အခဏ်း ၁၂ ။ (Z)

41 2 2
                                    


ကျွန်တော် ပြန်လာပါပြီခင်ဗျာ။ အချိန် နဲနဲကြာသွားလို့ တောင်းပန်ပါတယ်ခင်ဗျ။ 💖🙏🏻🙏🏻🙏🏻💖ကျေနပ်စွာ ဖတ်ရှုနိုင်ကြပါစေဗျာ။


အခဏ်း ၁၂။


"မိန်းကလေးက ရုပ်လေးရှိရဲ့နဲ့ လုပ်တာကိုင်တာ ညံ့ဖျင်းလိုက်တာ။ CEO မျက်နှာနဲ့ဝင်လာတာမို့လို့ သူ့ကို အရေးပေးနေကြတာလေအေ။ ဒီမှာကြည့်စမ်း.. အိပ်ယာခင်းတွေခင်းထားတာ တွန့်ကြေနေလို့ ငါ့မှာ ဧည့်သည်အပြောအဆို ခံလိုက်ရတယ်။ အစအဆုံး အကုန်ပြန်လုပ်ပေးလိုက်ရတယ်လေ။ ဒင်းကြောင့်.. လူကသာ သတောင်းစားပုံနဲ့ အလုပ်တော့ လက်ကျောမတင်းဘူး။ မနက်ဖြန်အဆိုင်းကျရင်တော ဆူပါဗိုက်ဆာကို တိုင်ပြောတော့မယ်အေ"မနက်လင်းအားကြီး.. တစ်ညလုံး အိပ်ခန်းတွေ သန့်ရှင်းရေးလုပ်ထားရလို့ ပင်ပန်းလှတဲ့ ကိုယ်ခန္ဓာကိုသယ်ရင်း အိမ်ပြန်ပါမယ်ဆိုမှ.. အလုပ် အဆိုင်းအတူကျတဲ့ မိန်းကလေးတွေ သူ့အကြောင်းအတင်းတုပ်နေကြတာကို ဝန်ထမ်းအဝတ်လဲခန်းအပြင်ကနေ နားထောင်နေမိသည်။ တင်တင်ကြီးဆိုတာ မွေးကတည်းက တစ်အိမ်လုံးဖူးဖူးမှုတ်ထားကြတာ။ လူမှန်းသိတတ်စအရွယ်မှာပဲ... ဒွေးတော်မင်းသမီးက .. အနားမှာခေါ်ထားလို့ အချစ်တော်ဘဝနဲ့ ကြီးပြင်းလာခဲ့ရပြီး.. ဒွေးတော်ဆုံးပါးခါနီး.. အနားကိုခေါ်.. သေတမ်းစာလက်ထဲထည့်ပေးခဲ့လို့ .. တင်တင်ကြီးဆိုတဲ့ မိန်းကလေးကို .. တစ်အိမ်လုံးက ချစ်ရာက ကြောက်ကုန်ကြတော့တာပင်။ တင်တင်ကြီးကလည်း ချစ်လို့ အလိုလိုက်တာထက် ကြောက်လို့ ခစားကြတာကို ပိုသာယာခဲ့တယ်လေ။ ဟုတ်တယ်။ ဒွေးတော် ကွယ်လွန်ပြီးနောက်ပိုင်း .. တင်တင်ကြီး အနားမှာ ကပ်နေခဲ့တဲ့ အဘွားလေး ဒေါ်‌ရွှေလင်းရဲ့ ရှေ့ဆောင်လမ်းပြမှုတွေကို တစ်စိုက်မတ်မတ်လိုက်လုပ်ခဲ့လို့ သရဲပုံပြင်လိုမျိုး အောက်လမ်းဆရာမကြီးတစ်ယောက်ကို အိတ်ထောင်ထဲထည့်ပြီး .. ပီယအစီအရင် အောင်မြင်မှုအစီအရင် .. အနိုင်ရတဲ့ အစီအရင် စတာတွေ ရနေတဲ့ တင်တင်ကြီးဘဝက လုပ်ချင်တာမှန်သမျှ ဖြစ်.. ကြံစည်တာတွေ အကုန် ရ နဲ့ သာယာခဲ့တာပါ။ တင်တင်ကြီး အသက် ဆယ့်ရှစ်နှစ်အရွယ်.. မိခင်နဲ့ အဘွားလေးတို့မိသားစု မိုးကုတ်ဘက်အသွား ကားတိမ်းမှောက်တဲ့အထဲ ပါသွားပြီးကွယ်လွန်ကုန်ကြတာမို့.. အဖေ့လက်ထဲ ကြီးပြင်းရတဲ့ မောင်ငယ် မင်းနိုင်နဲ့ ညီမငယ် စုရတနာ တို့ကို အမကြီးပီပီ ညှာတာဖို့ မစဉ်းစားခဲ့မိတာအမှန်။အခုတော့.. ဒီအသက်အရွယ်ထိ ကြိုးစားခဲ့ရတဲ့ အောင်မြင်မှုတွေ.. ဇာတာစန်းလဒ်တွေ အားလုံး.. စုန်းစုန်းမြုပ်လို့...အတွေးတွေပေါင်းစုံနဲ့ မှိုချိုးမြှစ်ချိုး ပြောဆိုသမျှ ခေါင်းငုံ့ခံပြီး.. တစ်ရေးလောက် အိပ်ဖို့သာ ခေါင်းထဲထည့်ကာ.. ခေါင်းငိုက်စိုက်ချလျက်... အိမ်ပြန်ဖို့ ဝန်ထမ်းကြိုပို့ကားပေါ်သာ တက်လိုက်ရတော့သည်။ နန်းတော်ထဲက အသက်ကို ဖက်နဲ့ထုပ် အနှင်ထုတ်ခံလိုက်ရတဲ့နေ့ကစပြီး ... အရင်နဲ့မတူ... ဆင်းရဲတွင်းနက်လှတဲ့ အခြေအနေနဲ့.. အိမ်နိမ့်စံ မောင်မောင်တို့မိသားစုကတော့ တစ်ကယ့်ကို သူဖုန်းစားသာသာလောက်သာ ကျန်တော့သည်။ ထီးဘုရားက ချီးမြင့်ထားတဲ့ အကျိုးအမြတ်တွေကို မသိမ်းဆည်းဘဲ ခံစားခွင့်ပေးထားပေမယ့် တင်တင်ကြီးအတွက် လုပ်ပေးထားသမျှ အစီအရင်တွေအကုန် အောက်လမ်းဆရာမကြီးအသက်နဲ့အတူ အစွမ်းပျောက်ကုန်တာမို့ .. အေဂျင်စီတွေက တင်တင်ကြီးကို မကြိုက်ကြ‌တော့..ရုပ်ရည်ချောမောပေမယ့် စန်းမပါတဲ့ တင်တင်ကြီး အောင်မြင်မှုတွေက ယူလွှင့်ပစ်လိုက်သလို မြောင်းထဲရောက်ကုန်ပြီ။တင်တင်ကြီးရဲ့ ရုပ်လက္ခဏာကလည်း.. အစီအရင်မပါတဲ့အခါ လူတိုင်းကြိုက်တဲ့ စန်းမပါတာမို့ လျာထားတဲ့စာချုပ်တွေဖျက်သိမ်းသွားကြသလို လုပ်လက်စအလုပ်တွေက စာချုပ်တွေကိုလည်း လျှော်လိုက်ရတာကြောင့် ဉီးရီးတော်မောင်မောင့်လက်ထဲ မှာ ထမင်းစားဖို့တောင် အနိုင်နိုင်ကျန်တော့သည်။ နာမည်အနည်းငယ်ရလာတဲ့ အဆိုတော် မင်းနိုင် နေ့ရောညပါ ရွာပွဲတွေမချန်.. ဘီယာဆိုင်အထိ သီချင်းလိုက်ဆိုတဲ့ ‌ဝင်ငွေလေးနဲ့ ချို့ချို့တဲ့တဲ့ နေနေရသည်။ အငယ်ဆုံး ချောရတနာတစ်ယောက်သာ.. ထီးဘုရား ပညာသင်စားရိတ်ထောက်ထားတဲ့အတိုင်း.. နိုင်ငံခြားမှာပညာသင်ဆဲမို့ ဒီအခြေအနေက လွတ်နေတာပင်။ ဘဏ္ဏာတော်ဝန် ရာထူးတိုးတဲ့ ဉီးချစ်မြကတော့ အမြဲအတူတွဲကာ အလုပ်လုပ်ခဲ့တဲ့ ဉီးရီ‌တော်မောင်မောင့်ကို မျက်နှာမှမကြည့်ချင်.. အကျိုးအမြတ်အတွက် ရနိုင်တဲ့ ငွေကိုတောင် အရင်လိုလူကိုယ်တိုင် လာရောက်ပေးခြင်းမျိုးမလုပ်တော့ဘဲ ဘဏ်ကနေသာ လွှဲပို့ပေးပြီး.. အဖက်ပင်မလုပ် .. ရှောင်ဖယ်နေတာ နာကျဉ်းစရာပင်။ သူဖုန်းစားလိုနေ စား ဆိုတဲ့ အမိန့်အတိုင်း ဖခင်ကြီးက အိမ်ထဲမှာတောင် ကုတင်နဲ့ မအိပ်တော့.. စားရင်လည်း ဟင်းခွက်နဲ့ ထမင်းဝိုင်းနဲ့ မစား။ ဇလုံကြီးတစ်လုံးထဲ ထမင်းရော ဟင်းရော ရောသမပြီး စားလိုက် ‌စတီးရေခွက်ကြီးနဲ့ ရေသောက်လိုက်.. အလုပ်သွားရင်လည်း အရင်လိုလူလူသူသူ ဝတ်မသွားဘဲ ဟောင်းနွမ်းတဲ့ အဝတ်တွေနဲ့ သွားတာမို့ တစ်ကယ့် သူဖုန်းစားတစ်ယောက်လို နေတဲ့ ဖခင်ကို တင်တင်ကြီး မကျေနပ်ပါ။ ထီးဘုရား.. ရက်စက်တဲ့ ဘုရင်ကြီးက ချီးမြှင့်ထားတဲ့ ဝင်ငွေတွေကို တင်တင်ကြီး စာချုပ်တွေ ဖျက်လိုက်ရတာမှာ လျော်လိုက်ရလို့ ကုန်ပြီ။ အိမ်က အစေခံတွေလည်း လခမပေးနိုင်လို့ ထွက်ကုန်ကြပြီ။ အစေခံဟောင်းတွေလည်း ကျိန်စာပြယ်တော့ ထွက်ပြေးကုန်ကြပြီ။ အခုတော့ အရင်လို သခင်မစတိုင်ဖမ်းလို့မရတော့။ မောင်ဖြစ်သူ မင်းနိုင်က နေ့ည ဘားတွေ စားသောက်ဆိုင်တွေမှာ သီချင်းလိုက်ဆိုတဲ့ ဝင်ငွေလေးနဲ့ မှီတည်နေရတာမို့ အရင်လို ပေါချင်းသောချင်း သုံးစွဲလို့မရ။ မိတ်ဆွေတွေဆိုတာကလည်း တင်တင်ကြီးကို စွန့်ခွာသွားကြလေပြီ။ ငယ်စဉ်ကတည်းက လူတွေရွံ့ကြောက်ကြီးကြောက်လို့ .. အသာစီးရခဲ့တဲ့ တင်တင်ကြီးမှာ .. ပညာကလည်း နည်းပါးခဲ့တာမို့ အလုပ်လွယ်လွယ်ရှာမရတဲ့ တင်တင်ကြီးကို ထီးဘုရားရဲ့ ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေးအိပ်ဆောင်ထိမ်း အနေနဲ့ ကိုယ်ရန်တော်ရန်မျိုးအောင် အလုပ်သွင်းပေးထားလို့သာ.. နဲနဲ ဟန်မပျက် သုံးစွဲနိုင်တာပင်။ တင်တင်ကြီး မကျေနပ်.. ဒီကိစ္စတွေဖြစ်တာ မိဖုရားခေါင် ကြောင့် .. ဒင်း ဖမ်းခိုင်းလို့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ အမယ်ကြီးမိသွားရတာ မျက်မြင်ပဲ..။ နှစ်ပေါင်း နှစ်ဆယ်ကျော် အနားမှာနေပြီး အစွမ်းတွေနဲ့ ကူညီပေးခဲ့တဲ့ ဒေါ်အိုဇာ မျက်စေ့အောက်တင် သွေးပွက်ပွက်အန်ပြီး.. သေတာ တင်တင်ကြီး မေ့မရ။ ငယ်စဉ်ကတည်းက အတူနေခဲ့တဲ့ အမယ်ကြီးကို တင်တင်ကြီး ကြောက်ပေမယ့် သံယျောဇဉ်တွယ်နေတာလည်းအမှန်ပင်။ ဝန်ထမ်းကြိုပို့ကားပေါ် ငိုက်မြည်းလိုက်ပါလာခဲ့တဲ့ တင်တင်ကြီး.. လင်းအားကြီးတဲ့အချိန်မှသာ အိမ်ကိုရောက်တော့သည်။ တင်တင်ကြီး.. အိမ်ထဲကို လှမ်းဝင်လိုက်တာနဲ့ ယခင်သပ်ရပ်ခမ်းနားခဲ့တဲ့ အိမ်အတွင်းအပြင်အဆင်တွေက ရှုပ်ထွေးညစ်ပတ်တဲ့ အနေအထားနဲ့ ကြိုဆိုကြသည်။ ဘာကိုမှ စိတ်မဝင်စားနိုင်ဘဲ ညစ်ပတ်ပေတူးနေတဲ့ အိပ်ယာထဲ လှဲလိုက်ရသည်။ ပင်ပန်းလိုက်တာ...။ အစေခံတွေမရှိတော့ကတည်းက .. တင်တင်ကြီးရဲ့ သခင်မဘဝ ဆုံးခန်းတိုင်ခဲ့တာ.. လူရော..အိမ်ရော တစပြင်လို ပေစုတ်နေခဲ့ပြီပဲ။ "မမကြီး.. မမကြီး.. ပြန်‌ရောက်ပြီလား"အခန်းထဲ ချွတ်နင်းဝင်လာတဲ့ ခြေသံနဲ့ ခပ်တိုးတိုးခေါ်သံကြောင့် တင်တင်ကြီး .. အိပ်ချင်စိတ်တောင်ပျောက်ပြီး ခေါင်းထောင်လာခဲ့သည်။ "အော. မိရွှေမိ.. ညည်းလာသေးတယ်ပေါ့လေ ဟုတ်လား။ ညည်း ဘာအပြစ်လုပ်ထားလဲ သိလား ဟင် မိန်းမယုတ်""အို မမကြီးကလဲ အဲ့လိုတော့မပြောပါနဲ့.. မမကြီးကို ရွှေမိသိလိုတာရှိလို့ လာမေးတာ။ မမကြီး ကိုယ်ရံတော် ဒိဗ္ဗကို ကျွန်မစာ တစ်ကယ်ပေးလိုက်တာဟုတ်ရဲ့လား ကိုယ်ရံတော် ဒိဗ္ဗပြန်စာကရော အစစ်ဟုတ်ရဲ့လား ဟင်"တင်တင်ကြီး မျက်ခုံးတွန့်သွားရသည်။ နန်းတွင်းအပျိုတော်ရွှေမိဆိုတာ တင်တင်ကြီးရဲ့အဘိုးဘက်က ညီအမဝမ်းကွဲတော်စပ်သူဖြစ်သည်။ အပြစ်သားရတနာမယ့်တစ်မိသားစုလုံး အိမ်နိမ့်အပို့ခံလိုက်ရပေမယ့် မြင်းထိမ်းဝန်ကြီးရဲ့ ညီမ ရွှေမိရဲ့ အဘွားဒေါ်ရွှေလင်းနဲ့ မိသားစုကတော့ အိမ်နိမ့်စံဘဝက လွတ်သွားခဲ့ပြီး အပြင်မှာခက်ခက်ခဲခဲ လုပ်ကိုင်စားခဲ့နေခဲ့ကြရသည်။ ထိုစဉ်က အသက်သုံးနှစ်အရွယ် တင်တင်ကြီးတစ်ယောက်သာ အောက်လမ်းဆရာမအမယ်ကြီးကို မြင်လည်းမြင် စကားလည်းပြောနိုင်တာကြောင့် လူတိုင်းလန့်ဖျပ်နေကြပေမယ့်.. အောက်လမ်းဆရာမကြီးကို ဘယ်လိုသုံးရမလဲဆိုတာ သေချာသိတဲ့ ဒေါ်ရွှေလင်းက တင်တင်ကြီးအနားကပ်ကာစောင့်ရှောက်ပေးခဲ့သည်။ တင်တင်ကြီးလက်ထဲက ရတနာမယ့် သေတမ်းစာကို ထိမ်းသိမ်းပေးပြီး အောက်လမ်းအစီအရင်တွေကို တစ်ဘက်လှည့်နဲ့ယူနိုင်ခဲ့တဲ့ ‌ဒေါ်ရွှေလင်းကြောင့်လည်း.. ရွှေမိတို့မိသားစုအတော်အတန်ပြေလည်ခဲ့တာဖြစ်သည်။ ဒေါ်ရွှေလင်းက အောက်လမ်းဆရာမကြီကို မမြင်နိုင်ပေမယ့် တင်တင်ကြီးအနား အဖော်အဖြစ်နေပေးရင်း သေတဲ့အထိ စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးကြောင့် သူ့ရဲ့ တစ်ဉီးတည်းသောမြေး ရွှေမိကို တင်တင်ကြီးတို့ ကြည့်ရှူစောင့်ရှောက်ထားတာပဲဖြစ်သည်။ ရွှေမိရဲ့ မိဘတွေကတော့ တင်တင်ကြီးမိခင်နဲ့အတူတူ ကားမှောက်တိမ်းပါးရှာလေပြီမို့ တစ်ကောင်ကြွက် ရွှေမိကို နန်းတော်ထဲ အပျိုတော်အနေနဲ့ ဖခင်ဉီးမောင်မောင်က ပို့ပေးထားရတာပင်။"ရွှေမိ ညည်းဘာတစ်ရေးလာနိုးနေတာလဲ.. ညည်းလင်က ငါ့အိမ်ကိုလာမွှေသွားတာလေ။ ညည်းကိုငါ သတင်းပေးပါလို့မှာထားရက်နဲ့ .. ညည်းလင်ကို ငါ့အိမ်တိတ်တိတ်လေးပို့လိုက်ရသလား။ ငါ့ဘဝဖျက်တဲ့ ကောင်မ""အို.. မမကြီး.. ကိုဒိဗ္ဗက မမကြီးအပြောအရဆိုရင် ရွှေမိကို ချစ်ခင်ရမှာမဟုတ်လား။ အခုတော့ ရွှေမိပြုံးပြရင်တောင် ဓါးကြီးဆွဲထုတ်တော့တာ။ ခေါင်ဖုရားအနားဘယ်သူမှမကပ်နိုင်အောင်... အတင်းကြီး ကာထားတာလေ။ ရွှေမိကို မှ သိရဲ့လားတောင်ထင်ရတယ်။ ဒီလောက်ကြီးထည်နေတာကို ရွှေမိက ဘယ်လိုသတင်းသွားယူရမတုန်း""ငါ ညည်းပေးတဲ့စာလည်း သေချာပေးတယ်။ ဒိဗ္ဗဆိုတဲ့ကောင်က.. ဘာမို့လို့လဲအေ။ သင်တန်းကျောင်းအုပ်ဖြစ်သွားလို့ ညည်းကိုပလစ်တာနေမှာပေါ့။ ဟိုတုန်းကတော့ စာတွေဘာတွေပြန်တာပဲလေ"လုပ်ကြံပြောရတာမို့ ရွှေမိယုံမှယုံပါ့မလားလို့ တင်တင်ကြီး စေ့ငုလိုက်မိသည်။ ရွှေမိမျက်နှာက တွေဝေခြင်းတွေနဲ့ .. " ကိုဒိဗ္ဗက ခေါင်ဖုရားကို လိုက်ရှာနေမယ်ဆိုပြီး ထွက်သွားလိုက်တာ တစ်လကျော်ပြီပေါ့ ‌ရွှေမိကိုများ လှည့်တောင်မကြည့်ဘူး။ ဒီနေ့တော့ ထီးဘုရားတို့ တွံ့တေးဘက် မှာခေါင်ဖုရားအကြောင်း စုံစမ်းလို့ရတယ်ဆိုပြီး ပြာလို့ နန်းတော်ကထွက်သွားကြတယ်။ ခေါင်ဖုရားပြန်ကြွလာမှ ကိုဒိဗ္ဗလည်း ပြန်လာတော့မှာ။ မမကြီး.. ရွှေမိက ကိုဒိဗ္ဗကို ရင်ဆိုင်မေးလိုက်တော့မယ်။ သူ့အချိုးပြောင်းတာကိုပေါ့"တင်တင်ကြီး..လန့်သွားမိသည်။ တိက္ခအကို ဒိဗ္ဗကိုတစ်ဘက်သတ်ကြိုက်နေတဲ့ ရွှေမိက တင်တင်ကြီးကို တိုင်ပင်လာတာမို့လို့ နန်းတော်ထဲက နှင်ထုတ်ခံထားရတဲ့ တင်တင်ကြီး.. နန်းတွင်းထဲက ခေါင်ဖုရားတို့ ယျောက်ျားချင်းကြိုက်တဲ့ သတင်းတွေရအောင်.. ရွှေမိကို ညာပြီး လုပ်ကြံထားတဲ့ စာပေးစာယူ လုပ်နေခဲ့တာ အခုပေါ်တော့မယ်ထင်သည်။ "ညည်း.. သွားမေးမနေနဲ့အုံး.. ဟိုက စိတ်ရှုပ်နေတာမဟုတ်လား။ ဒါနဲ့ ခေါင်ဖုရားသတင်းက အမှန်ပဲလား""အပါးတော်မြဲကြီးသူရဇ္ဇ စားဖိုတော်မင်းကြီးကိုပြောနေတာကြားတာပဲ။ မမကြီးနော်.. ရွှေမိကို မပလစ်နဲ့နော် ရွှေမိရဲ့ ဘွားဘွားက မမကြီကို ကယ်တင်ထားရတာနော် ဟင်း""အော.. ညည်းတို့ကို ငါတို့က စောင့်ရှောက်ထားရတာကိုရော ထည့်ပြော.. ။ ကဲ ဒိဗ္ဗကိစ္စကို ငါ့တာဝန်ထား။ ခေါင်ဖုရားက တွံ့တေးမှာတဲ့လား။ ငါသာခေါင်ဖုရားကို အရင်ရှာတွေ့ရင်.. မင်းကြီးက ငါတို့ကို အပြစ်ကလွှတ်ပေးမှာဟဲ့။ ရွှေမိ.. ညည်းခေါင်ဖုရားနဲ့ပတ်သက်တဲ့ သတင်းတွေ ငါ့ဆီကို ပို့ပေးစမ်း။ ဒါနဲ့ ညည်အသိထဲက လူရည်လည်တဲ့သူတွေဘာတွေမရှိဘူးလား""ဈေးထဲက လူတွေနဲ့တော့ ခင်တယ်။ မေးကြည့်ပေးမယ်လေ။ မမကြီးက ဘာလုပ်ခိုင်းမလို့လဲ""ခေါင်ဖုရားကို ရှာဖို့ လူလိုတယ်လေအေ" "အို.. ကိုဒိဗ္ဗတို့ တစ်လကျော်ရှာတာတောင် မလွယ်လို့ အခုမှသတင်းရတာ အဲ့လူတွေက ဘယ်လိုရှာမတဲ့လဲ" "ဟဲ့.. ညည်းရှာမရှည်နဲ့။ ငါသာ ခေါင်ဖုရားကို အရင်ရှာတွေ့ရင်.. မင်းကြီးက .. ငါတို့ကို မြှောက်စားမှာပဲ။ ခေါင်ဖုရားကလည်း အပြစ်တင်မှာမဟုတ်တော့ဘူး။ ငါ့ဘဝအရင်အတိုင်းပြန်နေရဖို့အရေးကြီးတယ် ရွှေမိ။ ညည်း အခု ပြန်တော့.. ငါ့ဆီလာတာကိုလည်း ဘယ်သူမှမသိစေနဲ့အုံး။"လိုချင်တဲ့အဖြေကိုမရလို့ ခြေဆောင့်ထွက်သွားတဲ့ရွှေမိနောက်ကျောကိုကြည့်ရင်း .. တင်တင်ကြီး လက်လွှတ်လိုက်ရတဲ့ ရွှေရောင်နေ့ရက်တွေကို .. ဘယ်လိုပြန်ရနိုင်ပါ့မလဲလို့ အကွက်ရွှေ့နေမိတော့သည်။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now