အခဏ်း.. ၇။

133 5 0
                                    


"အစစ အရာရာ ဂရုစိုက်ပါနော် ကိုယ်တော်။ ကျန်းမာရေးတင်မကဘူး ထိခိုက်မိတာတွေကိုပါ ဂရုစိုက်ပါ။ ငချစ်မြ၊ ငသူ.. ကိုယ်တော် အမိန့်ပေးတယ်နော်.. ထီးဘုရား.. ယင်‌ေတာင်မနားစေနဲ့။ မောင်မင်းတို့.. တာဝန်ပဲကွယ့်။ ကိုယ်တော်ရယ် ရန်ပုံခွင်းကို ခေါ်လို့မရဘူးလား ဟင်။ ဖုန်းအားသွင်းဖို့ရော ပါရဲ့လား။ မြတ်ထည့်ပေးတဲ့ဆေးတွေ သေချာသောက်နော်။ အအေးမခံနဲ့။ ဗိုက်ဆာရင်လည်း တစ်ခုခုတော့ အမြန်စားလိုက်နော်။ ငသူ... ညတိုင်းနွားနို့တစ်ခွက်.. သေချာဆက်နော်။ အင်း.. ကိုယ်တော်.. ဝတ်လဲတော် ကိုယ်တိုင်လဲရမှာနော်.. မြတ် လုံလောက်အောင် ထည့်ပေးလိုက်တယ်လို့။ ငချစ်မြ.."

"မြတ်ငယ်.. မောင်တော့်ကို မှာကြားထားသမျှ အလုံးစုံ မှတ်မိပါတယ်။ လိုက်လဲလိုက်နာပါ့မယ်။ ငချစ်မြတို့ကိုလည်း မြတ်ငယ်မှာကြားထားတာ နားတွေပူနေပါပြီကွယ်။ လေယာဉ်ထွက်ဖို့ အချက်ပေးနေပြီမြတ်ငယ်။ မောင်တော် လေယာဉ်ပေါ်တက်တော့မယ်။ မောင်တော် မှာကြားတာတွေ မမေ့ပါနဲ့နော်။ ညနေတိုင်းဖုန်းခေါ်ပါမြတ်ငယ်။ မောင်တော် မြတ်ငယ်အသံကြားရလေမှ နေ့တိုင်းသာယာပါလိမ့်မယ်။ ကိုင်း.. မောင်တော် သွားတော့မယ်"

"ဟင်း.."

လူလေးယောက်ထံက တစ်ပြိုင်နက် ထွက်ပေါ်လာတဲ့ သက်ပြင်းချသံက ကျယ်လောင်တာမို့ နံဘေးကလူတွေတောင် လှည့်ကြည့်ရသည်အထိ။

ဘဏ္ဍာစိုးဉီးချစ်မြက ထီးဘုရားခရီးဆောင်အိတ်ကို လက်ကဆွဲလျက်.. ငသူကတော့ ကျောပိုးအိတ်ထဲ စာရွက်စာတမ်းများနဲ့ ထီးဘုရားလက်ပ်တော့ကို ထည့်လွယ်လျက်.. အရိပ်အခြေကြည့်နေရတဲ့ ခေါင်ဖုရားမျက်နှာတော် ပျက်ယွင်းရုံမျှမက.. မျက်ဝန်းက မျက်ရည်စတွေက .. ကြည်လဲ့လာတာမို့ သက်ပြင်းသာချလိုက်ရတာပင်။

ရန်ပုံခွင်း ခေါင်ဖုရားလက်မောင်းကို ကိုင်ဆွဲထားရင်း ထီးဘုရားရဲ့ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေရသည်။ ရာဇအိ‌န္ဒြေဆည်ကာ ခပ်ထန်ထန် ရပ်နေပေမယ့်... လှုပ်ရှားရိုက်ခတ်တဲ့ ရင်အစုံမို့မောက်နေသည်က.. ထီးဘုရားရဲ့ ရင်တွင်းကအခြေအနေကို ကောင်းစွာနားလည်စေတာမို့လည်း.. ရန်ပုံခွင်း စိတ်မကောင်းအတော်ဖြစ်ရသည်။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now