အခဏ်း ၄။

221 8 0
                                    

အပိုင်း ၄

အိမ်ရှေ့စံ ရွှေကိုယ်တော်ကြီး တစ်ပါးတည်းသလွန်ပေါ်ထိုင်ရင်း .. အတွေးတွေများနေရသည်။ လက်တွေ့က စိတ်ကူးနဲ့ မတိုက်ဆိုင်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတာတွေကို .. သတိထားနေမိပေမယ့်.. သာမန်ကိစ္စမျိုးမဟုတ်တာမို့လည်း ခြေလှမ်းမမှားရဲ။ ဖခမည်းတော်က မန္တလေးက ပိုးထည်ယက္ကန်းတွေကို လက်လွှဲချင်လာသလို.. နန်းတော်ရဲ့ ပင်မစီးပွားအရင်းအမြစ်ဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ နိုင်ငံတစ်ကာ ကူးသန်းဆက်သွယ်ရေးလုပ်ငန်းကို ဉီးဆောင်စေချင်ပြီလို့ မိန့်လာခဲ့တာ..

ကိုယ်တော်ကြီး ဒွိဟတင်မက .. သောကတစ်ခုကိုပါထပ်ခံစားနေရပြန်သည်။

စံအိမ်မှာ ညီတော်ကိစ္စ စီမံနေတုန်းက ရတနာမယ် စံအိမ်ကို ခဏခဏ လာချောင်းနေခဲ့တာ ကိုယ်တော်ကြီး သိသည်။ ကိုယ့်နောက်မှ လူလားမြောက်တဲ့ ညီမဝမ်းကွဲက ကိုယ်တော်ကြီးအပေါ် ဘယ်လိုသဘောထားနေတယ် ဆိုတာ သိသာအောင်ကိုပဲ ကပ်လွန်းလှသည်။ ငယ်စဉ်တုန်းက ဉီးရီးတော် ရဝေအောင် ကမွေးတဲ့ ညီတော် နန္ဒတစ်ယောက်ကိုသာ ခင်မင်ခဲ့ရပေမယ့် ဒွေးတော်စုကလျာနွယ်က မွေးတဲ့ ရတနာမယ်ကို ညီမလေးအဖြစ် ကိုယ်တော်ကြီးတို့တွယ်တာခဲ့ရတာ.. အရွယ်တေွရောက်လာတော့ နန်းတွင်းက ဟိုစကားဒီစကားတွေနဲ့ ရတနာမယ်ရဲ့ စိတ်တွေ ပုံပြောင်းလာတာမို့ ခပ်ဝေးဝေးပဲနေခဲ့ပေမယ့်. .. အခုလို ခဏခဏ အနားရောက်လာတတ်တာကို မောင်နှမဝမ်းကွဲချင်း ရင်းနှီးလို့ပါလို့ ဘယ်လိုမှ သဘောထားလို့မရ။

ညီတော်ရဲ့ အိပ်ဆောင်နဲ့ တစ်ဆက်တည်းအတွင်းလမ်းပါဝင်တဲ့ နန်းဆောင်အသစ်ကို ဧက ၃၀ ကျော် ဉယာဉ်ကြီးဘက်မှာ တိုးချဲ့ဆောက်လုပ်တဲ့ လုပ်ငန်းလည်း အဆုံးသတ်ပြီဖြစ်သလို.. တေဇာနဲ့ ဒီပါတို့လည်း စာမေးပွဲ ပြီးဆုံးလေပြီမို့ .. သတိုးဘုန်းရာဇ.. ညီတော့်ကို နန်းတော်ပြန်ခေါ်ချင်ပေမယ့်.. ဖခမည်းတော်ကို ဘယ်လိုလျှောက်တင်ရမလဲ နည်းလမ်းရှာမရနိုင်။ နဂိုအလေးအနက်ထားရတဲ့ ဖခင်စကားထက်ပိုဆောင်းကာ ဘုရင့်အမိန့်အာဏာနဲ့ ခွဲပစ်လိုက်ရင်ဖြင့်.. ညီတော်လေး စိတ်ဆင်းရဲရှာတော့မှာ။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now