အခဏ်း ၁၁။ Z

47 2 0
                                    

မျက်စေ့တစ်ဆုံး ... ကျယ်ပြန့်တဲ့ စိုက်ခင်းတွေကို လေရူးက တသုန်သုန် တိုက်ခတ်လျက် ယိမ်းနွဲ့နေစေသည်။ ပဲတီစိမ်းပင်လေးတွေက ဟိုဒီယိမ်းလျက်.. မဲမှောင်နေအောင် သီးအားကောင်းလှတဲ့မတ်ပဲခင်းကြီးကလည်း လှုပ်လှုပ်လဲ့လဲ့.. ။ ဟိုးခပ်လှမ်းလှမ်းဆီက နေကြာခင်းကြီးကလည်း တစ်မျှော်တစ်ခေါ် ပွင့်အာနေလိုက်သည်မှာ မကြာမီ ရိတ်သိမ်းရတော့မှာပဲလေ။ အားရစရာ စိုက်ခင်းစိုက်ကွက်တွေကို တိုးဝှေ့လာတဲ့ လေခပ်ကြမ်းကြမ်းက ဒီနှစ်အတွက်အထွက်နှုန်းကို ကြိုတင်တွက်ဆရင်း... ကုက္ကိုပင်အရိပ်က ရပ်ကြည့်နေတဲ့ တေဇာ့ ဆံနွယ်တွေကို ဖွပစ်လိုက်တာမို့.. နှဖူးရှေ့ကို ဝဲကျလာတဲ့ ဆံပင်တွေကို သိမ်းလိုက်ပြီး တေဇာ.. ရုတ်တရက်.. ညှိုးငယ်သွားရသည်။နှစ်ပေါင်း နှစ်ဆယ်ကျော်... မေ့မရတဲ့အဖြစ်တွေကို မေ့ပစ်ဖို့ တကူးတက မကြိုးစားခဲ့တာမို့လည်း.. အခုလိုတိုက်ဆိုင်လာတိုင်း.. သတိရတမ်းတနေခဲ့ရတာ တစ်ရက်မှ မပျက်ခဲ့။ ကမ္ဘာ‌လောကကြီးကတော့ သူ့ထုံးစံအတိုင်း ပြောင်းလဲခြင်းတွေနဲ့ တန်ဆာဆင်ထားသလို.. အချိန်နဲ့လိုက်ပြီး တေဇာလည်း ပြောင်းလဲခဲ့ပြီလေ။ သျောင်ထုံးကနေ ခေတ်ပေါ်ဆံပင်တိုနဲ့ .. တောင်ရှည်ကနေ ပုဆိုးတိုတိုနဲ့.. ဘုရားထူး ဉီးချခံရာကနေ.. ကိုယ့်ဒူးကိုယ်ချွန် မိုးဆိုစပါး နွေဆို ပဲနဲ့ နေကြာ စိုက်ပျိုးရေးကို ကိုယ်တိုင်လုပ်နေရတာနဲ့.. ဒါပေမယ့်လဲလေ.. ပြောင်းလဲနေတဲ့လောကကြီးထဲမှာ မပြောင်းလဲနိုင်တဲ့ ရင်တွင်းဝေဒနာကတော့ ရှိဆဲရှိမြဲပင်။ 🌸🌈☁️🦋ပန်းလေးတွေ .. လိပ်ပြာလေးတွေ.. တိမ်ဆိုင်တိမ်လိပ်တွေ.. မိုးစက်မိုးပေါက်လေးတွေ.. သက်တန့်တွေ.. မြင်လေရာ အရပ်တိုင်းမှာ မေ့မရခဲ့တဲ့ လူတစ်ယောက်ရဲ့ ရုပ်ပုံလွှာက အမြဲလိုနေရာယူထားခဲ့တာ .. နှစ်ပေါင်းနှစ်ဆယ်ကျော်... အတူတူ နေကြဖို့ ရည်ရွယ်ထားတဲ့ အတိုင်း ...စိုက်ခင်းတွေကြား ဘဝကို နစ်မြှုပ်ထားခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်...သန်လျင်မင်းတြားကြီးစံနန်းဟောင်း သီဟဒီပခေါ်တဲ့ အရပ်မှာ နှစ်နှစ်ဆယ်လောက် ဇာတ်မြှုပ်နေခဲ့တာမို့လည်း ဒီအရပ်မှာ တွံ့တေးကပြောင်းရွှေ့လာတဲ့ လူပျိုကြီးတေဇာလို့ မသိသူမရှိသလောက် ကိုယ့်ရပ်ကိုယ့်ရွာလို ဖြစ်နေခဲ့ပြီ။ "ဟော .. မောင်ရင်တေဇာ.. မြို့ပေါ်ကပြန်လာပြီလား။ ဈေးက ဘယ့်နှယ်လဲ"မြို့ဆင်ခြေဖုံး မြို့ပြကွက်သစ်ရပ်ကွက်လေးဆိုပေမယ့် ကျေးရွာလေးပိုဆန်တဲ့ နတ်စင်ကုန်းရွာလယ်လမ်းထက်.. တေဇာ လျှောက်လာခဲ့ရာ.. အိမ်နီးချင်း လယ်နီးချင်း ဘကြီးအောင်က လှမ်းနှုတ်ဆက်တာမို့ တေဇာ အတွေးတွေရပ်တန့်ပြီး ပြန်လည်နှုတ်ဆက်လိုက်ရသည်။ "ဘကြီးအောင်ရေ ဈေးကတော့မရဘူးဗျို့။ ပွဲစားတွေ ဈေးလာပေးရင် ထိမ်းထားပါအုံး မရောင်းပါနဲ့။ ငွေလိုရင် ကျွန်တော့်ဆီလာယူပါ။""အင်း.. ဒီနှစ်လဲ မနှစ်ကလိုပဲ ပဲဈေးတွေ ကျနေတာပဲလားကွယ်။ မောင်ရင်တေဇာရှိလို့လဲ တို့ရွာကလူတွေ ပွဲစားညှင်းတာမခံရတာ ကျေးဇူးကြီးပါပေတယ်ကွယ်""မဟုတ်တာ ဘကြီးအောင်ရယ်။ ကျွန်တော် ဒိုင်ကြီးတွေဆီသွားကြည့်ပါအုံးမယ်။ ဈေးပိုရတဲ့ဆီရောင်းရမှာ‌ပေါ့ဘကြီး။ ကားငှားလို့ရတာပဲဟာ။ မပူပါနဲ့""သူတော်ကောင်းလေး နတ်ကောင်းမပါစေကွယ်။ အားကိုးပါတယ်။ အော် ဒါနဲ့ မနက်တုန်းက မောင်ရင့်အိမ်ရှေ့မှာ မိန်းကလေးတစ်ယောက်ရပ်နေတာ တွေ့တယ်မောင်ရင်။ မောင်ရင့်အမျိုးအဆွေများလားမသိဘူး။ ဘကြီးမေးမြန်းဖို့ အိမ်အောက်ဆင်းလာတော့ မတွေ့တော့ဘူးကွဲ့""အိမ်မှားတာနေမှာပါ ဘကြီး.. ကျွန်တော်တို့ ညီအကိုက အမျိုးအဆွေမရှိပါဘူး။ လူပျိုတွေကြည့်နေကြတာလေခင်ဗျ""အော်.. အင်းပါကွယ်.. ကိုင်း နေပူတယ် ပြန်ပေတော့ မောင်ရင်""ဟုတ်ကဲ့ဘကြီးအောင်.. ပဲခင်းကြည့်ပြီးမှ ပြန်လာတာမို့ ဗိုက်လည်းဆာနေပြီခင်ဗျ"ရယ်ရယ်မောမောနဲ့ အိမ်ဘက်ကို ဆက်လျှောက်လာခဲ့တာ.. တေဇာ့ခေါင်းပေါ်က နေမင်းကြီးက မညှာမတာ ပူလိုက်လေ။ ပေ ၈၀ ပေ ၁၀၀ ခြံဝင်းထဲ ဆောက်ထားတဲ့ ခြေတံရှည်အိမ်ကြီးတစ်ဆောင်.. အောက်ထပ်မှာ ရပ်ထားတဲ့ ထွန်စက်နဲ့ စပါးမျိုးစေ့သိုလှောင်ရုံလေးက သော့သေချာခတ်ထားခဲ့ရုံလောက်နဲ့ လုံခြုံတဲ့ ဒီအရပ်ဒေသကို တေဇာ သိပ်သဘောကျရသည်။နတ်စင်ကုန်းကျေးရွာလေးက တေဇာနဲ့ ခွန်ဖတို့ရောက်လာစဉ်ကာလတုန်းက တဲငယ်လေးများဖြင့်သာ ကျေးရွာလေးတစ်ရွာကဲ့သို့ အေးချမ်းခဲ့သည်။ နှစ်တွေပြောင်းလို့ ရွာက မိန်းကလေးငယ် ယျောက်ကျားလေးငယ် အရွယ်ကောင်းလေးတွေ မလေးရှားနဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြတာကြောင့်လည်း .. အခုဆိုရင် တိုက်ခံအိမ် ခြေတံရှည်သစ်သားအိမ် စသည်ဖြင့် တိုးတက်လာခဲ့တာပင်။ ခေတ်တွေပြောင်းလို့ လူနေမှုအဆင့်အတန်းတွေပြောင်းလဲလာပေမယ့်.. ရွာလေးကတော့ အရင်လိုမဟုတ်ဘဲ နဲနဲခြောက်သွေ့သွားတာကလွဲလို့ .. ကျန်ရစ်ကြတဲ့ မိသားစုဝင်များက.. စပါးချိန်စပါး ပဲချိန်ပဲ စိုက်ပျိုးရေးလေးတွေလုပ်ကိုင်ကြရင်း ရိုးအေးစွာနေထိုင်ကြတဲ့ အရပ်ဒေသလဲ ဖြစ်သည်။ တေဇာနဲ့ ခွန်ဖတို့ တွံ့တေးဘက်ကပြောင်းလာခဲ့ပြီး အခြေချနေထိုင်ခဲ့သည့်ကာလတစ်လျှောက်.. ကျေးရွာတွင်း အခက်အခဲများနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ကြိုးစားကူညီကာ တည်တည်တံ့တံ့ နေထိုင်ခဲ့တာမို့လည်း ကျေးရွာက အားကိုးအားထားပြုရတဲ့ ခေတ်ပညာတတ်လူငယ်များအနေနဲ့ လေးစားခြင်းခံရတာဖြစ်သည်။ တေဇာ..အိမ်နံဘေးမှာတွဲကပ်ထားတဲ့ လှေကားကနေ တက်လာခဲ့ပြီး.. တံခါးကိုဖွင့်ကာ အိမ်ရှေ့ကပြင်မှာထိုင်လျက် ခေတ္တ အမောဖြေလိုက်ရသည်။ "ဝှူး ပူလိုက်တာ။ ဒီနှစ်ဆောင်းက သိပ်မအေးဘူးပဲ။"အမှန်ဆိုရင် .. ပဲပွဲရုံတွေဆီ ဆိုင်ကယ်လေးနဲ့ သွားရင် အဆင်ပြေနေကျ...ခွန်ဖ ဆိုင်ကယ်ယူသွားလို့ ဒီနေ့ ကယ်ရီစီးရင်း လယ်ကွင်းဘက်ကနေ လမ်းလျောက်ပြန်လာခဲ့ရတာ။ ပဲခင်းက တစ်နေ့တစ်ခါတော့မကြည့်လို့မရ။ ခိုးသူမရှိပေမယ့် ပိုးကျမှာတော့ကြောက်ရတယ်မဟုတ်လား။ ခွန်ဖရော အဆင်ပြေရဲ့လားမသိ။ သန်လျင်ကနေ တွံ့တေးအထိ ဆိုင်ကယ်မောင်းသွားတဲ့ ခွန်ဖကို ဒီတစ်ညအိပ်ဖို့တော့မှာလိုက်တာပဲလေ။ တွံ့တေးဘက်က လယ်ဧက သုံးဆယ်ကျော်မှာ စိုက်ပျိုးထားတဲ့ ပဲခင်းက နှုတ်ရတော့မှာ။ ဝယ်လက်နဲ့ အခင်းပြတ်ဈေးညှိဖို့ ခွန်ဖ သွားရတာဖြစ်တဲ့အပြင် တွံ့တေးကို တစ်နှစ်တစ်ခါ အခစားဝင်ဖို့ လာလျှောက်နေကျ ရန်မျိုးအောင်လည်း ဒီလထဲမှာ ဘာသတင်းမှမကြားရလို့ သတင်းစနည်းနာခိုင်းလိုက်ရသေးတာပင်..။ မဟုတ်ရင်.. ရန်မျိုးအောင်က တေဇာတို့ ဒီဘက်ပြောင်းလာခဲ့တာ သိသွားတော့မှာမဟုတ်လား။ သိလို့မဖြစ်။ တေဇာ နန်းတွင်းနဲ့ပတ်သက်သမျှကို အဆက်အသွယ်ဖြတ်ထားချင်သည်။ တွံ့တေးမှာရှိနေတယ်လို့ ရန်မျိုးအောင် သိနေမှ ဖြစ်မှာဆိုတော့.. ဒီလမှာမှ အခစားမဝင်ဖြစ်တဲ့အကြောင်းကို ခွန်ဖ ပြန်လာတော့မှပဲ အကြောင်းစုံသိရတော့မှာပဲလေ။ ကိုင်း ဝမ်းကဟာလှပြီ။ ထမင်းစားလိုက်အုံးမှပါ။တေဇာ ခြေလက်ဆေးကြောပြီး မီးဖိုခန်းထဲဝင်ကာ ထမင်းစားဖို့ ထမင်းအိုးကို ဖွင့်လိုက်ရာ.."အယ်.."ထမင်းပေါင်းအိုးထဲမှာ ထမင်းနည်းနည်းသာ ကျန်တော့သည်။ တေဇာ သိပ်မသေချာလို့ ဟင်းအိုးတွေဖွင့်ကြည့်မိတော့.. ဟင်းတွေက သိပ်မကျန်တော့.. အိုးခွက်တွေက ခြေရာလက်ရာမပျက်.."မနက်တုန်းက အိုးပြည့်ခွက်ပြည့် ချက်ပြုတ်ပြီးမှ ထွက်သွားတာပါ။ အခုထမင်းတွေ ဟင်းတွေ ဘယ်ရောက်ကုန်တာလဲဟ။ ကြွက်တက်တာဆိုရင်လည်း ကြွက်က အိုးတော့ပြန်ဖုံးသွားတတ်မှာမဟုတ်ဘူး။ ခွန်ဖများပြန်လာလို့လား။"မတတ်နိုင် .. တေဇာ ဟင်းနံ့ရတာနဲ့ ဆာလှတဲ့ဝမ်းက ဂွီကနဲ ဆန္ဒပြလာတာမို့ ရှိသမျှ ထမင်းဟင်းလေး နယ်ဖတ်ကာ စားလိုက်ရသည်။ "အင်း.. မြိန်လိုက်တာ .. ဒီနေ့မှ မလောက်မငမို့လားမသိဘူး.. မစားစဖူး မြိန်အောင် စားဖြစ်သွားတယ်"ပန်းကန်ခွက်ယောက်တွေ ဆေးကြောပြီးတော့မှ.. အိမ်ရှေ့ခန်းကို ပြန်ထွက်လာခဲ့မိသည်။ မီးဖိုခန်းကထွက်တာနဲ့ တေဇာနဲ့ ခွန်ဖတို့အခန်းတွေက မျက်နှာချင်းဆိုင် ရှိနေတာမို့ လေးပေလောက် ကျယ်တဲ့ လျှောက်လမ်းတစ်လျှောက် .. သင်းသင်းလေးမွှေးနေတဲ့ မြတ်လေးပန်းနံ့ကြောင့် တေဇာ အံ့သြမိသည်။ "အင်း.. ဘယ်အိမ်က မြတ်လေးပန်းလဲကွယ် .. မွှေးလိုက်တာ"ခပ်ဟဟ တံခါးကနေ ကိုယ့်အိပ်ခန်းထဲကို ကိုယ် တစ်ချက် ကြည့်လိုက်ပြီး .. အိမ်ရှေ့က ပက်လက်ကုလားထိုင်မှာထိုင်ကာ ထမင်းလုံးစီဖို့ထွက်လာပြီးမှ.. စိတ်ထဲ သိပ်မသင်္ကာတာမို့.. အိပ်ခန်းဆီပြန်လာကာ တံခါးဖွင့်ဝင်ဖို့ပြင်လိုက်ရာ.. တေဇာ.. မျက်လုံးများပြူးတက်သွားရသည်။ "ဟိုက်... မိန်းကလေးတစ်ယောက်ပါလား"ဟုတ်သည်.. လူပျိုကြီးတေဇာ့အိပ်ယာထဲ မိန်းကလေးတစ်ယောက်.. ခရီးဆောင်အိတ်လေးကို ရင်မှာပိုက်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ တေဇာ တစ်ခါမှမကြုံစဖူးတဲ့ကိစ္စကြီးဖြစ်လာပြီ။ ဘယ်ကမိန်းကလေးပါလိမ့်။စောစောက ဘကြီးအောင်ပြောတဲ့မိန်းကလေးများလား။ အိမ်ထဲကိုဘယ်လိုရောက်လာတာလဲ။ မီးဖိုခန်းတံခါးကို တစ်ချက်စစ်ကြည့်မိတော့ မီးဖိုခန်းတံခါးက ပွင့်နေလေသည်။ "အာ ငါ မနက်တုန်းက နောက်ဖေးကဆင်းပြီး တံခါးပိတ်ဖို့မေ့သွားခဲ့တာကိုး။ ဒုက္ခပါပဲ"တေဇာ ရှေ့ခန်းကိုထွက်လာလိုက်.. တံခါးကချောင်းလိုက်.. နောက်ဖေးဘက်ကို လျှောက်သွားလိုက်နဲ့ ဂနာမငြိမ်နိုင်။ တေဇာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးမှ ဘယ်က ဘယ်လိုမိန်းကလေးလဲဆိုတာ မေးမြန်းဖို့ အခန်းတံခါးကိုဖွင့်ဝင်လာခဲ့လိုက်သည်။"ဟိတ် မိန်းကလေး.. ဒီမှာ ထပါအုံးခင်ဗျ။ မင်းဘယ်သူလဲ .. ဘယ်ကလဲ။ ဘာလို့ ငါ့အိမ်ပေါ် ရောက်နေရတာလဲ ဟင်"ခပ်လှမ်းလှမ်းကနေ နှိုးလိုက်တော့ . ကုတင်ပေါ်က မိန်းကလေး နိုးထလာတော့သည်။ တေဇာ့ကို မော့ကြည့်တဲ့မျက်ဝန်းများက ခံစားချက် ဗလာနဲ့ .. တေဇာ မိန်းကလေးကိုကြည့်ရင်း ရင်ထဲမှာ ဖျဉ်းကနဲ ကျဉ်သွားလောက်အောင် ချစ်ရသူကို သတိရလိုက်မိပေမယ့်.. ဒါ ဖြစ်မှမဖြစ်နိုင်တာလေ။"ဒီမှာ မိန်းကလေး.. ငါမေးတာဖြေပါအုံးလား။ မိန်းကလေး ဘယ်ကလဲ ဘာလို့ ဉီးလေးအိပ်ယာထဲ ဝင်အိပ်နေတာလဲ။ ဉီးလေးတို့ က ယျောက်ျားသားတွေကြည့်ပဲ နေကြတာ။ မိန်းကလေး အခုလိုလာနေလို့ မသင့်တော်ဘူး။ ထ ထ... သွားတော့"တေဇာ နှင်ထုတ်ပေမယ့်လည်း ထိုမိန်းကလေးက အဝတ်ထုပ်လေး ပိုက်ကာ ပြန်လှဲချလိုက်တာမို့ တေဇာ အံ့အားသင့်စွာပဲ အခန်းထဲက ထွက်လာခဲ့ရသည်။ "ဟန်.. မထဘူးပဲ" တေဇာ အခန်းထဲကထွက်ပြီး ခွန်ဖဆီဖုန်းဆက်ဖို့ ကြံတုန်းပဲရှိသေး.. ထိုမိန်းကလေးက အခန်းတံခါးကို အတွင်းကနေ ချက်ချလိုက်တာမို့ တေဇာ အံ့သြရင်းသာ အံ့သြနေရတော့သည်။"‌ဟောဗျာ ... မိန်းကလေး .. နေပါအုံး မင်းက အပြင်မထွက်လာဘဲ ငါ့ကို အပြင်နှင်ထုတ်လိုက်တာလား။ ခက်ပြီ။ မင်းအဲ့ထဲက ထွက်ခဲ့ပါမိန်းကလေး။ အဲ့ဒါ ငါ့အိပ်ယာလေ။ မင်းနေစရာမရှိရင်.. ငါ အပျိုကြီးမစိန်မြအိမ်မှာ လိုက်ပို့ပေးမယ် မင်းနေလို့ရတယ်။ ဒီမှာက ငါတစ်ယောက်တည်းအိပ်တာ မင်းနေလို့မရဘူး မိန်းကလေး တံခါးဖွင့်ပါကွဲ့"အထဲက တံခါးလည်းဖွင်မလာ. .. ပြန်လည်းမဖြေ..။ တေဇာ အကျပ်ရိုက်နေရပြီ။"မိန်းကလေး.. ငါ့ပစ္စည်းတွေက အထဲမှာကွဲ့ ငါ အဝတ်အစားလဲအုံးမှာ.. ထွက်ခဲ့ပါ မင်းတစ်ခြားမသွားချင်လည်း ငါ အခန်းစီစဉ်ပေးမယ် ငါ့အိပ်ယာက ထွက်ခဲ့ပါကွဲ့"ချောက်ကနဲတံခါးပွင့်သွားပြီး လက်တစ်ဘက်သာထွက်လာကာ တေဇာ့အဝတ်အစားတွေ ကို ပစ်ပေးလိုက်တာမို့ ယောင်ယမ်းပြီး ဖမ်းလိုက်ရသည်။ ချောက်ကနဲတံခါးပြန်ပိတ်သွားတော့မှ အသိပြန်ဝင်လာမိပြီး.. တေဇာ အအံ့သြဆုံးအနေအထားနဲ့သာ နှဖူးကို လက်နဲ့ရိုက်လိုက်ရတော့သည်။"သေပြီဟ။ ဒီအတိုင်းဆိုရင် ထွက်လာတော့မှာမဟုတ်ဘူး။ ငါဘာလုပ်ရမလဲ။ မိန်းကလေးကြည့်ရတာလဲ နုငယ်ချောမောလွန်းလှတယ်။ ငါ့ကိုတော့ လူတွေတစ်မျိုးထင်ကြတော့မလားမသိဘူး"မတတ်နိုင် .. တွံ့တေးရောက်နေတဲ့ခွန်ဖဆီလှမ်း ခေါ်ရတော့မှာပဲ။ "ခွန်ဖ.. မင်းဘယ်ရောက်နေပြီလဲ""တွံ့တေးမှာပဲရှိသေးတယ် အကို.. ဘာလို့လဲ ဒီမှာ ပဲဈေးက မပြတ်ဘူးဖြစ်နေတယ်""အာ. ထားခဲ့တော့ မင်းဒီနေ့ရောက်အောင်ပြန်လာခဲ့မှရမယ်။ ငါ့အိပ်ယာထဲမှာ မိန်းကလေးတစ်ယောက်ရောက်နေလို့""ဟင် အကို က ဘယ်ကမိန်းကလေးကိုခေါ်လာလို့လဲ""သယ်.. ခွန်ဖ .....ဟင်း.. ငါက ဘယ်ကမိန်းကလေးခေါ်ရမှာလဲ သူ့ဘာသာရောက်နေတာ""အော် ဟုတ် ဟုတ်.. ကျွန်တော် ပြန်လာခဲ့မယ် ဒါဆို ညမှောင်ရင်ပြန်ရောက်ပါပြီးအကို"ဖုန်းကိုချလိုက်ပြီး တေဇာ အိမ်ရှေ့ခန်းကိုပြန်ထွက်လာခဲ့ပေမယ့် အိပ်ခန်းထဲက ကိစ္စကို ဘယ်လိုရှင်းရမလဲ တွေးမရ။"ဘကြီးအောင်.. ဘကြီးအောင်.. ကျွန်တော် တေဇာပါခင်ဗျ""မောင်ရင် လာလေ အပေါ်တက်ခဲ့ပါလား။"အိမ်ရှေ့ခန်းမှာ ဖျာလေးခင်းကာလှဲနေတဲ့ဘကြီးအောင်ဆီ တေဇာ တက်လာခဲ့ရသည်။ "ဘကြီး.. တစ်ခုလောက်တိုင်ပင်ချင်လို့.. ကျွန်တော့်အိမ်မှာ မိန်းကလေးတစ်ယောက်ရောက်နေတယ်ခင်ဗျ။ အဲ့ဒီမိန်းကလေးကို ကျွန်တော်လည်း မသိဘူး။ ကျွန်တော့်ညီကလည်း မသိဘူး ခင်ဗျ။ အဲ့ဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲ ခင်ဗျ""ဟေ.. လူပျိုကြီးတွေအိမ်ကို မိန်းကလေးရောက်လာတယ်လား""ဟုတ်ကဲ့ ဘကြီး.. ရောက်ရုံမကဘူး. . ကျွန်တော့်အိပ်ခန်းထဲ ဝင်အိပ်နေလို့ ကျွန်တော် အခက်တွေ့နေရပါတယ်""ဟေ.. မောင်ရင် အဲ့ဒါဆို ခက်တာပေါ့ ဘယ်ကမှန်းမသိရင်‌တော့ အုပ်ချုပ်ရေးမှူးခေါ်ပြီး အပ်လိုက်ရုံပေါ့ကွယ်။ တော်ကြာ အမှုအခင်းမကင်းတဲ့သူတွေဘာတွေဖြစ်နေမှာစိုးရတယ်""မိန်းကလေးကြည့်ရတာတော့ ရည်ရည်မွန်မွန်လေးပါ စကားလည်းပြန်မပြောဘူးခင်ဗျ""အင်း.. လာ လာ .. ဘကြီးလိုက်ကြည့်ပေးမယ်လေ။ စကားပြောလို့ရရင် ဘယ်က ဘာာလို့ သိရမှာပေါ့။ ဟော.. ဟေ့ ခင်ဉီး.. ခဏလာပါအုံးဟ"ဘကြီးအောင်အိမ်ရှေ့ကဖြတ်လျှောက်သွားတဲ့ ရာအိမ်မှူး ခင်ဉီး အိမ်ပေါ်တက်လာတာနဲ့ ဘကြီးအောင်က အဖြစ်သနစ်ကို အကျဉ်းရုံးရှင်းပြလိုက်သည်။"အင်း.. မိန်းကလေးဆို‌တော့ ခက်သားလားဘကြီး။ ကျွန်တော်လိုက်တွေ့ကြည့်မယ်လေ ကိုတေဇာ။ ပြီးတော့မှ တစ်မျိုးစီစဉ်ရတာပေါ့ အုပ်ချုပ်ရေးမှူးနဲ့ တိုင်ပင်ပြီးမှ ရဲစခန်းကိုနောက်မှအကြောင်းကြားကြတာပေါ့"ဘကြီးအောင်နဲ့ ရာအိမ်မှူးခင်ဉီးတို့ တေဇာ့ အိမ်ပေါ် အိမ်ရှေ့ခန်းလေးမှာ နေရာယူကြတုန်းမှာပဲ တေဇာ အခန်းတံခါးကိုခေါက်လိုက်ရသည်။"မိန်းကလေး။ ဉီးလေး ရပ်ကွက်လူကြီးတွေခေါ်လာတယ်။ မိန်းကလေးထွက်လာခဲ့ပြီး အကျိုးအကြောင်းပြောပြပါ။ အခုလိုနေလို့တော့မရဘူး"ခဏအကြာမှာပဲ အိပ်ခန်းတံခါးဖွင့်ထွက်လာတဲ့မိန်းကလေးက ခရီးဆောင်အိတ်ကို ရင်မှာပိုက်ထားဆဲပင်။ရာအိမ်မှူးခင်ဉီးနဲ့ ဘကြီးအောင်တို့ မိန်းကလေးကို ကြည့်ရင်း ပါးစပ်အဟောင်းသားပွင့်ရတော့သည်။ "ချောလိုက်တဲ့မိန်းကလေးပါလား။ အရပ်ကလည်းမြင့်.. အသားအရည်ကလည်းဖြူစင်လိုက်တာ.. မျက်နှာဝိုင်းလေးနဲ့ နှုတ်ခမ်းထူထူလေး.. မျက်လုံးကြီးတွေကလည်း ရွဲလိုက်တာ"လူပျိုကြီးရာအိမ်မှူးခင်ဉီး ထိမ်းမထားနိုင်အောင်ကိုပဲ နှုတ်က မြည်တမ်းမိလေသည်။ မိန်းကလေးကတော့ တေဇာ့ကို မျက်လွှာတစ်ချက် လှန်ကြည့်ပြီး ဘကြီးအောင်တို့ အရှေ့မှာ ကျုံ့ကျုံ့ထိုင်လေသည်။ "မိန်းကလေး.. နာမည်ဘယ်လိုခေါ်လဲ။ ဘယ်ကလာတာလဲ ဟင်"မိန်းကလေးက ပြန်မဖြေ။ ခရီးဆောင်အိတ်လေးထဲက စာအုပ်ငယ်လေးထုတ်ကာ စာတစ်လုံး‌ရေးပြီး ပြလေသည်။"မိတိုး""မိန်းကလေး နာမည် မိတိုး ဟုတ်လား။ စကားမပြောတတ်ဘူးထင်ပါရဲ့ မောင်ရင်တေဇာရယ်။ မိန်းကလေး.. ဘယ်ကလာတာလဲ""...........""မိန်းကလေး.. ဒီကကိုတေဇာ့ကို သိလို့လား။ ဒါမှမဟုတ် နေစရာမရှိလို့ ဝင်နေတာလား""............""ဒီမှာ မိန်းကလေး .. နေစရာမရှိလို့ဆိုရင်လည်း ဘကြီးတို့က ရွာထဲမှာမိန်းကလေးတွေကြည့်နေတဲ့အိမ်ကိုပို့ပေးပြီး နေဖို့ စီစဉ်ပေးမယ်လေ နော် ဒီမှာက ယျောက်ျားသားတွေကြည့်နေတာ ဆွေမတော်မျိုးမစပ် နေလို့မသင့်တော်ဘူးကွဲ့"".........."ဘာမှပြန်မဖြေ‌ဘဲ.. တေဇာ့ဘက်ကို မျက်လုံးလှန်ကြည့်လိုက်တဲ့ မိန်းကလေးက ... တေဇာ့အသည်းနှလုံးကို ဗြောင်းဆန်သွားစေသည်။ ဒီအကြည့်မျိုး.. ဒီမျက်နှာမျိုး.. တူလိုက်လေ။ တူလိုက်လေတယ်.. ကွယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော်က တေဇာ့ကို ထားရစ်ခဲ့ပြီး.. ထွက်သွားတဲ့ ချစ်ရသူကို .. တစ်ဖန်ပြန်မြင်နေရသလိုမျိုး.. တူလိုက်တာ။မိန်းကလေး.. မျက်လွှာလေးချလျက် ... စာတစ်ကြောင်းရေးပြီး တေဇာ့ဆီထလာကာပေးလေသည်။ "ထမင်းတစ်နပ်အတွက် ကျေးဇူးတင်ပါတယ်"ခရီးဆောင်အိတ်လေးထဲ စာအုပ်‌လေးပြန်ထည့်ကာ... ပူနေတဲ့ ဗိုက်လေးကို လက်နဲ့ပွတ်သပ်ပြီး အိမ်ပေါ်က ဆင်းသွားတော့မယ့် မိန်းကလေးကို တေဇာ အပြေးအလွှား တားလိုက်မိသည်။ "မိတိုး.. မိတိုး.. နေပါအုံး.. ကိုယ်ဝန်ကြီးနဲ့လား ဟုတ်လား"မိန်းကလေးလက်ကိုကိုင်ဆွဲလိုက်မိချိန်မှာပဲ.. တေဇာ့စိတ်တွေ အားလုံး ပြောင်းလဲသွားတော့သည်။ "ဘကြီးအောင်နဲ့ ကိုခင်ဉီးရေ.. ဒီမိန်းကလေးကို ကျွန်တော် ‌ခေါ်ထားလိုက်တော့မယ်။ စကားလည်းမပြောနိုင်.. ကိုယ်ဝန်ကြီးနဲ့.. ဘယ်ကိုသွားနိုင်မလဲ .. ကဲ မိတိုး..လာလာ .. ထိုင်ပါအုံး။ နောက်တော့မှ အကျိုးအကြောင်းပြောပြတော့ပေါ့ ဟုတ်လား။ ကဲ.. ဘကြီးအောင်နဲ့ ကိုခင်ဉီးကို ကျေးဇူးတင်ပါတယ်ဗျာ။ ခွန်ဖလည်း ပြန်လာတော့မှာပါ။ အဲ့တော့မှပဲ ဘာဆက်လုပ်ကြမလဲ တိုင်ပင်ကြတာပေါ့။ မိတိုး.. လာလာ.. ဉီးလေးအခန်းထဲမှာ ဝင်နားနေလိုက်တော့""အင်း.. မောင်ရင်တေဇာကတော့ စံပါပဲဟေ့။ မိန်းကလေးအဖော်လိုရင် ပြောကွယ်. .. ဘကြီးမြေးမလေး အဖော် ပို့ပေးထားမယ် ဟုတ်ပြီလား။""ကိုတေဇာ.. မိတိုးက ကိုယ်ဝန်နဲ့ ဒုက္ခရောက်လာတာနေမှာ... သနားပါတယ်ဗျာ။ ကျွန်တော် ညကျ သူ့ဖို့ဟင်းလာပို့ပေးမယ်နော်။ သူစားချင်တာရှိရင်လည်း ကျွန်တော့်ကို လှမ်းပြောလိုက်ပါဗျ။ ကျွန်တော်ကတစ်ကိုယ်တည်းသမားဆိုတော့ ချက်ပြုတ်ရတာ အဆင်ပြေတယ်"အခန်းထဲမဝင်မီမှာပဲ စေတနာစကားတွေကို လက်ခံရလိုက်တဲ့ မိတိုးက.. ဘကြီးအောင်တို့ကို ကျေးဇူးတင်တဲ့မျက်လုံးများနဲ့ သမင်လည်ပြန်ကြည့်လိုက်တာမို့.. ဘကြီးအောင်ရော ကိုခင်ဉီးတို့ပါ ဂရုဏာစိတ်များ ယိုဖိတ်လာတော့သည်။ဘကြီးအောင်တို့ ပြန်သွားလေတော့.. တေဇာ့အတွက် အလုပ်များရလေပြီ။ အတွင်းခန်းက ပစ္စည်းတစ်ချို့ကို ဘုရားခန်းကို‌ရွှေ့ပြီး ညအိပ်ဖို့လုပ်ရ.. မိန်းကလေး အေးနေမလားလို့.. ‌စောင်တွေထုတ်.. မွှေ့ယာခင်း ထပ်ခင်းနဲ့ ဇယ်ဆက်အောင်လုပ်လိုက်ရတာ ချွေးတောင်စို့သည်။ တေဇာ အိမ်နောက်ဖေးတံခါးက ဆင်းလာခဲ့ပြီး ရေကန်မှာ ရေချိုးဖို့ပြင်နေရင်း.. မိတိုးကို သတိရလိုက်မိသည်။ အင်း မိတိုးရေချိုးဖို့ ကာပေးအုံးမှပါ။ မိန်းကလေးဆိုတာ လူမြင်ကွင်းမှာ ရေချိုးလို့ မသင့်တော်ဘူးမဟုတ်လား။ ပုဆိုးကို တိုတိုပြင်ဝတ်လိုက်ရင်း.. ပဲလှန်းဖို့ ခုတ်ထားတဲ့ ဝါးလုံးတွေကို အနေတော် ဖြတ်လိုက်ကာ တွင်းတူးစိုက်လိုက်ပြီး .. ရေချိုးခန်းလေးဖြစ်အောင် လုပ်ပေးလိုက်မိသည်။ "အခုလောလောဆယ်တော့ တာလပတ်ကာထားပေးမှပဲ။ ခွန်ဖပြန်လာမှ ဝါးထရံသွားဝယ်ခိုင်းပြီး ကာရမယ်"ဒီနားမှာ အဝတ်တန်းလေး လုပ်ပေးမှ.. ကိုယ်ဝန်ဆောင်ဆိုတော့ ပိုးမွှားကင်းအောင် နေရောင်ထိမှရမယ်.. ဒီနားလေး က ချော်လဲမလားပဲ.. ရှင်းလိုက်အုံးမှပါ။ အိမ်သာအတက်အဆင်းလေးက ပြေပြစ်အောင် ပြင်လိုက်အုံးမှပဲ.. အင်း နောက်ဖေးလှေကားက မတ်လွန်းသလိုပဲ.. ခွန်ဖပြန်လာတော့ .. ပြေပြေလေးဖြစ်အောင် ပြင်ရမယ်..။ကိုယ့်အတွေးနဲ့ကိုယ်.. လုပ်နေလိုက်တာ ရေချိုးခန်းလေး တစ်ဆောင် နဲ့ အဝတ်တန်းလေး ဖြစ်သွားလေမှ.. တေဇာလည်း ရေဝင်ချိုးလိုက်ပြီး အိမ်ပေါ်တက်လာခဲ့သည်။ မိတိုးကတော့ ဗိုက်ကလေးရှေ့ပစ်ကာ မီးဖိုချောင်ထဲ ဟင်းချက်နေလေပြီ။"အာ.. မိတိုး.. ဘာတွေလုပ်နေတာလဲ။ အိုး.. ဟင်းမချက်ရပါဘူး.. ဉီးလေး ချက်တတ်ပါတယ် မိတိုးဆာလို့လား။ အင်း မွှေးလိုက်တာ.. ဘာဟင်းလဲ"ဟင်းအိုးထဲက ဘဲဉဟင်းက .. မွှေးလိုက်တာမှ .. ဗိုက်တောင်ဆာလာသလို။ မိတိုးက .. စာရွက်လေးထိုးပြလာလို့ တေဇာကြည့်လိုက်တော့ "ဆန်""အော် ထမင်းအိုးတည်မလို့လား။ နေပါ ဗျာ.. နေပါ. ဉီးလေးအဝတ်လဲပြီးတာနဲ့ တည်လိုက်ပါ့မယ်။ လာပါ မိတိုးက နားတော့။ မိတိုး စားချင်တာ ရှိလား။ သောက်နေတဲ့ဆေးရောရှိလား။ ဆရာဝန်ရော ပြသေးလား။ ဉီးလေးညီ ခွန်ဖပြန်လာတော့ ဉီးလေးတို့ ဘာလုပ်ပေးရမယ်ဆိုတာ သေချာပြောပြလေနော်။ ကိုယ့်ဉီးလေးတွေလို သဘောထား ဟုတ်လား"မိတိုးက ခေါင်းလေးညှိမ့်ပြပြီး အခန်းထဲပြန်ဝင်သွားတာမို့ တေဇာ ဧည့်ခန်းမှာပဲ အဝတ်အစားလဲပြီး ခဏထိုင်လိုက်ရသည်။ ဒီမိန်းကလေး. . အိမ်ပေါ်ရောက်လာတာ .. နေ့တစ်ဝက် လောက်ပဲရှိသေးပေမယ့်.. တစ်ကယ့် ဆွေမျိုးရင်းချာလိုမျိုး ခံစားနေရတာ.. ဘာလို့မှန်း တေဇာမသိ။ ည ၇ နာရီကျော်ပြီ။ ညစာစားချိန်အထိ ခွန်ဖက ပြန်ရောက်မလာခဲ့သလို.. မိတိုးကလည်း အိပ်ခန်းထဲက မထွက်လာတာမို့ တေဇာ အသံတိုးတိုးနဲ့နှိုးမိသည်။"မိတိုး.. မိတိုး.. ညစာစားရအောင်လေ။ မိတိုး.. အိပ်နေတာလား"တံခါးဖွင့်ထွက်လာတဲ့ မိတိုးပုံစံက ဖျော့တော့ပြီး နေကောင်းနေပုံမပေါ်တာမို့.. တေဇာ စိတ်ပူသွားရသည်။ "မိတိုး.. နေမကောင်းဘူးလားဟင်။ ဘယ်နေရာဘာဖြစ်လဲ ။ ဗိုက်ကလေးက ဖြစ်တာလား။ ခွန်ဖကလည်းကွာ ကြာလိုက်တာ ပြန်လည်းမရောက်လာသေးဘူး""စိတ်မပူပါနဲ့.. သက်သာသွားမှာပါ"တေဇာ့ကို ‌ထောင်ပြလာတဲ့ စာရွက်ပေါ်က စာလေးနဲ့ လူပုံစံက မအပ်စပ်။ "ဘာစားချင်လဲ မိတိုး။ ညနေက ဘဲဉဟင်းမစားချင်လောက်ဘူးမဟုတ်လား။ အင်း.. ဉီးလေးနေမကောင်းရင် ခွန်ဖကတော့ ဆန်ပြုတ်လေးပြုတ်ပေးတာပဲ .. ဆန်ပြုတ်ပြုတ်ပေးမယ်နော် ခဏနားလိုက်ပါအုံးနော်"မိတိုးကို ထားခဲ့ပြီး.. တေဇာမီးဖိုခန်းထဲ အမြန်ဝင်လာကာ ဆန်ပြုတ်တစ်ပန်းကန်အမြန်ပြုတ်လိုက်ရင်း အိမ်နောက်ဖေးက ဆင်းလာခဲ့သည်။ "မနု ရေ မနု..""ဟဲ့ ဘယ်သူတုန်း.. ဟော ကိုတေဇာပဲ လာလာ မိုးချုပ်လှပေါ့ ဘာကိစ္စလဲ""နွားနို့နဲနဲရမလားလို့ပါ။ ကျွန်တော့်တူမတစ်ယောက် အိမ်ရောက်နေလို့လေ။ ကိုယ်ဝန်နဲ့ဆိုတော့ နေသိပ်မကောင်းတာနဲ့ နို့ဆန်ပြုတ်‌လေးတိုက်ချင်တာ .. နို့ရနိုင်ရင် နဲနဲရောင်းပါလားခင်ဗျာ"တေဇာ့ခြံနှင့် ခြံချင်းကပ်လျက်က မနုတို့လင်မယား ဝမ်းသာအားရပဲ နွားမကြီးဆီက နို့ရသလောက် ညှစ်ပေးလိုက်ကြသည်။ "ကိုတေဇာ့ တူမလေးရောက်တာလား။ မနက်မှလာကြည့်တော့မယ် အခု ရသလောက်ယူသွား ကိုတေဇာ။ နောက်ရက်တွေ တစ်ဗူးတစ်ဗူးပို့ထားပေးမယ်နော် မ‌ရောင်းနဲ့ ကိုတင်မိုး.. ကိုတေဇာ့လို ကျေးဇူးရှင်ကို အခုမှပဲ ပြန်ကူညီခွင့်ရတော့တယ်။ ညရေးညတာ လိုတာရှိရင်လည်း ပြောနော် မနု လာအိပ်ဆို လာအိပ်ပေးမယ်""ဟုတ်ကဲ့ ကျေးဇူးပါ ခင်ဗျာ"မိတိုးရဲ့ ဘုန်းကံပဲလား၊ တေဇာ့ လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုပဲလား မသိ..ရွာထဲမှာ လူမချမ်းသာပေမယ့် အနေတည်တန့်ပြီး မာနကြီးတဲ့ မနုတို့လင်မယားဆီက နွားနို့ကို ခပ်လွယ်လွယ်ရလာခဲ့တာ။ တေဇာ ပြုံးလိုက်မိသည်။ "မိတိုးရေ.. နို့ဆန်ပြုတ်‌လေးရပြီ။ တူမကြီး အပြင်ထွက်လာဖို့ အဆင်မပြေရင် ဉီးလေး ပို့ပေးမယ်နော်"တေဇာ့စကားမဆုံးခင် မိတိုး ညှိုးငယ်စွာပဲ အခန်းထဲက ထွက်လာတာမို့.. တေဇာ ကမန်းကတန်း ဆန်ပြုတ်ကို ပန်းကန်ထဲထည့်ပြီး.. ကြင်ကြင်နာနာကျွေးမိသည်။ ကိုယ်ဝန်နာစွဲတယ်ဆိုတာ ဒါမျိုးနေမှာ။ နို့ဆန်ပြုတ်ကို ခပ်ဖြေးဖြေး စားရင်း မျက်ရည်ကျရှာတဲ့ မိတိုးကို တေဇာ ဘာမှမမေးမိ။ မေးရင်လည်း ဖြေမှာမှ မဟုတ်တာ..။ "မိတိုး.. တူမကြီး.. ဉီးလေးတို့ဆီရောက်နေပြီပဲ။ စိတ်အားမငယ်နဲ့နော် .. နေမကောင်းရင် ချက်ချင်းပြော။ ဟိုဘက်အိမ်က မနုက လာအိပ်ပေးမယ်ပြောတယ် မိန်းမဖော်လိုရင် ဘကြီးအောင်မြေးမလေးလည်းရှိတယ်။ ဆေးဘာညာလိုရင်လည်းပြောနော်။ ဉီးလေးက အတွေ့အကြုံမရှိတော့ သေချာမစောင့်ရှောက်နိုင်မှာစိုးနေတာ။ ကဲ ဖြေးဖြေးစားနော် .. လိုတာကိုလည်း ပြောနော်"တေဇာ့ကို မော့ကြည့်တဲ့ မိတိုးရဲ့ မျက်ဝန်းများကို တေဇာနားမလည်ပါ။ မျက်ရည်တွေကိုတော့ နားလည်မိသည်။ ည.. နက်လာသလို. .. အအေးလည်းပိုလာခဲ့ပြီ။ ညနေက ထုတ်ပေးထားတဲ့ စောင်နဲ့ ဂွမ်းကပ်ကရော.. နွေးပါ့မလားလို့.. တွေးမိနေရင်း အိမ်ရှေ့ခန်း ဘုရားစင်ရှေ့ ကြမ်းပြင်ထက်က ဖျာခင်းလေးအပေါ် လှဲလိုက်မိသည်။****"ဘုရား.. အရှင့်သား အိမ်ရှေ့ခန်းမှာ ဖျာလေးခင်းလို့ စက်တော်ခေါ်နေတာပဲ။ ဘာတွေများဖြစ်နေပါလိမ့်"ခွန်ဖ.. အိမ်ပေါ်တက်လာတဲ့ခဏမှာပဲ အံ့အားသင့်သွားရသည်။ အိပ်နေတဲ့ အရှင့်သားကို တံခါးပေါက် သံဇကာလေးကိုကိုင်ရင်း ခွန်ဖ ခပ်တိုးတိုးပဲနှိုးလိုက်သည်။"အကို.. အကို။ ခွန်ဖရောက်လာပြီခင်ဗျ။ အရှင့်သား""သယ်..ခွန်ဖ အပြောအဆို သတိထားစမ်း။ လာပြီ"တံခါးချက်ဖွင့်လိုက်တာနဲ့ အိမ်ထဲဝင်လာတဲ့ ခွန်ဖလက်ထဲက ကျွဲကောသီးနဲ့ တစ်ခြားအသီးအနှံတွေကို သေချာကြည့်နေတဲ့ အရှင့်သားက ထူးဆန်းနေသလိုပင်။"နောက်ကျလိုက်တာ.. မင်းပြန်လာမယ်ပြောပြီး.. ကြာလိုက်တာ ခွန်ဖ""ဟုတ်ကဲ့အကို.. ဆိုင်ကယ်က လမ်းမှာဘီးပေါက်ပြီး ဖာရမယ့်နေရာကို အဝေးကြီးတွန်းသွားရတာနဲ့ ကြာသွားတာ။ ဆာလို့ ထမင်းဆိုင်မှာ ထမင်းဝင်စားနေသေးတယ်အကို။ ဒါနဲ့ အကိုက အပြင်မှာဘာလို့ စက်တော်ခေါ်.. အဲ အိပ်နေတာလဲ။ ဟို မိန်းကလေးဆိုတာ မထွက်လာဘူးလား"အရှင့်သားအခန်းဘက်ကို လည်ဆန့်ကြည့်တဲ့ ခွန်ဖ..ကြမ်းမှာထိုင်လိုက်တဲ့ အရှင့်သားနောက် လိုက်ထိုင်လိုက်ရင်း မေးကြည့်မိသည်။"ခွန်ဖရယ်.. မိတိုးက ကိုယ်ဝန်ကြီးနဲ့ စကားလည်းမပြောနိုင်ဘူးကွယ်။ ဒါနဲ့ ငါလည်း ခေါ်ထားလိုက်တယ်။ နေမကောင်းရှာဘူးကွဲ့. မနက်ကျမှ သေသေချာချာ မေးကြည့်ရတော့မှာ။ မင်း ခြေလက်ဆေးပြီး ဝင်နားတော့လေ""အို အကိုကအပြင်ခန်းမှာ အိပ်ရတာ ဆင်းရဲတယ်လေ။ ကျနော့်အခန်းကို ‌ပြောင်းရွှေ့စံတော်မူပါလားအကို။ ကျနော် ဒီအိပ်ယာမှာ အိပ်ပါ့မယ်။""ဟင့်အင်း ခွန်ဖ။ မင်းက ပင်ပန်းလာတာ မင်းအိပ်ပျော်နေတုန်း မိတိုးအကူညီလိုရင်.. မနိုးတော့ဘယ့်နှယ်လုပ်မလဲ။ ငါ ပဲ ဒီမှာအိပ်မယ်""ဟင်... ဒါဆိုလည်း အောက်က ဂွမ်းကပ်တော့ ခင်းမှပေါ့ အကို""အို ဂွမ်းကပ်အပိုလည်း မိတိုးကျောနာနေမှာစိုးလို့ ထပ်ခင်းပေးထားခဲ့တယ်.. ကဲ ကဲ မင်းစကားရှည်တယ် ခွန်ဖ။ ဗိုက်ဆာသေးလား စားပွဲပေါ်မှာ မိတိုးချက်ထားတဲ့ ဘဲဉဟင်းနဲ့ ရွာထဲကပို့ထားတဲ့ဟင်းတွေရှိတယ်။ ငါလည်းစားမကုန်.. မိတိုးကလည်း ဆန်ပြုတ်ပဲသောက်နိုင်လို့ ဟင်းတွေပိုနေတာအများကြီးပဲ .. မင်းစားချင်စား ပြီးရင် အိပ်တော့ ညဉ့်အတော်နက်နေပြီ။ ဒီအသီးအနှံတွေကတော့ မိတိုးကြိုက်လောက်တယ် ဆေးကြောပြီး စားပွဲပေါ်တင်ထားလိုက် သူဆာလို့ရှာတဲ့အခါ အလွယ်တကူတွေ့ပါစေကွယ်""ဟုတ်.. ဟုတ်ကဲ့ပါ။" ခွန်ဖ အရှင့်သားအခန်းရှေ့က ဖြတ်လာရင်း ပိတ်ထားတဲ့တံခါးကို တစ်ချက်လှည့်ကြည့်မိသည်။ စားပွဲပေါ်က စုံလင်လှတဲ့ဟင်းအမယ် လေးငါးမျိုး နဲ့ ဘဲဉဟင်းလေးက တစ်ညနေတည်းနဲ့ ပြောင်းလဲတဲ့ အခြေအနေကို ရှင်းပြနေသလို.. အရှင့်သားရဲ့ ပုံစံကလည်း အသက်ဝင်လှုပ်ရှားလွန်းလို့ ခွန်ဖတောင် ရင်တွေခုန်နေမိသည်။ **ဘယ်လိုလူမျိုးမို့လို့.. ဒီလောက်တောင် ညှို့ယူနိုင်ရတာလဲ။ အရှင့်သားရဲ့ ခြောက်သွေ့နေတဲ့နေ့ရက်တွေကို အခုလိုလှုပ်ရှားနေစေတာ သိပ်ကိုပဲ ကောင်းလိုက်တာ********စည်းထားတဲ့ ဆံနွယ်ရှည်များကို ဖြေချလိုက်ပြီး.. တင်းနေအောင် ဝတ်ထားတဲ့ မိန်းကလေးအတွင်းခံများကို ချွတ်ပစ်ကာ..လုံခြည်ကိုလျှော့လိုက်တော့မှပဲ... လွတ်လပ်ပေါ့ပါးသွားတော့တာမို့.. အိပ်ယာထက်ကို မြတ် အားရပါးရ လှဲချလိုက်မိသည်။ "အွန်း. . အား.. အခုမှလွတ်လပ်သွားတော့တယ်.."လွတ်လပ်စွာ ပူခွင့်ရလိုက်တဲ့ မြတ်ရဲ့ သုံးလကျော် ဗိုက်ကလေးက မို့မောက်နေတာ.. တောင်ပို့လေးတစ်လုံး ဗိုက်ပေါ်တင်ထားသလိုမျိုး။ ပက်လက်လှဲရတာ အသက်ရှူမဝချင်သလို အင့်လာတာမို့ ဘေးတစ်စောင်း အသာလှည့်လိုက်ရင်း .. အွန်လိုင်းသင်တန်းမှာ သင်ထားရတဲ့ ကိုယ်ဝန်ဆောင် နေထိုင်နည်းတွေကို ပြန်တွေးနေမိသည်။ မြတ် ကိုယ်ဝန်က လနုသေးပါလျက်နဲ့ ပက်လက်အိပ်လို့မရလောက်အောင် နင့်နေတာ မြတ်များ အားနည်းနေလို့လားမသိ။ သတ္တိအားတွေမွေးပြီး ကလေးအတွက်..မောင်တော့်အတွက်.. မြတ် ဆုံးဖြတ်ချက်ချခဲ့တာတောင်မှ ဆန်ပြုတ်သောက်ရင်း .. မျက်ရည်ကျမိတဲ့ကိုယ့်ကိုယ်ကို . မြတ် အားမရမိပါ။ မောင်မင်းထွန်းလက်ရာနဲ့ အကွာကြီးကွာတဲ့ ဉီးရီးတော်ရဲ့ နို့ဆန်ပြုတ်က.. မြတ်ကိုတော့ အာဟာရအပြည့်ပေးပါသည်။ "ကလေးရေ.. မင်းလေးကြောင့်မို့လို့ ဉီးရီးတော်က လက်ခံလိုက်တာ ကွဲ့။ ကလေးရဲ့ ဇာတာနဲ့ ကံကြမ္မာက ဖေဖေတို့ ဆိုးရွားတဲ့ ကြမ္မာကို ခြေဖျက်နိုင်ပါစေကွယ်။ ကလေးရေ.. ဖေဖေ့အသက်ကို ကလေးအတွက် ဖေဖေ ပေးထားတယ်။ ဖေဖေက ကလေးရဲ့ ဖခမည်းတော်ကို သိပ်ချစ်ရပါတယ် ကွယ်။ ဖေဖေတို့အ‌ပေါ်ကျရောက်နေတဲ့ ကြမ္မာဆိုးကို ကလေးက မြူမှုန်လောက်တောင်မှ မခံစားရအောင် ဖေဖေ သေချာကုစားမှာကလေးရယ်။ အင်း.. သတိရလိုက်တာ မောင်တော်ရေ။ ကျန်းမာနေရဲ့လား။ မြတ်ကိုများ လိုက်ရှာနေလေမလား။ အခုလောလောဆယ်တော့ ခွင့်လွှတ်ပါအုံးလေ"မောင်တော်တို့ မြတ်ကို ရုတ်တရက် ရှာမတွေ့မှာ မြတ်သေချာသိနေသည်။ နန်းတွင်းက ထွက်လာခဲ့ပြီး ကိုယ်ရံတော် ရန်မျိုးအောင် ပေးထားဖူးတဲ့လိပ်စာအတိုင်း ဉီးတည်ပြီးတစ်ခါတည်းထွက်လာခဲ့တ တွံ့တေးကိုရောက်သွားခဲ့ပေမယ့်.. ဉီးရီးတော် တေဇာတို့အိမ်ကို စုံစမ်းမရခဲ့။ အိမ်လိပ်စာက မှန်ပေမယ့် ဉီးရီးတော်တို့က လယ်ကို တစ်နှစ်နှစ်ခါသာလာကြည့်တတ်ကြတယ်ဆိုလို့ .. တွံ့တေး မြို့ပေါ်က ဘုန်းကြီးကျောင်းမှာ မြတ် သုံးလေးရက်သောင်တင်နေခဲ့သည်။ ကိုယ်ဝန်ကြီးနဲ့ မြတ်.. နုံးချိအားနည်းနေပေမယ့်လည်း အားတင်းကာ စုံစမ်းနေခဲ့ရတဲ့ ရက်တွေက ခက်ခဲလိုက်တာ။ ရန်မျိုးအောင်စုံစမ်းမှာကြောက်လို့ .. တည်းခိုခန်းမှာလည်း မတည်းရဲခဲ့။ ဆရာတော်ရဲ့ ဒကာတစ်ယောက်ဆီက သတင်းအရ... ဉီးရီးတော်ပြောင်းရွှေ့သွားခဲ့တဲ့ လိပ်စာကို ရခဲ့တာမို့သာ ဒုက္ခခံရကျိုးနပ်ပြီး အားမပြတ်ခင် ဉီးရီးတော်ရှိရာကိုလိုက်ခဲ့ရတာပဲဖြစ်သည်။ သန်လျင်မြို့.. နတ်စင်ကုန်းကျေးရွာလေးမှာ အခြေကျနေတဲ့ ဉီးရီးတော်ဆီကို .. မြတ် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာချိန်မှာတော့ .. နန်းတွင်းက ထွက်လာခဲ့တာ .. ခြောက်ရက်ရှိခဲ့ပြီ။ ဉီးရီးတော်တို့ဆီပစ်လွှတ်ထားတဲ့ ကျိန်စာကို ကြီးလေးစွာ ထမ်းထားရတဲ့ မောင်တော့်အတွက်.. မောင်တော့်ရင်သွေးအတွက် ဉီးရီးတော်တို့မှာ တာဝန်ရှိတယ်လို့ မြတ် ယူဆတာမို့လည်း ဒီလမ်းကို မြတ်သေချာရွေးခဲ့တာပင်။ အတွေးတွေများနေလို့ ချက်ချင်းအိပ်မပျော်ခဲ့ပေမယ့် နို့ဆန်ပြုတ်တစ်ပန်းကန်နဲ့ ထမင်းဝဝ စားလိုက်ရလို့ထင်ပါရဲ့ .. မြတ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလိုက်တာ.. တစ်ရေးနိုးတော့.. မနက် သုံးနာရီကျော်နေပေပြီ။ "အင်း .. မောင်တော် မနက်ပွဲတော်ကိုမှ ကောင်းကောင်းတည်ပါ့မလားမသိဘူး။ ရန်ပုံခွင်းကရော ဉီးရီးတော်ကို တွေ့ရဲ့လားမသိဘူး။ ငါ့စာကိုတော့ ဝဏ္ဏနဲ့ ဉီးညိုတို့ သေချာတွေ့မှာပါ။ မြတ်နဲ့ ဝေးရာမှာ .. မောင်တော် ကျန်းမာဘေးကင်းနေမှဖြစ်မယ် မောင်တော်ရယ်။.. ပုဏ္ဏားဖြူဘမောင် စကား.. အမှန်ဖြစ်ပါစေကွယ်။ အင်း.. ဗိုက်နဲနဲဆာတယ်။ ဒီနေ့ မအန်ချင်ဘူး ဆာပဲဆာနေတာ.. ကျွဲကောသီး စားချင်လိုက်တာ"မြတ် လျော့ရဲရဲလုံခြည်ကို ခပ်တင်းတင်းပြင်ဝတ်လိုက်ပြီး မီးဖိုခန်းဘက်ကို ခြေဖော့ထွက်လာခဲ့မိသည်။ ထမင်းစားပွဲပေါ်မှာ အုပ်ဆောင်းနဲ့အုပ်ထားတဲ့ အသီးအနှံတွေက မြတ်ရဲ့ စားချင်စိတ်တွေကို နှိုးဆွနေပေပြီ။ "အော.. ကလေးရဲ့ဘုန်းကံပဲ။ ကျွဲကောသီးပါတယ်ကလေးရေ။ ကျေးဇူးတင်ပါတယ် ဉီးရီးတော်"မြတ် အားရပါးရပဲ .. ကျွဲကောသီး စပြစ်သီး နဲ့ လိမ္မော်သီးတွေကို ဝ အောင် စားလိုက်သည်။ "ချင်ခြင်းတပ်တယ်ဆိုတာ ဒါပဲလားမသိဘူး.. အခုမှပဲ စိတ်အဆာပြေသွားတယ်။ ဝှား. . ပြန်အိပ်‌တော့မယ်"မြတ် ဗိုက်ကိုပွတ်ပြီး.. အိပ်ခန်းထဲ ပြန်ဝင်အိပ်လိုက်တော့သည်။*****"ကိုတေဇာ.. ကိုတေဇာ..""ဟုတ်ကဲ့ အော် ကိုခင်ဉီး. ..လာလေဗျာ အိမ်ပေါ်တက်ခဲ့ပါလား။ အော်.. ခဏခဏ.. မိတိုးမနိုးသေးလို့ ကျွန်တော် အောက်ဆင်းလာခဲ့မယ် ကိုခင်ဉီးရေ""ဒီမှာ ပလာတာသုပ်လေး လာပို့တာ ဗျ။ အရီးတင် ကပြောတယ် ကိုယ်ဝန်ဆောင်ဆိုတာ ချဉ်စပ်တာလေး ချဉ်ချင်းတပ်တတ်တယ်တဲ့။ အဲ့ဒါ ကျွန်တော် မြို့မဈေးနားက ပလာတာသုပ်လေး သွားဝယ်လာပေးတာ။ အချဉ်လေးနဲ့ စားလို့ကောင်းတယ် ခင်ဗျ။ မိတိုးကြိုက်လောက်မယ်ထင်တယ်"တေဇာ့လက်ထဲ ဇွတ်ထိုးထည့်သွားတဲ့ ပလာတာသုပ်အထုပ်ကလေးကို တေဇာငုံ့ကြည့်ရင်း.. ထိုလူပျိုကြီးခြေလှမ်းကို မြင်လိုက်မိသလိုပင်။ မနက်မိုးလင်းကတည်းက မိတိုးအတွက်ဆိုပြီး မနုတို့အိမ်က နွားနို့တစ်ဗူး လာပို့သွားပြီ။ ဘကြီးအောင်အိမ်က မုန့်ဟင်းခါးလာပို့ပြီးပြီ။ အပျိုကြီးမစိန်မြနဲ့ တူမတစ်သိုက်ကလည်း မုန့်ဆီကြော်နဲ့ အကြော်စုံလာပို့သွားပြီ။ မိတိုးရဲ့ ကုသိုလ်က ဒီလိုပြည့်စုံဖို့များပါလာလေတာထင်ပါရဲ့။ ညတုန်းက ခွန်ဖယူလာခဲ့တဲ့ အသီးအနှံတွေကို မိတိုးကြိုက်တာလည်း အတော်ဖြစ်သွားသလိုပင်။ "အကို..ကျွန်တော် မနေ့ကဟင်းကျန်တွေကို ဟင်းပေါင်းလုပ်ထားလိုက်တယ်။ ကျွန်တော် ကွင်းထဲခဏသွားအုံးမယ်နော်။ ပဲခူးမယ့်သူတွေနဲ့ စကားသွားပြောလိုက်အုံးမယ်။ အကို့အတွက် ကျွန်တော် ကြက်ဉမွှေကြော်နဲ့ ထမင်းပူပူလေး လုပ်ခဲ့တယ်။ မိတိုးအတွက်တော့ နို့ဆန်ပြုတ် လုပ်ခဲ့ပြီနော်အကို""အေး အေး ခွန်ဖ..။ မင်း သွားရင်းနဲ့ ပုဇွန်တွေ့ရင် ဝယ်ခဲ့နော်။ မိတိုးက ဆန်ပြုတ်ပဲစားလို့ မတော်ဘူးလေ။ နေအုံးခွန်ဖ။ မင်းသိလား။ ကိုယ်ဝန်ဆောင်က ပလာတာသုပ် စပ်စပ်ကြီးစားလို့ ရသလား။""ခင်ဗျာ.. အကိုကလဲ ကျွန်တော် မသိဘူးလေဗျာ။ ဟို.. မနု ကို မေးလိုက်ရမလား""အာ.. နေပါစေတော့.. ကိုင်း သွားသွား.. နေမမြင့်ခင်ပြန်လာခဲ့။ တာဝဈေးဝင်ပြီး ပုဇွန်ထုပ်ကြီးကြီးရှာခဲ့နော်။ ငါ..ဗူးညွန့်ခူးထားမယ်""ဟုတ်ကဲ့အကို"ခွန်ဖ.. ဆိုင်ကယ်စက်နှိုးဖို့ပြင်လိုက်စဉ်မှာပဲ အရှင့်သားဆီက အသံခပ်အုပ်အုပ်ထွက်လာပြန်သည်။"သယ် ခွန်ဖ.. မင်းစက်ကြီးနှိုးတော့ မိတိုးနိုးတော့မပေါ့.. ဝင်းအပြင်ကိုတွန်းသွား လမ်းပေါ်ကျမှ စက်ကိုနှိုးလေကွယ်.. ခက်လိုက်လေ"ခွန်ဖ .. ပြုံးမိသည်။ အရှင့်သားနှုတ်ဖျားကမချတဲ့ မိတိုးဆိုတဲ့မိန်းကလေးကို ခွန်ဖ အခုထိမမြင်ဖူးသေးပေမယ့်.. အရှင့်သားရဲ့ သက်ဝင်လှုပ်ရှားမှုက ... ခွန်ဖအတွက် ‌နေ့ရက်တွေကို သစ်လွင်စေသလိုပင်။ အရှင့်သား.. နဲ့ ခွန်ဖ.. မွေးနေ့ မွေးသက္ကရာဇ် အတူတူ.. အခု ဇန္နဝါရီလဆိုရင်... သက်တော် ၅၆ ပြည့်တော့မယ့် အရှင့်သားက ခွန်ဖထက် ၆လသာကြီးသည်။ ခွန်ဖ အရှင့်သားရဲ့ ကိုယ်ရံတော်အဖြစ် ခန့်အပ်မခံရခင်ကတည်းက ကစားဖော်ကစားဖက် ဆိုလည်းဟုတ်.. ထီးဘုရားကြီး မသိအောင် ဆိုးဖော်ဆိုးဖက်ဆိုရင်လည်းဟုတ်ခဲ့တာ။ ရှမ်းစစ်သူကြီးမျိုးရိုး စိုင်းတွမ်းလမ်းဖ ဆိုတဲ့ ကိုယ်ရံတော် အလောင်းအလျာလေးက .. တောင်ကြီးမြို့ရှိ မိသားစုဆီကို မပြန်နိုင်ဘဲ.. အရှင့်သားနဲ့ အတူတစ်ကွ ကြီးပြင်းလာခဲ့ဖို့ကိုသာ ရွေးချယ်ခဲ့သည်။ ကိုယ်ရံတော်အဖြစ်အရွေးခံရတုန်းကလည်း .. အရှင့်သား နောက်တော်ပါးက ခစားနိုင်ဖို့ ထီးဘုရားကြီးကို ခွန်ဖကိုယ်တိုင်ပဲ တောင်းဆိုခဲ့တာဖြစ်သည်။ ဒီပါစံမင်းသားနဲ့ တိတ်တခိုးချစ်ကြိုးသွယ်ခဲ့စဉ်ကလည်း .. သတင်းလုံအောင် .. နောက်တော်ပါးက ကြိုးစားခဲ့တဲ့ ကိုယ်ရံတော် တစ်ဖြစ်လဲ အပါးတော်မြဲ။ မင်းသားဒီပါစံ ယောက်ဖတော်အဖြစ်.. မြှောက်စားခံခဲ့ရတုန်းကလည်း .. ကိုယ်ရံတော်အဖြစ် တာဝန်ပေးခံခဲ့ရပေမယ့်.. အရှင့်သားနဲ့ မင်းသားတို့ကို .. အတူတစ်ကွ.. စောင့်ရှောက်ပေးခဲ့ရတဲ့သူ.. မင်းသားဒီပါစံ ကံတော်ကုန်လို့.. အသည်းနှလုံးတွေ ကွဲကြေပြီး လူစဉ်မမီနိုင်တော့အောင်ကိုပဲ ပူဆွေးဝမ်းနည်းနေခဲ့တဲ့ အရှင့်သားကို အခုလို ဟန်ဟန်ပန်ပန် ဖြစ်လေစေဖို့ .. အနီးကပ် ကြိုးစားပြုစုခဲ့ရတာ နှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။ အရှင့်သားရဲ့ ပျော်ရွှင်ခြင်း လွတ်လပ်ခြင်း.. ချစ်မြတ်နိုးခြင်း.. ပူဆွေးဝမ်းနည်းခြင်း .. ယူကြုံးမရခြင်း စသည့် အခြေအနေတိုင်းကို ခွန်ဖ ကြုံခဲ့ဖူးပြီးသားပင်။ အခုလို တက်ကြွလန်းဆန်းပြီး မိန်းကလေးတစ်ယောက်အပေါ် အလေးထား စိုးရိမ်တာမျိုးကတော့ ခွန်ဖအတွက် အသစ်အဆန်းဖြစ်သလို.. အရှင့်သားရဲ့ သက်ဝင်လှုပ်ရှားမှုနဲ့ ဆူပူသံတွေက ခွန်ဖအမြင်လိုဆုံး အကြားလိုဆုံး မြင်ကွင်းနဲ့ အသံပဲမဟုတ်ပါလား။ နေ့တစ်ပိုင်းနီးပါး.. ပဲခင်း နေကြာခင်းတို့ကို လှည်ပတ်ကြည့်ပြီး ပဲ ခူးမယ့် နေ့စားသမားတွေနဲ့ ဈေးဖြတ်နေလိုက်တာ .. ပဲ ခူးတဲ့သူတွေ ပုဇွန်ဟင်းအကြောင်းပြောတော့မှပဲ .. အရှင့်သားပုဇွန်မှာတာ ခွန်ဖ.. သတိရတော့တာပင်။ အသက်ငါးဆယ်ကျော်လာလို့ထင်ရဲ့ .. မေ့တတ်လာခဲ့ပြီပဲ။ကမန်းကတန်း.. တာဝဈေးလေးဆီဝင်တော့ သားငါးသည်တွေက မရှိတော့ပြီ။ တစ်နေကုန် ဈေးဖြစ်တဲ့ ဘုရားကုန်း ဈေးကြီးကို ပြေးတော့မှပဲ ပုဇွန်ထုပ်အကောင်ကြီးတွေ ရလာ‌တော့တာမို့ ခွန်ဖ အမြန်ဆုံးနှုန်းနဲ့ အိမ်ပြန်လာခဲ့ရသည်။ .. အရှင့်သားတော့ ဆူပူအုံးတော့မှာပဲ။ခွန်ဖ အိမ်ထဲကို ဆိုင်ကယ် မောင်းဝင်လိုက်တာနဲ့ ပထမဉီးဆုံးတွေ့ရတာက ခွန်ဖမနေ့ကဝတ်ထားခဲ့တဲ့ အဝတ်အစားတွေကို လျှော်ပြီး လှန်းထားတာပဲဖြစ်သည်။ "ဟိုက်.. မဟုတ်သေးပါဘူး .. ဒါကဘာလဲ.."ခွန်ဖ..အံ့အားသင့်သွားရပြီ။ အရှင့်သားအဝတ်အစားတွေကို ခွန်ဖ လျှော်ပေးနေကျ။ တစ်ညနေတည်းနဲ့.. ရေချိုးခန်းရော အိမ်နောက်ဖေးကွက်လပ်လေးရှင်းလင်းတာရော ကိုယ်တိုင်လုပ်ထားတဲ့ အရှင့်သားက များ.. စိမ်ထားခဲ့တဲ့ အဝတ်အစားတွေကို ယူလျှော်လိုက်တာလား။ အမလေး .. ဒုက္ခခွန်ဖ ဆိုင်ကယ်ကို အပင်ရိပ်မှာ ခပ်မြန်မြန် ထိုးလိုက်ပြီး ပုဇွန်ထုပ်လေးကိုင်လျက် အိမ်ပေါ်ကို မော့အကြည့်မှာပဲ... ဝရန်တာမှာ ရပ်ကြည့်နေတဲ့ ထိုသူကြောင့် ... ကြက်သေသေသွားရသည်။ "ဟင်.. သခင်လေး"ဖြောင့်စင်းတဲ့ဆံနွယ်တွေကို ပခုံးကျော်အောင် ဖြန့်ချထားပြီး မိန်းကလေး အဝတ်အစားများကြောင့်ရော.. ပူထွက်နေတဲ့ ဗိုက်လေးကြောင့်ရော..ခွန်ဖ မြည်တမ်းမှုဟာ . . အဓိပ္ပါယ် မရှိဘူးဆိုတာ ခွန်ဖသိပါသည်။ ဒါတောင်မှ... ဖျဉ်းကနဲ ကျဉ်တဲ့ ရင်နဲ့.. တုန်လှုပ်မှုတွေက ခွန်ဖအံ့သြမင်သက်မှုကို အားကောင်းစွာ ထောက်ပံ့ပေးထားနေတုန်းပင်။ "ဒါ.. ဒါ .. မိတိုးဆိုတာလား""ခွန်ဖ မင်းနှယ် ငါကပြန်မလာတော့ဘူးတောင်ထင်နေတာ။ ဖုန်းလည်းထားရစ်ခဲ့တယ်။. မင်းပုဇွန်ရလာတယ်လား။ သွား သွား.. သေချာဆေးကြောပြီး လှော်ထားလိုက်တော့။ မိတိုး ပုဇွန်ဟင်းစားချင်လောက်တယ်ဆိုပြီး ကိုခင်ဉီးနဲ့ မနုတို့အိမ်က ပို့သွားတာ များနေပြီ.. မင်း ရေသောက်ပြီးရင် ရေမိုးချိုး ခြေတော့ ထမင်းစားကြစို့.. မိတိုးက ငါတို့နဲ့ တူတူစားမယ်လို ပြောတယ်.. အဲ့ ရေးပေးတယ်။ မိတိုးဆာနေတော့မယ် သွားသွား"ခွန်ဖ.. နဝေတိမ်တောင်နဲ့ပဲ ‌အိမ်ကိုပတ်ကာ.. နောက်ဖေးဘက်က တက်လာခဲ့ပြီး.. ပုဇွန်ထုပ်ကြီးကိုင်လျက် အိပ်ခန်းထဲထိ ဝင်လာခဲ့မိသည်။ **စိတ်ကိုစုစည်းစမ်း.. ခွန်ဖ။ မိန်းကလေး လေ.. မိန်းကလေး။ အင်း.. တူလိုက်လေတယ်**ဗရုတ်သုက္ခ အတွေးတွေ ခံစားချက်တွေက . . မြက်ခင်းပြင်ပေါ် ပြေးလွှားပျော်နေတတ်တဲ့ သခင်လေးကိုသာ.. တစ်ဖျတ်ဖျတ် မြင်ယောင်နေမိသည်... အေးစက်တောင့်တင်းတဲ့ ကိုယ်ခန္ဓာနဲ့.. ရုတ်တရက်ကျောခိုင်းသွားခဲ့စဉ်က.. မြင်ကွင်းကို ပြန်တွေးမိနေသည်။ မိန်းကလေးဖြစ်ပါလျက် နွဲ့နှောင်းမနေတဲ့ မိတိုးရဲ့ နုနယ်ပျိုမြစ်ချောမောခြင်းနဲ့ ရုပ်သွင်တို့က .. တူလိုက်လေ။ ***ထမင်းစားပွဲမှာ.. ဉီးရီးတော်နဲ့ ခွန်ဖတို့ကို ဟင်းတွေဉီးချပေးပြီး ပုဇွန်ထုပ်ဟင်းနဲ့ ထမင်းတစ်ပန်းကန် မောက်မောက် မြတ် စားနိုင်လေသည်။ မြတ် ထမင်းစားဝင်သလို.. မောင်တော်မှ ပွဲတော်သေချာတည်ပါ့မလား လို့.. လှမ်းစိတ်ပူနေရင်း .. ဒီထမင်းနပ်လေးတော့ အန်မထွက်လောက်ဘူးထင်ပါရဲ့လို့ .. တွေးနေမိသည်။ "ဟို.. အကို.. ကျွန်တော့်အင်္ကျီတွေ ..""မိတိုးလျှော်တာလေ။ အကိုလည်း မသိလိုက်ဘူး။ မိတိုး အိမ်ရှေ့ကြိုးတန်းမှာလှမ်းမှ မြင်တော့တာ။ မိတိုး နောက်ကို အဲ့လိုမလုပ်ရဘူးနော်။ ကိုယ်ဝန်ဆောင်က အထိုင်အထ သိပ်သတိထားရတာ... အဲ"မိတိုးကရော ခွန်ဖကပါ.. တေဇာ့အတွေ့အကြုံကို ပြောပြလေမလားလို့ .. စောင့်နား‌ထောင်နေကြတာမို့.. တေဇာ.. အို့တို့အတ ဖြစ်သွားရသည်။ တစ်ကယ်တန်းပြောဆိုတော့ ကြားဖူးနားဝတွေက ဘာမှအသုံးမဝင်။ "အဲ.. အင်း... ဘယ်လိုဆိုတာတော့... ဟို သားဖွားဆရာမ လာ‌တော့ သေချာမေးထားမယ်လေ မိတိုး နော်.. ရွာထဲက မိသင်းတို့ လာလျှော်ပေးလိမ့်မယ်။ မိတိုး အင်္ကျီတွေလုံခြည်တွေလည်း မလျှော်ရဘူး ကြားတယ်နော်။" မိတိုး .. မြတ် .. ခေါင်းအသာညှိမ့်ပြလိုက်ပြီး.. ဉီးရီးတော်တို့ စားပြီးသားပန်းကန်တွေကို သိမ်းဖို့ ပြင်တော့.. ခွန်ဖ ကပြာကယာ ထသိမ်းပြီး ဉီးရီးတော်ကတော့ မြတ်ကို.. အိမ်ရှေ့ခန်းမှာနားစေလေသည်။"မိတိုး.. ဒီမှာ စာအုပ်နဲ့ဘောပင်.. ဉီးလေးတို့ကို ပြောစရာရှိတာ ‌ရေးပြီး စားပွဲပေါ်သာတင်ထားလိုက် ဟုတ်ပြီလား။""ကိုတေဇာရေ.."အော်ခေါ်ရင်း အိမ်ပေါ်တက်လာတာကတော့ အပျိုကြီး မစိန်မြပဲဖြစ်သည်။ အကူအညီမတောင်းစဖူး ရွာကို အကူညီတောင်းလာတဲ့ တေဇာ့ကြောင့် ကိုယ်ဝန်ဆောင်တူမလေးတစ်ယောက် တေဇာတို့အိမ်ကိုရောက်နေကြောင်း သတင်းပျံ့သွားခဲ့တာမို့လည်း တေဇာတို့ကို နဂို ခင်မင်ရင်းစွဲရှိသူများက မိတိုးကို လာရောက်ကူညီကြတာပဲဖြစ်သည်။ ဒီဓလေ့လေးက သိပ်ချစ်ဖို့ကောင်းတာမှန်ပေမယ့်.. လာချင်တဲ့အချိန် အိမ်ပေါ်တက်လာတတ်ကြတဲ့ ရွာခံဧည့်သည်တွေကြောင့် မိတိုးပင်ပန်းနေမှာကိုတော့ တေဇာ ပူပန်မိသည်။ "ဟော မိတိုးလေးထမင်းစားပြီးပြီလား။ ရေမိုးချိုးပြီး သနပ်ခါးမလိမ်းရင်.. ဟောဒီချောလှတဲ့ မျက်နှာလေး.. တင်းတိပ်တွေထွက်လာလိမ့်မယ်ကွဲ့။ ကိုတေဇာတို့အိမ်မှာ သနပ်ခါးကျောက်ပြင်မရှိဘူးမဟုတ်လား။ ဒီမှာ ကျောက်ပြင်.. ဒီမှာသနပ်ခါးလက်သွေးခဲလေးတွေ.. အတုံးက‌တော့ မဖြတ်နိုင်လို့ အတုံးရှည်ကြီးပဲယူခဲ့ရတယ်။ အဲ့ဒါ ကိုတေဇာတို့ဆီလွှရှိရင် ဖြတ်ယူထားပါလား။ လက်သွေးတုံးတွေကျတော့ မိတိုးမကြိုက်မှာစိုးလို့လေ"တေဇာ ဘာမှ မတုန့်ပြန်ခင်မှာပဲ ခွန်ဖက လွှဆွဲထွက်လာပြီး အပျိုကြီးလက်ထဲက သနပ်ခါးတုံးကြီးယူကာ အိမ်အောက်ဆင်းသွားလေသည်။"မစိန်မြက စေ့စပ်လိုက်တာ .. ကျေးဇူးပါခင်ဗျာ။ ကျွန်‌တော်တို့ကလည်း မတွေးတတ်တာနဲ့ မေးတောင် မမေးမိဘူး။ မိတိုး တစ်ခြား ဘာလိုတာရှိသေးလဲ ဉီးလေးကိုပြောနော်"အပျိုကြီးမစိန်မြ က ပူတူတူ မိတိုးဗိုက်လေးကို ပွတ်စမ်းလိုက်ရင်း.. သဘောတစ်ကျပြုံးလေသည်။"မိတိုး.. ကိုယ်ဝန်ဆောင်က လမ်းလျှောက်ပေးရတယ်တဲ့။ ညနေကျရင် နေအေးချိန်လေး ရွာနောက်ဘက် ကွင်းစပ်ကို လမ်းလျှောက်ကြမယ်လေ ‌နော်။ အမလာခေါ်မယ်""အမယ် အမတဲ့ မစိန်မြ က ကျွန်တော့်ထက်တောင် အသက်ကြီးသေးတာ အဒေါ်လောက်လုပ်ပါ"ပြောပြောဆိုဆို ဝင်ထိုင်လာတာက ကိုခင်ဉီးပဲဖြစ်သည်။ "ကိုတေဇာရေ.. ပဲ ခူးဖို့နေ့စားဈေးက အရမ်းများတာပဲဗျာ.. ကိုခွန်ဖ ဘယ်ဈေးနဲ့တည့်ခဲ့လဲ။"ကိုခင်ဉီးစကားက တေဇာ့ကိုပြောတာဆိုပေမယ့်.. မျက်လုံးများက မိတိုးဆီမှာသာ။"အဲ့ဒါ ခွန်ဖ နဲ့ကျွန်တော် စကားတောင် မပြောဖြစ်သေးဘူး ကိုခင်ဉီးရေ။ ခဏစောင့်ဗျာ။ ခွန်ဖလာပါလိမ့်မယ်"အပျိုကြီးမစိန်မြကတော့ မိတိုးကို ခပ်တိုးတိုးနဲ့ မှာကြားနေတာ မပြီးမဆီးနိုင်အောင်ပင်။ "ဉီးလေးတေဇာ.. ကျွန်တော်ဇေယျာမင်းပါ.. အမေက မတိုးဖို့ မုန့်ပို့ခိုင်းလို့"အုပ်ချုပ်ရေးမှုးသား ဇေယျာမင်း အိမ်ပေါ်တက်လာတာနဲ့ မိတိုးအရှေ့ကို တည့်တည့် ဝင်ထိုင်လေသည်။ ရဲလိုက်တဲ့ သူငယ်။"မတိုး.. ဒီကိတ်မုန့်က နေပြည်တော်က ပါလာတာ။ မြန်မြန်စားမှရမှာနော်.. လိုတာရှိရင် ကျွန်တော့်ကို ပြောနော်""မိတိုးက စကားမှမပြောနိုင်တာ ဇေယျာမင်းရယ်။ မင်းကလည်း.. နောက်နေတယ်""အို .. စာရေးပြတာပဲမဟုတ်လား ကိုခင်ဉီးကလဲ။ မတိုး.. ကျွန်တော်တို့နဲ့ အတူတူ လမ်းလျှောက်ကြမလား။ ညနေ ဘောလုံးပွဲရှိတယ်"တစ်ယောက်တစ်ပေါက်နဲ့ မို့ စိတ်ညစ်ညူးနေတဲ့ မိတိုး ဘောလုံးပွဲအသံကြားတာနဲ့ ခေါင်းထောင်သွားရသည်။ အိမ်ပေါ်ရောက်ကတည်းက အပြုံးအရယ်မရှိတဲ့ မိတိုးက ပိုလို့ပင်တည်ကြည်သွားတာမို့ တေဇာနဲ့ ဧည့်သည်အားလုံး ကိုယ်ရှိန်သတ်သွားကြတော့သည်။ "ကိုင်း.. မိတိုးက ခဏတော့ နားအုံးမှထင်တယ်။ အကို.ညနေကျရင် ကျွန်တော် ကွင်းထဲဆင်းအုံးမှာ.. ကိုခင်ဉီးရေ.. ပဲခူးတဲ့ဈေးက တစ်ဧကကို လေးသောင်းတဲ့ဗျ..ကျွန်တော်တော့ ပုတ်ပြတ်ပဲ ခေါ်ခဲ့တယ် နေ့စားကို မကြည့်နိုင်ဘူးဗျာ။ ညနေကျရင် မိတိုးကိုပါ လမ်းလျှောက်ခေါ်သွားလိုက်မယ်လေ။ အဲ့ဒါ အခု ခဏတော့ မိတိုးကို နားခိုင်းလိုက်ပါအုံး။ မစိန်မြ ညနေအေးတော့ အိမ်ဘက်ထွက်လာခဲ့လေ။ မိတိုးအဖော်ရအောင်လို့ ရော့ ။ ဒီမှာ သနပ်ခါးတုံး ကျွန်တော် အတုံးသေးတွေ တုံးပေးလိုက်တယ်နော် မိတိုး .. သနပ်ခါးတစ်တုံးဆိုလောက်လားဟင်။ မိတိုးလိုတော့ ဉီးလေးထပ်ဝယ်ပေးပါ့မယ်"ခွန်ဖရဲ့ ခပ်ပြတ်ပြတ်စကားကြောင့် ဧည့်သည်တွေ နှင်နေပြီဆိုတာ နားလည်သွားကြသည်။ ခွန်ဖကိုဒီတစ်ကွက်တော့ တေဇာ သဘောကျသွားရပြီ။ "အမလေး.. တူမလေးကို ဂရုစိုက်လိုက်ကြတာ.. ကောင်းပါပြီတော် ကိုခွန်ဖ သနပ်ခါးတုံးဖြတ်ပေးတာ ကျေးဇူးပါနော်။ သွားမယ်နော် မိတိုး။ ညနေမှ အမလာခဲ့မယ်"အပျိုကြီးရော လူပျိုလာလှည့်ကြသူတွေပါ ပြန်သွားတော့မှ မြတ် သက်ပြင်းချနိုင်တော့တာပင်။ သွေးမတော်သားမစပ် .. စိတ်ရင်းစေတနာတွေနဲ့ မြတ်ကို ကြင်နာကြသူတွေကြားထဲ .. မြတ် မောင်တော့်ကို တမ်းတနေမိပြန်တော့သည်။ "မောင်တော်သာ အနားရှိရင်.. ဘယ်လောက်တောင်မှ ကြင်နာလိမ့်မလဲ.. ဒါမှမဟုတ် မဟုတ်မရာ အမျိုးသားက ကိုယ်ဝန်ဆောင်တယ်ဆိုပြီးများ.. ရှက်တော်မူနေလေမလား မသိဘူး..။ သတိရလိုက်တာမောင်တော်ရယ်"⚜️🥀⚜️ညီလာခံခန်းမ.. သီဟာသန ပလ္လင်ထက်မှာ .. မာန်မပါတဲ့ဟန်သွင်ပြင်နဲ့ အခစားဝင်လာသူတွေ လျှောက်တင်သမျှ ထိုင်ကာရွှေနားဆင်နေသည့် ထီးဘုရားရှေ့မှောက်.. ဉီးညိုနဲ့ ပုဏ္ဏားဖြူညီအကိုတို့ ဒူးထောက်ခစားကြသည်။ "သယ်.. ရဲတင်းတဲ့ နားခံတော်ကြီး. ပေါ်လာပလား.. . ရှေ့ဖြစ်ဟောတွေရော အခစားဝင်လာသလား ကိုင်း မောင်မင်း.. နားခံတော်ကြီးကလည်း သူ့ခေါင်ဖုရားက တစ်ခွန်းဆို တစ်ခွန်း အကုန်လိုက်လုပ်ပေးတော့တာပဲ..လား.. မောင်မင်းသခင်ကို သန်တော်ဉှီးတင်ဖို့များ မစဉ်းစားမိပေဘူးလား ဟေ။ ကိုင်း ဘသာ.. မောင်မင်း အခါတော်ပေးလို့ နန်းမတော်အပေါ် အန္တရာယ်ပြုခဲ့ကြတယ်ကွဲ့ နောင်များ မောင်မင်း ပညာရပ်ကို မသုံးမိစေနဲ့ ဒါပြစ်ဒဏ်ပဲကွဲ့။ ဘမောင် မောင်မင်းကတော့ နန်းမတော်ကို ဝေးရာပြေးမှ အသက်ရှင်မယ် ဆိုလေတာမို့ နန်းမတော် မတွေ့မချင်း ရှေ့ဖတ်ဟောစေကွဲ့. မောင်မင်းထက်ကိုယ်တော် အရင်ရှာတွေ့ရင်တော့ မောင်မင်းပညာကို စွန့်ရလိမ့်မယ်"ဒေါသနဲ့ သောကတွေကြောင့် ပိန်လှီသွားတဲ့ ထီးဘုရားမျက်နှာတော်မှာ ခံစားချက်တွေ မဖုံးထားနိုင်အောင် ပေါ်နေတာမို့ ခပ်မဲ့မဲ့ ရွှေနှုတ်တော်က အမိန့်ကို နားခံတော်ကြီး ဉီးညိုနောက်မှာ ခပ်ကွယ်ကွယ် ထိုင်လျက် ဇက်ပုကာကြောက်နေရှာသူ ပုဏ္ဏားဖြူ ပုဏ္ဏားညို ညီအကိုတို့ ခေါင်းငိုက်စိုက်ချလျက် .. အပြစ်ကို ခံယူကြသည်။ သူတို့ဟောချက်တွေကြောင့် အခြေအနေတွေ ဒီလိုဖြစ်ကုန်တယ်လို့ နားခံတော်ကြီးက အပြစ်တွေတင်လိုက်တာ ဒီနေ့အထိပဲမဟုတ်လား။ ခေါင်ဖုရားကို ရှာမတွေ့မချင်းတော့. . သူတို့အပြစ်ကမလွတ်နိုင်တော့တာ သူတို့အသိပါပဲ။"မင်းကြီးဘုရား။ ငညိုအရဲစွန့်လျှောက်တင်ပါရစေဘုရား။ ဘသာနဲ့ ဘမောင် ညီအကိုတို့ဟာ ခမည်းတော်မင်းကြီးလက်ထက်မှာ နန်းတွင်းအခါတော်ပေးအဖြစ် မြှောက်စားခံခဲ့ရတဲ့ ပညာသည်ပါဘုရား။ ပညာရပ်ကို မသုံးရဘူးဆိုပါက ကျွန်သဘောက်သာသာ အဆင့်ရှိပါလိမ့်မယ်ဘုရား.. အပြစ်လျှော့ပေါ့ပေးတော်မူပါဘုရား""နားခံတော်ကြီး .. မောင်မင်းက ဘသာတို့ကို မထိမ်းနိုင်လို့ အပြစ်တောင် ခံရအုံးမှာ ဒင်းတို့အတွက် အသနားခံချင်သေးသလား ဟင် သယ် .. ရဲတင်းလိုက်လေ""သတ်ရင်သေရပါမယ်ဘုရား.. ထီးဘုရားနှုတ်ထွက် အမိန့်အတိုင်း ဉီးရီးတော်တို့ မိသားစုအလိုက် တင်မက ဉီးရီးတော် နန္ဒလည်း သူဖုန်းစားကဲ့သို့ နောင်တတွေနဲ့အသီးသီး..အပြစ်ခံယူနေကြပါတယ်ဘုရား။ ငညိုလည်း ပေးတဲ့အပြစ်တော်ကို ခံယူပါ့မယ်ဘုရား။ ရှေ့ဖြစ်ဟောသူတွေမှာ အပြစ်လို့ ဆိုစရာ အကြောင်းရင်း တစ်စွန်းတစ်စ ရှာမရပါဘုရား"မှန်ပါပေသည်။ ဘုန်းရှိန်ရောင်ဝါ .. ဝန်ခံရပေမည်။ အပြစ်လို့ မဆိုသာလောက်အောင်ကိုပဲ .. သခင်နှစ်ပါးအပေါ် ချစ်ခင်ကြတဲ့ သူတွေရဲ့ မေတ္တာတရားတွေက အရောင်ကင်းမဲ့ကြတာပဲလေ။ ဘုန်းရှိန်ရောင်ဝါ.. ဖြေတွေးတွေးပေမယ့်.. ဒါတွေအကုန် ဒင်းတို့အပြစ်တွေမကင်းဘူးလို့ လည်း ရွှေစိတ်ညိုနေမိသည်။မြတ်ငယ်ဟာ သိပ်ထက်မြက်လွန်းတယ်ကွယ်။ မောင်တော်ဖုံးကွယ်ဖို့ကြိုးစားထားတာမှန်သမျှ မြတ်ငယ်အားလုံးကို သိအောင် လုပ်နိုင်တယ်။ မောင်တော့်ကြင်ယာလေးကို ကိုယ်ဝန်လေးနဲ့ မြင်လိုလှတယ်။ မောင်တော့်ကြင်ယာလေးကို မောင်တော် ထွေးပွေ့လို့ နာကျင်ခံစားရတာတွေ ပြေပျောက်အောင် အားငယ်နေတာတွေ ကင်းဝေးအောင် မောင်တော် ပြုစုယုယချင်တယ်ကွယ်။ ဘယ်ဆီကိုများ ရောက်နေပါလဲ မြတ်ငယ်ရယ်။ *****"တရုတ်ဘက်က .. သ‌ဘောတူညီချက်တွေအတိုင်း ကျွန်တော်တို့ကုန်သွယ်မှုတင်ဒါတွေ နဲ့ လိုင်စင်တွေ ခွင့်ပြုမိန့်နဲ့အတူ ထုတ်ပေးလိုက်ပါပြီခင်ဗျာ။ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကလည်း အခွန်ပုံမှန်ဆောင်ထားတဲ့ ကုမ္ပဏီကြီးတွေရော တစ်နိုင်တစ်ပိုင် ကုမ္ပဏီငယ်တွေရော ပါပါတယ်။ မင်းကြီး ဘုန်းရှိန်ရောင်ဝါအနေနဲ့ .. စင်ကာပူဘက်က တောင်းဆိုထားတဲ့ အချက်တွေကို စစ်ကြည့်‌ပေးစေချင်ပါတယ်ခင်ဗျာ။ တရုတ်ဘက်က သီးသန့်ကမ်းလှမ်းချက်တွေကို မင်းကြီးငြင်းပယ်လိုက်တာ စင်ကာပူကိုယ်စားလှယ် သိသွားပုံရတယ် ခင်ဗျ။ စင်ကာပူဘက်က မင်းကြီးနဲ့ စကားထပ်ပြောချင်ပါတယ်လို့ ဒီအချက်တွေနဲ့ အတူ ကမ်းလှမ်းလာခဲ့တာ မင်းကြီး နေမကောင်းဘူးဆိုတာနဲ့ ကျွန်တော်လည်း သူတို့ကို နားခိုင်းထားရပါတယ်။ မင်းကြီးသူတို့နဲ့တွေ့ဖို့ အဆင်သင့်ဖြစ်ရင်.. သူတို့ မြန်မာနိုင်ငံကို လာေ‌ရာက်တွေ့ဆုံပါမယ့်အကြောင်း တောင်းဆိုထားပါတယ် မင်းကြီး"သမ္မတ အိမ်တော်အတွင်း... ဘဲဉပုံစားပွဲရှည်ကြီးရဲ့ ဉီးထပ်တည့်တည့်ခုံမှာ မင်းကြီးသတိုးတေဇရောင်ရှိန် ခန့်ညားစွာထိုင်ရင်း. .. သမ္မတကြီး ဉီးစံဝင်းထွန်း ပြောသမျှကို အာရုံစိုက်ကာ နားထောင်နေသည်။"ကိုယ်တော် နေလို့ကောင်းပါပြီ သမ္မတကြီး။ စင်ကာပူဘက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ စီစဉ်လိုက်ပါမယ်။ တရုတ်ဘက်ကို သဘောတူထားတဲ့အတိုင်းပဲ တင်ဒါပေးတာကောင်းမယ် သမ္မတကြီးခင်ဗျ။ ကိုယ်တော်တို့ တရုတ်ကကိုယ်စားလှယ်တွေနဲ့ ထပ်ပြီးတွေ့ဆုံဖို့မလိုတော့ပါဘူး။ တရုတ်စီးပွားကူးသန်းဝန်ကြီးနဲ့ တိုက်ရိုက် စကားပြောပြီးမှ သဘောတူညီမှုသက်တမ်းတိုးတာ ပိုကောင်းမှာပါ။ လက်ရှိတရုတ်ကိုယ်စားလှယ်ရဲ့ သဘောထားကို ကိုယ်တော်နဲ့ အဖွဲ့ကတော့ သိပ်သဘောမကျလှဘူး။""မင်းကြီးဘုန်းရှိန်ရောင်ဝါ သဘောအတိုင်းပဲ ကျွန်တော်လည်း သဘောမကျဘူးခင်ဗျ။ သူတို့က လူလည်လုပ်ဖို့ ကြံစည်နေကြတယ်လို့ ထင်နေတာ။ အခု တော့ ရှင်းသွားပါပြီ။ မင်းကြီးဆီက စကားကိုကြားချင်လို့ စောင့်နေတာ မှန်သွားတယ်။ ကိုင်း ဉီးလှကြည်... မင်းကြီးရဲ့ ဉီး‌ဆောင်မှုအတိုင်း ကျွန်တော်တို့ဆက်လုပ်ကြစို့။ မင်းကြီးလည်း ကျန်းမာလာတာ မကြာသေးဘူးဆိုတော့ နားဖို့ အချိန်ပေးရမှာပါ။ မင်းကြီး ပြန်မကြွမီ ကျွန်တော်နဲ့ စကားစမြည် ပြောဖို့ ခွင့်ပြုပါလားခင်ဗျာ""ကောင်းပါပြီး သမ္မတကြီးခင်ဗျာ။ ဝန်ကြီးများခင်ဗျ။ ကိုယ်တော့်ကို စီစဉ်ထားတဲ့ အစီအစဉ်များ မေးလ်နဲ့ပို့လိုက်ပါ။ ကိုယ်စားလှယ်များနဲ့ မတွေ့ခင်မှာကိုယ်တော်တို့ အသေးစိတ်တိုင်ပင်ဖို့ အစည်းအဝေးသုံးကြိမ် မဖြစ်မနေ ထိုင်ကြရပါမယ် .. ကိုယ်တော် စောင့်နေပါ့မယ်။ ကိုင်း သူရဇ္ဇ မောင်မင်း ဝန်ကြီးများနဲ့ အစီအစဉ်ကို သေချာဆွဲပါ။ မောင်မင်းနဲ့ ကိုယ်တော် နန်းတော်ထဲကျမှ ထပ်တိုင်ပင်မယ်"ဝန်ကြီးများနဲ့ သူရဇ္ဇတို့ကို အစည်းအဝေးခန်းထဲ ထားရစ်ခဲ့ပြီး သမ္မတကြီးနဲ့အတူ မင်းကြီးဘုန်းရှိန်ရောင်ဝါ သမ္မတကြီးအလုပ်ခန်းထဲ ဝင်လာခဲ့သည်။ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က မင်းကြီးရဲ့ အရှိန်အဝါနဲ့ တည်တံ့ထက်မြက်တဲ့ ကိုယ်ရေကိုယ်သွေးများကို မလေးစားဘဲ မနေနိုင်။ လေးနှစ်တစ်ကြိမ် ရွေးကောက်ခံ သမ္မတ မို့.. ရာဇသွေးကို ပခုံးချင်းမယှဉ်ရဲ။ "မင်းကြီး။ လူတွေဆိုတာ သွားပုပ်လေလွင့် ပြောဖို့ အမြဲအဆင်သင့်ဖြစ်နေတတ်ကြတာ သိပါတယ်မဟုတ်လား။ အခုလည်း မင်းကြီးကို လုပ်ကြံသူရှိနေတယ်လို့ မကြားတကြားပြောဆိုကြတာ ကျွန်တော်ကြားမိလို့ပါ။ နောက်ပြီး.."သမ္မတကြီးက စကားဆက်ကို ပြောသင့်မပြောသင့် ချင့်ချိန်နေဟန်ကြောင့် ဘုန်းရှိန်ရောင်ဝါ စကားဆက်ဖို့လမ်းဖွင့်ပေးလိုက်သည်။"ဆက်ပါ သမ္မတကြီး ကိုယ်တော့်ကို ထိန်ချန်ထားစရာမလိုပါဘူး.. မင်းနားတစ်ထောင်ပါ""ဟုတ်ကဲ့ .. မင်းကြီးသိပြီးကြားပြီးဖြစ်မှာပါ။ မင်းကြီးရဲ့ အိမ်ထောင်ဘက်အမျိုးသားကို သေအောင်လုပ်ကြံတာဆို မင်းကြီး။ မင်းကြီးရဲ့ အမျိုးသားကလည်း နန်းတော်ကနေထွက်သွားတယ်လို့ ကောလဟာလ ကြားနေရတာပါ။ ကျွန်တော့်လုပ်ပိုင်ခွင့်ထဲကနေ ဘာများကူညီရပါမလဲ မိန့်ကြားပါ ခင်ဗျာ"ဘုန်းရှိန်ရောင်ဝါ နှစ်လိုဖွယ်ရာ ပြုံးပြလိုက်သည်။"သမ္မတကြီးရဲ့ စေတနာကို လေးစားအသိအမှတ်ပြုပါတယ်။ ကိုယ်တော်တို့ နန်းတွင်းရေးကိစ္စပါ။ ကိုယ်တော် စီမံဖြေရှင်းနေပါတယ်ခင်ဗျာ""ဟုတ်ကဲ့ပါ မင်းကြီးခင်ဗျာ။ သုံးနိုင်ငံကုန်သွယ်မှုကိစ္စရပ်များအားလုံးကိုလည်း မင်းကြီးက ကျွန်တော့်လုပ်ပိုင်ခွင့်အားလုံး အသုံးပြုနိုင်ပါကြောင်း တာဝန်လွှဲအပ်စာ ထုတ်ပေးလိုက်ပါ့မယ် ခင်ဗျာ။ ဝန်ကြီးများကို လိုသလို ခိုင်းစေပါ မင်းကြီးခင်ဗျာ""သမ္မတကြီး စီစဉ်တာ စေ့စပ်လှပါတယ်။ ကိုယ်တော့်ကို ခွင့်ပြုပါအုံး။"သပ်ရပ်ခန့်ညားတဲ့ ရွှေကိုယ်တော်ကြီး ဘုန်းရှိန်ရောင်ဝါကို သမ္မတကိုယ်တိုင် ကားတံခါးပေါက်အထိ လိုက်ပို့တာမို့ အိမ်တော်ဝင်းအတွင်း တာဝန်ရှိသူတိုင်း အရိုအသေပေးကြလေသည်။ ပြည်လမ်းမကြီးပေါ်မှာ ကားအနက်ရောင်လေးက .မြို့ပြင်ကို ဉီးတည်လျက် ခပ်သွက်သွက်လေး မောင်းနှင်နေသည်။"နေများမှကောင်းပါ့မလား ရန်အောင်ရယ်""ထီးဘုရား.. မေတ္တာတွေကြောင့် အေးချမ်းကျန်းမာနေမှာပါဘုရား""ရန်ပုံခွင်းတို့ ဆီက ဘာသတင်းလာသေးလဲ ရန်အောင်""မှန်လှပါ.. သတင်းတစ်စမကျန် လိုက်စုံစမ်းနေသေးကြောင်းပါဘုရား""အင်း.... ဘာလိုလိုနဲ့.. တစ်လကျော်ပြီရန်အောင်။ ကိုယ်တော့်ကို မေ့များနေပြီလား မြတ်ငယ်ရယ်"ထီးဘုရား နောက်ဘက် ခုံတန်းမှာ အသင့်အနေအထားထိုင်လိုက်လာခဲ့တဲ့ ကိုယ်ရံတော် ငလင်းမြင့်.. နဲ့ သူရဇ္ဇတို့ မျက်ရည်မထိမ်းနိုင်။ရွှေနှုတ်တော်က မမေ့မလျော့ နေ့စဉ်တိုင်း မေးမြန်းတဲ့ ဒီမေးခွန်းတွေကို ငလင်းမြင့် အထောက်တော်ရာထူးကနေ ထီးဘုရား ကိုယ်ရံတော်အဖြစ် ခန့်အပ်ခံရသည့်နေ့ကတည်းက တစ်ရက်မပျက် ကြားလာခဲ့တာ.. **နှောင်တွယ်ငင်ရစ်တယ်ဆိုတဲ့ ချစ်ခြင်းမေတ္တာကို .. အခုလိုမျိုး ကြေကွဲစွာ နားလည်ရမယ်လို့ တစ်ခါဖူးမှ မထင်ခဲ့စဘူး.. မင်းကြီးရဲ့ ရင်ထဲက နာကျင်ခြင်းတွေကို မင်းကြီးရဲ့ အသက်မဲ့မျက်ဝန်းတွေ.. ခြောက်သွေ့တဲ့နှုတ်ခမ်းတွေ နဲ့ ..ခေါင်ဖုရားနဲ့ပတ်သက်ပြီး တစ်ရက်မပျက် ထုတ်မေးတတ်တဲ့ မေးခွန်းတွေက .. ထုတ်ဖော်ပြနေလေတာ.. ငယ်ကျွန်တွေရဲ့ ရင်ကိုပါ ခဏခဏ ခွဲပါတယ်ဘုရား**"အင်း. .. ဝာာဝန်တွေက နောက်ကလိုက်နေလေတော့.. ကိုယ်တော်လည်း နန်းတွင်းရေးကို လစ်ဟာမိနေတယ်... ငလင်းမြင့်.. နားခံတော်ကြီးကို အခစားဝင်ခိုင်းလိုက်စမ်း။ ကလေးတွေ စာမေးပွဲနီးပြီမဟုတ်လား.. စာမေးပွဲဖြေဖို့ ကားစီစဉ်ဖို့ လိုတယ်လေ။ ကိုယ်တော့်ဆီဘာမှလာမလျှောက်သေးဘူးပဲ။ နားခံတော်ကြီး အသက်ကြီးလာလို့ထင်ပါရဲ့ .. လုပ်ကိုင်တာတွေ ပေါ့လျော့လာတယ်။ အဟင်း.. မောင်မင်းတို့ခေါင်ဖုရားက သူကိုယ်တိုင် စီမံတာဆိုတော့ နားခံတော်ကြီးလည်း ခိုကပ်လာတယ်ထင်ပါရဲ့""မှန်လှပါဘုရား"ခေါင်ဖုရားပျောက်သွားသည့်နေ့ကစပြီး.. ကျန်းမာလာခဲ့တဲ့ ထီးဘုရားက အတော်အတန် သိသာအောင် ပိန်သွားသည်။ နိုင်ငံတော်ကို ကူညီနေတဲ့အလုပ်ကလည်း အောင်မြင်ခဲ့တာမို့ .. သဘောတူညီချက်တွေအတိုင်း ဆောင်ရွက်စရာတွေ ဒုနဲ့ဒေး... နားဖို့အချိန်တောင်မရှိခဲ့တာ ဒီနေ့အထိ ဒါတောင် ခေါင်ဖုရားသတင်ကြားမိရင် ကိုယ်တော်တိုင် အပြေးသွားကြည့်တတ်သေးတာပင်။"ရန်မျိုးအောင်.. ကိစ္စအရေးကြီးသလားကွဲ့။"ကးပေါ်ကဆင်းလာတဲ့ ထီးဘုရား အိပ်ဆောင်ကိုတောင် တန်းမသွားနိုင်ဘဲ စင်္ကြန်လမ်းထိပ်မှာစောင့်နေတဲ့ ရန်မျိုးအောင်ကို ညီလာခံပလ္လင်ထက်မှာစံမြန်းရင်း မိန့်သည်။"မှန်လှပါ.. ငယ်ကျွန် တစ်ခုစဉ်းစားမိတာရှိလို့ပါဘုရား။ ခေါင်ဖုရားက တစ်ခါတုန်း ငယ်ကျွန်တို့ဆီအလည်အပတ်လာစဉ်.. ဉီးရီးတော် ရှိရာ အရပ်ကို မေးမြန်းလို့ ငယ်ကျွန် လိပ်စာနဲ့တစ်ကွ ပြောလိုက်ဖူးပါတယ်ဘုရား။ အခု ခေါင်ဖုရားက အိမ်ကိုလည်းမပြန်မကြွ.. ရန်ကုန်မြို့ပေါ် စုံစမ်းနေတာလည်း တစ်လကျော်ပြီ သတင်းအစနတောင် မရဆိုတော့.. ငယ်ကျွန်အထင်. . ဉီးရီးတော်တို့ဆီများ သွားရောက်ခိုလှုံလေသလား လို့ပါဘုရား"ဘုန်းရှိန်ရောင်ဝါ မျက်ဝန်းများက မီးထွက်မတတ် ဝင်းဝင်းတောက်နေပေပြီ။"ရန်မျိုးအောင် မင်းနှယ်ကွယ်။ ဒီကိစ္စကို အခုမှလျှောက်တင်ရသလား။ ဉီးရီးတော်က တွံ့တေးမြို့ပေါ်မှာမဟုတ်လား။ ရန်အောင်.. ရန်ပုံခွင်းဆီ ခပ်မြန်မြန် ဆက်သွယ်စမ်း.. ကိုယ်တော်ကိုယ်တိုင် တွံ့တေးကို ဆင်းပြီးရှာမယ်လို့။ ရန်မျိုးအောင် မင်းရှေ့ကလမ်းပြ။"တုန့်နှေးထိုင်းမှိုင်းခြင်းတွေနဲ့ .. နာကျင်ကြေကွဲမှုတွေ အဝေးပြေးသွားသလိုမျိုး . . ခေါင်ဖုရားကိုရှာတွေ့မယ့် လမ်းစကိုမလွတ်စတမ်း ကိုင်လိုက်မယ့် ထီးဘုရားက .. တက်ကြွလန်းဆန်းစွာပဲ ရှေ့ကကြွသွားလေပြီ။ နောက်တော်ပါးက ငယ်ကျွန်တစ်သိုက်ကတော့ ယူစရာရှိတာအပြေးအလွှားယူ.. မှာစရာရှိတာ အပြေးမှာပြီး ကားပေါ် ခုန်တက်လိုက်ကြရတော့သည်။ "မြတ်ငယ်ရေ.. မောင်တော် လာနေပြီ။ ‌စောင့်နေပါလှည့်ကွယ်၊ ထပ်လို့များ အဝေးကို ပြေးမပုန်းပါနဲ့တော့"***အိမ်နိမ့်စံနန်းဆောင်အရှေ့.. သူရဇ္ဇ ရပ်နေတာ အချိန်တော်တော်ကြာခဲ့ပြီ။ နန်းဆောင်တံခါးက အဆီးအတားမရှိ ပွင့်နေလို့.. အိပ်ဆောင်ထဲတခါးပေါက်က တင်းတိမ်လေး လေတိုက်တိုင်း အလွင့်မှာ..အတွင်းခန်းထဲ ရှိနေတဲ့ ဉီးရီးတော်ရဲ့ အနေအထားကို ကောင်းစွာပဲ မြင်နေရတာ.. သူရဇ္ဇအတွက် စိတ်မသက်သာစရာမြင်ကွင်းပဲဖြစ်သည်။ ခေါင်ဖုရား ရေးသားထားခဲ့တဲ့ စာ ကို မျက်ရည်လည်ရွှဲ ဖတ်ပြီး... ရင်တွေကွဲလောက်အောင် နောင်တတွေ တစ်လှေကြီးထမ်းပိုးကာ မင်းကြီးအမိန့်အတိုင်း တစ်ကယ့်သူဖုန်းစားလိုမျိုးနေလျက် အပြစ်ဒဏ်ကို ခံယူနေတဲ့ ဉီးရီးတော်က .. စားဖိုတော်မင်းကြီး လောင်းထည့်ပေးသမျှ စားစရာအားလုံးကို ရှေ့မှာချထားတဲ့ခွက်တစ်လုံးထဲ ခံယူကာ ရောသမထားတဲ့ အစားကိုသာ စားနေတဲ့ မြင်ကွင်းကို သူရဇ္ဇ ရင်နာနာနဲ့ပဲ ငေးကြည့်နေရုံသာ တတ်နိုင်သည်။ ပိန်လှီစုတ်ပြတ်နေတဲ့ ဉီးရီးတော်ရဲ့ အသွင်အပြင်က နုပျိုချောမောတဲ့ ရုပ်သွင်ကို မှန်းမရတော့လောက်အောင်ပဲ မှုန်မှိုင်းနေခဲ့ပြီ။ .. သူဖုန်းစားပီသစွာပဲ ကြမ်းပြင်ပေါ် ကတ်ထူပြားခင်းလို့ လှဲအိပ်လိုက်တဲ့ ဉီးရီးတော်ကို မင်းတြားကြီးက ယောင်လို့တောင် လာမကြည့်ခဲ့ပါ။ သူရဇ္ဇ.. အပြစ်မကင်းတဲ့စိတ်များနဲ့ .အဝေးကနေ အကဲခတ်ရင်း စိတ်မကောင်းဖြစ်နေရုံမှတစ်ပါး.. ဉီးရီးတော် အနားသွားဖို့ အခွင့်မရ။ သူရဇ္ဇရဲ့ ပြစ်ဒဏ်က... အများနဲ့မတူ။ သုံးနိုင်ငံ ကုန်သွယ်မှု သဘောတူညီချက်တွေက အလုပ်ကောင်းကောင်းဖြစ်နေတာမို့ အသက်ဝင်လာတဲ့ ပို့ကုန်သွင်းကုန် လိုင်စင်တွေ နဲ့ တင်ဒါတွေကို စစ်ဆေးပေးရမည့် အပြင်.. နိုင်ငံရပ်ခြားခရီးများအတွက်လည်း မင်းကြီးဘုရား ကိုယ်စား တာဝန်ခံသွားရောက်ရမည့် ကြီးလေးတဲ့ ပြစ်ဒဏ်ပဲဖြစ်သည်။ မင်းကြီးကတော့ ခေါင်ဖုရားကို မတွေ့မချင်း ဒီနိုင်ငံကတစ်ဖဝါးမှ မခွာဘူးလို့ ကြွေးကျော်ထားခဲ့ပြီးသားမဟုတ်လား။ "ငယ်ကျွန့် အပြစ်ဒဏ်ကြောင့် အနားလာလို့မပြုစုနိုင်ပါဘူးဘုရား။ ဒီလိုလေး နေရင်း ကျန်းမာနေပါအုံး။ ခေါင်ဖုရားပြန်ကြွလာတဲ့အခါ ခြေစုံတော်မှာဉီးခိုက်လို့ အပြစ်ကြွေးတွေအကုန် ငယ်ကျွန့်ဆီ လွှဲယူပါ့မယ်.. ဉီးရီးတော်" ⚜️🥀⚜️ဖေဖော်ဝါရီလရဲ့ ညနေခင်းအချိန် .. ဆောင်းအကုန် နွေအကူး.. လေအေးလေးများတိုးဝှေ့နေတဲ့ မြေသားလမ်းလေးအတိုင်း မြတ်..လမ်းလျှောက်လာခဲ့သည်။ တိမ်တောက်နေတဲ့ ကောင်းကင်အောက်.. တစ်မျှော်တစ်ခေါ် စိုက်ခင်းတွေကို ဖြတ်တိုက်ခတ်လာတဲ့ လေက သန့်ရှင်းလိုက်လေ.. မြတ် စိတ်ကြည်လင်လန်းဆန်းသွားရပေမယ့်... တစ်နေ့.. ကျိန်စာဆိုးကြီက လွတ်မြောက်အောင်.. မောင်တော့်ကိုခေါ်လို့.. နန်းတော်နဲ့အဝေးမှာ.. အခုလိုပဲ စိုက်ပျိုးရေးလုပ် ဘဝကို အေးအေးချမ်းချမ်း နှစ်ယောက်အတူ ဖြတ်သန်းကြဖို့..တွေးထားခဲ့ဖူးတဲ့ အမှတ်တရတွေက ... မြတ်ကို တွေဝေငေးမောစေလေသည်။ တစ်ဉီးအပေါ်တစ်ဉီး ထားရှိခဲ့တဲ့ ယုံကြည်မှုတွေ အချစ်တွေနဲ့ ကတိမမည်တဲ့ ကတိစကားတွေက ... တိုးဝှေ့လာတဲ့ လေပြေထဲ မှာ လူးခတ် ပါဝင်လာသလိုလို..ကိုယ်ခန္ဓာတစ်ခုလုံးကို ပွတ်သပ်ကျီဆယ်သွားတဲ့ လေပြေတိုက်တိုင်း မောင်တော့်ကို သတိရလွမ်းဆွတ်မှုတွေနဲ့အတူ ရင်ခုန်လှုပ်ရှားရပြန်တယ်။ မြတ်ကိုယ်ထဲမှာ တစ်နေ့တစ်ခြားရင့်သန်ကြီးထွားလာတဲ့ မောင်တော့်ကိုယ်ပွားလေးတွေက .. မြတ် စောင့်ရှောက်မှုအပေါ်မူတည်ပြီး ရှင်သန်ကြရမှာ မောင်တော်.. မောင်‌တော့်ရင်သွေးလေးတွေအတွက် ဘဝတစ်ခုလုံးကိုလည်း ပေးနိုင်တယ်။ မောင်တော့်အတွက် အသက်လဲပေးနိုင်တယ်။ အခုလေ... မျက်စေ့တစ်ဆုံးကျယ်ဝန်းတဲ့ ဒီစိုက်ခင်းပြင်ကြီးကို ကြည့်ရင်းက နန်းတော်ထဲကမြက်ခင်းပြင်ကို မြတ် လွမ်းနေတယ်မောင်တော်ရယ်..။ အဲ့ဒီမြက်ခင်းပြင်ပေါ်မှာ မောင်တော့်ပါးပေါ် ပထမဉီးဆုံး ခြွေခဲ့တဲ့အနမ်းက မြတ်ရဲ့ ပထမဆုံးအနမ်းပါ မောင်တော်။မောင်တော်ရယ်.. လွမ်းလိုက်တာ။ မောင်တော့်အနားမှာဆိုရင် မြတ်ကို ထားစရာမရှိအောင် ဂရုစိုက်မှာမဟုတ်လား မောင်တော်။ မြတ် အခု လေ ဉီးရီးတော်ဆီမှာ လုံခြုံနေပါတယ်။ မောင်တော်လည်း ဒဏ်ရာတွေသက်သာပြီး ကျိန်စာရဲ့ သက်ရောက်မှုက ကင်းပြီး ကျန်းမာပါစေလို့ ဆု‌တောင်းနေပါတယ်မောင်တော်။"ဟင်း....""မိတိုး.. ညောင်းနေပြီလား.. လာလာ .. နဲနဲ ဆက်လျှောက်လိုက်နော်.. ဟိုရှေ့နားလေးမှာ ရေကန်ကြီးရှိတယ် .. အဲ့ဒီက ခုံမှာ ထိုင်နားကြတာပေါ့"ခြေလှမ်းနှေးသွားပြီး သက်ပြင်းလေးချကာ ဆွေးဆွေးငေးငေးဖြစ်သွားတဲ့ မိတိုးကို တေဇာပိုင်ဆိုင်တဲ့ လယ်ကွင်းပိုင်နက်ထဲ မှာ ပါဝင်သည့် ရေကန်ကြီးဆီ ဉီးဆောင်ခေါ်လာခဲ့သည်။ "ဒီကန်ကြီးက အရင်တုန်းကတော့ သောက်ရေကန်ကြီးပဲ မိတိုးရဲ့ ...အခုတော့ ရွာထဲက တစ်ချို့ မရှိဆင်းရဲသားတွေပဲ သုံးကြတော့တာ.. ဒီရေကန်ကြီးက သက်တမ်းရာကျော်ပြီလို့ ပါးစပ်ရာဇဝင်ရှိတယ် မိတိုး. ဒီကန်ကြီးအပါအဝင်.. ဟိုးဘက်က ကားလမ်းမကျယ်ကြီးအထိ ဉီးလေးပိုင်တဲ့လယ်ကွင်းတွေကြည့်ပဲ မိတိုး. .. ဒီဘက်ကိုကြည့်.. ဟိုးမှာမြင်လား ရွာတန်းကလေး.. အဲ့ဒီသစ်ပင်တန်းလေးအထိပဲဆိုပါ‌တော့..."မိတိုးကို ရှင်းပြနေရင်း ကန်နံဘေး ခုံတန်းလေးမှာ ထိုင်စေလိုက်မိသည်။ ကန်ထဲက ပန်းတွေကို မြင်တော့ မိတိုးရဲ့ ဆွေးဆွေးငေးငေး ပုံစံက ပြိုတော့မည့် မိုးနှယ် .. ညှို့လာတော့သည်။ ရေကန်ထဲမှာ အားပါးတရပွင့်လန်းနေတဲ့ ကြာပန်း ပန်းရောင်အပွင့်ကြီးတွေ.. ကြာဖူးလေးတွေ... ကြာဖက်ကြီးတွေ နဲ့ ကြာခွက်လေးတွေ.. လေအဝေ့မှာ သင်းသင်းလေး ရလာတဲ့ ကြာပန်းနံ့လေးတွေ....မြတ် မငိုမိအောင် ထိမ်းလိုက်ပေမယ့် ရှိုက်သံတစ်ချက်က မရည်ရွယ်ပါဘဲ ထွက်သွားရသည်။အတိတ်ကို သတိရလို့ ဝမ်းနည်းနေပုံရတဲ့မိတိုးကို ကျောခိုင်းထားမိပြီးမှ နောက်ကျောကထွက်လာတဲ့ ရှိုက်သံသဲ့သဲ့ကြောင့် ကန်ရေပြင်ကိုကြည့်နေတဲ့ တေဇာ တွန့်သွားရသည်။ "ဟင် မိတိုး.. နေမကောင်းလို့လား"ခေါင်းသာခါပြတဲ့ မိတိုးအနား ဝင်ထိုင်လိုက်ရင်း.. အားငယ်နေရှာမယ့် မိန်းကလေးကို ဘယ်လိုအားပေးရပါ့မလဲ တွေးလို့မပေါ်။ တေဇာ အကျပ်ရိုက်နေတုန်းမှာပဲ ဘောလုံးကစားရာက ပြန်လာကြတဲ့ ဇေယျာမင်းတို့ လူပျိုတစ်သိုက် ရေကန်ဘောင်က လျှောက်လာကြလေသည်။ "ဟော.. မတိုး နဲ့ ဉီးလေးတေဇာတို့ပါလား. လမ်းလျှောက်လာကြသလား။ မတိုး မတွေ့တာ ကြာတော့ ဗိုက်ကလေးက ပိုပူလာတာပဲ။ အား မရှက်ပါနဲ့ မတိုးရဲ့.. ဟေ့ကောင် ငဌေး.. မင်းတို့အိမ်က မုန့်လက်ဆောင်းသွားယူကွာ.. မတိုး.. မုန့်လက်ဆောင်းသောက်မယ်နော်။ ကျနော် တိုက်ပါ့မယ်။ မတိုး ရွာရောက်နေတာ ကြာပြီဆိုတော့ နေသားကျနေပြီပေါ့.. ကျွန်တော်လည်း မြို့ထဲအလုပ်သွားနေရလို့ မတိုးရေ။ မြို့ထဲက စားချင်တာရှိရင် ကျွန်တော့်ဖုန်းကို မက်ဆေ့ပို့လိုက်နော်။ ဒါနဲ့ ဉီးလေးတေဇာ.. မတိုးမှာ ဖုန်းမရှိဘူးနော်"င‌ဌေးနဲ့ တက်လူတို့ အပြေးလေးထွက်သွားတဲ့အထိ စကားစမပြတ်အောင် လေဖောနေတဲ့ ဇေယျာမင်းကို ဒီတစ်ခါတော့တေဇာ ကျေးဇူးတင်မိသည်။ လက်ထဲ စာအုပ်မပါတာမို့ ကန်ဘောင်မြေသားလမ်းပေါ် စာနဲနဲ‌ရေးပြနေတဲ့မိတိုးနဲ့ မိတိုးအနား ဝိုင်းကာ စကားဖောင်ဖွဲ့နေကြတဲ့ လူပျိုတစ်သိုက်တို့ ကို တေဇာ ခွင့်ပြုထားလိုက်ရသည်။ မိတိုးကို ထိုလူပျိုတွေသာမက ရွာထဲက မိန်းကလေးတွေကလည်း ခင်မင်ကြတာမို့ မိတိုးရဲ့ ဇာတာကိုက ကောင်းတဲ့ဇာတာလို့ပဲ ပြောရမလားပင်။ မိတိုးကလည်း ပညာရေးစီးပွားရေး တိုင်ပင်သမျှ အကြံဉာဏ်ကောင်းတွေကို စာအုပ်လေးထဲ ရေးပြကာ အကြံပေးနိုင်တာမို့လည်း ရွယ်တူတွေက ခင်မင်ကြတာဖြစ်သလို.. ကိုယ်ဝန်ကြီးနဲ့ တစ်ယောက်တည်း ဘာဖြစ်ခဲ့လဲ ဆိုတာ မပြောနိုင်တဲ့ မိန်းကလေးမို့လည်း တေဇာတို့လူကြီးပိုင်းတွေက အကြင်နာပိုမိကြတာပင်။ ငဌေးအမရောင်းတဲ့ မုန့်လက်ဆောင်းကို တစ်ယောက်တစ်ခွက်ကိုင်ကာသောက်နေကြရင်း.. ပြုံးပျော်နေတဲ့ လူငယ်တွေကို ငေးကာ တေဇာ. . သက်ပြင်းချလိုက်မိသည်။ မိတိုးရဲ့ ဝမ်းနည်းမှုတွေ တဒင်္ဂလောက် မေ့ထားနိုင်မယ်ဆိုရင် တေဇာ ကျေနပ်ပါတယ်လေ။"ကိုတေဇာရေ..မိတိုးရေ""မနု လာဗျာ.. ဧည့်သည်ပါလာတာလား"လူပျိုကြီးတေဇာတို့ အိမ်က နှစ်နှစ်ဆယ်ကျော် ဧည့်သည်ဆောင်သည် အလည်အပတ်မရှိခဲ့ပေမယ့် အခု တစ်လကျော်ကျော်အတွင်း တစ်ရက်မှ ဧည့်သည်မပြတ်သေးတာ မိတိုးကြောင့်ဆိုရင်မမှား။ " မိတိုးရောဟင်...။ ဒီမှာလေ. . သားဖွားဆရာမ မငယ်တဲ့ ကိုတေဇာ ။ မငယ်က မနုရဲ့ တူမတော်တယ် ကိုတေဇာ ကြာအင်းမှာနေတဲ့ မနုအကိုကမွေးတာ။ မိတိုးကိုယ်ဝန်လေး စစ်ပေးဖို့ လှမ်းခေါ်ထားတာ အဲ့ဒါ သူက သင်တန်းသွားတက်နေလို့ အခုမှပဲ ‌ရောက်တော့တယ်ကိုတေဇာရယ် မိတိုးရော""ရေချိုးနေပါတယ်မနု.. အော်.. ဒါက မနုတူမလား။ ဉီးလေးတူမလေးကို အပ်ပါတယ်ကွယ်။ ဉီးလေးတို့ကို ဘာမှမပြောဘူးကွဲ့.. ဒါနဲ့ မိတိုးက စကားမပြောနိုင်လို့ စာအုပ်လေးနဲ့ရေးပြလိမ့်မယ် နော် ဆရာမ""ကျွန်မပြောပြထားပါတယ် ကိုတေဇာ" "တူမကြီး မိတိုးရေ.. ရေမြန်မြန်ချိုးပါကွယ် .. မနုရောက်နေတယ်။ မနုတို့‌ရောက်လာတာ အချိန်မီပဲ။ မိတိုးက အင်္ကျီလိုချင်တယ်ဆိုလို့ ကျွန်တော်တို့ ဈေးသွားကြတော့မလို့.. ခွန်ဖကိုတောင် ကားငှားခိုင်းထားလိုက်တာ.. ဗိုက်ကလေးက ပူလာတော့ အင်္ကျီတွေကျပ်ကုန်တယ်ထင်ပါရဲ့ဗျာ"တေဇာရဲ့ ခပ်တိုးတိုးစကားကို မနုနဲ့ သားဖွားဆရာမ မငယ်တို့ ရယ်မောလိုက်ကြသည်. "ဉီးလေးတွေက သည်းသည်းလှုပ်ချစ်ကြတယ်လေ မငယ်ရယ်။ ဒီမှာလေ သူ့စာအုပ်လေး..""မတိုးလက်ရေးလေးလှလိုက်တာ အန်တီနု။ ဒါနဲ့ မတိုးက ဗိုက်ကို ဘယ်ဆရာဝန်မှာအပ်ထားသေးလဲ ဉီးလေး""အဲ.. ဉီးလေးမသိဘူး ဆရာမ""အင်းလေး မငယ်ကလဲ ဘယ်သိမလဲ တူမဆိုတော့ ဉီးလေးကို ပြောရခက်တာပေါ့ မငယ်ပဲ မေးလိုက်လေ။" "ဟုတ်ကဲ့ပါ"ရင်လျားလေးနဲ့ ပခုံးပေါ် တဘက်လေးပတ်ပြီး အိမ်ခန်းထဲဝင်သွားလေတဲ့ မိန်းကလေးကို ဆရာမမငယ် လှမ်းကြည့်ရင်း အရိုးအဆစ်တွေကို အံ့သြနေမိသည်။ *အင်.. ဒီမိန်းကလေးက ကိုယ်ဝန်ဆောင်သာဆိုတယ်.. သိပ် မတူဘူးပဲ။ ဆန်းတယ်*မငယ်ရဲ့ သားဖွားဆရာမ အတွေ့အကြုံငါးနှစ်အတွင်း.. တွေ့ခဲ့ဖူးတဲ့ ကိုယ်ဝန်ဆောင်များပုံသဏ္ဏာန်နဲ့ မိတိုးရဲ့ အလုံးအရပ်တို့က ကွဲပြားသည်။ မိတိုး အခန်းထဲဝင်သွားတော့မှ .. မနုက မိတိုးအခန်းတံခါးဝကို ထသွားပြီး အတွင်းကမိတိုးဆီ အောင်ပြောလိုက်သည်။ "မိတိုးလေး..အန်တီနုတူမ ဆရာမမငယ်က ကိုယ်ဝန်စမ်းပေးမယ်နော်။ မကြောက်နဲ့ အန်တီနုလည်းရှိတယ်။"အခန်းအပြင်က အန်တီနုစကားကြောင့် မြတ် .. မျက်လုံးတွေတင်မက အကုန်ပြူးထွက်သွားတော့မလားတောင် ထင်မိသည်။"ဟိုက် အကျိုးနည်းပြီထင်တယ်.. ဒီသားဖွားဆရာမသာ သိသွားရင် အရပ်ထဲ ဟိုးလေးတစ်ကြော်ဖြစ်တော့မလားမသိဘူး။ ဒုက္ခပါပဲ။ ငါ့ကို မစမ်းအောင် ဘယ်လိုလှည့်စားရပါ့မလဲ။ ငါကလည်း မလိမ်တတ်တာနဲ့ .. ခက်နေပြီ"မြတ် .. တင်မမ အင်္ကျီကျပ်ကျပ်ကို ဗိုက်မှာအတင်းစေ့ဝတ်လိုက်ရင်း အပေါ်ကနေ ပါတိတ်လုံခြည်ကို ထပ်ပတ်လိုက်ရသည်။ "ဒေါက်ဒေါက်.. မတိုး .. အဆင်ပြေလား"မြတ် တံခါးဖွင့်ပေးလိုက်တော့.. အခန်းအတွင်းဝင်လာတဲ့ သားဖွားဆရာမက မြတ်ကို ကုတင်ပေါ် လှဲစေတာမို့ မြတ် ဆရာမလက်ကို အသာတွန်းဖယ်လိုက်ရသည်။ "မတိုး.. ရှက်နေတာလား။ ဗိုက်က မအပ်ရသေးဘူးလားဟင်.. ကဲ ရေးပြပါအုံး.. ကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲ။ ဗိုက်အပ်ထားသေးလား ဘယ်ဆရာဝန်လဲ သားဉီးပဲလား မတိုး ဟင်။ အော်.. ခဏနေ သားအိမ်ဝလေး စမ်းအုံးမယ် သားအိမ်ဝလေးက လအလိုက် ပွင့်ရတယ် မတိုး ဒါမှလည်း ရေမွှာပေါက်တော့ ကလေး ရေမွန်းမနေမှာ.."စာအုပ်လေးထိုးပေးပြီး တရစပ်မေးလာတဲ့ မငယ်ကို မြတ် ငေးစိုက်ကြည့်နေလိုက်မိသည်။ ဘုရား.. စမ်းအုံးမှာတဲ့ .. ငါ့နှယ် မတွေ့သင့်တာတွေ့ကုန်လို့ ဟင်း... သားဖွားဆရာမ မေ့လဲနေရင် ငါခက်နေမှာ..တွေးချင်တာတွေးရင်း ငိုင်နေတဲ့မြတ်ကို .. မငယ်က မျက်လုံးချင်းစုံအောင်ကြည့်ရင်း .. လက်နှစ်ဘက်ကိုကိုင်ကာ အားပေးလာတာမို့.. မြတ် အကြံတစ်ခုရလိုက်မိသည်။ **ကျန်းမာရေးဝန်ထမ်းတွေဟာ သက်ဉီးလိုကိုယ်ရေကိုယ်သွေးရှိကြမယ်ဆိုရင်.. ငါ အကူညီတောင်းတာကို သေချာပေါက်လက်ခံလိမ့်မယ်.. မောင်တော်ရေ... မောင်တော့်မေတ္တာတွေကြောင့် .. က‌လေးရဲ့ ကုသိုလ်ကံကြောင့် တည်ငြိမ်မှုလေး မပျက်ပါစေနဲ့**"ဟင်း... ဆရာမ...""ရှင်.. ဟင် .. အို.. မတိုး စကားပြောနိုင်....""ရှူး.. တိုးတိုးလုပ်ပါဆရာမ.. ကျွန်တော် ရှင်းပြပါ့မယ်"ပီသကြည်မြတဲ့ အမျိုးသားအသံနဲ့ ပြောင်းလဲသွားတဲ့ မျက်နှာသွင်ပြင်တို့ကြောင့် မငယ် အသည်းနှလုံးတွေ ခုန်ထွက်သွားတဲ့အလား လန့်ဖျန့်သွားရတော့သည်။ "ဒီလိုပါ.. အမျိုးသားကိုယ်ဝန်ဆောင်ပါခင်ဗျာ.. လိမ်လည်းမပြောတတ်တာမို့ စကားမပြောနိုင်တဲ့သူလို နေခဲ့တာပါ။ ဉီးလေးတို့က ကျွန်တော့်ကို သူတို့တူမလေးလို့ပဲ မှတ်ထင်နေကြတာပါခင်ဗျာ"ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်နေတဲ့ မငယ်လက်ကို မြတ် ဆွဲယူရင်း ဗိုက်ပေါ်တင်လိုက်သည်။ "ဆရာမရယ် ကျွန်တော့်ကို မသနားရင်နေပါ .. ကျွန်တော့်ဗိုက်ထဲက ကလေးကိုတော့ သနားပေးပါခင်ဗျာ။ အမျိုးသားကိုယ်ဝန်ဆောင်မို့ ဘယ်ကမှ လက်မခံတာနဲ့ ထင်ရာလွင့်လာခဲ့ရပါတယ်.. ဖမ်းပြီးသုတေသနပြုခံရမှာလည်းကြောက်ပါတယ်။ ဆရာမကို ကျွန်တော့်ဗိုက်ထဲက ကလေးကိုအပ်ပါတယ်ခင်ဗျာ။ အသက်ကိုကယ်ပေးပါ ဆရာမရယ်။ အမျိုးသားကိုယ်ဝန်ဆိုတာရော.. ကျွန်တော် မအဘူးဆိုတာရော သိကုန်လို့မဖြစ်ပါဘူးဆရာမ။ ဒီမှာကြည့်ပါ.. ကျွန်တော့်ဆေးစစ်ချက်တွေ.. ဒါကျွန်တော့်နာမည်ပါ.. ဒီမှာ Ultrasound ပထမဆုံးအကြိမ်ရိုက်ထားတာလေး.."မြတ်ရဲ့ မျက်နှာပေါ်က မျက်ရည်စက်များနဲ့ အပြုံးတို့က မလိုက်ဖက်မှာမြတ်သိပါသည်။ ကလေးရဲ့ ပုံရိပ်လေးကို ကြည့်လိုက်တိုင်း ကြည်နူးစွာပြုံးမိတာကတော့ မြတ်ရဲ့ ဝါသနာလိုဖြစ်နေပြီ။ "မြတ်ကြည်သာဟန် ဟုတ်လား..""ဟုတ်ပါတယ်ဆရာမ""လှဲလိုက်ပါ မတိုး.. ကျမစမ်းသပ်မယ်နော် ..""ဟင်.." " အော်.. ခဏ.. ဒီမှာကျမ ရေးထားမယ် ကိုယ်ဝန်လဘယ်လောက်လဲ၊ မတိုးအသက်ရော ဘယ်လောက်လဲ ဆိုတာလေး ရေးထားပေးနော်။ ကိုယ်ဝန်ဆောင် မှတ်တမ်းယူထားရမှာ။ ကဲ လှဲလိုက်လှဲလိုက်.."မြတ် ... သားဖွားဆရာမလေး မျက်နှာကို သေချာငေးကြည့်ရင်း လက်အုပ်ချီလိုက်မိသည်။ "ကျေးဇူးတင်ပါတယ် ဆရာမ"နှုတ်ဖျားက လှုပ်တယ်ဆိုရုံပြောလိုက်ပေမယ့် တစ်ကယ့်ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတာကိုတော့ ဆရာမ မငယ် သေချာခံစားမိသည်။ "စိတ်မပူပါနဲ့ မတိုး.. ကလေးကို ကျမသေချာစောင့်ရှောက်ပေးမယ်။ မွေးရင်တော့ ဆေးရုံတက်ခွဲမွေးရမှာ။ ကျမဆရာဝန်မကြီးကို သေချာမေးထားပေးမယ်နော် အားမငယ်နဲ့ဟုတ်လား မတိုး။ တစ်ကယ်တော့ ကျမလေ တစ်ခါမှ အမျိုးသားကိုယ်ဝန်မမြင်ဖူးသေးဘူး..တစ်ခုခု မအီမသာဖြစ်ခဲ့ရင်..ကျမဆီ စာပို့လိုက်နော်။ ချက်ချင်းလာကြည့်ပေးမယ်. .တစ်ခြားဘာကိုမှ ပူမနေပါနဲ့တော့ စိတ်အေးအေးနဲ့ ကျန်းမာအောင်သာနေပါ။ ဒီအားဆေးက ရှိသေးလား.. ကျမ မှတ်သွားပြီး ဆရာမကြီးမေးလာခဲ့ပေးမယ်။ မတိုး.. တစ်ရက်လောက်တော့ ဆရာမကြီးထိုင်တဲ့ ရွှေဂုံတိုင်ဆေးရုံကို သွားပြကြမယ်နော်. ကျမ ဆရာမကြီးကို တီးခေါက်ကြည့်ခဲ့မယ် ဟုတ်ပြီလား" ဗိုက်ထဲက သန္ဓေသားကိုစမ်းသပ်ရင်း.. ခပ်တိုးတိုးပြောတဲ့ ဆရာမ စကားတွေက မြတ်ကို အားရှိစေပါသည်။ ဆရာမက သေချာအောင်စမ်းသပ်ပြီးတာနဲ့ မြတ်ကိုပြုံးပြရင်း အခန်းပြင်ထွက်သွားတော့မှ. . မြတ် သက်ပြင်းချနိုင်တော့သည်။ ကြင်နာတတ်တဲ့ဆရာမကတော့ အဒေါ်မနုကိုတောင် မပြောဘဲ နှုတ်လုံစွာစောင့်စည်းတာမို့ .. မြတ် အနေအထားမပျက်ဘဲ အေးအေးချမ်းချမ်း နေခွင့်ရတာပင်။သန်လျှင်မြို့မဈေးကြီးကိုသွားပြီး..ဗိုက်ဖုံးအင်္ကျီဝယ်ဖို့ကိစ္စကတော့ ဘကြီးအောင် ရေးကြီးသုတ်ပျာနဲ့ အိမ်ပေါ်တက်လာချိန်မှာပဲ ပျက်တော့တာပင်။"မောင်ရင်တေဇာရေ။ အုပ်ချုပ်ရေးမှူးအိမ်မှာ ပဲပွဲစားတွေရောက်နေတယ်။ ပဲက မှော်တွေပါလို့ဆိုပြီး တစ်တင်းကို သုံးသောင်းပဲပေးမယ်တဲ့ အဲ့ဒါဆိုဘကြီးတို့ ရှုံးပြီကွယ်""ဘကြီးအောင် .. ပွဲစားက ဉီးဝင်းပဲလား။" မထင်မှတ်ထားတာမို့လည်း တေဇာတို့ကြိုစီစဉ်ဖို့ အချိန်မရ။ အကြမ်းသာချွေလှေ့ထားရလို့ ပဲမှော်မကင်းတဲ့ အရည်အသွေးမြင့် မတ်ပဲ ပဲတီစိမ်းတို့ကို ဈေးနှိမ်ပြီး ဝယ်ဖို့ကြံနေတာက ရုပ်ဆိုးလွန်းလှတယ်မဟုတ်လား။ "အကိုရေ.. ကျနော်ပြန်လာပြီ။ ဟော မနုရောက်နေတာပဲ။ အကို မိတိုးရော""ခွန်ဖ မင်းပြန်လာတာအတော်ပဲ။ ရွာထဲကို ပွဲစားတွေရောက်နေတယ် ဈေးတော့မဖြတ်ဘဲ ပဲကြည့်ချင်တယ်လို့ လာတာ သူ့လက်ထဲ ဝှက်ဖဲရှိနိုင်တယ်။ ဘကြီးအောင်.. ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးအိမ်ကို သွားပြီး ပွဲစားနဲံ စကားပြောကြည့်ရအောင်"""ဟုတ်တယ်အကိုရေ.. ငဌေးတို့နဲ့ ပဲခြွေနေတဲ့ ဆီ ပွဲစားလာပြီး ဈေးစကားပြောတာ အခြေအတင်တွေဖြစ်လို့ အကို..ဈေးပေးတာ သိပ်နည်းတာပဲ""အေး ငါပွဲစားနဲ့ စကားပြောအုံးမယ်။ မင်းက မိတိုးကို ဆရာမမငယ် သင်ပေးတာတွေ စောင့်ကြည့်ထားလိုက်နော်။ ဘကြီးအောင်...၊ မနု လာဗျာ.. အုပ်ချုပ်‌ရေးမှုးအိမ် ခဏသွားရအောင်"တေဇာတို့ အိမ်ပေါ်ကဆင်းသွားတော့မှ ဆရာမဆိုသူ က မိတိုးကို ထိုင်နည်း ထနည်း စတာတွေ သင်ကြားပေးနေတာကို ခွန်ဖ ငေးကြည့်နေမိသည်။ **သခင်လေးနဲ့တူလိုက်တာ မိတိုးရယ်။ ငယ်ရွယ်နုနယ်တဲ့မိတိုးက မိန်းကလေးသာမဟုတ်ခဲ့ရင်.. သခင်လေးလို့ပဲ တစ်ထစ်ချ မှတ်လိုက်မိမှာ။ အရှင့်သား.. မိတိုးကို အနားမှာထားလို့ သခင်လေးကို ဘယ်လောက်တောင် သတိရနေလိမ့်မလဲ။ အော် သခင်လေး..သခင်လေး.. ဘယ်ဘဝမှာများ ပျော်နေရှာမှာပါလိမ့်"အရှင့်သား သတိရမှာစိုးလို့ ခွန်ဖ သောကကိုသိမ်းထားရတာ ကြာခဲ့ပြီ။ လေးနှစ်‌လောက်သာ အနားကပ်လို့ ကိုယ်ရံတော်လုပ်ခဲ့ရပေမယ့် ချစ်တတ်လွန်း.. ယဉ်ကျေးလွန်းတဲ့ သခင်လေး ဒီပါစံကို ခွန်ဖ ယနေ့အထိ မမေ့နိုင်ပါ။ သားဖွားဆရာမ သင်ကြားသမျှကို ခေါင်းလေးညှိမ့်ကာညှိမ့်ကာနဲ့.. စိတ်ဝင်တစ်စား သင်ယူနေတဲ့ မိတိုးဟာ. . မိခင်ကောင်းဖြစ်လာမှာတော့သေချာပါသည်လေ။****အုပ်ချုပ်ရေးမှုးဉီးညွန့်တင် အိမ်ရှေ့ကွက်လပ်မှာ ရွာသူရွာသားများစုံညီစွာ စုရုံးနေကြလေပြီ။ လယ်သမားတွေကြည့်ပဲနေတဲ့ရွာမို့ ပဲဈေးအတွက်.. သောကများနေကြရတဲ့ သူတွေကြည့်သာပင်။ လွန်ခဲ့တဲ့တစ်ပါတ်က ပဲဈေးလာဖောက်သွားတဲ့ ပွဲစားရဲ့ ဈေးအရဆိုရင် တစ်ရွာလုံးအတွက် စိုက်ထည့်ထားတဲ့ အရင်းတောင်မှ မမီ... အရှုံးကြီးပေါ်ရတော့မှာမို့လို့လည်း.. တေဇာက ပဲဈေးပိုရတဲ့ဆီကို လိုက်စုံစမ်းပေးနေခဲ့တာ .. ဝယ်လက်တွေဆီက သတင်းအချက်အလက်တွေကို တိုင်ပင်ဖို့ စုရုံးနေကြတာပင်။ "ကျွန်တော် ဘုရင့်နောင်ဒိုင်ပေါက်ဈေးနဲ့ နယ်ဝယ်လက်တွေဆီကဈေး စုံစမ်းလာခဲ့တယ်ဗျ။ ဈေးလည်းမတူ အချင်အတွယ်ကလည်း မတူဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရောင်းနေကျ အချင်အတွယ် တစ်တင်းပြည်နှစ်ဆယ်နဲ့ ဈေးကောင်းပေးဝယ်မယ့် ပွဲရုံသုံးခုနဲ့ ချိတ်လာခဲ့ပါတယ်။ အဲ့ဒီပွဲရုံတွေက ကျွန်တော်ယူသွားတဲ့ ပဲနမူနာကိုကြိုက်ကြတယ်။ ပဲဈေးကတော့ ပဲတီစိမ်းတစ်တင်းကို လေးသောင်းခုနှစ်ထောင်လောက်ရမယ်ဗျ. ပွဲစားဈေးက သုံးသောင်းခုနှစ်ထောင်ဆိုတော့ တစ်တင်းကို တစ်သောင်းလောက် ကျနော်တို့ ရှုံးနေတယ်။ မတ်ပဲကတော့ တစ်တင်း ငါးသောင်းလေးထောင်ဗျာ။ ပွဲစားတွေက မတ်ပဲကို ဝယ်တောင်မဝယ်ချင်ဘူးဆိုတော့ ကျွန်တော်တို့ ကားငှားပြီး ဝယ်မယ့်ပွဲရုံကိုပဲ ပို့ရောင်းလိုက်တာ ပိုကောင်းမယ်ဗျ။ ကားငှားတာက တစ်စီးကို တစ်သိန်း ပဲတင်းရေ သုံးရာကျော်လောက် ဆန့်တယ်။ တစ်တင်းကို သုံးရာလောက်ပဲ စားရိတ်ကုန်ရိတ်ကုန်ကျတော့မှာ အားလုံးက ကိုယ့်ပဲအိတ်ကို ကိုယ်မှတ်သားပြီး ရောင်းမယ့်တင်းရေစာရင်းနဲ့ တစ်ခါတည်းတင်ပေးလိုက်ရင် ခရီးစားရိတ် သိပ်မကုန်ကျတော့ဘူး။ အဲ့လိုရောင်းကြမလား ဘယ်လိုလဲ""ကိုတေဇာ.. ဒါဆိုရင် ပွဲစားက ကျနော်တို့ရွာကို လန်သွားမှာပေါ့။ ပဲဈေးတွေဇောက်ထိုးကျနေတုန်းက သူတို့အရှုံ့းခံဝယ်ပေးထားတာလေ။ ကျေးဇူးမတင် ကျေးစွပ်သလိုဖြစ်နေပါ့မယ်""ကိုဝင်းကြည်.. ခင်ဗျားစကားကို ကျွန်တော် ကန့်လန့်တိုက်တာမဟုတ်ဘူးနော် ခင်ဗျားစဉ်းစားကြည့်.... ပွဲစားတွေက ခင်ဗျားတို့ဆီကနေ ပဲတစ်တင်းကို သုံးထောင် အရှုံးခံ ဝယ်တယ်ဆိုရင် ခင်ဗျားတို့ ရွာကရောင်းတဲ့ပဲတင်းရေ စုစုပေါင်းကို တွက်ကြည့်လိုက် .. သိန်း တစ်ထောင်လောက် သူတို့ အရှုံးခံပြီးဘာလို့ဝယ်ရမှာလဲ အမျိုးတော်ရင်တောင် မလုပ်ပေးနိုင်ဘူးလေ။ အဲ့ဒီအဖြေကို သိရရင် ခင်ဗျား ဒီစကားပြောဖြစ်မှာမဟုတ်ဘူး"ပညာသားပါတဲ့ တေဇာ့စကားကို ကျန်တောင်သူများက ခေါင်းညှိမ့်ထောက်ခံကြသည်။"ဟဲ့ ဝင်းကြည် နင်မရောင်းချင်နေ။ ငါတို့တော့ ကိုတေဇာနဲ့အတူ ပဲတွေထည့်ပေးလိုက်မယ်။""အေးပေါ့ဝင်းကြည်ရယ် ပွဲစားငဝင်းက မင်းအမျိုးတော်တာကိုးကွ။ ကဲ မင်းက ငဝင်းဆီပဲရောင်းလိုက်တော့""အေးလေ အံ့ပါ့ဟယ်.. တောသား ပညာမတတ်တာ သိသာလွန်း"တစ်ယောက်တစ်ပေါက် ဝေဖန်သံတွေအဆုံးမှာ.. ကိုဝင်းကြည် စိတ်ဆိုးပြီး ထသွားတော့သည်။ ရွာကသဘောတူပြီမို့.. မိတိုးအနား မနုနဲ့ အပျိုကြီးမစိန်မြ ကို အဖော်အဖြစ် ခဏထားပြီး.. တေဇာနဲ့ ခွန်ဖတို့ ပဲတွေ တင်ပို့ဖို့ ပြင်ဆင်ရတော့သည်။ ‌ရောင်းလိုတဲ့ တောင်သူအလိုက် ပဲအမျိုးအစားနဲ့ တင်းအရေအတွက်ကို စာရင်းယူရ။ တောင်သူတစ်ဉီးချင်း ရရှိရမယ့် ငွေပမာဏကို အကြမ်းတွက်ရ။ ကိုယ့်လယ်ကထွက်တဲ့ ပဲတီစီမ်းနဲ့ မတ်ပဲကို နေ့စားလုပ်သားတွေနဲ့ အတူ ချိန်တွယ် အိတ်သွပ်ပြီး အိမ်အောက်မှာ ပုံရနဲ့ တေဇာရော ခွန်ဖပါ မနားရ။ ပဲဒိုင်က တေဇာတို့ရောင်းလိုတဲ့ ပဲနှစ်မျိုးလုံးကို ဈေးကောင်းပေးဝယ်တဲ့အပြင်.. ပဲတင်းရေ သုံးထောင်ကျော်ကိုလည်း ကားကြီးနှစ်စီးနဲ့ လာသယ်သွားပေးတာမို့ ကုန်ကျစားရိတ် နည်းနည်းနဲ့ ပဲဈေးမျိုးမျိုးမြတ်မြတ်ရလိုက်ကြသည်။ခွန်ဖက ပွဲရုံကခြေလိုက်တဲ့ ငွေကို တောင်သူတစ်ဉီးချင်းစီအလိုက် ရောင်းချတဲ့ပဲတင်းရေနဲ့ တွက်ချက်ကာ ငွေခွဲနေတာကို .. မိတိုးကလည်း ကူညီပေးနေသည်။ "ခွန်ဖ.. မင်းဘာသာလုပ်နိုင်တယ်မဟုတ်လား မိတိုးက အကြာကြီးကြမ်းပြင်ပေါ် မထိုင်ပါနဲ့လား။ အိပ်ယာထဲ လှဲနေပါ့လားကွယ်။ ကိုင်း အချိန်ကမနည်းတော့ဘူး.. နေ့လည်စာ စားကြရအောင်.. ခွန်ဖ.. မင်းငွေတွေသွားပေးလိုက်တော့... လာမိတိုး ထ။ လက်တွေစင်အောင်ဆေးနော် ပိုက်ဆံတွေက ပိုးမွှားပါလိမ့်မယ်.. ထမင်းစားကြစို့လေ"မိတိုး စည်းလက်စ တစ်သိန်းတန်အုပ်လေးကို ခွန်ဖလက်ထဲထည့်ပြီး ထိုင်ရာက ကုန်းထလိုက်သည်။ "အမလေး.. အမလေး.."ရုတ်တရက် ခွန်ဖပါးစပ်ကထွက်လာတဲ့ အသံကြောင့်.. မြတ်.. ထိုင်ရမလို ထရမလို ကုန်းကွကွဖြစ်သွားရပြီး တေဇာလည်း ပြူးတူးပြဲတဲဖြစ်ရသည် "အို .. မိတိုး အဲ့လို ဇတ်ကနဲ မထရဘူးလေ မိန်းကလေးရဲ့။ ကိုယ်ဝန်ဆောင်ဆိုတာ ထရင်လည်း ဒီလိုလေး.. ခါးမှာလက်လေးထောက်လို့ ခါးလေးနွဲ့ ထ ရတယ် ထိုင်ရင်လည်း ဗိုက်လေးထိမ်းလို့ ဟောဒီလိုလေး ထိုင်ရမယ် သားဖွားဆရာမ သေချာမှာတယ်လေ။ မှတ်မိရဲ့ မဟုတ်လား မိတိုးရဲ့"စကားတင်မက.. အမူအယာပါလုပ်ပြနေတဲ့ ခွန်ဖကြောင့် မြတ် ပြုံးလိုက်မိသည်။"ဟော.. မိတိုး ပြုံးလိုက်တာလား။ အကို ..အကို.. မိတိုး ပြုံးလိုက်တယ်ဗျ"မျက်နှာလွှဲလိုက်တဲ့မိတိုးကြောင့် ခွန်ဖပြောတဲ့ အပြုံးဆိုတာကို တေဇာမမြင်လိုက်ရ။ မိတိုးကို ထားစရာမရှိအောင် သဲပိုနေတဲ့ ခွန်ဖကို တေဇာ မသိချင်ယောင်သာ ဆောင်လိုက်တော့သည်။"ဒီကောင်ကွာ.. အပိုတွေသိပ်လုပ်တာ။"မိတိုးအိမ်နောက်ဖေးဆင်းသွားတော့မှ ခွန်ဖလည်း ပိုက်ဆံလေးတွေ စာရင်းစာရွက်နဲ့တစ်ကွ ယူကာ အိမ်ပေါ်က ဆင်းတော့သည်။ "ကိုတေဇာ.. .. မိတိုးရောခင်ဗျာ""အော် ကိုခင်ဉီး မတွေ့တာတောင်ကြာပြီနော်။ မိတိုးက နောက်ဖေးဆင်းသွားတယ်ဗျာ""ကိုတေဇာ.."ကိုခင်ဉီး .. ကိုတေဇာ့မျက်နှာကို စိုက်ကြည့်ပြီး ကြက်သေသေနေသည်။ ..တစ်ကယ်တော့ ခင်ဉီး အလုပ်များလို့ ဒီအိမ်ကို မရောက်တာမဟုတ်။ စတွေ့ကတည်းက ခင်ဉီးရဲ့ အသည်းနှလုံးတစ်ခုလုံးကို မိတိုးက သိမ်းပိုက်သွားပြီမို့. ကြိုက်မရှက် ကိုတေဇာ့အိမ် ချောင်းပေါက်မတတ်ရောက်နေခဲ့မိတာ ကိုတေဇာတို့ညိုညင်တဲ့အထိပင်။ တစ်ကောင်ကြွက် လူပျိုကြီး ခင်ဉီးက ရိုးလည်းရိုး ချစ်သူရည်းစားမထားဘူးတော့လည်း သူ့နှလုံးသားက ပီဘိ လူပျိုပေါက်လို မိတိုးကို မြင်တိုင်း ခုန်ပေါက်နေတော့တာ။ ရေကန်နံ‌ဘေး ဗိုက်လေးရှေ့ပစ်ပြီး ခပ်ငေးငေးထိုင်နေတဲ့ မိတိုးဆီ.. လူပျိုစကားပြောမိပြီးမှ.. ဘာမှမတုန့်ပြန်လာတဲ့မိတိုးကို ရှက်တာနဲ့ပဲ ကိုတေဇာတို့အိမ်ဘက် ခြေဉီးမလှည့်ဖြစ်ခဲ့တာပင်။"ကိုတေဇာ.. ကျွန်တော် တစ်ခုလောက် ပြောပါရစေဗျာ"ပျက်ယွင်းနီရဲတဲ့မျက်နှာက ကိုခင်ဉီးကို ရုပ်ပျက်စေသည်။"ဟို.. ဟိုလေ.. မိတိုးက မီးဖွားဖို့ကလည်း နီးပြီမဟုတ်လား။ သူ့အိမ်ထောင်နဲ့ပတ်သက်တာလဲ ဘာမှမသိရ ဆိုတော့..""အို ခင်ဗျားကလည်း ဒီကိစ္စ ဘကြီးအောင်နဲ့ခင်ဗျားပဲသိတာမို့ နှုတ်ပိတ်နေပေးဖို့ ကျွန်တော်တောင်းပန်ထားတယ်လေဗျာ""ဟုတ်ပါတယ် ကိုတေဇာ။ ကျွန်တော်ဒါကိုပဲပြောချင်တာပါ။ မိတိုးမီးဖွားတော့ အဖေနာမည်ပေးရမယ်လေဗျာ။ နောက်ပြီး မီးဖွားပြီးနောက် ကလေးကိစ္စ မီးနေကိစ္စ စတာတွေ အများကြီး ရှိလာမှာ.. မိတိုးရဲ့ စိတ်နဲ့ဆိုရင် ကိုတေဇာတို့ကို ဒီတာဝန်ယူစေမှာမဟုတ်ဘူးလေ။ ဒါကြောင့် ကျွန်တော် .. ကျွန်တော်... မိတိုးကို တာဝန်ယူပါရစေ""ဗျာ...""အင်း မထူးတော့ပါဘူးဗျာ။ ကျွန်တော်က မိတိုးအပေါ်မှာ မေတ္တာရှိပါတယ်။ ဒါကြောင့် မိတိုးမီးမဖွားမီကစပြီး အောက်ခြေသိမ်းပြုစုချင်ပါတယ်။ မီးဖွားပြီးလည်း အိမ်ထောင်ဘက်အနေနဲ့ ကြင်နာချင်ပါတယ်။ ကလေးက ဘယ်သူ့ကလေးဖြစ်ပါစေ ကျွန်‌တော့်သွေးသားလို သဘောထားပြီး ပြုစုပျိုးထောင်ချင်ပါတယ် ခင်ဗျာ""ခက်ပြီ ကိုခင်ဉီး.. ဒါက ကျွန်တော် ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေဗျာ။ နောက်ပြီးမိတိုးရဲ့ အိမ်ထောင်ရေးအခြေအနေကိုလည်း အခုထိသိရသေးတာမဟုတ်ဘူး။""ကျွန်တော် တင့်တောင့်တင့်တယ် ထားနိုင်ပါတယ်ဗျာ။ လူကလည်းရိုးသားပါတယ်""အ..အောင်မလေးဗျာ.. ကိုခင်ဉီးကလည်း ဈေးဗန်းကြီးလည်း မှောက်ပါအုံးမယ်။ ကျွန်တော်သိပါတယ်။ ဒါပေမယ့်ဒါက မိတိုးရဲ့ကိုယ်ရေးကိုယ်တာလေ။ ကျွန်တော်တို့ညီအကိုက .. မိတိုးမျက်နှာမမွဲ အားမငယ်ရအောင် စောင်‌ရှော့က်နိုင်ပါတယ်ဗျာ။ မစိုးရိမ်ပါနဲ့။"ခေါင်းငိုက်စိုက်ကျကာ ဝေဒနာမျိုးစုံကို ခံစားနေရတဲ့ ကိုခင်ဉီး ရှေ့ကို မိတိုး အသာဝင်ထိုင်ပြီး.. ရေးထားတဲ့စာလေးကို ထိုးပေးလိုက်ရာ .. ကိုခင်ဉီး သေချာဖတ်ပြီးတာနဲ့ မိတိုးလက်အစုံကို ကိုင်လျက် ရင်မှာအပ်ပြီး အားတင်းပြုံးလေးပြုံးကာ... "ကောင်းပါပြီ ညီမရယ်"တစ်ခွန်းသာပြောနိုင်ပြီး ... မျက်ရည်စက်လက် ပြန်ဆင်းသွားလေတော့သည်။ မိတိုးရဲ့ ဝိုင်းစက်တဲ့လက်ရေးလေးတွေနဲ့ ရေးထားသည်ကား။💖💖 "စတွေ့စဉ်ကတည်းက နေ့တိုင်းပို့ပေးတဲ့ဟင်းတစ်ခွက်နဲ့ မိတိုးအာဟာရဖြစ်ခဲ့ပါတယ် ကိုခင်ဉီး။ မိတိုးရဲ့ နှလုံးသားမှာ တစ်စုံတစ်ဉီးက နေရာအပြည့်ယူထားနှင့်ပါပြီ။ အဲ့ဒီလူကလည်း လူတော်လူကောင်းဖြစ်ပြီး.. မိတိုးအတွက် အစားထိုးမရတဲ့ သူပါ။ ကံမကောင်း အကြောင်းမလှလို့ လေလွင့်ပြီး ရောက်လာခဲ့ရတဲ့ .. အခြေအမြစ်မရှိ.. နောက်ကြောင်းမသိတဲ့ မိန်းကလေးတစ်ယောက်ကို ဝိုင်းစောင့်ရှောက်ပေးကြတဲ့ အကိုတွေ အဘတွေ မောင်ငယ်တွေ အမတွေ အဒေါ်တွေကို မိတိုးသေသည်အထိ ကျေးဇူးတရားရင်မှာပိုက်ရင်း အမှတ်ရနေမှာပါ။ ကိုခင်ဉီးက မိတိုးရဲ့ အကိုဖြစ်ပေးမယ်ဆိုရင်ဖြင့် မိတိုးနေ့စဉ်အာဟာရမှီဝဲခဲ့သမျှ ဟင်းခွက်တိုင်းက အဆိပ်မဖြစ်တော့ပါဘူး ကိုခင်ဉီး။ ညီမလေးတစ်ယောက်လို စောင့်ရှောက်ရင်းစွဲ.. စောင့်ရှောက်ပေးပါလို့ တောင်းပန်ပါတယ်။ သင်္ချိုင်းကို တစ်နေ့ ခြေဉီးသုံးခါ လှည့်ရတဲ့ ကိုယ်ဝန်‌ဆောင်မို့.. မိတိုးရဲ့ရင်သွေးကို အရင်းအချာလိုမျိုး စောင့်ရှောက်ပေးမယ်ဆိုရင် ကိုခင်ဉီးရဲ့ ဖြူစင်တဲ့မေတ္တာကို မိတိုး အသိအမှတ်ပြုရပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်ကိုခင်ဉီး" 💖💖💫 လိမ်မာလိုက်လေတယ် မိတိုးရယ်.. ခေသူတော့မဟုတ်ဘူးပဲ။ အင်း.. မျိုးရိုးမြင့်တဲ့ထဲက လာတာပဲ.. နောက်ကြောင်းလေးသိရရင်ကောင်းမှာ.. 💫တေဇာ စာဖတ်ရင်း မိတိုးကို ချီးမွမ်းနေမိပေမယ့်.. မိတိုးကတော့ တိတ်ဆိတ်စွာပဲ အခန်းထဲဝင်သွားလေပြီ။ အပျိုကြီးမစိန်မြ ဝယ်လာပေးတဲ့ ဗိုက်ဖုံးအင်္ကျီလေးက.. အခု ကျပ်ချင်နေပြီပဲ .. မိတိုးဗိုက်ကလေးက.. အတော်ကိုပူလာပြီလေ။ မြတ်.. အခန်းထဲ ခေတ္တဝင်လိုက်ပြီး.. စိတ်အားကိုတင်းလိုက်ရပေမယ့် မနက်ကလောက် နေမကောင်းချင်တော့။ လူတွေကို နာကျင်ခံစားစေဖို့များ မြတ် လူလာဖြစ်တာလား သံသယဖြစ်လာမိသလို.. အမြင်အာရုံမှာလည်း .. ကျောမှာဓါးတန်းလန်းနဲ့ ဒူးထောက်ကျရှာတဲ့ မောင်တော်.. တစ်ကိုယ်လုံး သံချောင်းတွေစိုက်လို့ သွေးသံရဲရဲနဲ့ တိက္ခ... လည်ပင်းကအပေါက်ကြီးကို ပတ်တီးစည်းထားရတဲ့ ရန်ပုံခွင်း... တို့ကို ပြန်မြင်ယောင်လာရင်း.. မြတ် .. ဝမ်းနည်းလာမိသည်။ ကျလာတဲ့မျက်ရည်တွေကို ဉီးရီးတော်ကို မမြင်စေချင်ပါ။ ဘာတစ်ခွန်းမှ မမေးဘဲ အရင်းအချာလိုမျိုးစောင့်ရှောက်ထားတဲ့ ဉီးရီးတော်နဲ့ ခွန်ဖတို့ရဲ့ စိတ်ထားကို မြတ် ကောင်းကောင်းသိနေပြီမို့လည်း ထပ်ပြီးဝေဒနာမပေးလိုပါ။ "မိတိုးရေ ထမင်းစားရအောင်လေ တူမကြီး"မြတ် .. မျက်ရည်ကိုသုတ်လိုက်ပြီး အားတင်းထမယ်ကြံတော့ ... ခါးဆီက မြက်ကနဲအောင့်ကာ ဗိုက်ကလည်း ဆစ်ဆစ်နဲ့ နာချင်လာသလိုလို.. ခပ်ဆန့်ဆန့် ရပ်ကြည့်တော့ နာတာသက်သာသွားလို့ လေထိုးတာပဲထင်ပြီး ကမ္မဇ္ဇလေဆေးတစ်ခွက်သောက်လိုက်ရသည်။ ***အင်း.. အားဆေးတွေကတော့ရှိသေးတယ် ဆရာမကြီးဆီသွားမပြဖြစ်တာ တစ်လကျော်ပြီပဲ။ ဒါဆို ကလေးက ငါးလထဲရောက်ပြီ။ တစ်ခေါက်တော့ ပြရမှာ.. ခုတစ်လော သိပ်နေမကောင်းချင်ဘူး.. ကလေးကလည်း ကန်လိုက်တာ.. ဖေဖေ ည မအိပ်ရဘူး ကလေးရဲ့.. မငယ်လာရင်တော့.. မငယ်ပြောတဲ့ ဆရာမကြီးဆီ တစ်ခေါက်လောက်သွားမှပါပဲ***ထမင်းစားပွဲမှာ‌တော့.. ဉီးရီးတော်နဲ့ ခွန်ဖတို့ နေရာယူထားနှင့်ကြပြီ။ "လာ မိတိုး.. အော်.. အကို.. ကျွန်တော်တို့လည်း ပိုက်ဆံတွေ ဘဏ်ထဲသွားထည့်ကြရအောင်လေ။ အချိန်မီသေးတယ်""အေးခွန်ဖ.. ဘဏ်ထဲပိုက်ဆံထည့်ရင်း ဈေးဘက်တစ်ချက်ဝင်ရအောင် ...မိတိုး တူမကြီး အင်္ကျီအပြင် ဘာလိုသေးလဲ။ ဒီနေ့တော့ မလိုက်နဲ့တော့နော် ဘဏ်က ဘယ်လောက်ကြာမယ်မသိဘူး။ စောင့်နေရရင် ပင်ပန်းနေမယ်။ တူမကြီးလိုချင်တာရှိရင် စာလေးရေးပေးထားနော်။"တေဇာတို့ သွားကြဖို့ ပြင်ဆင်ပြီးသည်အထိ မိတိုး အခန်းထဲက မထွက်လာ။ စာအုပ်ထဲလည်း ဘာမှမရေးထားတာမို့ ခွန်ဖကိုသာ မိတိုးအဖော်ရအောင် မနုကို ခေါ်ခိုင်းလိုက်ရသည်။ "ခွန်ဖ မင်း မနုကိုခဏသွားခေါ်ကွာ..မနု အိမ်စောင့်ပေးပါလို့.. သေချာပြော မိတိုးကြည့်ရတာ ဒီနေ့ အတော်လေးညှိုးတယ် မင်းကခိုင်းနေတာကိုးကွာ။ အိပ်များနေမလားမသိဘူး .. တော်ကြာ နိုးလာလို့ ငါတို့ကိုမမြင်ရင် တစ်ယောက်တည်း လန့်နေမှာစိုးရတယ် မနုရှိတော့ အားရှိတာပေါ့။ ငါတို့မကြာပါဘူးလို့ ပြောနော်""ဟုတ်အကို"ဘဏ်ကိစ္စ ရှင်းလင်းပြီးတာနဲ့ တေဇာတို့နှစ်ယောက် ဈေးထဲမှာ မိတိုးနဲ့တော်လောက်မယ့် ဗိုက်ဖုံးအင်္ကျီလေးတွေ... သေချာ ရှာဝယ်ဖြစ်သလို မိတိုးဖို့ ချော်မလဲစေမယ့် တံဆိပ်ကောင်းကောင်း ဖိနပ် သုံးရံကိုလည်း ဝယ်လိုက်သည်။ ကလေးပစ္စည်းအရောင်းဆိုင်တွေက .. ကလေးပေါက်စန အင်္ကျီ‌တွေကိုင်ကြည့်ရင်း ရင်ထဲက ဖိုလှိုက်တဲ့ ခံစားချက်က ထူးဆန်းလိုက်လေ။ အင်း ကလေးရဲ့ အဖေသာဆိုရင်.. ငါ့ထက် ပို ကြည်နူးမယ်ထင်တယ်.. မိတိုးရဲ့ အမျိုးသားအကြောင်း သိချင်လိုက်တာကွယ်...။မိတိုးဖို့ ဆေးဆိုင်ကညွှန်းတဲ့ ကိုယ်ဝန်ဆောင်နို့ အားဆေး စတာတွေ စုံစိနေအောင် ဝယ်ပြီး.. အသီးအနှံအစုံကိုလည်း ဈေးကိုလေးငါးပတ်ပတ်ကာ စိတ်ကြိုက်ဝယ်နေမိပြန်သည်။ တေဇာတစ်ယောက်.. မိတိုးကို သဲသဲလှုပ် ဂရုစိုက်တဲ့ခွန်ဖကို အပိုကောင် လို့ စိတ်ထဲကဆဲမိပေမယ့်.. တစ်ကယ်တော့ တေဇာနဲ့ ခွန်ဖတို့ မိတိုးအတွက် ပြင်ဆင်ထားတောတွေ အများကြီးပင်။ မိတိုး ကလေးလေး မွေးလာရင်... ခွန်ဖ အခန်းကို ကလေးအတွက် အခန်းလုပ်ပေးပြီး ခွန်ဖကတော့ အိမ်အောက်မှာပဲ ကွပ်ပြစ်နဲ့ အိပ်ဖို့ ပြင်ဆင်ထားသည်။ အိမ်အောက်ထပ်က ထွန်စက်ကြီးကိုထားဖို့ တစ်ခြံကျော်က ခြံအလွတ်ကို ဝယ်ထားပြီးပြီ။ ထွန်စက်ထားတဲ့နေရာကွက်လပ်ကို ကလေးကစားကွင်းလေး လုပ်ပေးဖို့ တွေးထားကြသည်။ ခြေရင်းဘက်ခြံက တစ်ခြမ်ပိုင်းရောင်းမယ်ဆိုတာလည်း စကားဆုံထားပြီးပြီ။ ခြံကျယ်ကျယ်မှာ မိတိုး စိတ်ပြေလက်ပျောက် လုပ်ချင်တာလေးလုပ်နိုင်အောင် စီမံပေးနိုင်ဖို့ တေဇာတို့နှစ်ယောက်တိုင်ပင်ပြီး ပြင်ဆင်ထားကြတာ ... စုံစေ့ပြီလို့ထင်သည်။ ပစ္စည်းတွေဝယ်ခြမ်းပြီး လက်နှစ်ဘက်အထုပ်အပြည့်နဲ့ သူတို့နှစ်ဉီးရဲ့ ပီတိတွေကို .. မနုဆီကဖုန်းက ဖျက်စီးလိုက်တော့သည်။ "ဟယ်လို . . ကိုတေဇာ မိတိုး ဗိုက်အောင့်နေလို့.. အဲ့ဒါဆေးရုံပို့ရမယ်ထင်တယ်.. ဆရာမမငယ်ကလည်း မရှိဘူး သုံးခွဘက် ကလေးမွေးဖို့ ပင့်သွားတယ်တဲ့ လုပ်ပါအုံး မိတိုး ဗိုက်အရမ်းနာနေတယ်"တေဇာနဲ့ ခွန်ဖတို့ ကားတစ်စီးငှားကာ ရွာထဲထိ မောင်းဝင်လာခဲ့ပြီး ဗိုက်နာလို့ ချွေးစေးတောင်ပျံနေရှာတဲ့ မိတိုးကို တစ်ယုတယ ပွေ့ချီတင်ကာ.. မိတိုးညွှန်းတဲ့ ရွှေဂုံတိုင် ဆေးရုံကြီး ကို တစ်ခါတည်း မောင်းလာခဲ့တော့သည်။ ရွှေဂုံတိုင် ဆေးရုံကြီး အရေးပေါ်ဌာနက ဆရာဝန်တွေ ဖြူဖျော့နေပြီဖြစ်တဲ့ မိတိုးကို ပြာပြာသလဲ ပြုစုကုသကြကာ ဝေဒနာရဲ့ အရင်းအမြစ်ကို ရှာဖွေနေတာမို့ တေဇာတို့ အခန်းအပြင်ဘက် ခပ်လှမ်းလှမ်းကနေသာ စောင့် ကြည့်နေရသည်။"လူနာရှင်လားခင်ဗျာ""ဟုတ်ပါတယ် . ကျွန်တော်ပါခင်ဗျာ"တေဇာအသံတွေတောင် မမှန်ချင်... ဘုရား မိတိုးရောကလေးရော ကျန်းမာပါစေ။"ကိုယ်ဝန်က သားအိမ်အားနည်းလို့ လျှောချင်သလိုဖြစ်သွားတာခင်ဗျ။ ဆေးရုံပေါ်မှာ ထားပြီး စောင့်ကြည့်မှ စိတ်ချရပါမယ်ဆရာဝန်မကြီးလည်း လာပါလိမ့်မယ်။""ဆေးရုံတင်ထားရမယ် ဆိုပဲ ခွန်ဖ.. သွား မင်းပြန်ပြီးတော့ လိုအပ်တာတွေ ပြန်ယူခဲ့။ အဝတ်အစားစုံအောင်ထည့်ခဲ့နော်။""ဟုတ်အကို".အရေးပေါ်ကုတင်ပေါ်မှာ ပိုက်တန်းလန်းနဲ့ လှဲနေရှာတဲ့ မိတိုးကို တေဇာ မကြည့်ရက်ပါ။ ဒါ့အပြင် စိတ်ပူတာတစ်ခုက ထိုဆရာဝန်နဲ့ မိတိုးတို့ ဘယ်လိုဆက်သွယ်မလဲဆိုတာပင်။ မိတိုးအခြေအနေက စာရေးပေးနိုင်တဲ့ အခြေအနေမျိုးမဟုတ်။ တေဇာတွေးနေတုန်းမှာပဲ ဆရာဝန်လေးက အရေးပေါ်အခန်းထဲ ဝင်သွားပြီး လိုက်ကာလေး ဆွဲသွားတာမို့ မိတိုးကို မမြင်ရတော့။"အော်.. နေအုံး တူမပဲလေ ဘာဖြစ်လဲ မိတိုးကိုယ်ဝန် မမြင်ဘူးတာလဲမဟုတ်တာ။ မိတိုးအစားစကားပြန်လုပ်ပေးရအုံးမှပါ.." တေဇာတွေးရင်း အားတင်းကာ အရေးပေါ်အခန်းထဲကို ဝင်ဖို့ လိုက်ကာနားကပ်သွားစဉ်မှာပဲ.. ပီသတဲ့ စကားသံခပ်တိုးတိုးကို တေဇာ ကြားလိုက်ရသည်။ "ဆေးရုံမတက်ချင်ဘူး ဆရာ။ ဆရာမကြီးဒေါ်မေရီစန်းနဲ့ အပ်ထားပါတယ်.. ဆရာမကြီးကို အိမ်ပြန်နားလို့ရအောင် ပြောပေးပါ"နာကျင်မှုကြားကနေ အားတင်းကာ အနိုင်နိုင် အသံထွက်ရတဲ့ လေသံသဲ့သဲ့လေးက မိတိုးအသံတဲ့လား။ မိတိုးက စကားပြောနိုင်တယ်လား.. ဒါက မိန်းကလေးအသံမှမဟုတ်တာ..တေဇာ.. အခန်းထဲဝင်ဖို့ ပြင်လိုက်စဉ်မှာပဲ ... အတွင်းကစကားသံကြောင့်... တေဇာ ခြေလှမ်းတွေ တုန့်နှေးသွားရသည်။ "အပြင်မှာ ဉီးလေးနှစ်ယောက်ပါလာပါတယ်ဆရာ။ လိုအပ်တဲ့ဆေးတွေပဲပေးလိုက်ပါနော်။ ဆေးရုံတက်လို့မဖြစ်လို့ပါ""အဲ့လိုလုပ်လို့ အဆင်မပြေဘူးထင်တယ်ခင်ဗျ။ ကလေးက အရမ်းရုန်းပြီးသားအိမ်က အားနည်းနေလို့ ဆေးရုံပေါ်မှာ အနားယူရပါမယ်။ သားအိမ်အားဆေးထိုးပေးဖို့လိုပါတယ်။ ဒါမှလည်း ကလေးကျန်းမာမှာပါ။ ဒါနဲ့ အမျိုးသားကိုယ်ဝန်လား။""ဟုတ်ပါတယ်ဆရာ။ ဒါကြောင့် လူသိမခံချင်လို့ အိမ်ပြန်ချင်တာ ဆရာ အား ကျွတ်ကျွတ်..""အာ.. မဟုတ်တာပဲဗျာ။ ကျွန်တော် အခန်းချက်ချင်းရအောင် လုပ်ပေးမယ် ခဏလေးပဲစောင့်ပေးပါ။ အခု ဆေးထိုးပေးမယ်နော် ဆေးလည်းချိတ်ပေးထားမယ်။ သားအိမ်အားဆေးက သုံးလုံးပြည့်အောင် ထိုးလိုက်ရင် ကလေးရောလူကြီးပါ စိတ်ချလက်ချ ကျန်းမာသွားမှာပါ။ ဆေးသုံးလုံးပြည့်မှ ultrasound ရိုက်လို့ရမယ်ခင်ဗျ။ ဒါနဲ့ ဆရာမကြီးကရော ခင်ဗျားအခြေအနေကိုသိတယ်မဟုတ်လား။ ကျွန်တော် ဆရာမကြီးဆီ ဆက်သွယ်လိုက်ပါ့မယ်။ စိတ်မပူပါနဲ့ခင်ဗျာ။ ခင်ဗျားကို ဘယ်သူမှမသိစေရဘူး စိတ်ချပါဗျာ နော်"ဆရာဝန်လေး ရင်ဘတ်မှချိတ်ထားတဲ့ ဒေါက်တာကောင်းမြတ်သူ ဆိုတဲ့ နာမည်လေးကို မြတ် သေချာမှတ်ထားလိုက်မိသည်။ "ဆရာ.. တစ်ခုခုဆိုရင်.. ကျွန်တော့်ရင်သွေလေးကို ဉီးစားပေးပါခင်ဗျာ။ တောင်းပန်ပါတယ်""ကောင်းပါပြီခင်ဗျာ။ အခု ကလေးနှလုံးခုန်နှုန်းစမ်းမယ်နော်။ ဒီစက်လေးဗိုက်ပေါ်တင်ထားပေးပါ။ နာရီဝက်ကြာပါ့မယ်.. ဟော.. ဉီးလေး.. လာပါခင်ဗျ။ ဒီစက်လေး ကိုင်ထားပေးပါဗျာ။ ကျွန်တော်ဆရာမကြီးဆီ အကြောင်းကြားလိုက်ပါအုံးမယ်။"လိုက်ကာလေး လှပ်ပြီး တေဇာ ခပ်လေးလေးပဲ ဝင်သွားလိုက်ရသည်။ "ဆရာ.. အခန်းယူဖို့အတွက် ဘာလုပ်ရမလဲခင်ဗျ""ဆရာမတစ်ယောက်လွှတ်လိုက်ပါ့မယ် ဉီးလေး။ အခုတော့ လူနာအနားနေလိုက်ပါ။ ဒီဆေးတစ်လုံးကုန်ရင် နာတာသက်သာပါလိမ့်မယ်"ခါးတစ်လျှောက် နာကျင်မှုက ပေါင်တွေ ခြေသလုံးတွေကိုအပြင် ကျောရိုးတစ်လျှောက်လုံးကို စိမ့်နေအောင် ခံစားရစေသည်။ မခံချိတဲ့ နာကျင်မှုအပြင် ဝမ်းထဲက ကလေးလှုပ်ရှားမှုကလည်း ပိုသိသာလာတာမို့ .. နာကျင်မှုက ချက်ချင်းမသက်သာ။ ကလေးနှလုံးခုန်သံကို မှတ်တမ်းတင်သည့် စက်ကလေးကို လာဖြုတ်သွားချိန်ကျမှ သက်သာတော့သည်။ "အားငယ်လိုက်တာ...မောင်တော်ရေ.. မြတ် နေမကောင်းဘူးကွယ်။ ဆရာမကြီးနဲ့လည်း မပြရဲဘူး။ သက်ဉီးက လိုက်ရှာနေရင် .. မောင်တော့်အနား ပြန်ခေါ်သွားမှာ။ မောင်တော်က ဒီတစ်ကြိမ်တော့ မြတ်ကို မျက်စေ့အောက်ကအပျောက်ခံမှာမဟုတ်ဘူး။ မောင်တော် ကျန်းမာသက်ရှည်နေပါနော်။ မြတ်ကို လာခေါ်ရမယ့်ရက်တွေ သိပ်မဝေးတော့ပါဘူး" နံဘေးမှာထိုင်လျက် မြတ်ဗိုက်ပေါ် ကစက်ကလေးကို ကိုင်ကာ ငိုင်နေတဲ့ဉီးရီးတော်ကို မြတ် တစ်ချက်ကြည့်လိုက်မိစဉ်မှာပဲ ဆေးအရှိန်တွေကြောင့် မိန်းမောသွားရတော့သည်။ *****ဆေးရုံသီးသန့်အခန်းထဲရောက်သည်အထိ မိတိုးက အိပ်ပျော်ရာက နိုးမလာ။ အိပ်နေတာကောင်းတယ်ဆိုလို့ .. တေဇာ မိတိုးအနားမှာပဲ ထိုင်နေရင်း.. ခွန်ဖပြန်အလာကို စောင့်နေမိသည်။ ခွန်ဖလာရင် ပြောစရာတွေရှိလာပြီ။ အခြေအနေကို တေဇာကိုယ်တိုင်က နားမလည်ပေမယ့်.. ကုတင်ပေါ်က မိတိုးသာ နိုးလာရင် တစ်ခုခုတော့သိခွင့်ရမှာမဟုတ်လား။ ခွန်ဖကလည်းကြာလိုက်တာ.. ဆေးရုံခန်းများရှာမတွေ့လို့လားမသိ။‌တေဇာ..ခွန်ဖဆီဖုန်းဆက်မလို့ကြံတုန်း.. ဆေးရုံခန်းတံခါးကို ခပ်လေးလေးတွန်းဖွင့်ကာ ဆေးရုံခန်းကို ခွန်ဖ တုန်တုန်ယင်ယင် နဲ့ ဝင်လာခဲ့သည်။ "ကြာလိုက်တာ ခွန်ဖရယ်။ ပစ္စည်းတွေအကုန်ပါခဲ့ရဲ့မဟုတ်လား။ နေပါအုံး မင်းမျက်နှာပျက်လှခြည့်လားခွန်ဖ။ ဘာဖြစ်လာလို့လဲ အိမ်မီးလောင်တာလား"တေဇာရဲ့စကားကို ခွန်ဖ ပြန်မဖြေနိုင်။ ကုတင်ထက်မှာ အိပ်ပျော်နေရှာတဲ့ ဗိုက်ကြီးသည်လေးရဲ့ လက်တစ်ဘက်ကို ယူပြီး ခွန်ဖပါးမှာ အပ်ထားမိသည်။"အရှင့်သား.. ဒါ ဘယ်သူလဲ သိလားဘုရား"တေဇာ ခွန်ဖဖြစ်နေပုံကိုကြည်ရင်း မိတိုးစကားပြောနိုင်တယ်ဆိုတဲ့အကြောင်း ပြောဖို့တောင် မေ့သည်။ ဒီခွန်ဖဟာ ဆေးရုံခန်းထဲကျမှ ဘာအရူးထသလဲမသိ။"မိတိုးလေကွယ်"ခွန်ဖ ခေါင်းလေး ခါပြီး တေဇာ့လက်ထဲကို လက်စွပ်လေးနှစ်ကွင်းလာထည့်သည်။ "အရှင့်သား.. ဒီမှာပါ။ မိတိုးဘယ်သူဆိုတာ သက်သေပြမယ့် လက်စွပ်လေးတွေပါဘုရား။ မိတိုးအိတ်ထဲက ရလာခဲ့ပါတယ်။ ဒါတွေက ‌ဆေးရုံမှတ်တမ်းတွေပါဘုရား။ ပင်လုံဆေးရုံမှာ ပြသထားတဲ့ စာအုပ်တွေပါ"တေဇာ လက်ထဲရောက်လာတဲ့ ဘုရင့် နန်းစဉ်ပတ္တမြားလက်စွပ်.. နဲ့ ကျောက်စိမ်းလက်စွပ်.. တို့က ... အဓိပ္ပါယ်တွေ အများကြီးရှိသည်လေ။ နောင်တော်မင်းကြီးသတိုးဘုန်းရာဇနဲ့ ထိပ်ခေါင်တင် မရီးတော်တို့ရဲ့ အမွေ.. ဒီအမွေကို လက်ဝယ်ရှိနေတဲ့ မိတိုးက ... ဘယ်သူလဲ??"ဆရာဝန်မကြီး ရောင်းလှည့်ပါတယ် ရှင်..""ကောင်းမြတ်သူ တစ်ယောက်ပဲလိုက်ဝင်ခဲ့ ကျန်တဲ့လူတွေ နောက်တစ်ခန်းမှာစောင့်နေ။"ဆေးရုံခန်းထဲ ဝင်ခါနီး နောက်လိုက်ဆရာဝန်တွေကို ဒေါက်တာ ဒေါ်မေရီစန်း နှင်ထုတ်လိုက်ပြီး လူနာနံဘေးက လက်စွပ်နှစ်ကွင်းကိုင်ထားတဲ့ တေဇာနဲ့ ပါးမှာ လူနာရဲ့လက်အပ်ထားတဲ့ ခွန်ဖတို့ကို .. တစ်စေ့တစ်စောင်းကြည့်လိုက်သည်။ "လူနာနဲ့ ဘာတော်တာလဲ ရှင့်""ဉီးလေးတွေပါခင်ဗျာ""ဟုတ်ကဲ့။ တူလေးက အမျိုးသားကိုယ်ဝန်ဆိုတော့ လူသိမခံချင်ဘူးဆို။ ဒါလည်းဖြစ်သင့်တယ်။ လူသိရင် သူစိတ်ကျဉ်းကျပ်ရမှာ။ အမျိုးသားရော ရှိလား။ အမျိုးသားကိုယ်ဝန်ဆိုတော့ အန္တရာယ်များတယ်ဆိုပေမယ့် ဉီးလေးတွေက သေချာပြုစုစောင့်ရှောက်ထားတာပဲ။ ကလေးလွယ်ထားရတဲ့ သားအိမ်အားနည်းတာက ဖြစ်တတ်တယ်။ သားအိမ်အားဆေးပုံမှန်သောက်နေရဲ့သားနဲ့ ဖြစ်တာဆိုတော့ ကလေးက ပုံမှန်ထက် ထွားလို့လို့ထင်တာ။ နှလုံးခုန်သံအရဆိုရင် အမြွှာလို့ထင်တယ်ရှင့်။ ဆေးသုံးလုံးပြည့်ရင် သက်သာပါပြီ။ လူနာက အိပ်ပျော်နေတာပဲ။ ကောင်းမြတ်သူရေ.. ဆေးပတ်ပြည့်ရင်.. Ultrasound ရိုက်မယ်နော်။ သန်ဘက်ခါ ကလေးနှလုံးခုန်သံတစ်ခေါက်ထပ်စမ်းမယ်။""အမြွှာတဲ့ ခွန်ဖ။""အမလေး.. ပျော်စရာကြီးဗျာ။ ဆရာမကြီး မိတိုးမှာ အန္တရာယ်မရှိပါဘူးနော်။ အစားရော ဘာတွေကျွေးရမလဲ။ လုံးဝနေကောင်းမှ ဆေးရုံဆင်းပါမယ်ခင်ဗျ" ပြူးပြူးပြာပြာဖြစ်သွားတဲ့ တေဇာတို့နှစ်ယောက်ကို ဆရာဝန်မကြီး ပြုံးလျက်ကြည့်လေသည်။ "မိန်းကလေးမဟုတ်တော့.. မွေးတဲ့အခါ ခွဲမွေးရမယ်။ ရေမွှာပေါက်ချိန်စောင့်လို့မရဘူး။ နောက်ပြီးတော့ ကလေးအတွက်နို့မှုန့်လည်း အဆင်သင့်လုပ်ထားဖို့လိုတယ်။ သားအိမ်ကတော့ ကလေးတွေနဲ့အတူ ထုတ်လိုက်ရမှာပါ။ နောက်ထပ်ကိုယ်ဝန်တော့ ထပ်မဆောင်နိုင်တော့ဘူးပေါ့။"ဆရာမကြီးသက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။"ကလေးရောလူကြီးပါ အန္တရာယ် သိပ်များပါတယ်။ ကြိုတင်ပြင်ဆင်ရမှာတွေကို ဒီကဒေါက်တာကောင်းမြတ်သူနဲ့ သေချာ ပြောခိုင်းလိုက်ပါ့မယ် မှာကြားထားတဲ့အတိုင်း လိုက်နာဖို့အရေးကြီးပါတယ်ရှင် သိပ်တော့စိတ်မပူပါနဲ့ အခုမှ ငါးလကျော်ပဲရှိသေးတာမို့လို့.. လိုအပ်တာတွေသေချာလိုက်လုပ်ပြီး.. ကျန်းမာအောင် ဂရုစိုက်ဖို့ပဲလိုပါတယ်"ဆရာဝန်တွေ ထွက်သွားတဲ့အချိန်အထိ အာစေးမိနေတဲ့သူတို့နှစ်ယောက်.. မိတိုးအနားကပ်လာခဲ့မိသည်။"မြတ်ကြည်သာဟန်.. အမျိုးသားကိုယ်ဝန်။ နန်းစဉ်လက်စွပ် .. ဒါဆို.. မိဖုရားခေါင်ကြီးပေါ့ ဟုတ်လား ခွန်ဖ""မှန်ပါတယ် အရှင့်သား။ မိဖုရားခေါင်ကြီးပါပဲ။ ရန်မျိုးအောင် ပြောပြတုန်းက သိပ်ဖြတ်လက်သွက်လက်ပြီး ချောမောပြည့်စုံတဲ့ မင်းသားလေး ဆိုလို့.. မျက်စေ့ထဲ အလုံးအထည်ပေါ်အောင် အတော် ကြိုးစားခဲ့ရတယ်ဘုရား။ ယျောက်ျားလေးလို့ ဘယ်လိုမှ မရိပ်မိအောင်ကိုပဲ မိန်းကလေးဟန်ဆောင်ကောင်းလိုက်တာ ဘုရား။ မိဖုရားခေါင်ကြီးကို ဘယ်လိုလုပ်ကြမလဲဘုရား"ဘယ်လိုလုပ်ရပါ့..။နောက်ခံအကြောင်းအရာကို တစ်စွန်းတစ်စ မသိပေမယ့် လိုလိုလားလား ချစ်ခင်ကြင်နာမိခဲ့တဲ့ မိတိုးဟာ.. မိဖုရားခေါင်ကြီးဆိုတာသေချာပြီမို့လို့ .. တေဇာ လုပ်သင့်တာတွေကို တွေးနေမိသည်။ မေ့ပစ်ထားခဲ့တဲ့ နန်းတွင်းက လူတွေကို အတွေးထဲမှာ တစ်ယောက်ချင်းစီ ပြန်ဖော်မိတာနဲ့ အိမ်ရှေ့စံမာန်က တစ်မဟုတ်ချင်း ပြန်ဝင်လာခဲ့ပြီ။"ကျိန်စာကြောင့် ပြေးလာခဲ့တာပဲဖြစ်မယ်။ ခွန်ဖ.. နန္ဒနဲ့ မောင်မောင်တို့.. နန်းတွင်းထဲ ဘာလုပ်နေလဲ စုံစမ်းပေးစမ်း။ မိဖုရားခေါင်ကို ဒီလိုအခြေအနေရောက်စေတဲ့ ကိစ္စ သေချာစုံစမ်းခဲ့စမ်း""ငယ်ကျွန် ရန်ပုံခွင်းဆီဆက်သွယ်...""တိတ်စမ်း.. ရန်ပုံခွင်းက လတ်တလော ကိုယ်ရံတော် ချုပ်မဟုတ်လား။ မဖြစ်ဘူး။ ရန်ပုံခွင်းကို အားကိုးရရင် အခုလို အဆင်းရဲခံပြေးလာမလား ငနုံငအရဲ့။ အလိမ်မာသုံးပြီးမေး။ တူတော်ထီးဘုရားကရော.. မိဖုရားခေါင်ကို .. ကျိန်စာတန့်ရပ်စေဖို့ပဲ လက်ထပ်လိုက်တာလား.. ဂရုမစိုက်ဘူးလား၊ ကိုယ်ဝန်ရှိလာလို့များ စွန့်ပစ်လိုက်တာလား။ အို.. မိဖုရားခေါင်ကြီး.. ဘယ်လိုဒုက္ခတွေများကြုံလာခဲ့ပါလိမ့်ကွယ်။ တော်ပါသေးရဲ့ ကိုယ်တော်တို့အနားကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပေလို့ပဲ။ အဟင်းဟင်း.. ရာဇသွေးတို့ ဘုန်းကံကတော့ အံ့လောက်စရာပါပေပဲ။ ခွန်ဖ နေအုံး.. မိဖုရားခေါင်ကြီး နိုးလာတော့မှ အကြောင်းစုံမေးလျှောက်ကြရ‌အောင်.. မင်းအခု အထူးအခန်းရဖို့လုပ်ခြေ။ မိဖုရားခေါင်ကြီးကို အသက်သာဆုံး သီးသန့်အြဖစ်ဆုံး အခန်းမှာထားမယ်။ သွား.. အဲ့ဒါအရင်လုပ်"ခွန်ဖ မလွှတ်ချင်လွှတ်ချင် လွှတ်သွားခဲ့တဲ့ မိဖုရားခေါင်ရဲ့ လက်တစ်ဘက်ကို တေဇာ တယုတယ ကိုင်ထားလိုက်ပြီး အားပေးနေမိသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် .. ရွက်ကြွေတစ်စလို လွင့်ပြီးပေါ့ပါးနေခဲ့တဲ့ တေဇာ့အတွက် အခုတော့ တွေးစရာတွေများလာသလို .. လုံခြုံအောင် ကာကွယ်ပေးရမယ့် တာဝန်ကြီးကလည်း ရှိလာခဲ့လေပြီ။ ဖတ်ရတာအဆင်ပြေပါစေခင်ဗျာ။အပိုင်း ၁၁ အထိ ဝေဖန်ပေးကြပါအုံးခင်ဗျာ။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now