အခဏ်း ၁၁။

160 9 0
                                    

မျက်စေ့တစ်ဆုံး ... ကျယ်ပြန့်တဲ့ စိုက်ခင်းတွေကို လေရူးက တသုန်သုန် တိုက်ခတ်လျက် ယိမ်းနွဲ့နေစေသည်။

ပဲတီစိမ်းပင်လေးတွေက ဟိုဒီယိမ်းလျက်..

မဲမှောင်နေအောင် သီးအားကောင်းလှတဲ့မတ်ပဲခင်းကြီးကလည်း လှုပ်လှုပ်လဲ့လဲ့.. ။

ဟိုးခပ်လှမ်းလှမ်းဆီက နေကြာခင်းကြီးကလည်း တစ်မျှော်တစ်ခေါ် ပွင့်အာနေလိုက်သည်မှာ မကြာမီ ရိတ်သိမ်းရတော့မှာပဲလေ။

အားရစရာ စိုက်ခင်းစိုက်ကွက်တွေကို တိုးဝှေ့လာတဲ့ လေခပ်ကြမ်းကြမ်းက ဒီနှစ်အတွက်အထွက်နှုန်းကို ကြိုတင်တွက်ဆရင်း... ကုက္ကိုပင်အရိပ်က ရပ်ကြည့်နေတဲ့ တေဇာ့ ဆံနွယ်တွေကို ဖွပစ်လိုက်တာမို့.. နှဖူးရှေ့ကို ဝဲကျလာတဲ့ ဆံပင်တွေကို သိမ်းလိုက်ပြီး တေဇာ.. ရုတ်တရက်.. ညှိုးငယ်သွားရသည်။

နှစ်ပေါင်း နှစ်ဆယ်ကျော်...

မေ့မရတဲ့အဖြစ်တွေကို မေ့ပစ်ဖို့ တကူးတက မကြိုးစားခဲ့တာမို့လည်း.. အခုလိုတိုက်ဆိုင်လာတိုင်း.. သတိရတမ်းတနေခဲ့ရတာ တစ်ရက်မှ မပျက်ခဲ့။

ကမ္ဘာ‌ေလာကကြီးကတော့ သူ့ထုံးစံအတိုင်း ပြောင်းလဲခြင်းတွေနဲ့ တန်ဆာဆင်ထားသလို.. အချိန်နဲ့လိုက်ပြီး တေဇာလည်း ပြောင်းလဲခဲ့ပြီလေ။

သျောင်ထုံးကနေ ခေတ်ပေါ်ဆံပင်တိုနဲ့ ..

တောင်ရှည်ကနေ ပုဆိုးတိုတိုနဲ့..

ဘုရားထူး ဉီးချခံရာကနေ.. ကိုယ့်ဒူးကိုယ်ချွန် မိုးဆိုစပါး နွေဆို ပဲနဲ့ နေကြာ စိုက်ပျိုးရေးကို ကိုယ်တိုင်လုပ်နေရတာနဲ့..

ဒါပေမယ့်လဲလေ.. ပြောင်းလဲနေတဲ့လောကကြီးထဲမှာ မပြောင်းလဲနိုင်တဲ့ ရင်တွင်းဝေဒနာကတော့ ရှိဆဲရှိမြဲပင်။

🌸🌈☁️🦋

ပန်‌းလေးတွေ .. လိပ်ပြာလေးတွေ.. တိမ်ဆိုင်တိမ်လိပ်တွေ.. မိုးစက်မိုးပေါက်လေးတွေ.. သက်တန့်တွေ..

မြင်လေရာ အရပ်တိုင်းမှာ မေ့မရခဲ့တဲ့ လူတစ်ယောက်ရဲ့ ရုပ်ပုံလွှာက အမြဲလိုနေရာယူထားခဲ့တာ .. နှစ်ပေါင်းနှစ်ဆယ်ကျော်...

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now