချိန်ရမှာမဟုတ်ဘူးကိုယ်တော်။ အမှန်ဆို ရန်ကုန်မြို့ထဲမှာ.. အိမ်ဆောက်နေဖို့ကောင်းတယ်။ ဒီနေရာက အရမ်းဝေးလွန်းတယ်""ကိုယ်တော်တို့ အလုံမြို့နယ်မှာ စံအိမ်တော်ရှိပါတယ် ကိုယ်လုံပညာ သိုင်းသင်တန်းဖွင့်ထားတယ် နောင်ရင်းငယ်""အာ.. သိုင်းသင်တန်း. စိတ်ဝင်စားစရာပဲ ကိုယ်တော်။ ကိုယ်တော်ရော သိုင်းတတ်တာလား။ မြတ်နဲ့တစ်ပွဲလောက် စမ်းကြည့်မလား မြတ်က ဂျူဒိုသင်တန်းတက်ထားတာ" အနားကပ်ပြီး ခပ်ကြွားကြွားဆိုတာတဲ့ ကောင်ငယ်လေးကို ဘုန်းရှိန်ရောင်ဝါ အသည်းယားမိသည်။ ဒီလိုချစ်ဖို့ကောင်းလှတဲ့ ကြင်ယာတော်ကို တစ်မင် မဆုံဖြစ်အောင် ရှောင်နေဖို့ ဘုန်းရှိန်ရောင်ဝါမှာ အားမရှိတော့။ "ကိုယ်တော်က ဒီလိုမြက်ခင်းမှာ ကျောခင်းလဲကျလိမ့်မယ်လို့ မောင်မင်းထင်နေသလား နောင်ရင်းငယ်""ဒါကတော့ ကိုယ်တော့်အစွမ်းအစ ကို ကြည့်ရမှာပဲလေ။ ခါးပတ်အနက်တွေဘာတွေမရပေမယ့် ရန်ဖြစ်တိုင်း မြတ်ကကြည့်ပဲ လှဲသိပ်နေကျ။"ရင်းနှီးလှတဲ့ အခေါ်အဝေါ်ကြောင့် ကိုယ်တော် စိတ်နှလုံးတွေ ကြည်နူးခြင်းတို့နဲ့ ပြည့်လျမ်းလာရသည်။ "ရန်ပုံခွင်း.. ပုဆိုးတော် လဲပေးစမ်း"ထောင်ထောင်မောင်းမောင်းကိုယ်ရံတော်ကြီး တစ်ခါတည်းပြေးလာပြီး တောင်ရှည်ပုဆိုးကို တစ်ပါတ်စီ လိပ်ကာ ချွတ်ပေးတော့ မြင်းစီး‌ဘောင်းဘီတို သာ ကျန်ရစ်သည်။ ကိုယ်တော့် ပေါင်နဲ့ ခြေသလုံးကို ကြည့်ရင်း မြတ် တံတွေးမျိုချလိုက်ရပြန်သည်။ ချီမြှောက်ပြီး ခေါ်သွားခဲ့တုန်းက အနီးကပ်မြင်ထားရတဲ့ ဒီနေရာတွေက အခုလည်း အရင်လိုပဲ။ "မောင်မင်းက မောင်မင်းပညာနဲ့ ယှဉ်ကွဲ့။ ကိုယ်တော်က ကိုယ်တော့်အတတ်နဲ့ တိုက်ခိုက်မယ်။ ထိခိုက်မိတာရှိတာနဲ့ ရပ်စေ နော်""ကိုယ်တော့်ကို မထိခိုက်စေရပါဘူး.. ကိုယ်တော် လဲကျသွားရင် မြတ်အနိုင်နော်"အဟက်.. နောင်ရင်းမျိုးရိုး စစ်သူကြီးရဲ့ မြေးပဲကိုယ်တော်ရယ်။ မြတ်သန်မာမှုကို ကိုယ်တော်မြင်ရပါလိမ့်မယ်။တိုက်ခိုက်ဖို့ .. အသင့်ပြင်ပြီးတာနဲ့ မြတ်ရဲ့ ချုပ်ကိုင်မှုကို အသာတိမ်းရှောင်ရင်း မြတ်လက်တွေကို ပုတ်ချကာ သိုင်းကွက်ဖော်နေတဲ့ ကိုယ်တော်ကြီးသည်ကား ရွှေရောင် စကြ်ာ လေး လေတိုက်တိုင်း လှည့်လွင့်နေသလိုပုံမျိုးမို့ ကြည့်မဝနိုင်အောင်ပင်။ တစ်ယောက်နဲ့တစ်ယောက် ‌စောင့်ကြည့်ရင်း လှည့်ပတ်နေတာ.. သုံးလေးပတ်မ‌ကတော့..။ မြတ် တစ်ချက်ပြုံးလိုက်မိသည်။ ကိုယ်တော့် ဟာကွက်ကိုတွေ့ပြီ။ ထပ်တစ်ခါ ကိုယ်တော့် အင်္ကျီကို ကိုင်ဆွဲဖို့ ပြင်လိုက်တော့ ကိုယ်တော်က မြတ်လက်ကိုပုတ်ထုတ်ရင်း လည်ပင်းနေရာကို ထိုးလိုက်တာမို့ မြတ် ခါးယိမ်းကာရှောင်တိမ်းရင်း တစ်ပါတည်းကိုယ်တော့်လက်ကို ကိုင်လျက် မြက်ခင်းပေါ် လှဲချလိုက်တော့သည်။ တစ်ပါတ်ကျွမ်း လည်ပြီးကျရမှာမှန်ပေမယ့် အရပ်ရှည်လှတဲ့ကိုယ်တော်က မြက်ခင်းပေါ် ကျောနဲ့လဲကျတဲ့မြတ်ကိုယ်ပေါ်ကို တိတိကျကျ ထပ်လျက်လဲကျလာသည်။မြတ်ကတော့ကိုယ်တော့်လက်ကို မလွှတ်ပေးသေးဘဲ ကိုယ်တော့်ခါးကို ထိန်းကိုင်ထားတာမို့ .. နီးကပ်လှတဲ့ မျက်လုံးနှစ်စုံနဲ့ နှုတ်ခမ်းများ.. ထိလု မတတ်။ရန်ပုံခွင်း ဓါးတစ်ချက်ဆွဲအထုတ်မှာ နောက်လိုက်နောက်ပါများ ဒူးထောက်ခေါင်းငုံ့ကုန်ကြတော့သည်။ မြတ် ရင်ထဲက နှလုံးသားတစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ခုန်လိုက်တာဆိုတာ.. နီးကပ်လွန်းတော့မှ ကိုယ်တော့်နှုတ်ခမ်းများက နီရဲတဲ့အနားသတ်လေးတွေ ပါတာကို မြင်ရတော့တာ.. ကိုယ်တော့် ကိုယ်သင်းရနံ့ကလည်း... ပဒုမ္မာကြာပန်းအနံ့အလား.. သင်းပျံ့လို့။ ထိကပ်နေတဲ့ အစိတ်အပိုင်းတိုင်းက နူးညံ့လိုက်တာ။ ဆွဲကိုင်ထားမိတဲ့ လက်ကောက်ဝတ်နေရာကစပြီး လက်ဖဝါးအထိ.. အိစက်နေလိုက်တာ..။ စိတ်လွတ်ကိုယ်လွတ် ကိုယ်တော့်လက်ဖဝါးကို မြတ်ပါးမှာ ကပ်ထားမိလိုက်သည်။ပါးနှစ်ဘက်လုံး နီမြန်းပြီး .. မျက်လုံးလေးတွေ တစ်ဆတ်ဆတ် ခုန်နေတဲ့ ကိုယ်တော်.. မျက်လွှာလေး ချသွားတော့ မြတ် ကိုယ်တော့် ပါးတစ်ဘက်ကို ဖိနမ်းပစ်လိုက်တော့သည်။ထိုခဏမှာ မမကိုလည်း မြတ်သတိမရတော့။ ယျောက်ျားချင်းဆိုတာလည်း စိတ်မဝင်စားတော့။ ယောက်ဖတော် ဆိုတာကိုလည်း မေ့ပစ်လိုက်မိပြီး.. ကိုယ်တော့်ကို သာ ပိုင်ဆိုင်ရမယ်ဆိုရင်... ဉီးရီး‌တော် ပြောတဲ့ ကံကြမ္မာဆိုတာကို ရဲရဲကြီး ရင်ကော့ပြေးတွေ့လိုက်ဖို့.. အဆင်သင့်ဖြစ်နေခဲ့တာပဲဖြစ်သည်။အဆောင်တော်ပြန်ရောက်တဲ့အထိ ကိုယ်တော် စိတ်နဲ့လူနဲ့မကပ်နိုင်..။ ရာဇအိနြေ္ဒ ထိမ်းထားတဲ့ကြားက အယောင်ယောင်အမှားမှားတွေနဲ့ ခြေလှမ်းတောင် မမှန်ချင်။ ပါးတစ်ဘက်က စွန်းထင်းတဲ့ အကြင်နာကို တစ်သိမ့်သိမ့်နဲ့ ထိတွေ့ရင်း နူးညံ့လှတဲ့ နှုတ်ခမ်းတစ်စုံကိုလည်း တပ်မက်နေမိသည်။"ကိုယ်တော်မြတ်နိုးခွင့်ရအောင် လမ်းဖွင့်ပေးလိုက်တာ မြတ်ငယ်ရယ်.. မောင်မင်းရဲတင်းလိုက်လေတယ်" ဆောင်ခန်းထဲ ပြန်ရောက်လာတဲ့အထိ ရံရွေတော်တွေကို ဘာမှမမိန့်မိ။ ရန်ပုံခွင်း အနားတိုးလျှောက်တော့မှ ကိုယ်လက်သန့်စင်ဖို့ ခွင့်ပေးမိသည်။ ဒီအတိုင်းဆိုလျှင် .. ဒီကိုယ်တော် အတွင်းလမ်းကိုဒီနေ့ သုံးလို့မဖြစ်ဘူးထင်ပါရဲ့။ နှစ်ခြိုက်စွာ အိပ်‌စက်ပါ မြတ်နိုးရာလေး.. ဒီကိုယ်တော်.. မနက်ပွဲတော်တည်ဖို့ ကြွခဲ့ပါ့မယ်.. ဒီညပွဲတော်ကိုတော့ .. စားဝင်မှာမဟုတ်တော့ဘူးလေ..။ နံနက်ပွဲတော်တည်ဖို့ ချိန်းဆိုခဲ့ခြင်းမရှိလို့သာ ‌တော်သေးသည်ဆိုရမည်။ ပုံမှန်အတိုင်း.. ညီလာခံဆိုပေမယ့် ဒီနေ့ အရေးကြီးပေသည်။ ဘွားတော်ဘက်က အမျိုးအဆွေများနဲ့ စပ်တူတည်ထောင်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်း စက်ရုံတွေက အကျိုးအမြတ်ကို ခွဲဝေမည့် နေ့ဖြစ်သည်။ ကိုယ်တော် စိုက်ထုတ်ထားတဲ့ ငွေပင်ငွေရင်းကို သင်းတို့ မှီပြီး အြမတ်ယူတာ နှစ်ပေါင်းမနည်းတော့။ အကျိုးအမြတ်ကိုလည်း.. အိမ်နိမ့်စံ‌တွေက အကြောင်းအမျိုးမျိုးပြပြီး. ခွဲဝေတိုင်း မညီမမျှ.. အသာစီးယူနေကြတာ. .အထူးသဖြင့် ရတနာ အိမ်နိမ့်စံတွေ.. ကိုယ်တော်ကြီးသည်းညည်းခံခဲ့တဲ့နေ့တွေ ကုန်ပြီ။ ဒီနေ့တော့ ငွေပင်ငွေရင်း အတိုင်းအကျိုးအမြတ်ကို အတိအကျ ခွဲဝေစေရမည်။ ဒီ စက်ရုံတွေက ရသမျှ အကျိုးအမြတ်က ကြင်ယာတော်ဖို့ ရည်မှန်းထားပြီးသား။ အရင်လို ပေါ့ဆဆ သဘောထားလို့မရတော့အောင် ကြင်ယာတော်က လွှမ်းမိုးလွန်းတာပဲလေ။ ထိုလွှမ်းမိုးလွန်းလှတဲ့ ကြင်ယာတော်ကို ပိုင်ဆိုင်ကြောင်း.. အထောက်အထား စာရွက်လေးကိုသာ ကိုယ်တော် ထုတ်လို့ကြည့်လိုက်ရသည်။ ထို စာရွက်‌လေးက ခြည်နှောင်တဲ့ စာချုပ် ဆိုပါစို့ရဲ့။ ထိုစာချုပ်လေးကိုသာ ကိုယ်တော် ပိုင်ဆိုင်သည်။ ထို့အပြင် ထိုစာချုပ်လေးက အမတစ်ယောက်ရဲ့ မောင်အပေါ်မှာထားတဲ့ မေတ္တာတရားကို ဟိုအရင် တုန်းက အဖြစ်အပျက်အတိုင်း ထင်ဟပ်ပြနေပေသည်။ဒါပေမယ့် မောင်တော့်လက်ထက်မှာတော့ ဒီလိုမျိုးအဖြစ်မခံတော့ဘူး ကြင်ယာတော်။ မောင်တော် အတတ်နိုင်ဆုံး.. ကာကွယ်သွားမှာ။ မောင်တော့် ကတိစကားအတိုင်း အသက်နဲ့ ခန္ဓာထက် မြတ်နိုးစွာ စောင့်ရှောက်သွားမှာ။ ကြင်ယာတော်က မသိဘူးဆိုရင်တောင်မှ.. ။ "အရှင့်သား .. ဧည့်သည်တော်များ ရောက်ကြောင်းပါဘုရား""ကောင်းပြီ"လက်ပ်တော့ကို ယူပြီး ရန်အောင့်လက်ထဲထည့်လိုက်ကာ ရှေ့ကနေ ရာဇမာန်ဖြင့် လှမ်းကြွ သွားခဲ့ရပေမယ့်.. ကိုယ်တော်ကြီးစိတ်နှလုံးကတော့ ကြင်ယာတော် စံမြန်းရာ နန်းဆောင်ဘက် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပြီး ထွက်သွားခဲ့လေပြီ။✨✨✨နံနက်စာ စားဖို့ စောင့်နေခဲ့ပေမယ့်..မျှော်နေရတဲ့ ခြေနင်းလေးက မြတ်ရှေ့ကို ပေါ်မလာခဲ့။ မနေ့က နမ်းလိုက်လို့များ စိတ်ဆိုးသွားလေသလား။ ဒါက မဖြစ်နိုင်လောက်။ နှုတ်ဖျားကခပ်တိုးတိုး အို လို့သာ မိန့်ပြီး ဖုတ်ဖက်ခါ ထြပန်သွားခဲ့တာပဲ.. စိတ်ဆိုးရင် အခုလောက်ဆို ရန်ပုံခွင်းဓါးချက်အောက်မှာ ဇက်ပြတ်နေလောက်ပြီမဟုတ်လား။ တွေးကြည့်တော့ ကိုယ်တော်ကြီးက မြတ်ကို စိတ်ဆိုးခဲတာပဲလေ။ မြတ် .. အစေခံတန်းလျားဆီသွားရမည်။ စိတ်ပြေလက်ပျောက် ကလေးတွေစာကျက်တာသွားကြည့်ရမည်။ ကိုယ်တော့်ကို လျှောက်တင်ဖို့ ဉီးရီးတော် ပြောခဲ့တဲ့ကိစ္စ .. ဘယ်လိုပြောထွက်ရပါ့မလဲ မြတ် တွေးမရနိုင်တော့။ မမနဲ့ မြန်မြန် ထိမ်းမြားဖို့ လျှောက်ရမယ့်အစား.. ကိုယ်‌တော့်ကို ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်မိတာလေလေ.. လမ်းလျှောက်ထွက်လာရင်း နန်းတွင်းသူတွေ သန့်ရှင်းရေးလုပ်နေတဲ့ လျှောက်လမ်းလေးအတိုင်း တက်လာခဲ့တော့ နန်းတွင်းသူတွေ ဒူးထောက်ခစားကြသည်။ ကိုယ်တော်ကြီးတစ်ခါ ခေါ်သွားလို့ ရောက်ခဲ့တဲ့ အိပ်ဆောင်ထဲ တံခါးဖွင့်ဝင်မယ်ကြံတော့ ဝဏ္ဏဆီက တားမြစ်သံထွက်လာသည်။"သခင်လေး.. အရှင့်သား အိပ်ခန်းဆောင်ပါဘုရား။ အခွင့်မရှိ မဝင်ရပါဘုရား""ငါ့ကိုယ်တော်နဲ့ တွေ့ဖို့လိုတယ် ဝဏ္ဏ .. နေ့လည်စာစားချိန် ပြောစရာရှိတာ ပြောနိုင်ဖို့ ငါစောင့်ချင်တယ်။ အခန်းထဲကစောင့်မယ်။ တိက္ခ ကိုယ်တော့်ကို သွားလျှောက်တင်လိုက်""အမိန့်တော်အတိုင်းပါဘုရား"ရွှေကိုယ်တော်ကြီး ချစ်ခင်လွန်းလို့ မြင်းရေးလေ့ကျင့်တဲ့ မြက်ခင်းကို ဘောလုံးကွင်းပြောင်းပြစ်နိုင်တဲ့ ဒီကြင်ယာတော်အမိန့်ကို ဘယ်သူလွန်ဆန်နိုင်မှာလဲ။မြတ်.. တံခါးဖွင့်ဝင်လာပြီး သလွန်တော်ပေါ် တင်ပါးလွှဲထိုင်ရင်း ကိုယ်တော့်လှုပ်ရှားမှုတွေကို မှန်းဆနေမိသည်။ မနေ့တုန်းက လွန်လွန်ကျူးကျူး နမ်းလိုက်တာကို ဘာမှ အရေးမယူဘဲ တိတ်တိတ်ဆိတ်ဆိတ်ပြန်ကြွသွားခဲ့တဲ့ ကိုယ်တော်က.. သူညောင်းမှာစိုးလို့စီးတော်ယာဉ်လွှတ်ပေးဖို့ မမေ့ခဲ့။ ကိုယ်တော့်ကို မြတ် .. တောင်းပန်ရမယ်လေ။ မည်သူမှ မမြင်လိုက်ဘူးဆိုပေမယ့်.. ကိုယ်တော့်လို ရာဇသွေး ရှင်ဘုရင်လောင်းလျာ အတွက်တော့ ဒါက မဖြစ်သင့်တာပဲမဟုတ်လား။ မြတ် အိမ်ပဲပြန်နေတော့မှဖြစ်တော့မှာ။ ဒီအတိုင်းဆိုလျင် မြတ် ကိုယ့်စိတ် ကို ကိုယ်မထိန်းနိုင်တော့လောက်ဘူးထင်သည်။ ရာဇဝင်ရိုင်းမယ့် အဖြစ်မျိုးတွေ ဖြစ်မလာခင် အိမ်ပြန်တော့မယ်လေ။သလွန်ကထပြီး ကိုယ်တော့်အခန်းတစ်ပါတ်လည် လျှောက်ကြည့်နေရင်း.. စားပွဲပေါ် ရွှေရောင် ရက်ချုပ်နှင့် စာချုပ်နှစ်ခု။ ဖွင့်ဖတ်ကြည့်တော့.. သတိုးတေဇရောင်ရှိန်... လက်မှတ်ထိုးကာ ချိတ်တံဆိပ်တော် ခတ်နှိပ်ထားတဲ့ တစ်ဘက်.. နောင်ရင်းမျိုးမြတ်ကြည်သာဟန် လက်မှတ်ထိုးကာ ချိတ်တံဆိပ်တော် ခပ်နှိပ်လျက်.. လက်မှတ်က မမမြတ်နိုးယုယဟန်ရဲ့ လက်မှတ်အမှန်။ နာမည်က ဘာလို့ ထိပ်ထားဒေဝီမြတ်နိုးယုယဟန် မဟုတ်တာလဲ??ဒါ မှားလို့ရတဲ့ ကိစ္စမှမဟုတ်တာ။ နေအုံး.. ဒါက .. ဒါက..။မမ ရောက်ကတည်းက မင်္ဂလာကိစ္စ နေ့ရွှေ့ညရွှေ့ ရွှေ့နေတာ။ မမရောက်လာပေမယ့် မမဆောင်ခန်းကို တစ်ရက်မှမသွားတာ။ မိုးလင်းတစ်ကြိမ် မိုးချုပ်တစ်ကြိမ်.. မြတ်ဆီရောက်လာတာ။ ယောက်ဖတော် လို့ ခေါ်ဝေါ်သော်ညား သခင်လေး ဆိုပြီး ခြွေရံသင်းပင်းတွေ စည်ကားနေတာ.. ဒါတွေက .. ဒါဆို မိဘတွေ စီမံခဲ့လို့ တော်ကောက်ခံရမှာ မမမဟုတ်ဘူးဘဲ။ မြတ် ပဲမဟုတ်လား။နောင်ရင်းမျိုးမြတ်ကြည်သာဟန် ဆိုတာ စစ်သူကြီးနောင်ရင်းမျိုး မျိုးရိုးမှာ တစ်ဉီးတည်းသော သားပဲလေ။ မေးရမယ်။ မြတ် ဘယ်သူ့ကိုမေးရမလဲ.. ဒီကိစ္စက ကိုယ်တော်နဲ့ မမ တို့ သိတဲ့ကိစ္စမို့ ပိုပြီးရင်းနှီးတဲ့ မမကို မေးသင့်တယ်ထင်သည်။ ရှင်ဘုရင် အဆောင်ခန်းထဲ တစ်ယောက်တည်း ထိုင်နေတဲ့ မြတ်.. အခြေအနေအရပ်ရပ်ကို ဆက်စပ်တွေးခေါ်ရင်း ရှေ့ဆက်ဘာလုပ်ရမလဲ ဆိုတာ တွေးနေမိသည်။ ထိုင်နေတာထက် ပိုသေချာတဲ့ အဖြေကို ပေးနိုင်မယ့်သူဆီ သွားရမည်လေ။ တစ်ဖျပ်ဖျပ် ခုန်လှုပ်လှတဲ့ ရင်ကို ဖိကိုင်ရင်း မြတ်.. မမရှိမယ့်အဆောင်ခန်းဆီ အပြေးလှမ်းခဲ့မိတော့သည်။ ***တိက္ခ အမြန်ပြေးလုမတတ် ရောက်လာခဲ့ပေမယ့် အစည်းအဝေးဆောင်မှာ ညီလာခံက အရှိန်ရနေနှင့်ပြီမို့ အရိပ်အခြေကြည့်နေရသည်။ ဘဏ္ဏာစိုးကြီးနဲ့ တစ်ဘက်က ရတနာအိမ်နိမ့်စံ အတွင်းရေးမှုးတို့ အခြေအတင် စကားပြောနေတာကို အရှင့်သားက စိတ်ဝင်စားနေပြီး ညီလာခံမှန်သမျှ အနားကပ်သူတိုင်း လည်ပင်းဓါးတင်ပြီး စစ်ဆေးလေ့ရှိတဲ့ ရန်ပုံခွင်းကို ကြောက်ရတာမို့ တိက္ခရှေ့မတိုးရဲ။ ဟိုဒီလှည့်ကြည့်တဲ့ အပါးတော်မြဲ ရန်အောင့်ကို လက်ပြခေါ်ထုတ်ပြီး အကျိုးအကြောင်းပြောတော့ ကိုယ်တော်ကြီး တိက္ခကို မြင်လေပြီ။ မြတ် အနားမနေဘဲ ဒီနေရာရောက်လာတာ အကြောင်းထူးမယ်လို့ ရိပ်မိတာမို့..ကိုယ်တော်ကြီး ရန်အောင့်ကို ခေါင်းဆတ်ခေါ်လိုက်ကာ မေးလိုက်သည်။ ဘဏ္ဏာစိုးနဲ့ အကျိုးအမြတ်ခွဲဝေနေသူတွေ တင်ပြသမျှ လက်တစ်ဘက်ပြ တားမြစ်လိုက်ပြီး ရန်အောင် တီးတိုးပြောတာ နားထောင်လိုက်ရသည်။ အင်း.. မြတ်ငယ်ဟာ.. ဆိုးတယ်ကွယ်..။ "ရန်အောင် .. မောင်မင်း တိက္ခနောက်လိုက်သွား။ သခင်လေး လိုအပ်ရာတွေဖြည့်ဆည်းပေးလိုက်။ စောင့်လိုက စောင့်ပါစေ"မထင်ထားတဲ့ အမိန့်တော်မို့ တိက္ခရော ရန်အောင်ပါ.. အံ့အားတစ်သင့် နောက်ဆုတ် ပြန်လာခဲ့ရသည်။ အပါးတော်မြဲ ဝဏ္ဏ တစ်ယောက်ကိုသာ ခေါ်လို့ မြတ် မမအဆောင်ဆီအပြေးလှမ်းလာခဲ့သည်။ မမ ကတော့ အေးအေးချမ်းချမ်း ဘုရားရှိခိုးလျက်။ မမ အနောက်နားကပ်ထိုင်လိုက်တော့ မမနားက ရံရွေတော် အပျိုတော် တွေ အခန်းပြင်ထွက်ပေးကြသည်။"မမ။ မြတ် မေးမယ်နော်""မေးပါ မောင်လေး။""မမ ဘာလို့လက်မှတ်ထိုးတာလဲ နာမည်က မမနာမည်မှမဟုတ်တာ။ ကျိန်စာဆိုတာ‌ရော တစ်ကယ်ပဲလား ဟင်""သိခဲ့ပြီလား။ မြန်လိုက်တာ မြတ်ကိုမမလိမ်လို့မရတာ သိပါတယ်။ မမ ရွေးချယ်စရာမရှိဘူးမြတ်။ မောင်လေး မထိခိုက်ဖို့ဆိုရင် မမဘာလုပ်ရလုပ်ရလုပ်မှာ။ မမတို့ရင်ဆိုင်နေရတာ မမြင်ရတဲ့ ကျိန်စာ။ ရွှေကိုယ်တော်ကြီးနဲ့ မမ တိုင်ပင်ထားတဲ့အတိုင်း လုပ်လိုက်တာပါပဲ""အော.. ကိုယ်တော် သိတယ်ပေါ့ ဟုတ်လားမမ။ အင်းလေ သိမှာပေါ့.. ကိုယ်တော် ကိုယ်တိုင်လက်မှတ်ထိုးထားတာပဲ။ မမ မြတ်ကို ရှင်းပြပါ။ အဲ့ဒီကျိန်စာ ကို မြတ်သိရမှဖြစ်မယ်"မြတ်နိုးယုယဟန်.. မောင်ငယ်လေးကို ကြင်နာစွာပဲ ခေါင်းကနေပွတ်သပ်လျက် နှစ်သိမ့်လိုက်သည်။ သိသင့်သည်ပဲလေ.. အရှင့်သား အပြစ်တင်လိုလည်းတင်ပါစေတော့။ မြတ် သိသင့်တဲ့ ကံကြမ္မာပဲမဟုတ်လား။ "ကျိန်စာ..က ဒီလိုစတယ် မြတ်....."*****"ရွှေထီးဘုရားကြီးဘုရား.. အိမ်ရှေ့စံကိုယ်တော်လေး.. သတိုးဘုန်းရာဇ.. တက္ကသိုလ်မှ ပြန်လည်ကြွမြန်းလာကြောင်းပါ ဘုရား။""အခစားဝင်စေကွယ်""အမိန့်တော်မြတ်အတိုင်းပါဘုရား"ရွှေအဆင်းကဲ့သို့ တင့်တယ်လှတဲ့ သားတော်ကြီးကို ‌ရွှေနန်းရှင် ထီးဘုရား ကြည့်ရင်းကျေနပ်နေမိသည်။ ရာဇသွေးအပြည့်ပါတဲ့ သားတော်ကြီးက ထူးချွန်လွန်းလှတာမို့ .. ဘွဲ့တွေတစ်သီကြီး ရခဲ့ပြီ။ သားတော်ငယ်ကတော့ တက္ကသိုလ်တက်ဆဲ.. နန်းတော်ကို‌တောင် ပြန်ကြွမလာတာ နှစ်နှစ်လောက်ရှိရောပေါ့။"မောင်တော်.. သားတော်ကြီးလျှောက်တင်နေတယ်ဘုရား""အိမ်း.. ခမည်းတော် အတွေးများသွားတယ်သားတော်။ လိုရာကိုမိန့်ကွဲ့..""ခမည်းတော်ဘုရား.. သား‌တော် အိပ်ဆောင်ကို တိုးချဲ့ပြီး နောက်ဘက်မှာ ဆောင်ခန်းထပ်ဆောက်လိုပါတယ်ဘုရား""ဟေ.. အဘယ့်အတွက်များလည်း သားတော်ကြီး" "သားတော်. .မိတ်ဆွေသင်္ဂဟများ အလည်အပါတ်လာကြတဲ့အခါ.. ထီးဘုရားနဲ့ မယ်မယ်ဘုရား အနှောက်အယှက်ပြုမိကြမှာ စိုးရွံ့လို့ပါဘုရား။ လူသဘောအရ နယ်ပယ်စုံက လူအများနဲ့ မိတ်ဆွေဖွဲ့ခဲ့ကြောင်းပါ။ သားတော်ရဲ့ ဖြစ်တည်မှုကို စိတ်ဝင်စားကြတာမို့ လာရောက်လည်ပါတ်လိုကြကြောင်း တောင်းပန်ကြပါတယ်ဘုရား""အိမ်း.. သင့်လျှော်ပါပေတယ်လေ။ ဧည့်ဆောင်များ စီမံကြတာပေါ့သားတော်ကြီး။ ကဲ ဆောင်ခန်း ပြန်ကြွချေတော့.. ယနေ့တော့ နားခြေလေတော့ သားတော်..။ မနက်ဖြန် ဖခမည်းတော်နဲ့ အရေးကြီးတာ ဆွေးနွေးဖို့ ရှိရဲ့ ..""အမိန့်တော်မြတ်အတိုင်းပါ ဘုရား"သတိုးဘုန်းရာဇ.. လူနာမည် ရာဇာအဖြစ်နဲ့ မဟာဘွဲ့ယူလာခဲ့တာ.. ဒီနန်းတော်ကြီးကို ထိမ်းသိမ်းဖို့ အပြင်... တစ်ခြားရည်ရွယ်ချက်များလည်း ရှိသေးသည်။ သားတော်ကြီးမို့လို့ နန်းမွေနန်းလျာ ဆက်ခံရမှာဆိုပေမယ့်.. ညီတော်အရေးတွေးရင်းနဲ့ စိတ်မအေးရ..။ အစိုးရတစ်ရပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ငြိမ်းချမ်းနေတဲ့တိုင်းပြည်မို့လည်း ရာဇာတို့ မင်းမျိုးမင်းနွယ်များအတွက် တိုင်းပြည်အုပ်ချုပ်ရာမှာ အကြံဉာဏ်ပေးရတာကလွဲလို့ .. တာဝန်မရှိတော့။ စီးပွားရေးအရ ဆက်နွယ်မှုတွေက အုပ်ချုပ်ရေးထက်ပိုပြီး များပြားတာကြောင့် စီးပွားရေးအထူးပြုပညာကို သေချာသင်ယူခဲ့ရတာဖြစ်သည်။ အသက်‌တော်ကြီးလှပြီဖြစ်တဲ့ ဖခမည်းတော်ကို နားစေချင်ပြီ။ မယ်တော်ကတော့ နှလုံးမမှန်တဲ့ဝေဒနာ ခံစားနေရရှာတဲ့အပြင် .. သားတော်ငယ်ကိစ္စကိုလည်း ရာဇာ လျှောက်တင်ထားခဲ့ပြီမို့ ထိုကိစ္စနဲ့ပဲ.. ရွှေစိတ်တော် ညှိုးနေရတော့ပြီ။ ရာဇာ အဆောင်ခန်းထဲ ရောက်တာနဲ့ အကြံအစည်ကို အမြန်အကောင်အထည်ဖော်ဖို့ .. နန်းရင်းဝန်ကြီးကို အခေါ်တော်လွှတ်လိုက်ရတော့သည်။ ******🌸🌈☁️🦋ပန်းလေးတွေ .. လိပ်ပြာလေးတွေ.. တိမ်ဆိုင်တိမ်လိပ်တွေ.. မိုးစက်မိုးပေါက်လေးတွေ.. သက်တန့်တွေ.. ဒီအရာတွေကို ပေါင်းပြီး.. ကြည့်လိုက်တဲ့အခါ ... ဂွမ်းဆိုင်လွှလွှလေးလို.. ဖြူနုလျက် . .. ဘယ်လောက်ကြည့်ကြည့် ကြည့်မဝနိုင်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်ထင်သည်။ ရှေ့ကနေ မခို့တစ်ယို့ လှမ်းသွားတဲ့ ခြေလှမ်းလေးတွေက ညင်သာသလို .. လွှဲသွားတဲ့လက်တစ်ဘက်ကလည်း.. ဆင်နှာမောင်းပန်းလေး လွင့်ဝဲနေသလို...။ ပုန်းညက်ပန်းလေးတွေကဲ့သို့ အဖြူလွှလွှမှာ မရမ်းဆီရောင် အနားသတ်ထားတဲ့ ဝတ်စားဆင်ယင်မှုက ထိုလူရဲ့ နူးညံ့ချောမောမှုကို ပံ့ပိုးပေးထားသည်။ မကျဉ်းမကျယ် နောက်ကျောပြင်ကို ငေးရင်း တေဇာ သက်ပြင်းကို ခိုးချလိုက်ရသည်။ သူ့အရှေ့ကနေ စိတ်လက်ပေါ့ပါးစွာ လမ်းလျှောက်သွားတဲ့ ထိုလူသားကို တေဇာ သိပ်ချစ်ရပါသည်။ ဘယ်လောက်ချစ်လဲလို့ မေးတဲ့အခါ.. တေဇာဖြေနိုင်တာကတစ်ခုတည်း.. အမျိုးသားချင်းမို့ ခွဲခွာဖို့ တွန်းအားပေးလာတဲ့အခါ တေဇာစွန့်လွှတ်မှာက မျိုးရိုးဂုဏ်ကိုပဲဖြစ်သည်။ "မောင်.. လာလေကွာ.. လမ်းလျှောက်တာ နှေးလိုက်တာ"ဆည်းလည်းသံမျိုးစုံကို တေဇာ မကြာမကြာကြားဖူးသည်။ ချစ်ရသူရဲ့ ချိုသာတဲ့ ဆည်းလည်းသံကတော့ ဘာနဲ့မှ နှိုင်းတုလို့မရနိုင်။ "လာပါပြီ.. ဒီပါရဲ့.. မောင် စဉ်းစားတာလွန်သွားလို့ပါ"ဒီပါစံ နောက်မှာခြေလှမ်းနှေးကာကျန်ခဲ့သည့် မောင့်ကို စောင့်ကာ လက်တွဲလိုက်ရသည်။ ဒီလိုလူသူရှင်းလင်းတဲ့ နေရာမျိုးမှာမှ.. မောင့်လက်ကို ထိကိုင်ဖို့အခွင့်အရေးရတာမဟုတ်လား.. ဒီအခွင့်အရေးကလည်း သိပ်ရှားပါးတဲ့အခွင့်အရေးပဲလေ။ "ဘာတွေစဉ်းစားစရာများနေလဲ မောင်.. ဒီပါ့ကို ပြောလေ""ဒီပါ.. မောင်တို့ စာမေးပွဲဖြေပြီးရင် ဒီနိုင်ငံကထွက်သွားကြရအောင်"စောစောက ပေါ့ပါးသွက်လက်နေတဲ့ ခြေလှမ်းတွေ လေးပင်သွားရသည်။"မောင် ... ဒီနိုင်ငံက ထွက်သွားမယ်ဆိုတာ .. မောင့်မျိုးရိုးဂုဏ်ကို စွန့်သွားမယ်လို့ ဆိုလိုတာမဟုတ်လား။ မဟုတ်သေးဘူးမောင်ရဲ့ ဒီပါ ရှင်းပြမယ်.. လာ ခဏထိုင်ရအောင်"တက္ကသိုလ် ပရဝုဏ်အတွင်း .. လူသွားလူလာပြတ်လပ်တဲ့ ဒီလမ်းလေးမှာ ဒီပါတို့ ခဏထိုင်ဖြစ်ကြသည်။"မောင်.. လူမှာ အမျိုး ကြက်မှာ အရိုးတဲ့.. အရိုးကိုက်လို့ရတာကိုပြောတာမဟုတ်ဘူးနော် ဟင်းဟင်း.. မောင့် မျိုးရိုးက မင်းမျိုးမင်းနွယ်လေ။ မောင်က ရာဇမာန်ရှိနေဖို့လိုတယ်... မောင်.. ဒီပါ မောင့်ကို သိပ်ချစ်တယ်ဗျ။ ဒီပါ ချစ်တာက မောင့် ရိုးသားပြီး ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား ရယ်။ ဒီပါ့အပေါ်ထားတဲ့ မယိမ်းမယိုင်တဲ့ မေတ္တာတရားရယ်.. မောင့် မိသားစုအပေါ်ထားတဲ့ ... သစ္စာတရားရယ်ကို ချစ်တာ..။ မောင်က ဘယ်အရာကိုမှ လက်လွတ်စပယ်မလုပ်ဘူး လို့ ဒီပါယုံတယ်။"ဒီပါစံ သက်ပြင်းကိုရှိုက်လိုက်သည်။ အခုပြောမယ့်စကားက ရင်ကိုခွဲလို့ သွေးစိမ်းရှင်ရှင်ထွက်ရင်း ပြောရမယ့်စကား..။"မောင်.. ဒီပါ မောင့်ကို မပိုင်ဆိုင်ချင်ပါဘူး.. ချစ်နေခွင့်ရတယ်ဆိုရင်ပဲ ကျေနပ်ပြီ။ မောင်နဲ့ နိုင်ငံခြားကိုသွားရင် မဖြစ်မနေ..မောင့်ကို ဒီပါလက်ခံမိမှာပဲ.. မောင့်ရဲ့ သစ္စာနဲ့ မေတ္တာကို အရောင်စွန်းထင်းစေပြီး မောင့်မိဘတွေ အသိုင်းအဝိုင်းတွေကို စိတ်ဆင်းရဲစေမယ့်ကိစ္စက ဒီပါတို့ကြောင့် အစမပြုပါစေနဲ့မောင်.."မောင့်လက်ကိုဒီပါ့ နှလုံးသားမှာ ကပ်လျက် တိုင်တည်မိသည်။"မောင်.. ဒီနှလုံးသားက မောင့်အတွက် ဖြစ်လာခဲ့တာ.. မောင့်အတွက်ခုန်တာ..နောက် မနက်ဖြန်များစွာ.. နောက် နှစ်များစွာ နောက်ဘဝများစွာ ... နောက်..သံသရာ အဆက်ဆက်.. မောင့်အတွက်ပဲ ဖြစ်စေရမယ်မောင်။ စာမေးပွဲပြီးရင် မောင်နဲ့သက်ဆိုင်တဲ့ နေရာကို မောင်ပြန်ပါ။ ဒီပါက မမကလျာနဲ့အတူ မောင် အမြဲရှာတွေ့မယ့် နေရာလေးကနေပဲ မောင့်ကို စောင့်နေမယ်.. လွမ်းတဲ့အခါ ဒီပါ့ဆီလာခဲ့ပေါ့.. အခုလိုပဲ မောင့်လက်ကိုကိုင်ပြီး ဘယ်လောက်လွမ်းဆွတ်ကြောင်းကို ဒီပါတို့ ပြောကြတာပေါ့မောင်..။ မောင့်အိမ်က စီစဉ်တဲ့သူကို လက်ဆက်ပါ။ အရှင့်သား..တစ်ပါး လိုက်နာဆောင်ရွက်ရမယ့် တာဝန်ကို ကျေပွန်ပါမောင်..။ ဒီပါကတော့ မောင့်ကိုနောက်ဘဝမှာ ပိုင်ဆိုင်ခွင့်ရပါစေကြောင်း ဘုရားမှာဆုတောင်းရင်း မောင် ရှာမတွေ့နိုင်မယ့် နေရာကနေ လွမ်းနေပါ့မယ်"နူးညံ့ဖြူစင်တဲ့ ချစ်ရသူလေးသည်.. နှလုံးသွေး နီရဲပါပေသည်။ ရာဇသွေးဖြစ်တဲ့ တေဇာတောင် ချစ်သူလေးလောက် မရဲရင့်.. ဒီပါကတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုံ့ချခြင်းကို သူတစ်ယောက်တည်း ခံယူမယ့် အနေအထားမျိုး..။ "မောင်.. ဒီပါ့ကို ဟောဒီရင်ခွဲလို့ ထည့်ထားချင်မိတယ်။"မချိတဲ့စကားမို့ ဒီတစ်ခွန်းနဲ့တင် မောင့်ရင်ထဲက သောကကို ဒီပါနင့်နင့်နဲနဲ ခံစားမိပါသည်။အစိုးရနဲ့ အခြေခံဉပ‌ဒေနဲ့ တိုင်းပြည်အုပ်ချုပ်နေကြပြီမို့ မောင်တို့ရဲ့ အခန်းကဏ္ဍ နည်းပါးပေမယ့် အုပ်ချုပ်ရေးပိုင်းမှာရော စီးပွားရေးပိုင်းမှာပါ မောင်တို့မိသားစုကြီး ဘယ်လောက်ဆက်နွယ်တယ်ဆိုတာ .. ဒီပါရိပ်မိသည်။ ထို အရေးပါမှုတွေ..က .. လူ့အသိုင်းအဝိုင်းက သတ်မှတ်တဲ့ မဆီလျှော်သော လူသားဖြစ်တည်မှုနဲ့ မသင့်တော်သော ချစ်ခြင်းတွေကို လွယ်လွယ်လေး.. နင်းခြေသတ်ပစ်လိုက်နိုင်တာကိုလည်း ဒီပါသိသည်။ လူတွေရဲ့ အညှာအတာကင်းမဲ့ ဝေဖန်အပြစ်တင်မှုတွေ ခပ်ပေါ့‌ပေါ့ အကဲဖြတ်မှုတွေ.. ရဲရဲတင်းတင်း လူရာမသွင်းမှုတွေကို မောင်လို မင်းမျိုးမင်းနွယ်တစ်ပါး.. မခံစားသင့်ဘူးမဟုတ်လား။ မောင်.. ဒီဘဝမှာ ချစ်ခွင့်ရတယ်ဆိုတာကပဲ ကံကောင်းလှပါပြီမောင်ရယ်.. ဒီပါ့အတွက်တော့.. အခုလိုလေး မောင့်အနားကပ်ပြီး မောင့်လက်ကိုကိုင်လို့ မောင့်ကို ငေးနေခွင့်ရတာကိုပဲ ကျေးဇူးတင်လှပါပြီ။ ဒီအချိန်လေးတွေ ဘယ်တော့ကုန်ဆုံးမယ်မသိနိုင်တာမို့လည်း .. အတူရှိတဲ့ မိနစ် စက္ကန့်တိုင်းကို ဒီပါ တန်ဘိုးအရမ်းထားပါတယ်...မောင်ရယ်။တေဇာ.. ဒီပါ့ကို အိမ်အရောက်လိုက်ပို့ပြီးမှ.. စံအိမ်ကိုပြန်လာခဲ့သည်။ နောင်တော်ဘုရားက အမေရိကမှာ ပညာသင်ပြီးလို့ မကြာခင်ပြန်ကြွလာတော့မှာ.. တေဇာ့ထက် ၆ နှစ်ကြီးတဲ့ နောင်တော့်က တေဇာ့ကို ဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာ တေဇာသိသည်။ တေဇာ့သောကနဲ့ ဝေဒနာတွေကို နောင်တော့်ကို ဖွင့်ပြောပြထားခဲ့ပြီးသား။ နောင်တော်က တေဇာ့ကို စဉ်းစားဖို့သာ အထပ်ထပ် တိုက်တွန်းတာကလွဲရင် မတားခဲ့ပေမယ့်. အခု နောင်တော့်ကို ထပ်ပြီးတိုင်ပင်ချင်မိသည်။ အနှောက်အယှက်မပေးချင်ပေမယ့် တေဇာ နောင်တော့်ဆီကို ဖုန်းခေါ်လိုက်ရသည်။ "ညီငယ်.. ကိစ္စကြီးရှိပြီထင်တယ်။ နောင်တော် နားထောင်နေတယ်""နောင်တော်.. ညီငယ် နန်းတော်ကိုစွန့်ပြီး နိုင်ငံရပ်ခြားမှာ သွားနေချင်တယ်။""အို ညီငယ်။ သာမန်မေတ္တာမျှတာကို နောင်တော် မတားခဲ့ဘူးကွယ်။ အခုလိုဆုံးဖြတ်တာကျတော့ နောင်တော် တားရလိမ့်မယ်.. ဖခမည်းတော်နဲ့ မယ်မယ့်ကို ညီငယ် ငဲ့ညှာရလိမ့်မယ်။""ညီငယ် ဒီပါ့ကို မစွန့်လွှတ်နိုင်ပါဘူး ‌နောင်တော်။ ဘယ်သူမှ မသိတဲ့နေရာမှာ လက်ဆက်ချင်ပါတယ်။ နန်းတော်နဲ့ မျိုးရိုးကို စွန့်ပါမှ ညီငယ့် ရင်ထဲက သောကမီးငြိမ်းရပါလိမ့်မယ်။""ညီတော်.. ဒီစိတ်ကူးကို ရပ်ထားပါ။ နောင်တော်ပြန်ကြွလာသည်အထိ..လက်ဆက်မယ့်ကိစ္စများ.. အတွေးထဲတောင် မထည့်ပါလေနဲ့။ ညီတော့်သောကမီးကို နောင်တော်ညှိမ်းသတ်ဖို့ ကြိုးစားပေးမယ်ကွဲ့။ စောင့်ဆိုင်းစေ"ဖုန်းထဲက ဆိုပေမယ့် တေဇာဒူးတစ်စုံလုံး ကြမ်းပြင်ပေါ် ထောက်ကျသွားရပါသည်။ "အမိန့်အတိုင်းပါ နောင်တော်ဘုရား"ဖုန်းကိုချလိုက်ပြီး အဆောင်ထဲပြန်ဝင်လာခဲ့တဲ့ သတိုးဘုန်းရာဇ.. စိတ်တွေလေးလံနေရပြီ။ ငယ်သူမို့ စိတ်ကစားတယ်ထင်ခဲ့သမျှ အခုတော့ လက်ဆက်ဖို့အထိ တွေးနေပြီတဲ့လား။ ညီတော်လေးဟာ လက်လွတ်စပယ် စိတ်လေလွင့်တတ်သူမဟုတ်။ ရာဇ အသက်တော် ၆ နှစ်ကျော်မှ မွေးဖွားလာတဲ့ ညီတော်လေးက ရာဇ လက်တော်ပေါ် ကြီးပြင်းအရွယ်ရောက်ခဲ့တာပဲ။ ရာဇ အတွက် ပညာသင်ရခြင်းရည်ရွယ်ချက်က ရှင်းလင်းသည်။ ရွှေနန်း‌တော်ကြီးနဲ့ မင်းမျိုးမင်းဆက် တည်မြဲဖို့။ ညီတော်ရဲ့ ရည်ရွယ်ချက်ကိုတော့ ရာဇ တစ်ကြိမ်မှ မမေးခဲ့စဖူး။ ညီတော်ထီးနန်းလိုချင်လျှင် လွှဲအပ်ပေးပြီး ရာဇကတော့ တတ်အပ်တဲ့ပညာရပ်တွေကို စီးပွားရေးလောကမှာ အသုံးချကာ တစ်ကိုယ်တည်းနေဖို့ စဉ်းစားထားခဲ့ပြီးသား။ အခုလိုမျိုး ဆုံးဖြတ်တဲ့အထိ စွမ်းဆောင်နိုင်တဲ့ ဒီပါဆိုသူငယ်နဲ့ ရာဇ တွေ့လိုသည်။ တက္ကသိုလ်က ပရော်ဖက်ဆာကို တွေ့ပြီး အကျိုးအကြောင်း သင့်လျှော်အောင် ပြောပြတော့ ပရော်ဖက်ဆာက ရာဇာ့Thesis ကို စောစောတင်ဖို့ခွင့်ပေးလိုက်လေသည်။ ရာဇာ မြန်မာနိုင်ငံကို ပြန်ရောက်ကြောင်း ဖခမည်းတော်ကိုရော.. နန်းရင်းဝန်ကြီးဉီးခိုင် ကိုရော အသိမပေးဘဲ ညီငယ်ရှိရာ အလုံရှိစံအိမ်ကိုသာ ခပ်မဆိတ်ပြန်ကြွလာခဲ့သည်။"‌ဒီပါ့ကို နောင်‌တော့်ထံ အခစားဝင်စေ ညီတော်" ဆိုတဲ့ အမိန့်တော်အတိုင်း ... တေဇာ ချစ်ရသူ ဒီပါ့ကို အလုံစံအိမ်ကိုခေါ်လာခဲ့ပြီး နောင်တော့်ထံပါး အခစားဝင်ရတော့သည်။ခမ်းနားလွန်းတဲ့ သလွန်ထက်မှာ ခြေချထိုင်နေတဲ့ ရွှေအိုရောင် ကိုယ်တော်ကို ဒီပါ တစ်အံ့တစ်သြ ဒူးထောက်ခစားလိုက်ရသည်။ တေဇာလည်း ဒူးထောက်နေပြီကိုး။"ညီတော့် ချစ်မြတ်နိုးသူမှန်ရဲ့လား.. မောင်မင်း"ဒီပါ့ကိုမေးတာ မှန်ပေမယ့်... ဒီပါ ပြန်မပြောတတ်။ လိမ်မာပါးနပ်တဲ့ ဒီပါ.. ရွှေရောင်အဆင်းနဲ့ ခန့်ညားတောက်ပလွန်းလှတဲ့ ကိုယ်တော်ကြီးကို .. ဘာစကားမှ ပြန်မပြောနိုင်။"ဒီပါ.. နောင်တော်မေးနေပါတယ်""ဟုတ်ကဲ့ပါ ခင်ဗျာ။ ဒီပါ အပြောမတတ်တာရှိရင် ခွင့်လွှတ်ပါ အကိုကြီးခင်ဗျာ။ ဒီပါစံလို့ခေါ်ပါတယ်ခင်ဗျာ။ မောင့်.. အို.. တေဇာ့ ချစ်သူပါ ခင်ဗျာ။"အယောင်ယောင်အမှားမှားနဲ့ ဖြေကြားတဲ့ ပန်းလေးလိုနုနယ်တဲ့ ကောင်ကလေးသည်ကား အမူအယာ ရဲရင့်လှပေသည်။"မောင်မင်း.. ညီတော်က မောင်မင်းနဲ့လက်ဆက်ဖို့ မျိုးရိုးကိုစွန့်မယ်ကြံစည်နေတယ် မောင်မင်းသိသလား""နောင်တော်..""အို.. ဒီလိုများ ပြောထားတာလားမောင်.. အဲ့ တေဇာ..။""နောင်တော် .. ဒီပါ့သဘောမဟုတ်ပါဘူးဘုရား။ ညီတော့်သဘောဆန္ဒပါဘုရား""ဒါဆို .. မောင်မင်းက ညီတော်နဲ့ တစ်သဘောတည်းမဟုတ်ဘူး ဟုတ်စ""............."တေဇာ ကြမ်းပြင်ကို ခေါင်းငုံ့ကြည့်ရင်း ငြိမ်သက်သွားတဲ့ ချစ်ရသူဆီက အဖြေကို စောင့်နေသလို ကိုယ်တော်ကြီး ရာဇလည်း စောင့်နေသည်။"တေဇာသာ .. နန်းထိုက်တဲ့ မင်းမျိုးမင်းနွယ်မဟုတ်ခဲ့ဘူးဆိုရင်.. ဒီပါ့သ‌ဘောက တေဇာနဲ့ တစ်ထပ်တည်းပါ အကိုကြီး""ဒါဆို.. မောင်မင်းကလည်း ညီတော့်ကို လက်ဆက်လိုတယ်ပေါ့လေ။ ရဲတင်းလိုက်လေတယ်။. ငါကိုယ်တော်က .. မောင်မင်းတို့ ချစ်ရည်မျှတာ မတားခဲ့ဘူးကွဲ့။ လက်ဆက်ဖို့အ‌ရေး နှစ်ဉီးတည်း ဆုံးဖြတ်လို့ ဖြစ်နိုင်ပါ့မလား။ ကိုင်း.. ဒီပါစံ မောင်မင်းကိုကိုယ်တော် အမေးတော်ရှိမယ်. .. မှန်သည့်အတိုင်း ဖြေကြားစေ..။ ‌မောင်မင်း.. ညီတော့်ကို စွန့်လွှတ်ဖို့ အသင့်ဖြစ်ပြီလား.""............"ဒီပါ့ နှုတ်ခမ်းက တုန်ယင်နေပြီး.. မျက်ဝန်းမှ မျက်ရည်များ တွေတွေကျဆင်းလာတော့သည်။ အားတင်းကာ.. ဆုံးဖြတ်ထားပါတယ်ဆိုမှ အခုလိုတစ်ကယ်ကြီး အမေးခံရတော့ မေးတဲ့ ကိုယ်တော်ရဲ့ အရှိန်အဝါအပြင်.. နှုတ်ကတိကဲ့သို့သော ခွဲခွာစကားကို ဘယ်လိုပြောထွက်နိုင်ပါ့မလဲ။"မောင်မင်း.. ဖြေကြားလေ""ကျွန်တော်.... ကျွန်တော်.. တေဇာ့ကို စွန့်လွှတ်ဖို့.. ဆုံးဖြတ်ထားပါတယ် အကိုကြီးခင်ဗျာ။ ဒီပါ့ကို အချိန်နဲနဲလောက် ပဲ ပေးပါလားခင်ဗျာ.. အခု အဆင်သင့် ဟင့်... မဖြစ်သေးလို့ပါ။ အကိုကြီး.. နောင်တော်ကြီးခင်ဗျာ.. ဒီပါ က တေဇာ့ကို အမှန်တစ်ကယ် စိတ်ရင်းထဲကအတိုင်း ချစ်မြတ်နိုးပါတယ်။ ဒါကြောင့်လည်း တေဇာ့ကို အိမ်ပြန်ဖို့ တိုက်တွန်းပါတယ်။ မောင်.. ဒီပါ့ကို ခွင့်လွှတ်ပါနော်။ မချစ်လို့မဟုတ်ပါဘူးဗျာ။""နောင်တော်.. ညီတော်..ညီတော်"ရာဇာ လက်ပြပြီးတားမြစ်လိုက်သည်။ "ဟားဟား.. ကဲကဲ.. ညီတော်လေးတို့ ထကြ။ ခုံမှာထိုင်ကြ။ နောင်တော်က မင်းတို့ကိုစမ်းသပ်တာကွဲ့။ အို ညီတော် .. ဒီပါ့ကို အငိုတိတ်ပါစေအုံး"ဒီပါရော တေဇာပါ အံ့သြရင်း နောင်တော်ခိုင်းတဲ့အတိုင်း ခုံမှာ အသီးသီး ဝင်ထိုင်လိုက်ရသည်။ "ကဲ.. ဒီပါ.. မောင်မင်းအကြောင်းကိုယ်တော့်ကို လျှောက်တင်စမ်း။ ကိုယ်တော် မောင်မင်းအိမ်အကြောင်းသိလိုတယ်""ဟုတ်ကဲ့ပါ အကိုကြီး အဲ နောင်တော်ကြီး။""မောင်မင်း သက်သာသလို ပြောနိုင်တယ်ကွဲ့""ဟုတ်ကဲ့ပါခင်ဗျာ။ ဒီပါ့မိဘတွေက ကျောက်မြက်ရတနာ ကုန်သည် ဉီးဒေဝနဲ့ ရှမ်းစော်ပွားသမီး ဒေါ်နန်းရွှေရည်စံ တို့ ဖြစ်ပါတယ်ခင်ဗျာ။ ဒီပါ့မှာ အမတစ်ယောက်ပဲရှိပါတော့တယ်။ လှရူပါစံလို့ ခေါ်ပါတယ်ခင်ဗျာ။ မိဘများ ကွယ်လွန်ပြီးနောက်ပိုင်း အဒေါ်ကြီးနဲ့ မမရူပါ ကပဲ ရတနာတိုက်ကို စီမံထိန်းသိမ်းပါတယ်ခင်ဗျာ။""ဒါဆို ကိုယ်တော် စကားပါးသင့်တဲ့ ညီတော်ငယ့် အုပ်ထိန်းသူက ညီတော်ငယ့် အမပဲပေါ့""နောင်တော် ... ဘာစကားများပါးလိုလို့ပါလဲ ဘုရား။ နောင်တော် ညီတော့်မျက်နှာထောက်တော်မူပါအုံးဘုရား""ဟားဟား... ကိုယ်တော်ကတော့ ညီတော့်နှုတ်က ဒီနှယ် တောင်းပန်စကား ရွှေနားမဆင်ရတော့လောက်ဘူး သဘောရှိနေတာ။ အိမ်း။ ဒီပါစံ ညီတော်ရဲ့ အုပ်ထိန်းသူများနဲ့ ကိုယ်တော် စကားပြောလိုတယ်။ ကိုယ်တော့်ဘက်က ‌တောင်းဆိုရတာမို့ တွေ့လိုတဲ့ နေရာကို သဘောရှိ ချိန်းဆိုနိုင်ပါတယ်။"ဒီပါ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း တေဇာ.. အားပေးလိုက်ရပေမယ့်.... ရင်ထဲမှာတော့ ဒွိဟအတွေးတွေသာ ကြီးစိုးနေပြီ။ "ဒီပါ မောင်တို့အကြောင်း မမရူပါ သိပြီးသားမဟုတ်လား ဟင်"ဒီပါကတော့ အေးအေးဆေးဆေး ထိုင်လျက် တွေးလာနေဆဲ။"မောင်.. ဒီပါ့မိသားစုအားလုံးက သိပါတယ်ဗျာ။ မောင် .. နောင်တော်ကြီးက မမကိုတွေ့ရင် ဘာပြောနိုင်လဲဟင်။""မောင်ထင်တာကတော့ .. မောင်တို့လက်ဆက်မယ့်ကိစ္စကို အသိပေးရင်း တားမြစ်ဖို့ အကူညီတောင်းမယ်ထင်တယ်။""မောင်.. ဒီပါလေ.. အခု နောင်တော်ကြီးကို သိပ်လေးစားတာပဲသိလား။ ဒီပါတို့ကို ဆူပူတာ အာဏာကိုသုံးပြီး မခွဲပြစ်လိုက်ဘဲ လူကြီးတွေနဲ့ စကားပြောချင်တယ်ဆိုတာ သိပ် ဂုဏ်ရှိတာပဲ။ ဒီပါ မမနဲ့ နောင်တော်ကြီး ဆုံတွေ့ဖို့ စီစဉ်လိုက်မယ်နော်မောင်။ ဒီပါတို့က ခွဲခွာကြဖို့ တွေးထားကြပြီးသားပဲမောင်ရဲ့။ မောင်.. ဒီပါကမောင့်ကို ဟောဒီရင်ထဲကနေ ချစ်တယ်ဗျ။ ဒီထက်ပိုပြီး မပြောတတ်လို့ ပေါ့တယ်ထင်ရင် ဒီပါ့မျက်လုံးကိုသာ ကြည့်ပေတော့မောင်။""ဒီပါရယ်.. မောင်က ဒီပါနဲ့လက်ဆက်ခွင့်ရဖို့ .. နောင်တော့်ကို ပူဆာမိတာ.. နောင်တော်က တစ်ခုခုတော့ မမိန့်လောက်ဘူးထင်ပါရဲ့လေ"Strand Hotel ကြီးရဲ့ စားသောက်ခန်းမကို ဒီပါ ငှားရမ်းပြီး နောင်တော်ကြီးနဲ့ မမတို့ ဆုံတွေ့ဖို့ ချိန်းဆိုနိုင်ခဲ့သည်။ ကျက်သရေပြည့်စုံတဲ့ ရှမ်းစော်ပွားသွေးတစ်ဝက်ပါ အမျိုးသမီးငယ်သည်ကား.. အေးချမ်းတည်ငြိမ်စွာပဲ ရွှေကိုယ်တော်ကြီး သတိုးဘုန်းရာဇ နဲ့ ဆုံတွေ့ဖို့ ရောက်လာခဲ့သည်။ "ထိုင်ပါနှမငယ်။ ကျွန်တော် ဘုန်းရာဇ ဖြစ်ပါတယ်။ ဘုန်းတေဇာရဲ့ အကိုကြီးပါ။""ဟုတ်ကဲ့ပါရှင်။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မ လှရူပါစံပါရှင်။ ဒီပါ့အမပါရှင့် ကြီးကြီးကိုတော့ မခေါ်လာခဲ့တော့ဘူးရှင့်။ ကျွန်မမောင်ငယ်လေးကိစ္စကို ကျွန်မ အလုံးစုံတာဝန်ယူပါတယ်ရှင်။ ကိုယ်တော်ကြီး ဘာများမိန့်လို ပါလဲရှင့် ပွင့်ပွင့်လင်းလင်း မိန့်ကြားတော်မူပါ"လိမ်မာပါးနပ်လှတဲ့ ထိုမိန်းကလေးရဲ့ ချိုသာတဲ့ စကားသံနဲ့ ထက်မြက်တဲ့အမူအယာတို့က နောင်တော်ကြီးရဲ့ တစ်ကိုယ်တည်း ဘဝသက်တာ ကုန်ဆုံးလိုတဲ့ ဆန္ဒတွေကို အရည်ဖျော်ပစ်နေလေပြီ။ "နှမငယ်.. မောင်ကြီးပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ်။ မောင်ကြီးရဲ့ ညီငယ်.. နန်းညွန့်နန်းလျာကို .. မောင်ကြီးက ဒီပါနဲ့ မခွဲခွာစေလိုဘူးဗျ။ သောကဗျာပါဒတွေနဲ့ ခွဲခွါပါ့မယ်လို့ ပြောလာတဲ့ ဒီပါ့ကိုလည်း မောင်ကြီးက သနားလွန်းလှတယ်။ ဒီပါနဲ့ အတူတစ်ကွ နေရဖို့ နန်းမွေနဲ့ မျိုးရိုးစွန့်ဖို့ ဆုံးဖြတ်ထားတဲ့ ညီတော်ကိုလည်း စိတ်မဆင်းရဲစေချင်ဘူးကွယ့်။ ညီတော်က ဆန္ဒအတိုင်း မျိုးရိုးစွန့်သွားခဲ့ရင်လည်း အသက်တော်ကြီးလှပြီဖြစ်တဲ့ ဖခမည်းတော်နဲ့ နှလုံးရောဂါ ‌ဝေဒနာခံစားနေရတဲ့ မယ်တော်တို့ စိတ်ထိခိုက်ကြမှာကို ... မောင်ကြီးက မလိုလားဘူးကွယ်။ ဒါကြောင့် နှမတော်နဲ့ တိုင်ပင်ပြီး.. မောင်ကြီးတို့ ဘာများဆောင်ရွက်ပေးနိုင်မလဲလို့ နည်းလမ်းရှာကြည့်ချင်လို့ ဆုံတွေ့ချင်ရတာဖြစ်ပါတယ်။""ဒီပါကတော့ ညီမကို အကုန်ပြောပြထားပါတယ်ရှင်.. ညီမကလည်း တေဇာ့ကို မျိုးရိုးကြီးထဲက လို့ မသိမိတာနဲ့ .. မတားခဲ့မိပါဘူး။ ညီမတို့ စော်ဘွားမျိုးရိုးဆိုပေမယ့်.. ညီမရဲ့သဘောမှာ မောင်လေး စိတ်ချမ်းသာတယ်ဆိုရင် နောက်ကနေ ကာကွယ်ပေးဖို့ပဲ စိတ်ဝင်စားပါတယ်ရှင့်။ ကိုယ်တော်ကြီး.. စိတ်မရှိရင် ညီမကို ကိုယ်တော်ကြီးတို့ မျိုးရိုးအကြောင်းပြောပြလို့ရမလားရှင်""ကောင်းပါပြီ နှမငယ်။ ထီးဘုရား သတိုးရာဇာတိရာဇ.. ကိုယ်တော်မြတ်နဲ့ မိဖုရားခေါင်ကြီး ထိပ်ထားဒေဝါနွယ်တို့ရဲ့ သားတော်များဖြစ်တဲ့ . သားတော်ကြီး သတိုးဘုန်းရာဇ က မောင်ကြီးဖြစ်ပါတယ်။ သတိုးဘုန်းတေဇ ကတော့ ညီငယ် တေဇာဖြစ်ပါတယ်။ ထီးဘုရားက သန်လျင်မင်းတရားကြီးရဲ့ နွယ်တော် မြစ်တော်ဖြစ်ပြီး ထီးနန်းကိုတော့ လှည်းကူးမြို့အလွန်မှာ စိုက်ထားပါတယ် နှမငယ်။ မောင်ကြီးကတော့ စီးပွားရေးပညာအထူးပြု မဟာသင်တန်းပြီးမြောက်ခဲ့ပြီမို့.. အမေရိကန်နိုင်ငံက မကြာမြင့်မီကပဲ ပြန်ကြွ‌ခဲ့ပါတယ်။ ညီငယ်တေဇာ့ကို ထီးရိုက်နန်းလျာ လွှဲအပ်ပြီးတာနဲ့ စီးပွားရေးလောကမှာ ခြေချဖို့လည်း မောင်ကြီးကြံစည်ထားတာပါပဲနှမငယ်။ အခုတေဇာရဲ့ အခက်အခဲကို မောင်ကြီး မကြည့်စွမ်းနိုင်တော့လို့သာ .. ပြန်ကြွလာခဲ့ရတာ။ မယ်မယ်ဘုရားကတော့ ညီငယ့်စိတ်သဘောနဲ့ မြတ်နိုးသူကို သိနေနှင့်ပါပြီ။ ဖခမည်းတော် ရွှေနားတော်ရောက်ရင်သာ.. မောင်ကြီးတို့ .. ခက်ခဲလိမ့်မယ်လို့ တွေးမိတာကြောင့် နှမငယ်နဲ့ တိုင်ပင်လိုခြင်းဖြစ်ပါတယ် ကွယ့်""ကိုယ်တော်ကြီး.. ညီမသဘောဆိုတာထက်.. ဖြစ်သင့်တာတွေကို ဖြစ်စေချင်ပါတယ်။ မဖြစ်သင့်တာတွေကိုလည်း တားမြစ်ချင်ပါတယ်ရှင်။ ညီမတို့မောင်နှမက ငယ်ရွယ်လေတော့ ကိုယ်တော်ကြီး စီမံလိုတဲ့ သဘောကို ညီမကို ပြောပြပါလားရှင့်။ ဒီပါကတော့ စိတ်ဆင်းရဲခြင်းကြီးစွာမဖြစ်ဘဲ .. ရဲရဲရင်ဆိုင်ဖို့ ကြိုးစားပြင်ဆင်နေပါတယ်။""မောင်ကြီးပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ် နှမငယ်။ ဒီပါ့ကို နန်းတော်ဆီဆောင်ယူသွားလို့ ညီတော်နဲ့ တိတ်တဆိတ် လက်ဆက်ပေးခဲ့မယ်ဆိုရင်.. နှမငယ် သဘောကျနိုင်ပါရဲ့လား။""ဒီပါ စိတ်ချမ်းသာမယ်ဆိုရင် ညီမက သဘောမကျစရာ မရှိပါဘူး။ ဒါပေမယ့် .. ဟိုမှာ တရားမဝင်နေထိုင်ရင်း စိတ်ဆင်းရဲနေရမှာကိုတော့ မလိုချင်ပါဘူးရှင်။ ညီမရဲ့ မောင်ငယ်လေးကို လွတ်လပ်ပျော်ရွှင်နေတာပဲမြင်လိုပါတယ်။ ကိုယ်တော်ကြီးရဲ့ အကြံဉာဏ် ကို ဒီပါနဲ့ တေဇာ့ကို ပြောပြပြီး.. ကာယကံရှင်တွေ သ‌ဘောကျ ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကျေးဇူးတင်စရာပါပဲရှင်။""ကောင်းပါပြီ နှမငယ်။ ဒီပါကိုယ်စိတ်နှစ်ပါး ချမ်းသာစေဖို့ကတော့ မောင်ကြီး အာမခံရမှာပေါ့။ ညီတော်ငယ့်အပေါ် မောင်ကြီးမိဘနှစ်ပါး ထားတဲ့ မေတ္တာတရားက သိပ်ကြီးမားလေတော့ ညီတော်ငယ် နန်းတွင်းပြန်လာဖို့အရေး.. ဒီနှယ်တောင်းဆိုရတာပါ နှမ။ နားလည်ပေးပါ"နှစ်အိမ်အတွင်း‌ရေးအနည်းငယ် ဖလှယ်ပြောဆိုကြပြီးတဲ့နောက် .. လှရူပါစံ.. ကိုယ်တော်ကြီးကို နှုတ်ဆက်ကာ ပြန်လာခဲ့သည်။ သဘောထားကြီးမားပြီး ကျက်သရေပြည့်စုံတဲ့ မင်းမျိုးမင်းနွယ်တစ်ပါးရဲ့ နူးညံ့တဲ့စိတ်နှလုံးကို မျက်မြင်တွေ့လိုက်ရတာမို့လည်း ဒီပါ့အတွက် စိတ်အေးရသည်။ သို့ပေမယ့်လည်း မောင်ငယ်ကို တိတ်တဆိတ် လက်ထပ်ယူမယ့် မိသားစုထဲ ထည့်လိုက်ဖို့ .. သင့်တော်၏မသင့်တော်၏ မည်သို့မျှ မတွေးတတ်တော့ပေမယ့်.. မောင်ငယ်‌လေးသာ ပျော်မယ်ဆိုရင်.. ခွင့်ပြုပေးလိုက်ချင်မိသည်။ ဆွေကြီးမျိုးကြီးဖြစ်ပေမယ့်.. ဂုဏ်မောက်တဲ့ စကားမဆိုသွားတဲ့ ကိုယ်‌တော်ကြီးရဲ့ ညီငယ်ပေါ်ထားတဲ့မေတ္တာကိုလည်း လှရူပါစံ ယုံကြည်မိနေပြန်သည်။အိမ်ပြန်ရောက်တာနဲ့ ဖုန်းဝင်လာလို့ လိုင်းဖုန်းကို ကိုင်လိုက်ရသည်။ "ဟယ်လို""ရူပါ.. ပိုင် ပစ္စည်းလာပို့မလို့.. အိမ်မှာရှိလား""ရှိပါတယ် ပိုင် ဒီနေ့ ကြီးကြီးဆိုင်ကိုသွားတယ်လေ။ လာခဲ့ပါ ရူပါစောင့်နေမယ်""ဟုတ်ပြီ ရူပါ ပိုင် နစ်ဆန်းကားလေးတစ်စီးဝယ်ထားလို့ ရူပါ့ကိုလည်း ပြချင်နေတာ လေညင်းခံထွက်မလား။ ဒီပါ့ကိုသွားကြိုကြမလား။ သွားချင်တဲ့နေရာလေး စဉ်းစားထား ရူပါရေ။""မမယုရောပါမှာလား ပိုင်""မမယုမပါဘူး ရူပါ။ မမယု လှည်းကူးဘက်ကို ခဏသွားတယ်""အော် ဟုတ်ပါပြီပိုင် ဒါဆိုလာခဲ့လေ""ဖုန်းချလိုက်ပြီနော် ရူပါ"ရူပါ သက်ပြင်းချလိုက်ရသည်။ ပိုင့်ကို ရူပါ လက်ခံဖို့ စဉ်းစားနေတုန်း ဒီပါ့ကိစ္စက ရှေ့ရောက်လာခဲ့ပြီ။ ပိုင့်ကိုတော့ မတိုင်ပင်ချင်ပါ။ မိဘမဲ့ချင်းအတူတူ .. စီးပွားရေးလုပ်ငန်းတွေ ဉီးဆောင်နေရတဲ့ ပိုင့်ကို စိတ်ရှုပ်စရာထပ်မပေးချင်မိသလို မိတ်ဆွေအပေါင်းအသင်း များလှတဲ့ ပိုင်တို့မောင်နှမကို ဒီပါ့ကိစ္စ မသိစေချင်တာလည်း ပါသည်။ ဒီပါ့ကိစ္စသာ အကောင်အထည်ပေါ်ရင် ပိုင်ဖွင့်ပြောထားတဲ့ကိစ္စကို အပြီးတိုင် ညင်းပယ်ရတော့မှာပါ။ အမျိုးသားချင်း လက်ထပ်ထားတဲ့ မိသားစုကသမီးကို .. ဘယ်အိမ်ကလိုချင်ပါ့မလဲလေ။ *****ပိုင်သုတဟန်.. နစ်ဆန်းကားလေးပေါ် စိတ်လက်ပေါ့ပါးစွာပဲ တက်လိုက်သည်။ ချစ်ရတဲ့ ရူပါ့ဆီကို ... ကားလေးနဲ့ သွားပြီး အပြင်ခေါ်ဖို့ စိတ်ကူးထားတာ အခုတော့ပြည့်ပြီ။ လှည်းတန်းက ပြည်မြန်မာကုန်တိုက်ကြီး အသစ်ဖွင့်ထားတာ သွားကြည့်ကြဖို့ တွေးထားတာကြာပြီလေ။ ဒီပါလေးလိုချင်တာကိုလည်း ဝယ်ပေးရမှာပေါ့။ မမယုကတော့ မေမေတို့သဘောတူထားတဲ့ မင်းမျိုးမင်းနွယ်တွေနဲ့ သွားတွေ့နေတာ အဆင်ပြေလောက်ရဲ့လား မသိ။ မမယုသာ အိမ်ထောင်ပြုသွားရင် ပိုင်တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မှာလေ။ ကျောက်စိမ်းနဲ့ စိန်ကုန်သည် အလုပ်ကို ဆက်လုပ်ရတော့မှာဆိုတော့ ရူပါသာ ပိုင့်ကို လက်ခံရင် မမ အိမ်ထောင်ပြုပြီးတာနဲ့ ပိုင်လည်း ရူပါ့ကိုလက်ထပ်ခွင့်တောင်းမှာပါ။ အခုကတော့ မပိုင်သေးတဲ့အချိန်လေးမို့.. ရူပါနဲ့ ဒီပါတို့ ကို ခင်မင်ရုံလောက်နဲ့ ကျေနပ်နေရတာပဲဖြစ်သည်မဟုတ်လား။ ****"ယုဇနဟန်.. မင်းသမီး.. အခစားဝင်ကြောင်းပါဘုရား""သမီးတော် .. အရိုသေမပေးလေနဲ့ ထိုင်ပါ""အမိန့်တော်အတိုင်းပါ ဘုရား"ပါးချိုင့်လေးနှစ်ဘက်လုံးခွက်အောင် ပြုံးရင်း မယ်မယ်နေရာပေးတဲ့ ခုံမှာထိုင်လိုက်တဲ့ ယုဇနဟန်ကို မယ်ဘုရားကတော့ ကြင်ကြင်နာနာ ကြည့်နေသည်။ အသက်‌တော်ကြီးပြီဖြစ်တဲ့ ထီးဘုရားကြီးက ဆံနွယ် ရှည်များကို စုသိမ်းထားပြီး မခို့တယို့ ရှေ့သို့ချထားကာ ချစ်စဖွယ်ရာ အမူအယာရှိတဲ့ ယုဇနဟန်ကို ချွေးမတော်လိုနေတာ သိပ်ကြာခဲ့ပြီ။ သားတော်ကြီးက အိမ်‌ထောင်ရေးရော နန်းမွေနန်းလျာ ဆက်ခံဖို့ကိုပါ စိတ်မဝင်စား။ ပညာပဲ ဆက်သင်ချင်နေတာမို့ မယ်‌တော် ထိပ်ထားဒေဝါနွယ် ရဲ့ ငယ်သူငယ်ချင်း .. ‌ဒေဝီဘွဲ့ခံသူဇာဟန်ရဲ့ သမီးကြီး ယုဇနဟန် ကို နား‌ဖောက်ထားခဲ့တာ။ ယုဇနဟန်ကတော့ ချွေးမတော် အြဖစ် အလည်လာတာမဟုတ်။ မိခင်ရဲ့ မိတ်ဆွေတွေဖိတ်ကြားမှုအဖြစ်သာ ရောက်လာခဲ့တာ .. စစ်သူကြီးနောင်ရင်းမျိုးစစ်နဲ့ ဒေဝီသူဇာဟန် တို့ မတိမ်းမယိမ်း ကံကုန်သွားခဲ့ကြပြီးတဲ့နောက် မောင်ငယ်ဖြစ်သူ ပိုင်သုတဟန်ကို ပြုစုထိမ်းကျောင်းရင်း မိဘလက်ငုတ် ကျောက်မျက်လုပ်ငန်းကို ဉီးစီးနေတဲ့ မိန်းကလေးသည်ကား ခေတ်မဆန် သလို ရိုးသားလှသည်။ လှပသလို ချစ်စဖွယ်ကောင်းသည်။ သားတော်ငယ်နဲ့လည်း သူငယ်ချင်းလိုပေါင်းသင်းတာမို့လည်း မင်းနန်း‌တော်နဲ့ ရင်းနှီးကျွမ်းဝင်သည်။ ဒီအချက်တွေကြောင့် သားတော်ကြီး ပြည်တော်ပြန်လာခဲ့ပါက ချွေးမတော်အဖြစ် ကမ်းလှမ်းဖို့ ရွှေထီးဘုရားတို့ တိုင်ပင်ထားကြတာပင်။ "ထိပ်ထား အခေါ်တော်ရှိလို့ အခစားဝင်ရပါတယ်ဘုရား။ သမီးတော် ရန်ကုန်မြို့က မုန့်နဲ့ အချိုပွဲများ ယူလာခဲ့ပါတယ်။ ခိုင်းစေလိုတာများရှိပါလျှင် မိန့်တော်မူပါ ဘုရား""ခိုင်းလိုတာမရှိပါဘူးသမီးတော်။ မယ်တော့်ဆီမှာ ကျောက်စိမ်းတစ်လုံးလက်ဆောင်ရထားလို့ လက်ဝတ်ရတနာဝတ်ဆင်မယ်ဆိုရင် ဘယ်လိုပုံမျိုး ကောင်းမလဲလို့ အကြံတောင်းချင်လို့ပါ မိမိငယ်ရဲ့""သမီးတော်.. ကြည့်ပါရစေ ထိပ်ထားဘုရား""လာသမီးတော်.. မယ်မယ့် ‌ဆောင်ခန်း သွားကြစို့..မယ်မယ် ပြစရာတွေ ရှိပါ့သမီးတော်.. တရုတ်ပြည်က ပို့လာတဲ့ ပိုးထည်တွေလည်း လိုချင်တာရှိ ယူပါအုံး မိမိငယ်"တစ်တွတ်တွတ်နဲ့ တွတ်ထိုးသွားကြတဲ့ အမျိုးသမီးနှစ်ယောက်ကို ကြည့်ရင်း ထီးဘုရား ကြည်နူးမိသည်။ သားတော်ကြီးနဲ့ လက်ဆက်ပေးပြီး. . မြေးတွေအများကြီးမွေးပေးမယ့် ချွေးမလောင်းလေးကို နန်းတော်ထဲ အမြန် ဆောင်ယူစေ့ချင်ပြီ။ "နန်းရင်းဝန်ကြီး""မှန်လှပါ ခစားလျက်ရှိကြောင်းပါဘုရား"ညီဝမ်းကွဲတော်စပ်တဲ့ နန်းရင်းဝန်ကြီးကို ဒီနေ့ တစ်ကူးတစ်က ပြန်ခေါ်ထားရတာ.. မန္တလေးက ပိုးထည်ယက္ကန်းစက်ရုံတွေမှာ စီမံပေးနေတဲ့ညီတော်ကသာ သူ့တူတော်ကို ပြည်တော်ပြန်ဖို့ တိုက်တွန်းနိုင်မယ့်သူပဲဖြစ်သည်လေ။"သားတော်ကြီး ဘုန်းရာဇ ပြည်တော်ဝင်သင့်နေပြီမဟုတ်လား။ ဘယ်သောင်ဘယ်ကမ်းများ ဆိုက်နေလဲ စုံစမ်းပါအုံး နန်းရင်းဝန်""မှန်လှပါ။ ပြည်တော်ဝင်ဖို့ အကြောင်းကြားခြင်း မရှိလာသေးပါဘုရား။ ကျွန်တော်မျိုး ဆက်သွယ်ပါမယ်ဘုရား။ များမကြာမီ ပြည်တော်ပြန်ဝင်လာဖို့တော့ မျှော်လင့်နေပါတယ်ဘုရား။""အင်း.. သက်တော်က ၂၅ကျော်ဖို့နီးပြီ... . အရိုက်အရာဆက်ခံဖို့ စိတ်မဝင်စားတဲ့အပြင် .. မိမိငယ်ကိုတောင် အာရုံမထားတော့ဘူးပဲ နန်းရင်းဝန်။ ကိုယ်တော်အသက်တော်ကြီးပြီကွယ်. .. တရားနဲ့ နားလိုပြီ""မှန်ပါ။ နောင်တော်ဘုရား တရားနဲ့နားပါက ညီတော်လည်း နောက်ပါးက ပါရမီဖြည့်ပါရစေဘုရား။ ရွှေကိုယ်တော်ကြီးကို ညီတော် ဆက်သွယ်ပါ့မယ်ဘုရား"ခေါင်းညှိမ့်ကာသာ.. အတွင်း‌ဆောင်ဝင်သွားလေတဲ့ ထီးဘုရားကို ဉီးခိုင်.. ခပ်မဆိတ် ငေးကြည့်မိသည်။ ထီးဘုရား သက်တော်နဲ့ ဉီးခိုင် အသက် သိပ်မကွာတာမို့ ၅၀ ကျော် ၆၀ နီးပါး သက်တော်ရှိနေပြီ။ အိမ်ထောင်မရှိတဲ့ ဉီးခိုင်.. တူလေးတွေကို အိမ်‌ထောင်နဲ့ မျိုးဆက်နဲ့ ရှိစေချင်မိတာမဆန်း။ အိမ်ရှေ့စံကိုယ်တော်က ရန်ကုန်ပြန်ရောက်နေပေမယ့် ဖခမည်းတော်မသိပါစေနဲ့ဆိုလို့သာ တိတ်တိတ်နေရတာ။ တစ်ကယ်လို့ သား‌တော်ငယ်လေး ကိစ္စကို ကောင်းစွာကိုင်တွယ်နိုင်မယ်ဆိုရင်တော့ ညီအကိုနှစ်ပါး ကျောင်းပိတ်ရက် အတူပြန်ကြွလာကြပြီး နန်းတော်ကြီးပြန်လည်စိုပြည်လာတော့မှာ။ အင်း.. မောင်ခိုင်.. မင်းဝေဒနာနဲ့တော့ ညီအကိုနှစ်ပါး ပျော်ပျော်ရွှင်ရွှင် ချစ်ကြည်စွာ ကစားနေကြတဲ့ မြင်ကွင်းမျိုး၊ ညီအကိုနှစ်ပါးရဲ့ မျိုးဆက်လေးတွေ စည်ကားနေမယ့်မြင်ကွင်းမျိုး.. မြင်ခွင့်ရပါ့တော့မလား။ မိဖုရားရဲ့ နှလုံးရောဂါ အခြေအနေ ဆိုးသလိုပဲ နန်းရင်းဝန် ဉီးခိုင်ရဲ့ အစာအိမ် ကင်ဆာကလည်း တစ်နေ့တစ်ခြား ပိုလို့ တိုးလာတာ ထီးဘုရားမသိအောင် ဟန်ဆောင်နေခဲ့ရသည်ပဲလေ။ "ဟော .. ရတနာမယ်ပါ့လား။ အမှာတော်ပါးထားသလား"ရတနာမယ်.. နှုတ်ခမ်းနှစ်လွှာကို စေ့စေ့ ပိတ်ထားပြီး တင်းမာတဲ့ မျက်နှာထားနဲ့ နန်းရင်းဝန်ကြီးကို ခပ်ဆတ်ဆတ်ပဲ တုန့်ပြန်လိုက်သည်။"အို..အမှာတော်ပါးမှ အခစားဝင်ရမလား ဉီးခိုင်။ မြန်မြန် လျှောက်တင်လိုက်စမ်းပါ။ ကိစ္စကြီးရှိတယ်"ရင့်သီးတဲ့ ဆက်ဆံရေးဆိုပေမယ့်... ဉီးခိုင် အရေးမယူပါ။ ထိပ်ထားဒေဝါနွယ်ရဲ့ ညီမတော်ကဆင်းသက်သည့် သမီးကြီး ရတနာမယ် မည်မျှ မာနခက်ထန်တယ်ဆိုတာ နန်းတော်တစ်ဝင်းလုံးအသိမဟုတ်လား။ မျက်နှာနှစ်ဘက်ရှိတဲ့ ရတနာမယ့်ကို သဘောမကျပေမယ့် ထိပ်ထားရဲ့ တူမဆိုတာ ဉီးခိုင်ရဲ့ တူမပါပဲလေလို့ ခွင့်လွှတ်ထားခဲ့ရတာ။ " ထိပ်ထားက မင်းသမီးယုဇနဟန်နဲ့ စကားလက်ဆုံကျနေတယ် ရတနာမယ်.. ဉီးရီးတော် မလျှောက်တင်ဝံ့ဖူးကွဲ့။ ဟောဟိုမှာ ခေတ္တထိုင်စောင့်ပါ့ တူမငယ်။ ရန်ပုံခွင်း.. ပြန်ရောက်လာတော့ အတွင်းဆောင် ဝင်လို့ လျှောက်တင်ခိုင်းပါ့မယ်"ရတနာမယ် တောင့် ကနဲ ဖြစ်သွားပြီး ရင်ကော့ကာ ဉီးခိုင်ကို မာန်‌စောင်ကြည့်လိုက်လေသည်။ ဒီအဘိုးကြီးဟာ... သိပ်စကားများတယ်။ ယုဇနဟန် နန်းတော်ထဲ ရောက်နေတာ သတင်းရလို့ ချက်ချင်း ပြေးလာရတာ။ ဉီးခိုင်နန်းတော်ထဲက ပြန်ထွက်သွားတဲ့အထိ ရတနာမယ် မထိုင်ဖြစ်သေး။ ပလ္လင်ထက်က မိဖုရားနေရာ ထိုင်ဖုံလေးကို စိုက်ကြည့်ရင်း ဒီနေရာက ငါ့နေရာလို့ .. မြဲမြဲစွဲစွဲ... မှတ်သားလာခဲ့တာ ငယ်ငယ်ကတည်းက။ အိမ်ရှေ့စံကို ရတနာမယ် မနှစ်သက်.. ငယ်စဉ်ကတည်းက အတူကစားဖော် ကစားဘက်.. တေဇာကို တစ်ဘက်သတ် ချစ်နေခဲ့ရပေမယ့်.. မိဖုရားနေရာကိုသာ မက်မောနေလို့ အိမ်ရှေ့စံရဲ့ မျက်နှာသာပေးမှုရအောင် ကြိုးစားခဲ့ရတာ။ ကြိုးစားရကြိုးမနပ်အောင်ပဲ ထီးဘုရားနဲ့ ဒွေးတော်ဘုရားက ယုဇနဟန်နဲ့ သဘောတူနေတာတဲ့လေ။ ဒီနေရာကို သူများဆီအပါမခံချင်လောက်အောင် ရတနာမယ့် ရည်ရွယ်ချက် က ကြီးမားတယ်မဟုတ်လား။ ထိပ်ထားဒေဝါနွယ် ရဲ့ ညီမ စုကလျာနွယ် မှာ.. ရတနာမယ်။ မောင်မောင် နဲ့ ရန်နိုင် ဆိုတဲ့ သားသမီးသုံးယောက်ထွန်းကားပြီး သမီးအကြီးဆုံး ရတနာမယ် မွေးချိန်တုန်းက ၈ မိုင်မှာတည်ဆောက်ထားတဲ့ ရတနာစံအိမ်ကို ထီးဘုရားချီးမြှင့်ခဲ့သည်။ မောင်မောင် အရွယ်ရောက်လာလို့ ရင်သွေးတောင် ၁ယောက်ရနေပြီ။ ရတနာကတော့ အိမ်ရှေ့စံ ကြင်ယာဖြစ်ဖို့ ကြိုးစားနေတုန်းပင်။ မြင်းထိန်းဝန်ဖခင်ရဲ့ မျိုးရိုးဆိုပေမယ့် ..မိခင် ‌ဒေါ်စုကလျာနွယ်က ထိပ်ခေါင်တင်ရဲ့ ညီမအရင်းပဲလေ။ ရတနာမယ် မိဖုရားဖြစ်ချင်တဲ့ အိမ်မက်ကို မောင်နှမဝမ်းကွဲတွေ လက်ဆက်ပေးပြီး မျိုးရိုးထိမ်းလေ့ရှိတဲ့ နန်းတွင်းဓလေ့က မီးထိုးပေးနေတာမို့ ... ဒွေးတော်နဲ့ ထီးဘုရား သဘောကျအောင် ကြိုးစားနေခဲ့တာ နန်းမွေတစ်ခုတည်းကြောင့်တော့မဟုတ်။ စီးပွားရေးလုပ်ငန်းအားလုံးနီးပါးကလည်း ထီးဘုရားလက်အောက်က လုပ်ငန်းတွေကို မှီတည်နေရတာမို့ မိဖုရားသာဖြစ်ခဲ့ရင်.. နန်းတော်တစ်ခုလုံး ရတနာမယ့်လက်ထဲ‌ ရောက်လာပြီပေါ့။ ထီးဘုရား အပါး‌တော်မြဲ.. ဉီးစစ်ဝန် အတွင်းဆောင်က ထွက်လာတော့ ... ရတနာမယ့်ကို မြင်လေသည်။"ဟော။ ရတနာမယ်.. အကြောင်းကိစ္စရှိသလား။"ဟွန့်ရတနာမယ် ချာကနဲ ပြန်လှည့်ထွက်လာခဲ့ပြီး ကားလေးကို ကိုယ်တိုင်မောင်းကာ ပြန်ထွက်လာတော့သည်။ အပါးတော်မြဲကအစ ... ရိုသေသမှု အပြုမခံရတဲ့ အနေအထားမျိုးကို ရတနာမယ် မကြိုက်ပါ။ ရတနာစံအိမ်ဆိုတာ နှယ်နှယ်ရရ မှမဟုတ်တာ..။ ဒွေးတော်တို့များ.. သူကတော့ ရှင်ဘုရင်နဲ့ အကြောင်းပါပြီး ညီမဖြစ်သူ မေမေ့ကိုတော့ မြင်းထိန်းဝန်နဲ့ လက်ထပ်စေခဲ့တာလေ။ အခုတော့ ရတနာစံအိမ်က လူတွေကိုဆိုရင်... ဘုရင့်အပါးတော်မြဲ ကတောင်မှ .. မလေးစားတတ်ကြတော့တာလားမသိ။ ဒီဂုဏ်ကို ပြန်ထိမ်းဖို့ မိဖုရားဖြစ်မှကိုရမှာ။ ရတနာမယ် ရန်ကုန်ကို ကားပြန်မောင်းလာရင်းနဲ့.. တစ်ခါတည်း အလုံကစံအိမ်တော်ကို ဝင်လိုက်တော့သည်။ စံအိမ်တော်မှာ ဒီအချိန်ဆိုရင် တေဇာပြန်ရောက်နေလောက်ပြီ။ တေဇာ့ကို ချစ်ပေမယ့် အိမ်ရှေ့စံပြန်ရောက်မယ့်နေ့ကို စုံစမ်းဖို့ သွားရတာ..။ အိမ်ရှေ့စံပြန်ရောက်လာရင်.. မေမေ့ကို ပူဆာပြီး ဒွေးတော်ဆီ လျှောက်ခိုင်းရမယ်လေ။ ကိုယ်တိုင်လည်း ကြိုးစားရတာပေါ့။ ရတနာမယ်ကိုယ့်တွက်ကိန်းနဲ့ကိုယ်.. စံအိမ်ရှေ့ရောက်တော့ .. တေဇာ့ ကိုယ်ရံတော် တံခါးလာဖွင့်လေသည်။ "တေဇာ ပြန်ရောက်ပလားဟေ့။"ကိုယ်ရံတော် ရန်မျိုးအောင်.. နှာခေါင်းကိုရှုံ့လိုက်ရင်း၊ ခပ်တည်တည်ပဲ တုန့်ပြန်သည်။"ဟုတ်ကဲ့.. ပြန်မရောက်သေးဘူး""ပြန်ရောက်တော့ ငါ့ဆီဖုန်းဆက်ဖို့ ပြောလိုက်""ဟုတ်ကဲ့"ရတနာမယ်..ရန်မျိုးအောင်ကို မျက်စောင်းထိုးပြီး ပြန်ထွက်မယ်ကြံပြီးမှ.. ရွှေခြေနင်းတစ်စုံကို အိမ်ရှေ့မှာချွတ်ထားတာ မြင်မိသလိုမျိုးမို့ သေချာအောင် ကြည့်လိုပေမယ့် ရန်မျိုးအောင်က မျက်နှာပြောင်စွာပဲ အိမ်တံခါးမကို ပိတ်ပစ်လိုက်လေသည်။ ဒီခြေနင်းက ... အိမ်ရှေ့စံစီးတဲ့ ခြေနင်း.. အိမ်ရှေ့စံ စီးလေ့မရှိပေမယ့် အိမ်ရှေ့စံရှိကြောင်းပြတဲ့ အမှတ်အသား။ ဒါဆို အိမ်ရှေ့စံကိုယ်တော် ပြန်ရောက်နေတာလား။ ရတနာမယ် အခြေအနေကို နားမလည်ပေမယ့်.. ဒီထက် ထပ်ရှေ့တိုးဖို့အခွင့်မသာတာမို့.. အိမ်ကိုပဲ ပြန်လာခဲ့တော့သည်။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now