အခဏ်း.. ၃။

268 9 0
                                    


အပိုင်း ၃။

ကျယ်ဝန်းပြီး အဖိုးတန်ပရိဘောဂများနဲ့ ဆင်ယင်ထားတဲ့ ဒီခန်းဆောင်ထဲမှာ ကိုယ်တော် မြတ်ကိုပိတ်လှောင်ထားတာ ငါးရက်ရှိပြီ။ အပြင်မထွက်ရ အမိန့်အပြင် ဘယ်သူမှလည်း လာမတွေ့ရဘူးလို့ အမိန့်ထုတ်ထားတာမို့ မမကိုလည်း မတွေ့ရ။ တိက္ခနဲ့ ဝဏ္ဏ တို့အပြင် အခန်းဆောင်ထဲ ဝင်ခွင့်ရ အပျိုတော် လေးငါးဉီးကသာ မြတ်ကိစ္စဝိစ္စ အကုန်လုပ်ပေးနေရသည်။ ရှေးခေတ်နန်းဆောင်မို့ တွဲလျက် ရေချိုးခန်းက စဉ့်ရေစိမ်ကန်ကြီးတစ်ခုအပြင်... တစ်ခြားဘာမှမရှိ။ အရှင့်သား အမိန့်အတိုင်း ရေစိမ်ကန်မှာ ရေနွေးနဲ့ စပ်လို့ ရေစိမ်ချိုးရသည်။ ပွဲတော်ကို တစ်ယောက်တည်း တည်ရသည်။ ညစာစားပြီးတာနဲ့ မြတ်အနားက ရံရွေတွေအားလုံး အသီးသီးပျောက်ကုန်ကြပြီး မြတ်တစ်ယောက်တည်းကျန်ခဲ့ရသည်။ အခုလိုနေရတာ

မြတ်.. ဟိုအမျိုးသမီးအတွက် ဒူးထောက်‌မိတာက အပြစ်လား ယောက္ဖတော် မြတ်ကြည်သာဟန် ပါလို့ မိတ်မဆက်မိတာက အပြစ်လား။ မမအနား ကပ်မနေမိတာကအပြစ်လား?

ဝှူး... အဲ့ဒီ Bull shit စည်းကမ်းတွေ ဘယ်ခေတ်ရောက်နေပြီလဲ။

ဒီအိမ်ကြီးထဲ ရောက်နေခဲ့တာ လေးလရှိပြီမို့လို့ မြတ် မရောက်ဖူးတဲ့နေရာမရှိအောင် နှံစပ်ပြီးသား။ အခု.. ဆောင်ခန်းရှိတဲ့ အိမ်တော်ပေါ်ကိုတော့ မြတ်တစ်ခါမှမရောက်ဖူးခဲ့။

မြင်းကွင်း နဲ့နီးလားလို့ တစ်ဘက် ဝရန်တာက မျှော်ကြည့်တော့လဲ မြင်းနှာမှုတ်အသံလေးတောင်မကြားရ။ မြင်မြင်ရာ ဉယာဉ်ကြီးပဲရှိတာ။

မြတ် လွမ်းသည်။ ညနေတိုင်းဆုံနေကျ သူငယ်ချင်းတွေကိုလွမ်းသည်။ ဖူဆယ်ကစားကွင်းကိုလွမ်းသည်။ လမ်းထိပ်ကလ္ဘက်ရည်ဆိုင်ကို လွမ်းသည်။ အိမ်နားက ဂစ်တာတီးနေကျ အုတ်ခုံလေးကို လွမ်းသည်။

အစေခံတန်းလျားက ဘောလုံးကန်ဘက် ကလေးတွေကို သတိရနေမိသည်။ နောက်ပြီး.. မနက်တိုင်း ညတိုင်း မပေါ်လာတော့တဲ့ ခြေနင်းတစ်စုံကို လွမ်းမိသည်။

အစေခံတန်းလျားမှာနေတုန်းက ‌ေပါ့ပါးပျော်ရွှင်ရသလောက် အခုတော့ ဆောင်ခန်းကြီးတစ်ခုလုံးမှာ ကိုယ်တစ်ယောက်တည်း။ လိုချင်တာရှိရင် ကိုယ်တိုင်ထ လာစရာမလိုအောင် အလိုက်တစ်သိဖြည့်ပေးမယ့် ဝဏ္ဏနဲ့ အပျိုတော်တွေက မြတ်အနားမှာကပ်နေတာ တစ်နေကုန် တစ်ချက်ကလေးမှ မလွတ်လပ်။ ဒီကြားထဲ မျိုးရိုးစဉ်ဆက်အကြောင်းတွေ နားခံတော်ကြီး လာသင်ပေးလို့ နေ့လည်ဘက်တောင်မနားရဘဲ သင်နေရသေးသည်။ အိပ်ချိန်လေးပဲ မြတ်အတွက် တစ်ယောက်တည်း ဖြစ်ခွင့်ရတာဖြစ်သည်။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now