အခဏ်း ၈။ Z

42 1 0
                                    

🐚🐚🐚🌷🌷🐚🐚🐚🌷🌷🐚🐚🐚🌷🌷🐚🐚🐚"ဒူ...တူ...တူ.. တုတ်..တုတ်...တုတ်... နောင်"နန်းတော်ဉီး စည်တော်ကြီး တီးချိန်... လင်းကြက်တွန်ချိန်.. နံနက်အာရုဏ်တက် နေမင်းရဲ့ အရှိန်အဝါ.. ကောင်းကင်ယံမှာ ထွန်းလင်းဖို့ အားယူနေချိန်..နှစ်ခြိုက်စွာ အိပ်စက်နေတဲ့ ခေါင်ဖုရားအနား.. ရန်ပုံခွင်း.. ဒူးထုပ်လျက်.. ခစားရင်း အခြေအနေကို အကဲခတ်နေမိသည်။ ရုတ်တရက်ဆန်စွာ နာမကျန်းတဲ့ ခေါင်ဖုရားအဖြစ်က လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ခန့်က ရန်ပုံခွင်း ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်အတိုင်း... ယူပစ်လိုက်သလို ခြုံးကျတဲ့ နားထင်ချိုင့်လေးတွေ က ခေါင်ဖုရား အသရေကို ထိပါးလာနေသည်အထိ နေ့ချင်းညချင်း စုပ်ယုတ်သွားခဲ့တာ။ရန်ပုံခွင်း အဖြေရှာဖို့မရဲတဲ့ ခေါင်ဖုရားရဲ့ နာမကျန်းခြင်းက သုံးရက်အထိတာရှည်လာခဲ့ပြီမို့ ထီးဘုရားဆီ ကိုယ့်သဘောနဲ့ကိုယ် သံတော်ဉီတင်ပြီး နောက်မှပေးတဲ့အပြစ်ခံယူလိုက်ရင် ကောင်းမလားလို့ ရန်ပုံခွင်း တွေးနေမိသည်။ ဆေးအရှိန်ကြောင့် အိပ်စက်ပျော်နေရှာတဲ့ ခေါင်ဖုရားကိုစောင်လုံအောင် ခြုံပေးလိုက်ကာ.. သခင့်အိပ်ဆောင်ခန်း အပြင်မှာပဲ တိက္ခနဲ့အတူ ထိုင်စောင့်နေမိသည်။ ဝဏ္ဏကတော့ စားဖိုဆောင်ဘက် အပြေးသွားကာ ဒေါက်တာသက်ဉီးညွှန်းတဲ့ အစားအစာပျော့ပျော့အတွက် စားတော်ကဲကြီးကို သွားညွှန်ကြားနေပြီ။ခေါင်ဖုရား ခပ်မာမာ မိန့်ထားတဲ့ အမိန့်ကြောင့် နာမကျန်းတာကို နားခံတော်ကြီးဆီတောင် သတင်းမပို့ရတာမို့ သခင်နဲ့ကျွန်တွေကြည့်သာ လုံးပန်းရမယ့် ဒီအရေး.. ရန်ပုံခွင်းလည်း မရဲသလို တိက္ခလည်း မျက်နှာပျက်နေရပြီဖြစ်သည်။ဒီနေ့လည်း ရန်ပုံခွင်း စိတ်မချတဲ့အတိုင်း နန်းဆောင်ခန်းထဲက ခေါင်ဖုရား အော့အန်သံကို မိုးလင်းတာနဲ့ အတိုင်းသားကြားရပြန်တော့သည်။"ခေါင်ဖုရား.. အတွင်းဝင်ခွင့်ပြုပါဘုရား"ခေါင်ဖုရားဆီက ပြန်ဖြေသံမကြားရ။ တစ်ဝေါ့ဝေါ့ အော့အန်သံကိုသာ ကြားနေရတော့သည်။ အတွင်းဆောင်တံခါးကို ရန်ပုံခွင်းကိုယ့်သဘောနဲ့ကိုယ် တွန်းဖွင့်လိုက်ပြီး .. အော့အန်နေရှာတဲ့ ခေါင်ဖုရားကို ထွေးပွေ့လိုက်ကာ.. ကျောပြင်ကိုသပ်ပေးလိုက်မိသည်။ဂျူတီချိန်နီးလို့ ကားပေါ်တက်လုဆဲဆဲ သက်ဉီးလည်း တိက္ခဖုန်းဆက်ခေါ်တာနဲ့ ထီးဘုရား အတွင်းဆောင်ကို ကမန်းကတန်းပြေးလာရတော့သည်။ ဝဏ္ဏပြင်ဆင်ပေးတဲ့ ပွဲတော်ကို တစ်စိမှမတို့မထိနိုင်ဘဲ ထိုနေ့ တစ်နေ့လုံး ခေါင်ဖုရား အန်လိုက်တာ။ ရေဝင်လည်းအန်၊ အနံ့အသက်ပြင်းရင်လည်အန်.. နုံးခွေနေအောင် ပင်ပန်းလှတာမို့ ရန်ပုံခွင်း စိတ်မချတော့။ သက်ဉီးလည်း မျက်နှာပျက်နေပြီ။"ဆေးမတိုးတာထက် ဆေးချက်နဲ့ ဝေဒနာ မတည့်တာဆိုပိုမှန်မယ် ကိုယ်ရံတော်ကြီး ဆေးရုံကိုသွားမှဖြစ်မယ် ခေါင်ဖုရားကိုလျှောက်တင်စမ်းပါ"ဆိုတဲ့ စကားကို သက်ဉီး သုံးကြိမ်မြောက် ပြောလာခဲ့တာမို့ ရန်ပုံခွင်း ခေါင်ဖုရားကို ဖျောင့်ဖြပေမယ့် လက်မခံဘဲ လှဲအိပ်သာနေတာကို ထီးဘုရားဆီ ဖုန်းဆက်သံတော်ဉီးတင်ချင်လှပြီ။ဒီနေ့တော့ ခေါင်ဖုရား အန်စရာလက်ကျန်မရှိတော့တဲ့အတိုင်း အနည်းငယ်သာ ပျို့ အော့ တာမို့ သုံးရက်လုံးလုံး အနားမှာကပ်နေခဲ့တဲ့ သက်ဉီးနဲ့ ရန်ပုံခွင်းတို့ကို ကြည်ကြည်လင်လင်ပဲ ကြည့်ကာ မိန့်တော့သည်။"ငါကိုယ်တော် နေကောင်းသွားမှာ ရန်ပုံခွင်း မင်းတို့ထီးဘုရားကို ဘာမှသွားမပြောနဲ့။ သက်ဉီး.. မင်းဆေးတွေက ငါ့ဝေဒနာနဲ့ မသင့်ဘူး။ ငါ့ကို အရင်ကပေးတဲ့ .. မူးတာပျောက်တဲ့ဆေးပေးပါ။ အအန်သက်သာတဲ့ Vomita ပဲ ပေးပါ။ ကိုယ်တော် သောက်မယ်။ မင်း ကိုယ်တော့်အနား လာနေတာ သုံးရက်ရှိပြီမဟုတ်လား အခုဆေးတိုက်ပြီးရင် ဆေးရုံသွား‌တော့ လူနာတွေစောင့်နေလိမ့်မယ်""ခေါင်ဖုရား. သက်ဉီးနဲ့အတူ ဆေးရုံကိုကြွမြန်းပါလားဘုရား။ သက်ဉီးဆေးစစ်ချင်လှပါတယ်။ ခေါင်ဖုရား အစာအိမ်သွေးကြောပေါက်မှာ ကြောက်လှပါတယ်ဘုရား။""ငါ့ကိုယ်ငါ ..သိတယ်.. သက်ဉီး .. သွားသွား ‌ဆေးရုံသွားခြေတော့""ခေါင်ဖုရား.. သက်ဉီး ဆေးချိတ်ပေးပါ့မယ်ဘုရား။ အအန်များလို့ ခန္ဓာကိုယ်ရေဓါတ်ဆုံးရှုံးတာကို ကာကွယ်ဖို့ပါဘုရား""အင်း.. လုပ်"ဖျော့တော့လှပြီဖြစ်တဲ့ ခေါင်ဖုရား လက်မှာသွေးကြောကို သက်ဉီးအတော်ရှာလိုက်ရသည်။ သွေးပေါင်ချိန်ကောင်းပါလျက်.. အခုလက္ခဏာက သက်ဉီးဇဝေဇဝါအပြင်.. ထုတ်မေးဖို့မရဲတဲ့ လက္ခဏာမျိုး။ ဆေးရုံသွား ဆေးစစ်ဖို့အတင်းငြင်းနေတဲ့ ခေါင်ဖုရားသက်သာရာသက်သာကြောင်းအတွက် သက်ဉီး.. လုပ်စရာရှိတာလုပ်ပေးခဲ့ပြီး.. ဆေးရုံအသွားလမ်းမှာပဲ အဘိုး နားခံတော်ကြီးဉီးညိုဆီကို ခေါင်ဖုရားအခြေအနေ နဲ့ မိန့်သမျှ အမိန့်တွေကို သတင်းပို့လိုက်မိသည်။ အဘိုးသာ ပြန်လာမယ်ဆိုရင် ခေါင်ဖုရားကို ဆေးရုံသွားဖို့ ဖျောင့်ဖြနိုင်ကောင်းပါရဲ့လေ။ခေါင်ဖုရား နေမကောင်းနေတာကို ထီးဘုရားဆီ ဘာလို့ မလျှောက်တင်ခိုင်းတာပါလိမ့်။ သက်ဉီးအတွေ့အကြုံအရ.. ထိုလက္ခဏာတွေနဲ့ လူပုဂ္ဂိုဟ်တို့.. ဘယ်လိုမှ မဆက်စပ်တာမို့လည်း သက်ဉီးခံစားနေရတဲ့သံသယကိုတော့ ရင်ထဲမှာသိမ်းထားရင်းနဲ့ ထီးဘုရား အမြန်ပြန်ကြွလာပါစေလို့သာ ဆုတောင်းနေမိတော့သည်။*****မြတ်... ခေါင်းတွေမူးလှပြီ။စိမ်းသက်တဲ့အနံ့တစ်ခုခုရလိုက်တာနဲ့ ပျို့တက်လာတဲ့ခံစားချက်က ဆိုးရွာလှသလို.. ပျို့သမျှ ဝမ်းထဲရှိသလောက် ကုန်အောင် အန်နေရတာကိုလည်း စိတ်ကုန်လာခဲ့ပြီ။ဝမ်းထဲက ဟာနေပါလျက်နဲ့ .. အစားကိုစားဖို့မဆိုထားနဲ့ စားစရာတွေ တွေးမိရင်ကိုပဲ ပျို့လာရတာမို့.. ဆန်းလှတယ်လို့ပဲပြောရမလား။ သုံးရက်ရှိပြီ ရေရောအစာရော မဝင်တာမို့ မြတ်..ကိုယ့်ကိုယ်ကို ပိုပြီးမသင်္ကာဖြစ်လာရသည်။မြတ်.. သတိထားမိလာသည့် ထူးခြားမှုက တစ်ခုတည်းမဟုတ်။မေမေ မဆုံးပါးခင် ပြောခဲ့ဖူးတဲ့ကိစ္စ.. အသက် ၁၅ နှစ်မှာ.. မထင်မရှား ဖြစ်ခဲ့တာမို့ သိပ်မသိသာသလို.. အသက် ၁၉ နှစ်ကတည်းက မထူးခြားတော့တာမို့ မြတ် မေ့နေခဲ့တာ။"အဟား.. မဖြစ်နိုင်တာ..ငါကယျောက်ျားလေးလေ။ ငါစိတ်ထင်နေတာပါ"ဘယ်လိုပဲ ဖြေတွေးတွေးပါစေ.. လက်က အပ်တန်းလန်းနဲ့ ဖြည့်သွင်းထားတဲ့ ဂလူးဂိုစ့်ကြောင့် နဲနဲနလံပြန်ထူလာပြီး သစ်သီးဖျော်ရေလောက် သောက်နိုင်လာတဲ့ ကိုယ့်ကိုယ်ကို သုံးရက်အတွင်း ခံစားရတာ‌တွေကြောင့် ဆေးရုံကိုသွားပြမှ ဖြစ်တော့မှာ မြတ် သေချာသိနေသည်။သက်ဉီးရှိတဲ့ဆေးရုံတော့ သွားပြလို့ မဖြစ်သေး။ တော်ကြာ ဘုရင့်မိဖုရားက ကိုယ့်ဘဝမှကိုယ် နားမလည်.. အစာအိမ်နာတာကို.. အကဲပိုတယ်လို့ ထင်များနေရင် ထီးဘုရား ဂုဏ်သရေ ထိခိုက်တော့မှာ။ မလိုလားအပ်တဲ့ သတင်းလည်း မထွက်စေချင်ပါ။ မြတ် က ယျောက်ျားလေးတစ်ယောက် မဟုတ်လား။ မြတ်ကိုယ်မှာထူးခြားတဲ့ အချက်တွေရှိပေမယ့် ထင်ရှားတဲ့ထူးခြားချက်က သူများတွေလို Adam's apple လည်စေ့လေး မထင်ရှားတာတစ်ခုပဲလေ။ ကျန်တဲ့အချက်တွေကတော့.. အခု ဆေးရုံသွားမှ သိရတော့မှာ။ မြတ် မျက်လုံးစုံမှိတ်လိုက်ပြီး .. သက်ပြင်းချလိုက်မိသည်။"ဝဏ္ဏ.. ကိုယ်တော့်ကို ဆန်ပြုတ်သီးသန့် တစ်ပန်းကန်ပြင်ပေး။ ဆားကစပြီး ဘာတစ်ခုမှမထည့်နဲ့။ တိက္ခ။ ငါ ဆေးရုံသွားပြမယ်။ ငနိုင့်ကို စီးတော်ယဉ်ပြင်ခိုင်းလိုက်။ ပွဲတော်တည်ပြီးတာနဲ့ သွားမယ်။ သက်ဉီးဆီအကြောင်းကြားစရာမလိုဘူး။""အမိန့်တော်အတိုင်းပါ ခေါင်ဖုရား"မြတ် ရှိသမျှ အားအင်တွေကိုစုစည်းပြီး မြတ်တို့မိသားစုဆရာဝန်လိုဖြစ်နေတဲ့ ဆရာဝန်ကြီး ဉီးသန်းအောင်ရှိရာ ပင်လုံဆေးရုံကို တန်းလာခဲ့သည်။ အထွေထွေဆရာဝန်ကြီးက သေချာစမ်းသပ်ပြီး မြတ်ဝေဒနာကို အစာအိမ်မကောင်းလို့များ လား သံသယနဲ့ ဇဝေဇဝါဖြစ်နေသည်။"ခင်ဗျားရောဂါလက္ခဏာက အစာအိမ်နာတာနဲ့ဆင်တူပေမယ့် အစာအိမ်နာနေတာမဟုတ်ဘူး။ ဒီလက္ခဏာတွေက မိန်းကလေးတွေမှာဖြစ်တတ်တဲ့ လက္ခဏာပဲ"ရပြီ.. မြတ် အတည်ပြုချင်တာလည်း ဒါပဲလေ။"ဆရာကြီး.. ကျွန်တော် အိုဂျီနဲ့ပြချင်ပါတယ်။ ကျွန်တော့်အတွက် သင့်တော်မယ့် အိုဂျီတစ်ယောက်လောက် ညွှန်းပေးပါလား။"ဆရာဝန်ကြီး မျက်ခုံတစ်ဘက် တွန့်တက်သွားပြီး မြတ်ကို သေချာကြည့်လာသည်။"ခင်ဗျားက ကိုယ်ဝန်လို့ထင်နေတာလား""ဟုတ်ပါတယ်။ ကျွန်တော်ငယ်စဉ်က မဖွံ့ဖြိုးတဲ့ သားအိမ်ပါတဲ့အကြောင်း မေမေပြောပြထားဖူးတယ်ခင်ဗျ""ဒါဆိုရင်တော့ သေချာအောင်ကျွန်တော် စစ်ပေးပါမယ်။ သေချာပြီဆိုရင် ကျွန်တော့်အမျိုးသမီး သားဖွားမီးယပ် ခွဲစိတ်ဆရာဝန်မနဲ့ တွေ့ပေးမယ်။"ဆရာဝန်ကြီး စစ်ဆေးပြီးတာနဲ့ မြတ်ထင်ထားတဲ့အတိုင်း ဖြစ်လာခဲ့တာမို့ ဆရာကြီးကိုယ်တိုင် တစ်အံ့တစ်သြဖြင့် အိုဂျီဆရာဝန်မကြီးဆီ လိုက်ပို့လေသည်။ အိုဂျီဆရာဝန်မကြီး ဒေါ်ငြိမ်းငြိမ်းအိ ထပ်မံစစ်ဆေးပြီးတာနဲ့ မြတ်လက်ကိုကိုင်ကာ.. ဝမ်းသာအားရနဲ့ အဖြေကိုပြောလာခဲ့တော့သည်။"ကလေး.. ဂုဏ်ယူပါတယ်ကွယ်။ ဒါနဲ့ အမျိုးသားနဲ့ အတူနေခဲ့တာ ပထမဉီးဆုံးနဲ့ နောက်ဆုံးရက်တွေ ဆရာမကိုပြောပြပါ။ ရက်တွက်ရအောင်။"ဂုဏ်ယူပါတယ်တဲ့လား..မြတ် .. ဝေဒနာတွေတောင် လွင့်စင်သွားသလိုမျိုး.. ရင်ထဲမှာတစ်လှပ်လှပ်နဲ့ ခုန်လှုပ်နေမိသည်။ မြတ် မျက်နှာပူစွာပဲ အဖြေပေးတော့ ဆရာမကြီးက ကျေကျေနပ်နပ် ပြုံးသည်။"Ultrasound သွားရိုက်လိုက်နော် ကလေး။ ဘာမှ အားမငယ်နဲ့ ဆရာမ အကောင်းဆုံးစောင့်ရှောက်ပေးမယ်။ အမျိုးသားကရော မပါလာဘူးလား""ဟုတ်ကဲ့.. ခရီးထွက်နေလို့ပါခင်ဗျာ။""ကောင်းပါပြီ။ ကလေးကြည့်ရတာ အားနည်းနေတာပဲ။ ကဲ ဆရာမတပည့် တစ်ယောက်ထည့်ပေးလိုက်မယ်။ အခု Ultrasound သွားရိုက်ပြီး အားဆေးတစ်လုံး သွင်းသွားလိုက်ပါ။ ပြီးရင် ပြန်လာပြနော်။ စောင့်နေမယ်"ဆရာမကြီးထည့်ပေးလိုက်တဲ့ ဆရာဝန်မလေးတစ်ယောက်အကူအညီနဲ့ မြတ် လိုအပ်တာတွေအကုန် လုပ်နိုင်ခဲ့ရသည်။ ဆရာဝန်မလေးကတော့ မြတ်ကို တစ်အံ့တစ်သြနဲ့ပဲ လိုလေသေးမရှိ‌အောင် ဂရုစိုက်လေသည်။Ultrasound telegraph လေးထဲက ပဲစေ့ကွေးကွေးလေးကို ဆရာမကြီးက ညွှန်ပြရင်း မြတ်လက်ကို ယုယုယယ ဆုပ်ကိုင်လာသည်။"သုံးလကျော်ပြီ ကလေး။ ဂရုစိုက်ပါနော်။ ဒါမျိုးက လူတစ်သန်းမှာတစ်ယောက် ဖြစ်ခဲတယ်။ ကလေးနဲ့ လူကြီး အသက်ရှင်ခဲလို့ ဂရုအရမ်းစိုက်ရမယ်။ အခုထိတော့ ဒီက သန္ဓေသားလေးက ဖွံ့ဖြိုးနေတယ်သိလား။ ဆရာမက သန္ဓေသားဖွံ့ဖြိုးစေမယ့် ဆေးလည်းထိုးပေးမယ်။ သောက်ဆေးတွေလည်းပေးမယ်။ အာဟာရစုံအောင် စားရမယ်နော်။ နောက်ပြီး... ကလေးပတ်ဝန်းကျင်က စိတ်ဝင်စားသူတွေများလိမ့်မယ်။ လူသိများလေ စိတ်ကျဉ်းကျပ်လေဖြစ်မှာစိုးရတယ်နော်။ ဒီကာလတွေမှာ စိတ်လည်းပျော်နေမှ လူလည်းကျန်းမာနေမှ ဗိုက်ထဲက ကလေးအတွက်ကောင်းမယ်။ ဒီဆေးတွေကိုပုံမှန်သောက်ပေးနော် နောက်ပြီးတော့ အနေအထိုင်ဆင်ခြင်ပေးပါနော်။ စားချင်တာ စားလို့ရတယ် အရက်မသောက်မိစေနဲ့။ ဆရာမ သားအိမ်အားဆေးလည်း ထည့်ပေးထားတာမို့လို့ တိုးတက်မှုကို အမြဲစောင့်ကြည့်ဖို့လိုတယ်။ နောက်လထဲတစ်ခေါက် ထပ်ပြနော်။ ဆရာမကိုဖုန်းနံပါတ်ပေးထား။ နောက်လထဲကျရင် ကိုယ်ဝန်ဆောင် အသိပညာပေးပွဲ လုပ်ဖို့ရှိတယ်.. ကလေးလာတက်လိုက်ပါ။ ဒါမှ ဗိုက်ထဲက ရင်သွေးကို ကောင်းကောင်းစောင့်ရှောက်နိုင်မယ့်နည်းလမ်းတွေ သိရမယ်။ ဟုတ်လား"မြတ် ခေါင်းတွင်တွင်ညှိမ့်ရင်း.. ဆရာဝန်မကြီးပြောသမျှကို လိုက်မှတ်နေမိသည်။ ဆရာဝန်မကြီးက သားအိမ်အားဆေး၊ လူကြီးအားဆေး ပြည့်ပြည့်စုံစုံ ပေးလိုက်လေသည်။အင်း.. အဖြေကတော့ ရှင်းသွားပြီ။ မြတ် အိမ်သာထဲက မှန်မှာကိုယ့်ကိုယ်ကို သေချာငေးကြည့်ရင်း ဗိုက်ကို ပွတ်သပ်နေမိသည်။ဒါဆို ငါ့ဆီမှာ.. ကိုယ်တော့်ရင်သွေးလေးရှိနေပြီပဲ။တစ်သိမ့်သိမ့် ကြည်နူးမှုတို့နဲ့အတူ.. ကလေးအဖေကိုပါ တမ်းတမိလာသည်။ဉာဏ်ကောင်းပြီး အတတ်သင်မြန်လွန်းတဲ့ မြတ်... အခုတော့ ခြေရောလက်ပါ မကိုင်မိလောက်အောင် ဘာလုပ်သင့်တယ်ဆိုတာ ဘာကိုမှမသိတတ်တော့ပေ။မြတ် ဗိုက်ကိုပွတ်သပ်ရင်းက အားငယ်လာမိသည်။ မြတ်ရဲ့ ကိုယ်ဝန်အကြောင်း ကိုယ်တော့်ကို ပြောပြပြီး ကိုယ်တော် ပြန်လာခဲ့ဖို့ လှမ်းပြောချင်ပေမယ့်.. တာဝန်တွေနဲ့ ကိုယ်တော့်ကို အပူမကပ်ချင်ပါ။နန်းတွင်းထဲမှာတော့ ဘာပြဿနာမှရှိမှာမဟုတ်.. ရန်ပုံခွင်းနဲ့ တိက္ခတို့လက်ထဲ မြတ်ကို ဘယ်သူမှ လာစပ်စုရဲမှာမဟုတ်ဘူးလေ။ဒါပေမယ့်... အိုးပေါက်တစ်ရာကိုသာဖာလို့ရမယ် ပါးစပ်တစ်ပေါက်ကိုပိတ်ဖို့ ဘယ်လိုမှမတတ်နိုင်ဘူးဆိုတဲ့ ဆိုရိုးအတိုင်း အမျိုးသားကိုယ်ဝန်မို့ အပြင်ကိုသတင်းမပေါက်ကြားဖို့က တားဆီးလို့ရမှာမဟုတ်တာ မြတ်နားလည်သည်။အို.. နောင်ခါလာနောင်ခါဈေး။ ခုလောလောဆယ် မြတ် မမကို အရမ်းတွေ့ချင်သည်။ တစ်ဉီးတည်းသော အမရင်ခွင်ထဲ ခေါင်းထိုးကာ နားလိုက်ချင်သည်။ မမကို ရင်သွေးလေးအကြောင်းပြောပြရင်း ဘာတွေလုပ်သင့်လဲ မေးရမှာ။ မမကတော့ တီးမိခေါက်မိရှိမယ်မဟုတ်လား။"တိက္ခ.. ကိုယ်တော် မမဆီဝင်မယ်။ မမရုံးကို မောင်း။ နေအုံး အင်္ကျီနဲနဲလိုချင်‌သေးတယ်။ ရုံးနားက အင်္ကျီဆိုင်ကို သိတယ်မဟုတ်လား တိက္ခ.. အဲ့ဆိုင်ကို အရင်ဝင်လိုက်။"ရှူဆေးလေးရှူပြီး မှိန်းနေတဲ့ ခေါင်ဖုရားအမိန့်အတိုင်း ငနိုင့်ကို ညွှန်ကြားလိုက်ပေမယ့်.. တိက္ခ ခေါင်ဖုရားကို မေးချင်နေမိသည်။"ခေါင်ဖုရား.. ဟို.. ဆရာဝန်က ဘာများ ပြောလိုက်ပါသေးလဲဘုရား။ ငယ်ကျွန်ကြီး ဘာများပြင်ဆင်ပေးရမလဲဘုရား""အင်း.. .. နန်တော်ပြန်ရောက်မှပဲ.. ပြောတော့မယ် တိက္ခ။"မျက်လုံးမှိတ်ပြီး မှိန်းနေတဲ့ ခေါင်ဖုရားကို .. တိက္ခဆက်မမေးရဲတော့။ အတော်ကိုပဲ နွမ်းလျနေတဲ့အပြင် အနံ့အသက်မခံနိုင်တဲ့ပုံနဲ့ ရှူဆေးသာတွင်တွင်ရှူနေရှာတဲ့ ခေါင်ဖုရားအတွက်.. ကားအဲကွန်းလေလားရာကို ညှိပေးလိုက်ပြီး ခေါင်းအုံးတစ်လုံး ပြင်ဆင်ပေးလိုက်ရသည်။ ခေါင်းအုံးပေါ်မှာ လှဲလိုက်တဲ့ ခေါင်ဖုရားကို စောင်နုနုတစ်ထည်ခြုံပေးပြီးမှ တိက္ခလည်း ကားရှေ့ကို မျက်နှာမူနိုင်တော့တာပင်။ဖက်ရှင်ဆိုင်မို့.. မြတ်လိုချင်တဲ့ ရှပ်အင်္ကျီပွပွကြီးတွေက ထိုဆိုင်မှာ မရှိပေ။ မြတ်ကိုယ်ထက်ပိုကြီးပြီးပွတဲ့ အင်္ကျီမှသာ အဆင်ပြေမှာ။ ဗိုက်ကလေးများထွက်လာခဲ့ရင်.. အခုဝတ်လက်စတွေက ကျပ်ကုန်တော့မှာလေ။ ထပ်ရှာဖို့ကလည်း ခေါင်းမူးနေတာမို့ စိတ်လည်းမရှည်။ မမရုံးခန်းကိုသာ ထွက်လာခဲ့ရသည်။"အကိုလေး.. မမကြီး ဧည့်သည်တွေနဲ့ အစည်းအဝေးလုပ်နေလို့ရှင့် ရုံးခန်းကပဲစောင့်မလားရှင်""ကောင်းပြီ ရုံးခန်းကပဲစောင့်မယ်.. မမကို မြတ်ရောက်နေတာ သွားမပြောနဲ့နော် အစည်းအဝေးအေးဆေးလုပ်ပါစေ"မမရဲ့ လက်ထောက် ကောင်မလေးဆီးကြိုတာမို့ မမရုံးခန်းထဲက ဆိုဖာဆက်တီမှာ လှဲနေလိုက်မိသည်။မမကို ပြောပြပြီးတိုင်ပင်ရမှာ။ မမကတော့ ဘာပဲဖြစ်ဖြစ် မိန်းကလေးမို့ မြတ်ထက်တော့ ပိုတီးခေါက်မိမှာမဟုတ်လား။မြတ် အားငယ်ပေမယ့် မကြောက်ပါ။ မြတ်ရဲ့ ရင်သွေးကို ကောင်းကောင်းပြုစုပျိုးထောင်ရမှာပေါ့။ ကိုယ်တော်ကလည်း ချစ်လိမ့်မှာ အသေအချာပဲမဟုတ်လား။"အကိုလေး.. ကျွန်မ အစည်းအဝေးအတွက် စာရွက်စာတမ်းလိုနေလို့ မမကြီးစားပွဲမှာ ရှာမယ်နော် ခဏလေးပါပဲ""'အင်း"မြတ် မမ လက်ထောက်ကောင်မလေး ရှာနေတဲ့ ဖိုင်ကို ဝိုင်းရှာပေးလိုက်ရင်း မမရဲ့ ထိုင်ခုံကိုနောက်လှန်ကာ ထိုင်လိုက်သည်။မမအတွင်းရေးမှူးမလေး လာချပေးတဲ့ ကော်ဖီကို မြတ်သောက်ချင်ပေမယ့် ကလေးအတွက် တွေးကာ ရေနွေးပဲယူ လာခိုင်းလိုက်ရသည်။အတွင်းရေးမှူးမလေး ပြန်ထွက်သွားလေတော့.. မမစားပွဲကြီးက ပွင့်နေတဲ့ အံဆွဲတွေကို ပိတ်ပေးနေစဉ် အောက်ဆုံးအံဆွဲထဲက ထူးဆန်းတဲ့ ဓါတ်ပုံတစ်ခုကို ယူကြည့်လိုက်မိသည်။အောက်ပိုင်းတစ်ခြမ်းကြေမွနေတဲ့ ပေရွက်ထဲက စာသားတွေက.. မြတ် သိနေတဲ့ စာသားတွေ။ဒါ.. ကျိန်စာပေရွက်ကို ဓါတ်ပုံရိုက်ထားတာပဲ။ကျိန်စာတွေက မြတ်ကို မမပြောပြထားတဲ့အတိုင်း..နေပါအုံး.. ဒါက .. ဘာအဓိပ္ပါယ်လဲ.."ထိမ်းမြားအလွန် ကြင်ယာတော် တိမ်းပါးလေမှ .. ကျိန်စာပြယ်စေ"ကြေမွနေတဲ့အပိုင်းက စာကြောင်းအစက ကြင်ယာတော်...ဆိုတာကလွဲရင် စာတွေကမရှိတော့။"အို..."မြတ်.. ပါးစပ်ကို လက်ဝါးနဲ့အုပ်လိုက်မိသည်။အော် ဒါကြောင့် ကျိန်စာကို မြတ်မသိအောင် .. မြတ် မမြင်အောင်ဖွက်ထားတာကိုး..ဒါဆို.. ဉီးရီးတော် ဒီပါစံ .. အသေခံသွားတာ ရတနာမယ်ရဲ့ အသရေဖျက်တဲ့စာကြောင့်ပဲမဟုတ်ဘူးပေါ့။ကိုယ်တော် မကြာခဏ ထိခိုက်မိလာတာကရော ဒါကြောင့်ပဲလား။ဒါဆို... မင်းနိုင်ပို့ထားတဲ့စာတိုလေးထဲက ရတနာမယ်ရဲ့ မိသားစုနဲ့ အလဲအထပ်လုပ်ပြီးကာကွယ်ပေးထားတဲ့.. အောက်လမ်းဆရာမကြီးဆိုတာ.. ကရော??အော်.. နားလည်ပြီ.. ဆိုးရွားလိုက်လေ။ဒီလူက ဒီနေရာမှာ ပုန်းနေပြီး ကျိန်စာအသက်ဆိုးရှည်စေဖို့ ဆုတောင်းနေသေးတာကိုး။ ဒါဆို ပျက်နေတဲ့ အပိုင်းအစကို ထိုအောက်လမ်းဆရာမကြီးဆိုတာ သိမှာသေချာတယ်လေ။ရန်ပုံခွင်းက.. ဘာကြောင့်များ အနားကပ်စောင့်‌ရှောက်နေတာလဲ ဆိုတာ မြတ် ဆက်စပ်မိလာခဲ့ပြီ။ ခေါင်းမူးနေတာတွေတောင် ပျောက်သွားသလို.. မြတ်ခပ်လောလောပဲ ဒိဗ္ဗဆီ ဖုန်းဆက်လိုက်ပြီး ရတနာအိမ်နိမ့်စံ အိမ်က ထိုအောက်လမ်းဆရာမအကြောင်းစုံစမ်းဖို့နဲ့ အလျှဉ်းသင့်ရင် မြတ်ရှေ့ဖမ်းခေါ်လာဖို့.. အမိန့်ပေးလိုက်မိသည်။ ဒိဗ္ဗလိုလူသာ ဒါမျိုးလုပ်နိုင်မှာသေချာသည်။မြတ် မမကိုစောင့်မနေတော့ဘဲ... ရန်ပုံခွင်းအရိပ်ရှိရာ..နန်းတော်ကိုသာ ပြန်ကြွလာခဲ့သည်။ ကျိန်စာစူးအပြင် မြတ်သတိထားရမယ့် နောက်ထပ် မြှားတစ်ခုက မြတ်ကိုချိန်ရွယ်ထားပြီဆိုတာ မြတ်နားလည်လာခဲ့ပြီ။"မောင်တော် ဒီလကုန် ပြန်ကြွလာခဲ့တော့မယ် မြတ်ငယ်။ မောင်တော် လွမ်းလှတယ်လေ"အော်.. စာတိုလေးတစ်စောင်က.. မြတ်ကို ဒီလောက်ဝမ်းသာအောင် စွမ်းဆောင်နိုင်တာပဲကိုး.. မြတ် ကိုယ်တော်ဆီက စာတိုလေးကို အထပ်ထပ်ပြန်ဖတ်ရင်း... ဒီနေ့ကဆိုလျင် 4 ရက်ကျန်သေးတဲ့ လကုန်ရက် ဆီ.. မြတ်ရောက်ချင်လှပြီ။ ကိုယ်တော်တောင် ပြန်ကြွလာတော့မှာပဲ။မြတ် ဗိုက်လေးကိုပွတ်သပ်လိုက်ပြီး စိတ်ထဲကနေ မမြင်ရတဲ့ ရင်သွေးလေးကို တိုင်တည်လိုက်ရသည်။"ကလေးရေ.. မင်းရဲ့ဖေဖေ ပြန်လာတော့မယ်တဲ့"မြတ်ကိုယ်ဝန်ကိစ္စ ကိုယ်တော့်ကို ပြောပြတဲ့အခါ ကိုယ်တော် ဘယ်လိုများ ဖြစ်သွားလေလိမ့်မလဲ.. မြတ် ကြည်နူးစွာ တွေးရင်း ဝေဒနာကြားကနေပဲ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိတော့သည်။******⚜️✨🌸✨⚜️⚜️✨🌸✨⚜️"ကိုယ်တော်.. ပျော်အောင်လည်ခဲ့နော်။ မြတ်ဖို့ လက်ဆောင်မမေ့နဲ့။""ကိုယ်တော်.. မောင်မျိုးတို့က မုန့်တွေမှာထားတာ ဒီမှာ စာတစ်တန်ပေတစ်တန်နဲ့ .. စင်ကာပူမှာ စားကောင်းတဲ့မုန့် ရှိရဲ့လား။ အဟင်းဟင်း.. ကလေးတွေဆိုပြီး လေဆိပ်ရောက်မှ မြန်မာမုန့်တွေကို ဝယ်ပေးလို့မရဘူးနော် ဘုရားတဲ့ အဲ့ဒါ ခင်မောင် ရေးတဲ့စာကိုယ်တော်.. ကလေးတွေက သိပ်လည်တယ်သိလား""ကိုယ်တော်.. ထိခိုက်မိတာရှိသေးလား.. မြတ် အဝေးမှာ မိန်းကလေးတွေအနားကပ်တာ ကြည်ဖြူနေသလားဟင်။ ကိုယ်တော်နော်.. စိတ်ချမယ် ဟွန်း""ကိုယ်တော်.. ဒီနေ့ အေးတယ်သိလား။ ဆောင်းလေတိုက်တာလေ။ စာသင်ဆောင်လေးတောင်မှ တင်းတိမ်တွေထပ်ကာပစ်လိုက်ရတယ်။ မြတ်လား.. အအေးမခံပါဘူး.. ရန်ပုံခွင်းက အဖေကြီးကျနေတာပဲ ခေါင်ဖုရား ဟိုဟာစိုးရိမ်လို့ပါ ဒီဟာ မသင့်ပါ ဘုရားနဲ့ .. ဟားဟား.. တစ်ခါတစ်လေ.. မြတ်အနားဓါးကြီးနဲ့ မတ်တပ်လာရပ်နေလို့ ဆရာကိုလွင်ခန့်က လန့်နေသေးတာ.. အခုတော့ ရိုးသွားပါပြီ။ အဟင်းဟင်း.. ပြောလို့မရဘူး.. ရန်ပုံခွင်းက ကိုယ်တော့်ကို စိတ်ကောက်ချင်ကောက်နေမှာ ..သူ့ကိုမခေါ်လို့""ကိုယ်တော်.. စက်ရုံကိစ္စတွေ မြတ် စာပို့ပေးထားတယ်နော် နောက်မှဖတ်ပါ အလုပ်အာရုံစိုက်ပါနော်။ ဒါနဲ့ မီးဖိုချောင်အကူ ရံရွေတင်မမ အိမ်ထောင်ပြုဖို့ခွင့်တောင်းတာနဲ့ မြတ် ငွေနဲနဲပေးပြီးရွာပြန်ခိုင်းလိုက်တယ်။ မယ်သူဇာ့ကိုတော့ အုပ်ထိန်းသူဘက်က အားရှိဖို့ ထည့်ပေးလိုက်တယ် ကိုယ်တော်။ သူ့ အမျိုးသားကို နန်းတွင်းထဲခေါ်လာရင် နေရာတစ်ခုပေးလိုက်လို့ရမလားဟင်.. ချစ်စကြင်စ ဆိုတော့ ဘယ်ခွဲနေချင်ပါ့မလဲ ကိုယ်တော်ရယ် .. မြတ်က ကိုယ်ချင်းစာလို့ပါ.. မြတ်တောင် ကိုယ်တော့်ကို လွမ်းနေရသေးတာ.. အင်း.. ဘာမှမဟုတ်တော့ပါဘူး.. ကိုယ်တော် နေကောင်းအောင်နေနော်..""ကိုယ်တော်.. မြတ်နေကောင်းတယ်သိလား.. ကိုယ်တော် ပြန်ကြွလာဖို့ နီးပြီလားဟင်.. ဟို လေ မြတ်က လောတာမဟုတ်ပါဘူး.. ကားမျောတွေမြတ်စစ်ပေးထားတာလေ.. အဲ့ဒါ နားခံ‌တော်ကြီး ခွင့်ယူသွားလို့ မြတ်ဆီမှာပဲ သောင်တင်နေတယ်လို့.. ကားသမားတွေ ငွေရှင်းပေးထားလိုက်မယ်နော်.. မြတ် အကောင့်ထဲ ငွေဝင်တယ် .. ဉီးရီးတော်မောင်မောင်က သေချာစီမံနေပါတယ် စိတ်မပူနဲ့နော်။"ချိုသာတဲ့ အသံ... ကြည်လင်တဲ့မျက်နှာသွင်ပြင်နဲ့ .. ဖုန်းဆက်တိုင်း Video call ခေါ်တိုင်း ဘုန်းရှိန်ရောင်ဝါ စိတ်နှလုံးကို ကြည်နူးစေတဲ့ ကြင်ယာတော်ကို မင်းတြားကြီး လွမ်းလိုက်တာ..ဒီနှုတ်ခမ်းနီဆွေးဆွေးနဲ့ နမ်းတဲ့အနမ်းကို တမ်းတမိသလို.. ရင်ခွင်ထဲခေါင်းမှီကာ တွတ်တီးတွတ်တာ ပြောတတ်တာကိုလည်း သတိရလွန်းသည်။ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှားနေတတ်တဲ့ ကလေးဆိုးလေးက.. သီဟာသန ပလ္လင်ထက်မှာ အိနြေ္ဒတစ်ခွဲသားနဲ့ ငြိမ်ပြီး ကိုယ်တော်နဲ့အတူ ညီလာခံတက်တာကိုလည်း မြင်ယောင်နေမိသည်။ ကိုယ်တော့်ပါးကိုတို့တဲ့ ကော့ညွှတ်ညွှတ် လက်ချောင်းလေးတွေ.. ဖြူဝင်းတဲ့ ကျောပြင်.. သျောင်သေးသေးလေးထုံးလို့..ကျေနပ်နေတတ်တဲ့ အပြုံးလေး .. ဒါတွေကို ကိုယ်တော် လွမ်းဆွတ်လှသည်။စင်ကာပူရောက်တဲ့နေ့ကတည်းက.. အလုပ်တွေပိပြီး နေမကောင်းတဲ့ ဘုန်းရှိန်ရောင်ဝါ.. ကြင်ယာတော် စီစဉ်ထည့်ပေးလိုက်တဲ့ ဆေးများကိုသာ မှီဝဲပြီး.. နိုင်ငံအဆင့် အစည်းအဝေးတွေ တောက်လျှောက် တက်ရောက်နေရတာ.. နားချိန်မရ။ စင်ကာပူနဲ့ မြန်မာ နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက်တွေက ခပ်လွယ်လွယ် ချမှတ်လို့ရတာမျိုးမဟုတ်တော့ တာဝန်ယူတတ်သူပီပြင်စွာပဲ ဌာနဆိုင်ရာဝန်ကြီးတွေနဲ့အတူ.. နေ့ညမနားမနေ.. ချင့်ချိန်စဉ်းစားရင်း.. ဆွေးနွေးနေရတာ.. နေ့ဘက်ပင်ပန်းသမျှ ည ၈ နာရီပုံမှန် ကြားနေရ မြင်နေရတဲ့ ဘုန်းရှိန်ရောင်ဝါ ချစ်ရလွန်းတဲ့ ကြင်ယာတော်လေး အသံနဲ့ ရုပ်သွင်လေးက ဖြေသိမ့်ပေးနိုင်စွမ်းတာမို့လည်း ဒီနေ့ရက်အထိ တောင့်ခံနိုင်တာဆိုရင် မမှား။ လူမှန်းသိတတ်စအရွယ်ကတည်းက ဉီးရီးတော် နန္ဒ၊ နားခံတော်ကြီး ငညိုနဲ့ ဉီးရီးတော် မောင်မောင်တို့ ကို အိမ်ရှေ့စံအနေနဲ့ ဆရာလုပ်လာခဲ့ရတာ.. အိပ်ချိန်ဆိုလို့ ဘုန်းရှိန်ရောင်ဝါမှာ နေ့စဉ် လေးနာရီအပြင် ပိုမရှိခဲ့စဖူး။အမေရိကားမှာကျောင်းတက်ရတော့လည်း.. ကိုယ်နဲ့မဆိုင်တဲ့ ကျိန်စာက .. နောက်‌‌ကျောမှာစိုက်ပါလာတာမို့.. စိတ်လွတ်ကိုယ်လွတ် မနေခဲ့ရ။ နိုင်ငံရပ်ခြားမှာ ပညာကို ရနိုင်သလောက် တူးဖော်ယူခဲ့ပြီး ညီငယ် အသက် ၂၀ မပြည့်မီ အပြေးပြန်လာခဲ့ရတဲ့ ဘုန်းရှိန်ရောင်ဝါ.. ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးပညာဘွဲ့ကို မဟာတန်းဖြေဆိုပြီးခဲ့တာမို့ နာမကျန်းတဲ့ ညီတော်ကို နန်းပြင်ထုတ်ကာ.. နန်းတွင်း စီးပွားရေးမှာ ဂုတ်သွေးစုပ်နေသူတွေကို ဖော်ထုတ်ပြီး.. ရှင်းလင်းပစ်ခဲ့တုန်းက ဘုန်းရှိန်ရောင်ဝါ အသက် ၂၅ နှစ် ပင်မပြည့်တတ်သေးခဲ့။ ဒါတောင်မှ.. ဉီးရီးတော်နန္ဒကို .. မြတ်ငယ်ကို လုပ်ကြံဖို့ ကြံစည်တဲ့ကိစ္စနဲ့ အိမ်နိမ့်ဆောင် ရာထူးချပစ်လိုက်ခဲ့ရသေးတဲ့အထိ.. ပြတ်သားတင်းမာခဲ့တဲ့ ကိုယ့်ကိုယ်ကို အခုလောက် ချစ်တတ် လွမ်းတတ်လိမ့်မယ် မထင်ထားခဲ့မိပါ။"ထီးဘုရား.. နာမကျန်းတာ ခေါင်ဖုရားကို အသိမပေးဘူးလားဘုရား""ငချစ်မြ.. တိတ်တိတ်နေစမ်း.. ငါကိုယ်တော် ဘယ်နားဖျားနာနေတာ မောင်မင်းမြင်သလဲ""ထီးဘုရား.. ကြင်ယာတော်ကိုတော့ မိန့်ကြားသင့်ပါတယ်ဘုရား။ ထီးဘုရား ဖျားနာလို့ ဆေးမှီဝဲနေရတာရယ်.. ဒူးက ဒဏ်ရာထပ်ရတာရယ်ကိုသာ ‌ခေါင်ဖုရားနောက်မှသိသွားရင် ငယ်ကျွန်တို့ ဇက်ယားလှတယ်ဘုရား""တိတ်စမ်းပါ ငချစ်မြရယ်။ ငါကိုယ်တော်က ပေါ့ဆမိလို့ ဖြစ်တာတွေပဲ။ ဒီလောက် အပရိကတွေနဲ့ ရေမြေခြားမှာ အားငယ်ကျန်နေမယ့် မြတ်ငယ်ကို သောကအပူမပေးလိုဘူး ကဲ .. ကိုယ်‌တော့်ကို တရုတ်ဘက်က ကမ်းလှမ်းချက်တွေ ပေးစမ်း။""မှန်လှပါ.. ငယ်ကျွန် Highlight ဆွဲပေးထားပါတယ်ဘုရား။ အကျိုးအမြတ်ထက် သူတို့က နယ်မြေထဲမှာ နေရာလိုချင်တဲ့ပုံပါဘုရား.. ရာခိုင်နှုန်းနဲနဲနဲ့ နှစ်ရှည်ရှည် ဆက်သွယ်လိုကြောင်း အဓိကပါဘုရား""ဒါ ခေတ်သစ် နယ်ချဲ့ခြင်းပဲ ငချစ်မြ.. မောင်မင်း ရေရှည်အကျိုးအမြတ်နဲ့ အိမ်ခြံမြေ ဈေးကွက် အပြောင်းအလဲကို လေ့လာလိုက်စမ်း.. ရတဲ့ကွာဟမှုကို တည်လိုက်ပြီး.. နှစ်စဉ် တိုးလာမယ့် သွင်းကုန်ပမာဏနဲ့ အဲ့ဒီကုန်ပစ္စည်းတွေရဲ့ ယေဘုယျ ဈေးနှုန်းပေါ်မှာ.. ငွေလဲနှုန်းအပြောင်းအလဲ အချိုးနဲ့ တွက်စမ်း။ ငါတို့နဲ့ နှစ် ၂၀ လက်တွဲလုပ်ဖို့ သူတို့ယူတဲ့ အကျိုးအမြတ် ပမာဏ နဲပေမယ့်.. သူတို့ လက်ထဲ ရောက်သွားမယ့် ငါတို့ မြေဈေးကွက်၊ ထုတ်ကုန်ဈေးကွက် တွေအပြင် အခြေခံလစာဝန်ထမ်းတွေ ဈေးကွက်ကလည်း ပြောင်းလဲသွားမှာ နှစ် ၂၀ အတွင်းသူတို့လက်ထဲရောက်သွားမှာ.. ကိုယ်တော်တို့ ဒီအချက်ကို ကောာင်းကောင်းဆွေးနွေးရလိမ့်မယ် သိလား။ တွက်ချက်ပြီးရင် ကိုယ်တော့်ဆီ သံတော်ဉီးတင်။ ဝန်ကြီးတွေနဲ့ ထပ်ဆွေးနွေးရမှာ။ ကိုင်း ကိုယ်တော်နားမယ်"ဘဏ္ဍာဝန် ဉီးချစ်မြ .. ထီးဘုရား အခန်းကို မီးမှိတ်ပေးခဲ့ပြီး စာရွက်စာတမ်းဖိုင်ကိုယူကာ အခန်းကထွက်လာခဲ့သည်။ဟိုတယ်တစ်ဘက်ခန်းမှာ ငသူကတော့ လက်ပတော့တစ်လုံးနဲ့ တွက်ချက်နေဆဲ။"ငသူ. . မအိပ်သေးဘူးလား""ထီးဘုရားကို တင်လျှောက်စရာရှိနေတာ ဉီးချစ်မြ။ ဒီမှာကြည့် စင်ကာပူနဲ့ မြန်မာ ရေရှည်ကူးသန်းမယ့် ဇယားကွက်.. ဒီဘက်က တရုတ်ပါလာတဲ့ ဇယားကွက်.. ကျွန်တော် အဖြေမရဘူး အကျိုးအမြတ် ဒီလောက်ကွာဟနေတာကို စင်ကာပူကရိပ်မိသွားရင် အပြိုင်အဆိုင် ဈေးလျှော့ယူပြီး.. ဉရောပနိုင်ငံတွေနဲ့ မြန်မာ အကြား ကြားပွဲစားလုပ်ရင်.. နိုင်ငံနစ်နာတယ် ဉီးချစ်မြ။ ထီးဘုရားကို ဘယ်လိုလျှောက်ရမလဲမသိဘူး"ဉီးချစ်မြ ကျေကျေနပ်နပ်ပြုံးလိုက်ပြီး.. ထီးဘုရား ရှာခိုင်းလိုက်တဲ့ အချက်အလက်တွေနဲ့ ခေတ်သစ်နယ်ချဲ့ခြင်းဆိုတဲ့ အကြောင်းကို ပြန်ပြောပြလိုက်တော့.. ငသူ.. ခေါင်းတစ်ညှိမ့်ညှိမ့်နဲ့ .. နား‌ထောင်နေရသည်။"ထီးဘုရား.. ငယ်ကျွန်က ဟောသလို ဉီးချရပါတယ်။ ကျွန်တော်ပျောက်နေတဲ့အဖြေကို ထီးဘုရားက တစ်ခါတည်းပေးသွားတာပဲကိုး ဉီးချစ်မြ။ ငယ်သလောက်.. ထက်မြက်လွန်းလှပါတယ် ဘုရား။""ဒါတောင် မကျန်းမာနေတာ ငသူရယ်.. ခေါင်ဖုရားကိုလည်း. . မသိစေရဘူးတဲ့လေ။ ငါတော့ ဇက်ကြိမ်းတယ်""ဉီးချစ်မြ.. အလုပ်ကို အာရုံစိုက်ရအောင်.. တရုတ်က သန်ဘက်ခါဆို ရောက်လာပြီး အစည်းဝေးထဲဝင်မှာ။ မနက်ဖြန် လောက် စီးပွားကူးသန်းဝန်ကြီးနဲ့ စကားပြောနိုင်ရင် သမ္မတဆီ ထီးဘုရား အချိန်မီ အသိပေးနိုင်လိမ့်မယ်။ ဟုတ်လား"အလုပ်မှအလုပ် ဖြစ်နေကြတဲ့ သခင်နဲ့ကျွန်တို့ကတော့ လိုက်ဖက်လှပါပေတယ် လို့သာ ဉီးချစ်မြ ခပ်ညည်းညည်း ဆိုရင်း ထီးဘုရားညွှန်ကြားသည့်အတိုင်း လိုအပ်ရာတွေ ရှာဖွေလိုက်ရသည်။⚡️⚡️ ကမ္ဘာကျော် မိုးမျှော်ဟိုတယ်ကြီး ၂၈ထပ် မှာ ကျင်းပနေတဲ့ သုံးနိုင်ငံ စီးပွားရေးဆက်နွယ်မှုအစည်းအဝေးကိုတက်ဖို့ ဓါတ်လှေကားရှေ့ ရပ်စောင့်နေတုန်း ဘုန်းရှိန်ရောင်ဝါ ဖုန်းကိုဖွင့်လိုက်ပြီး မြက်ခင်းပြင်မှာ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေတဲ့ မြတ်ငယ်ရဲ့ ပုံရိပ်လေးကို တစ်ချက်ကြည့်လိုက်မိသည်။ပြန်လာမယ် ကတိထားခဲ့တဲ့ ရက်သတ္တ တစ်ပါတ်က ကျော်လွန်ခဲ့တာ ငါးရက်ရှိခဲ့ပြီ။ ဒီနေ့ တရုတ်ဘက်က ကိုယ်စားလှယ်တွေနဲ့ သဘောတူညီနိုင်ခဲ့ပြီဆိုရင်.. မောင်တော် ချစ်ရသူအနားပြန်လာနိုင်ပြီကွယ်။ မြတ်ငယ်က .. မောင်တော့်ကို သတိရလွမ်းဆွတ်နေတယ်ဆိုတာ မောင်တော်သိတာပေါ့.. နေ့စဉ်တိုင်း.. အပြုံးမျက်နှာလေးနဲ့ စကားတွေဖောင်ဖွဲ့နေပေမယ့်.. မျက်ဝန်းညိုလေးတွေက အရင်လို ကြည်လင်မနေတာ မောင်တော် နားလည်တာပေါ့ မြတ်ငယ်။ နိုင်ငံ့အရေးမို့သာပါ။ မောင်တော် ပစ်မထားပါဘူးကွယ်။ဒူးတစ်ဘက်က ဒဏ်ဖြစ်နေတဲ့ ထိခိုက်ရာနေရာ နာလာတာမို့ ခြေတစ်ဘက်ကို ချိုရပ်ရင်း ဓါတ်လှေကားကိုစောင့်နေတဲ့ ထီးဘုရားအရိပ်အခြေကို ဉီးချစ်မြနဲ့ သူရဇ္ဇတို့တင်မက.. ဝန်ကြီးနှစ်ပါးကပါ ကြည့်နေကြရသည်။ စိတ်ရောလူရော ဉီး‌ဏှောက်ရောပင်ပန်းရုံတင်မက.. နာမကျန်းတာ လူသိမခံတဲ့ ထီးဘုရားအသရေက အတော်ပဲ ယိုယွင်းလာတာ သိသိသာသာပင်။ဓါတ်လှေကားထဲ ဝင်လိုက်ကြပြီးတာနဲ့ အထပ်၂၈ ကို ခပ်မြန်မြန် တက်သွားတဲ့ ခေတ်မီဓါတ်လှေကားက..အထပ် ၂၅ မှာ.. ရပ်သွားတာမို့ ငသူနဲ့ ဉီးချစ်မြတို့ လန့်သွားရသည်။ဘာဖြစ်သွားတာပါလိမ့်..။ဝန်ကြီးနှစ်ပါးလည်း ကြောင်စီစီနဲ့။၃ မိနစ်လောက်ကြာတော့ ဓါတ်လှေကားက.. သူ့အလိုလို ဆက်တက်သွားတာမို့ သက်ပြင်းချဖို့ပြင်တုန်းပဲရှိသေး.. အထပ် ၂၈ ကို ကျော်လွန်ကာ.. အပေါ်ဆုံးထပ် အထပ် ၃၅ မှာ.. ရပ်သွားလေတော့သည်။ ထိုရပ်သွားတဲ့ဓါတ်လှေကားက တံခါးလည်းမပွင့်လာတဲ့အပြင်..အတွင်းကမီးတွေပါ မှိတ်သွားခဲ့တာမို့.. ငသူနဲ့ ဉီးချစ်မြတို့ ထီးဘုရားကို ဘယ်ညာ ဝန်းရံပြီး .. စောင့်ရှောက်လိုက်ရသည်။ဓါတ်လှေကား အရေးပေါ်ခလုတ်ကို ထီးဘုရားက သတိရှိရှိ ဆွဲလိုက်တာကြောင့်သာ ထိန်းချုပ်ခန်းနဲ့ အဆက်အသွယ်ရလိုက်ပေမယ့် .. တစ်ကယ်တော့ ရပ်နေတဲ့နေရာက .. မြေပြင်နဲ့ အနည်းဆုံး ခြောက်ဖာလုံလောက် မြင့်တဲ့ နေရာမှာ..ဆယ်မိနစ်...နှစ်ဆယ်မိနစ်..သုံးဆယ်မိနစ်..ငါးဆယ်မိနစ်.. အကူအညီစောင့်နေတုန်း..ဂါတ်လှေကားအတွင်း အောက်စီဂျင် နည်းလာခဲ့ပြီမို့ ငသူနဲ့ ဉီးချစ်မြတို့ လေကိုလျှော့ရှူရင်း ထီးဘုရားအသက်ရှူမကျပ်ဖို့ ကြိုးစားပေးနေမိသည်။"ငသူ.. ငချစ်မြ .. အသက်ဝအောင်ရှူကြ.. သေအတူ ရှင်မကွာပဲကွဲ့ .. လာမယ့်ဘေးဆိုတာ ဉာဏ်နဲ့ယှဉ်လို့ ရှောင်ရှားရတယ်.. ရှောင်မရတဲ့ ဘေးကတော့ ပြေးတွေ့ရုံပေါ့ ကွယ်။ ဝန်ကြီးများ.. မကြောက်ကြပါနဲ့ဗျာ။ နိုင်ငံအတွက် စေတနာကောင်းတွေနဲ့ ဆောင်ရွက်နေသမျှတွေ သစ္စာပြုဗျို့။ သေတစ်နေ့ မွေးတစ်နေ့.."အကျပ်အတည်းမှာတောင်မှ ငယ်ကျွန်တွေအရိပ်အကဲကို သေချာမြင်တတ်တဲ့ ထီးဘုရားအတွက် ငသူတို့ အသက်ဘယ်နှစ်ခါပေးရပေးရ ပေးမှာပင်။"ထီးဘုရား.. မတော်လို့များ ပြုတ်ကျခဲ့ရင် ငယ်ကျွန့်ကိုယ်ပေါ် မြဲမြဲလှဲလိုက်ပါဘုရား.. ငယ်ကျွန်အောက်က ဖော့ပြားလို ခံထားပါ့မယ်""ငသူရယ်.. ကိုယ်တော့်အတွက် အသက်စွန့်စရာ မလိုပါဘူး။ ကိုယ်တော်တို့ အသက်တွေအားလုံးက တန်ဖိုးရှိကြတာကြည့်ပါပဲ။"တစ်နာရီ..ဓါတ်လှေကားထဲ တစ်နာရီကျော်ကျော် ပိတ်မိနေတဲ့ မင်းတြားသတိုးတေဇရောင်ရှိန် ကို လုံခြုံရေးအဖွဲ့ဝင်များရော.. ဟိုတယ်တာဝန်ရှိသူများရော တရုတ်နဲ့ စင်ကာပူနိုင်ငံ ကိုယ်စာလှယ်များအပြင် နိုင်ငံ့ဝန်ကြီးချုပ်များကပါ.. ဟိုတယ် ဓါတ်လှေကားရှေ့ လာစောင့်နေကြပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို အမြန်ကယ်ထုတ်ပေးဖို့ လောနေကြ စိတ်ပူနေကြလေသည်။အကြောင်းရင်းကို ရှာမတွေ့ပါဘဲလျက် အမြင့်ဆုံးအထပ်မှာ ရပ်နေတဲ့ဓါတ်လှေကားက အချိန်မရွေးပြုတ်ကျသွားနိုင်တာမို့လည်း ကယ်ဆယ်ရေးတွေ ရမ်းသမ်း မလုပ်ရဲကြတာဖြစ်သည်။ အကြာကြီးစောင့်နေရတဲ့ ကျွမ်းကျင်သူ ရောက်လာတာနဲ့ .. ဓါတ်လှေကား အရေးပေါ်ဆင်းသက်မှုနှင့် အရေးပေါ်မီးစက်ဆက်သွယ်ထားတဲ့နေရာကို စစ်ဆေးရတော့သည်။ ပြဿနာက သေးသေးလေးမဟုတ်။ တစ်ခါမှမီးမပျက်၊ ဓါတ်လှေကား မယိုယွင်းဖူးပါဘဲလျက်.. ဘုန်းရှိန်ရောင်ဝါတို့ စီးနင်းလာတဲ့ ဓါတ်လှေကားက လျပ်စစ်ဓါတ်အားသိုလှောင်ခန်းတစ်ခုလုံး ပျက်စီးသွားပြီး အရံဓါတ်အားပေးသည့်မီးစက်ငယ်ကလည်း ပျက်နေပြန်တော့သည်။ကျွမ်းကျင်သူ စင်ကာပူနိုင်ငံသားတရုတ်လူမျိုးကတော့ "ဘုရားတ" ကာ ဓါတ်လှေကားတံခါးကို ကြိုးစားဖွင့်လိုက်ရာ ဓါတ်လှေကား တံခါးပွင့်သွားလေတော့မှ.. စောင့်နေကြသူများရော ကျွမ်းကျင်သူရော အားလုံးဟင်းချနိုင်တော့တာပင်။ကျွမ်းကျင်သူအဆိုအရ.. အခုလိုပျက်စီးမှုအခြေအနေမျိုးမှာ အတွင်းမှာပါလာတဲ့ လူဉီးရေနဲ့ အလေးချိန်တို့ကြောင့် အထိမ်းအကွပ်မဲ့နေတဲ့ ဓါတ်လှေကားက မဖြစ်မနေ ပြုတ်ကျဖို့သာရှိတော့ပေမယ့်.. ထူးမြတ်တဲ့ပုဂ္ဂိုဟ်ရဲ့ ဘုန်းကံကြောင့်သာ အသက်ဘေးလွတ်ကင်းသွားတာ ကံကောင်းလိုက်တာ လို့ .. အပြင်က စိတ်ပူနေသူတွေကို ပြောနေသံက.. ထီးဘုရားကိုစောင့်ရှောက်နေတဲ့ ငသူတို့နဲ့ ဝန်ကြီးနှစ်ပါးတို့ မျက်ဖြူစိုက်စေတဲ့ စကားပဲဖြစ်တော့သည်။ထီးဘုရားကတော့ နိုင်ငံ့အကြီးအကဲတွေဖေးမမှုနဲ့ ဆေးရုံဆီသွားမယ့်ကားပေါ် ရောက်နေနှင့်လေပြီ။နိုင်ငံတစ်ကာစီးပွားကူးသန်းဖွံ့ဖြိုးရေးအတွက် သုံးနိုင်ငံဆက်သွယ်လုပ်ဆောင်နိုင်ဖို့အရေး ဉီး‌ဆောင်ဆွေးနွေးပေးနေတဲ့ နိုင်ငံ့ဉသျှောင် ဘုရင်တစ်ပါး.. အန္တရာယ်ဖြစ်စေသည်အထိ ပိတ်မိနေအောင် လုံခြုံရေးပေါ့‌လျော့တဲ့ ဟိုတယ်ကို စင်ကာပူအစိုးရကဉီးဆောင်ပြီး.. တရားစွဲလိုက်တာမို့.. ထိုနေ့ကစပြီး နှစ်ရက်တိုင်တိုင် နိုင်ငံအဆင့် အစည်းအဝေးလည်းပျက်ရသလို.. တရားတဘောင်ကို ကြေအေးဖို့အတွက်လည်း ဘုန်းရှိန်ရောင်ဝါအတွက်.. အလုပ်တစ်ခုပိုလာရတော့သည်။ဘုန်းရှိန်ရောင်ဝါ.. မြန်မြန် ပြန်လိုပါတယ်ဆိုမှ.. မလိုအပ်ဘဲ ရှုပ်လာတဲ့ ကိစ္စတွေကို အမြန်အပြီးဖြတ်ပစ်လိုက်ဖို့ ငချစ်မြကို ခိုင်းလိုက်ပြီး ငသူနဲ့အတူ နိုင်ငံကိုယ်စားလှယ်တွေနဲ့စကားပြောရတော့သည်။ ဘဏ္ဍာရေးဝန်ကြီး ဉီးကြင်မောင်နဲ့ ကြိုတင်ဆွေးနွေးညှိနှိုင်းထားတဲ့အတိုင်း.. စေ့စေ့စပ်စပ် ဆွေးနွေးတာမို့.. တရုတ်နဲ့ စင်ကာပူ ကိုယ်စားလှယ်များအပြင် အစိုးရပိုင်းက တာဝန်ရှိသူတွေကပါ သဘောတူကြတာကြောင့် ဘုန်းရှိန်ရောင်ဝါ.. အိမ်ပြန်မယ့်ရက်ကို တိတိကျကျ သတ်မှတ်နိုင်တော့တာပင်။"ဉီးကြင်မောင်၊ ဉီးလှကြည် ကျွန်တော် နောက် ၄ ရက်ဆိုရင် ပြန်ကြွတော့မယ်။ သဘောတူလက်မှတ်ထိုးဖို့ စာချုပ်ကို ငချစ်မြ စီမံနေပါတယ်။ သူရဇ္ဇ မောင်မင်း ဉီးကြင်မောင်နဲ့ အနီးကပ် စစ်ဆေးပါ။ ဘာသာပြန်သူကိုလည်း စိတ်ချရအောင် အဆင့်သုံးဆင့် မဖြစ်မနေ ဖြတ်ပါ။ ဘာသာပြန် စစ်ဆေးတဲ့ နောက်ဆုံးအဆင့်က ဝန်ကြီးအဆင့်ဖြစ်ပါစေ။ လက်မှတ်ထိုးရာမှာ English ဘာသာစကားနဲ့ စာချုပ်ပါအချက်အလက်ကသာ အကျုံးဝင်ကြောင်း အသိအမှတ်ပြု ကျမ်းကျိန်လက်မှတ်ထိုးဖို့ပါ ပြင်ဆင်ထားလိုက်။ ကိုယ်တော်က နှစ်နိုင်ငံ ကိုယ်စားလှယ်တွေနဲ့ နောက်ဆုံးစကား ပြောမယ်။ ဒါဆိုရင်ဖြင့် လုပ်ငန်းအားလုံး အချိန်မီ အပြီးသတ်နိုင်ပါပြီ။"Garden of the bay ဟိုတယ်ကြီးပေါ်က လှမ်းကြည့်ရင်မြင်နေရတဲ့ ပင်လယ်ကြီးက.. အိမ်ပြန်လမ်းကို ညွှန်းပြနေပေပြီ။မောင်တော် အလုပ်တွေ အပြီးသတ်ပြီး အောင်မြင်မှုနဲ့အတူ မြတ်ငယ်အနားပြန်ကြွလာခဲ့မယ် မြတ်ငယ်။ လွမ်းသမျှ အတိုးချလို့ ချစ်ပါ့မယ်။ လစ်ဟာခဲ့မိသမျှ အတိုးချလို့ ဖြည့်ဆည်းပါ့မယ်။ မှိုင်းညို့တဲ့ ရွှေမျက်ဝန်းတော်လေး ကြည်လင်ဖို့အတွက် မောင်တော့်အကြင်နာတွေနဲ့ အရောင်တင်ပါ့မယ်..။စောင့်နေရှာမယ့် ကြင်ယာတော်လေးဆီ ပြန်လာမယ့်အကြောင်း ည ၈ နာရီအထိတောင် မစောင့်နိုင်တော့ဘဲ ခပ်မြန်မြန်ပဲ စာတိုလေးပို့ကာ သံတော်ဉီးတင်လိုက်ရတော့သည်။ ဝမ်းသာပါတော့ ချစ်သူရေ။ဘုန်းရှိန်ရောင်ဝါ.. ဖုန်းကို ကုတ်အင်္ကျီအိတ်ထဲထည့်ပြီး.. အနားက ဝိုင်ခွက်ကို လက်လှမ်းအယူမှာပဲ အကောင်းအတိုင်းရှိနေတဲ့ ဝိုင်ခွက်က လက်ထဲမှာတင် ကွဲကြေသွားတာမို့ ဘုန်းရှိန်ရောင်ဝါ လက်ဝါးပြင်တစ်ခုလုံး သွေးချင်းချင်းနီအောင်ပဲ ပြတ်ရှကုန်တော့သည်။ငယ်ကျွန်များတင်မက.. ဝန်ကြီးများ အခြားကိုယ်စားလှယ်များပါ ..ဒဏ်ရာကို ကုသဖို့ ပြာပြာသလဲ ဖြစ်ကုန်ကြတာ ဘုန်းရှိန်ရောင်ဝါ.. ငြိမ်ကြည့်နေရင်း.. ဖြစ်စဉ်ကို အပြန်ပြန် အလှန်လှန် ဆင်ခြင်နေမိသည်။နန်းတော်နဲ့ဝေးရာမှာ ရောက်နေပေမယ့်.. ကျိန်စာက ဘုန်းရှိန်ရောင်ဝါကို အလွတ်မပေးဘူး ဆိုပါတော့.. ညီတော့်ကို နန်းတော်ပြင်ပပို့ထားတာကျ ဘာလို့ထိရောက်ပါလိမ့်...ဒါဆို.. မြတ်ငယ်ဘေးကင်းရဲ့လား။ဆေးရုံအရေးပေါ်ခန်းမှာ လက်ကပြတ်ရှဒဏ်ရာတွေကို ဆေးထည့်ပေးတာ သည်းညည်းခံရင်း.. ရန်ပုံခွင်းဆီ အကျိုးအကြောင်း မေးမြန်းရတော့သည်။⚡️⚡️🍃⚡️⚡️ပြင်ဉီးလွင်ဆောင်းက အေးလှသည်။ ထိုဆောင်းကို နန္ဒ မကြိုက်။ ထိုဆောင်းထက် ပိုပြီး မသက်မသာဖြစ်စေတဲ့ကိစ္စက နန္ဒရှေ့မှာချထားတဲ့ ဖုန်းထဲကနေ မိုင်ပေါင်းထောင်ချီခရီးနှင်ပြီး... ရောက်လာခဲ့ပြီ။စင်ကာပူမှာ မင်းတြားကြီးနဲ့ ဝန်ကြီးနှစ်ပါး ဓါတ်လှေကားထဲပိတ်မိနေတာ တစ်နာရီကျော်ကြာတယ်တဲ့။ အဲ့ဒါမတိုင်ခင်ကလည်း.. မင်းတြားကြီး ထိခိုက်မိတာတွေနဲ့ နာမကျန်းတာတွေ ရှိသေးတာတဲ့။ လတ်တလောမှာပဲ လက်ဖဝါးမှာပြတ်ရှဒဏ်ရာတွေ ရကုန်လို့.. လူတွေရုတ်ရုတ်သဲသဲ ဆေးရုံအ‌ရေးပေါ်ကို ပို့ရသတဲ့။အင်း.. နောက်‌တော်ပါး ပါသွားခဲ့တဲ့ ငသူ မနေနိုင်စွာဘဲ အသက်ကိုဖက်နဲ့ထုပ်ကာ တိတ်တဆိတ် သတင်းပြန်ပို့လို့သာ နန္ဒသိရတာ..ဒီသုံးလအတွင်း မင်းတြားကြီးထိခိုက်မိတာတွေ မနည်းတော့။ ဒါက မတော်တစ်ဆသက်သက်မဟုတ်တာ နန္ဒတင်မက အရှင်မင်းကြီးလည်း သိတော်မူမှာပါပဲ။တူတော် သတိုးမဟာမင်းရှိန် နန်းတော်ပြင်ပမှာ ရန်မျိုးအောင်စောင့်ရှောက်မှုနဲ့ နေစဉ်တုန်းက ရက်ရှည်လများ မကျန်းမာရာကနေ ချက်ချင်းယူပစ်သလို သက်သာပျောက်ကင်းခဲ့ပါလျက်နဲ့ မင်းတြားကြီးကျမှ နန်းတွင်းမှာရော နန်းပြင်မှာပါ ဘာလို့များအရမ်း ထိခိုက်နေရတာပါလိမ့်။ နန္ဒ အဖြစ်သနစ်အစအဆုံးကို အပြန်ပြန်အလှန်လှန် တွေးတောဆင်ခြင်နေမိသည်။သတိုးမင်းမျိုးနဲ့ .. နောင်ရင်းမျိုးတို့ ထိမ်းမြားဂဟေဆက်လေသည့်နောက်.. ကြင်ယာတော်တိမ်းပါးလေမှ ကျိန်စာပြယ်လိမ့်မယ်ဆိုပေမယ့်.. မင်းသားဒီပါစံ သေခြင်းက ကျိန်စာကို မရပ်တန့်စေနိုင်ခဲ့ဘဲ ထီးဘုရားကြီး သတိုးဘုန်းရာဇ ရဲ့ ရင်သွေးတွေအပေါ် ထပ်လို့ စူးစိုက်လာခဲ့တာက နန္ဒကို တွေဝေသွားစေတဲ့ ကိစ္စပဲဖြစ်တာမဟုတ်လား။ ဒါကြောင့်လည်း မင်းသားနှစ်ပါးနဲ့ နောင်ရင်းမျိုး မျိုးရိုးရဲ့ တစ်ဉီးတည်းသော မျိုးဆက်ကို ဆင့်ကဲ လက်ဆက်ပေးပြီး အသေသတ်လိုက်ရင်ဖြင့် ကျိန်စာအပြီးသတ်ပြီလို့ ယုံကြည်ထားတဲ့အတိုင်း လုပ်မိလို့ အိမ်နိမ့်ကိုပို့ခံရ၊ ပြင်ဉီးလွင်ကိုနယ်နှင်ခံရနဲ့ ..အခုတော့ ဘာကိုမှထပ်မတွေးနေနိုင်တော့ပြီ။ မင်းတြားကြီးကျောပြင်မှာ စိုက်နေနှင့်ပြီးဖြစ်တဲ့ ကျိန်စာဆိုးညစ်က နန္ဒခန့်မှန်းလို့မရတော့တဲ့ အ‌နေအထားမျိုးဖြစ်လာခဲ့ပြီမို့ .. အပြီးသတ်ရမယ့်ကိစ္စက ရှိလာခဲ့ပြီပဲ။ အမဝမ်းကွဲတော်သူ အပြစ်သား ရတနာမယ်ရဲ့ ကျိန်စာဆိုးက ဒီမျှလောက်အထိ စူးစိုက်နေတာ.. အညှိုးကြီးလှပါ့လား။ ရင်ဝယ်သားလို ချစ်ရတဲ့ တူတော် သတိုးတေဇရောင်ရှိန် နဲ့ သတိုးမဟာမင်းရှိန်တို့ကို မယ်တော်မိဘုရား ထိပ်ထားလှရူပါစံဆီ ပေးထားခဲ့တဲ့ ကတိအတိုင်း နန္ဒအသက်ကိုပေးလို့ စောင့်ရှောက်ရလိမ့်မည်။ဒါကြောင့် နန္ဒ အကျယ်ချုပ်ချုပ်ခံထားရတဲ့ကြားထဲက လွတ်ဖို့မလွယ်တာမို့ ခေါင်ဖုရားကို နောက်မကျခင်လုပ်ကြံနိုင်ဖို့ အကြံအစည်ကို နေရာချလိုက်သည်။မင်းတြားကြီး.. သက်တော်ရှည်စေဖို့ မင်းဆက်မပျက်သုန်းဖို့ နန္ဒအသက်တောင်စွန့်ဝံ့သေးတာ.. အခုအကြံအစည်က သူ့အသက်နဲ့ဆိုရင် ဘာမှမဟုတ်။ မင်းတြားကြီး ပြန်ကြွမလာခင်အကြံအစည်ကို အကောင်ထည်ဖော်ဖို့.. စာတိုတစ်စောင်ရေးပြီး ပို့လိုက်တော့သည်။"ငယ်ကျွန်ဗြတ္တသိစေရန်.. . ထီးနန်းမင်းဆက် မပျက်စေဖို့.. မိဖုရားခေါင် မြတ်နိုးကြည်သာဟန်ကို ဖြစ်တဲ့နည်းနဲ့လုပ်ကြံရမည်။ အရှင်မင်းကြီးနဲ့ ပြန်လည်မပေါင်းစည်းခင် အပြီးသတ် အသေသတ်ဖို့ အမိန့်ပေးလိုက်သည်။ မိဖုရားခေါင် မသေလျင် လွတ်အောင်ပြေးစေ။ သေလျှင် ကိုယ့်ကိုယ်ကိုယ် အဆိပ်ဖြင့် စီရင်စေ။ မိဖုရားခေါင် မသေမချင်း... အသက်ကိုမွေးကာ လုပ်ကြံဖို့တွန့်ဆုတ်ဆိုင်းမနေဘဲ အမိန့်အတိုင်း အကောင်အထည်ဖော်စေ။"ဉီးရီးတော် နန္ဒ ပို့ထားတဲ့စာတိုကို တစ်ခါတည်းဖျက်ပြစ်ပြီး.. နောက်ထပ် စာတိုတစ်စောင်ကို ထင်ထင်ရှားရှားရေးပို့လျက် သိမ်းထားလိုက်သည်။"သီပေါနယ်.. တိမ်းရှောင်ပုန်းခိုနေရာ ရှင်းလင်းထားပါ။ မိဖုရားလုပ်ကြံပြီးတာနဲ့ လွတ်ထွက်ပြေးလာမည်။ သီပေါမြို့ကစောင့်"ဒီထောင်ခြောက်ထဲကို ဇာမဏိ လှလှပပ ကျလာပါစေ လို့ပဲ ဆုတောင်းလိုက်ရင်း .. ဉီးရီးတော် ဟိုတယ်ဝင်းထဲက လွတ်ထွက်နိုင်မယ့် နည်းလမ်းကို ရှာနေမိတော့သည်။***"ကျွတ်... ဒါကိုများလေယာဉ်တဲ့လားကွယ်။ ထိုင်နေရတာ သုံးနာရီလောက်ရှိနေပြီကို.."တစ်နာရီကို မိုင်လေးရာကျော် အရှိန်နဲ့ မောင်းနှင်နေတဲ့ လေယာဉ်ပျံကြီးကို နှေးလွန်းလှတယ်လို့ ရွှေကိုယ်တော်ကြီး ညိုညင်နေမိတာ.. အနားမှာထိုင်လာတဲ့ ငသူတို့ နေစရာမရှိအောင်ပဲ စိတ်ကျဉ်းကျပ်နေကြရသည်အထိ။ လေအလျဉ်ထက်မြန်တဲ့စိတ်က ရွှေနန်းတော်ဆီကို အပြေးသွားနှင့်လေပြီမို့ စိတ်နဲ့လူနဲ့ တစ်သားတည်းမရှိတဲ့ မင်းတြားကြီး လေယာဉ်ပြတင်းကနေ အပြင်ကို ငေးကြည့်နေတာ မတုန်မလှုပ်နဲ့သာ။စီးပွား‌ရေးသဘောတူညီချက်တွေ လက်မှတ်ထိုးပြီးတာနဲ့ ဂုဏ်ပြုလက်ဆွဲနှုတ်ဆက်ကြသူတွေကို ဟန်ဆောင်ပြုံးတောင် မပြုံးပြနိုင်ဘဲ ရာဇအိနြေ္ဒပျက်ရလောက်အောင် လေဆိပ်ကို အလောတစ်ကြီးကြွချီသွားခဲ့တဲ့ ထီးဘုရားကိုတော့ ဝန်ကြီးသုံးပါး အံ့သြကျန်နေရစ်ကြမှာ အသေအချာပါပင်။ငရွှေကျော်နဲ့ ရန်ပုံခွင်းတို့ လာကြိုတဲ့ ကားပေါ် မင်းတြားကြီး စကားတစ်ခွန်းမှမဆိုဘဲ တက်လိုက်သည်။ ချစ်ရသူက ကြိုဆိုဖို့ ကားနဲ့အတူပါမလာခဲ့တာကို ဘုန်းရှိန်ရောင်ဝါ နဲနဲတော့ စိတ်မကောင်းဖြစ်မိတာအမှန်။ "ခေါင်ဖုရား နာမကျန်းရာက ပြန်ကောင်းကာစပါဘုရား။ သုံးလေးရက်လောက် အစာအိမ်နာလိုက်ပါသေးတယ်ဘုရား" ဆိုတဲ့ ရန်ပုံခွင်းစကားကို ထပ်အတည်ပြုဖို့ ဘုန်းရှိန်ရောင်ဝါ အားမရှိ။ တစ်ရေတစ်မြေ ခြားကာ ဝေးနေတဲ့ ဆယ့်ငါးရက်တာကာလက ဘုန်းရှိန်ရောင်ဝါအတွက်တင်မက မြတ်ငယ်အတွက်လည်း ခက်ခဲမှာသေချာသည်မဟုတ်လား။ကားပြတင်းက ငေးကြည့်တော့ ရန်ကုန်မြို့ကြီးက လူတွေစည်ကားရှုပ်ထွေးနေဆဲ။ဒီမြေဒီရေ ဒီလူတွေအတွက် ရေရှည်စီးပွားရေးတိုးတက်မှု လုပ်ငန်းတွေ ချမှတ်ခဲ့ပြီးပြီ။ ဒီမြေဒီရေ ဒီလူတွေကတော့ .. ကိုယ်တော်ကြီးနဲ့ ကြင်ယာတော်တို့ကို အမြင်တွေသေးသိမ်နိုင်ကောင်းသေးသိမ်နိုင်ပေမယ့်.. ကိုယ်တော် ဂရုမထားလိုတော့။ လူတစ်ယောက်ဖြစ်တည်လာခြင်းမှာ.. ထိုလူရဲ့ ဝါသနာ ဗီဇ နဲ့ စိတ်ဝင်စားတဲ့တိမ်းညွှတ်ရာတို့က သတ်မှတ်ထားခဲ့ပြီးသား ကိုယ်ရေကိုယ်သွေး ပြယုခ်တွေသာပင်။ကိုယ်တော်ကြီး မည်သူမှမပေးအပ်သလို မည်သူမှအသိအမှတ်မပြုတဲ့ တာဝန်တွေကို လိုလိုလားလား ထမ်းဆောင်ရင်း တိုင်းပြည်အတွက် တစ်ဒေါင့်တစ်နေရာက အကျိုးပြုခြင်းဟာ မြတ်ငယ်ကို ချစ်မြတ်နိုးမိခြင်းနဲ့ မည်သို့မျှ မပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာဆိုပေမယ့်.. လူတွေကတော့ အပြစ်ပြောနေကြအုံးမှာပဲမဟုတ်လား။ဘာပဲဖြစ်ဖြစ် ကြင်ယာတော်ကို မယိမ်းမယိုင်ချစ်မြတ်နိုးပြီး အသက်နဲ့အမျှ စောင့်ရှောက်ဖို့ကတော့ ကိုယ်တော့်အဓိက မေတ္တာပဲဖြစ်တယ်ဆိုတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ထိမ်းမြားလက်ထပ် လက်မှတ်ထိုးခဲ့တည်းက ဘုန်းရှိန်ရောင်ဝါရဲ့ သစ္စာတရားပဲဖြစ်သည်။ဘုန်းရှိန်ရောင်ဝါ တစ်ဖျပ်ဖျပ်လှုပ်ရှားတဲ့ ရင်ကို ကြိုးစားထိမ်းသိမ်းရင်း ချစ်ရသူဆီဖုန်းဆက်လိုက်ရသည်။"မြတ်ငယ်.. မောင်တော် လေယာဉ်ဆိုက်ကပ်ပါပြီ။ အခု ငရွှေကျော်တို့နဲ့ ပြန်လာခဲ့ပြီနော်။""မြတ် ကားစီးရတာ အဆင်မပြေလို့ မလိုက်လာခဲ့တာ ကိုယ်တော်။ ကိုယ်တော့်ကို မြတ် နန်းတော်ပေါက်ဝက ထိုင်စောင့်နေတယ်.. ပင်ပန်းလာတယ်မဟုတ်လားကိုယ်တော်။ မြန်မြန်လာတော့ မြတ် ပြောစရာတွေ အများကြီးပဲ ရှိတယ်။"စကားလည်း မဆိုဖြစ်.. ဖုန်းလည်းမချဖြစ်ပါဘဲ အသက်ရှူသံကိုသာနားထောင်နေမိကြတာ အတော်ကြာသည်အထိ။"ခေါင်ဖုရား.. ခရီးလှမ်းပါသေးတယ်ဘုရား။ အတွင်း‌ဆောင်မှာစံပါဘုရား။ နေလည်းပူပါသေးတယ်"ဝဏ္ဏရဲ့ အသံ ခပ်တိုးတိုးကို ဖုန်းထဲက တစ်ဆင့် ကြားလိုက်ရတာ.. ဘုန်းရှိန်ရောင်ဝါ နေပူထဲ ရပ်စောင့်နေမယ့်မြတ်ငယ်ကို မြင်ယောင်နေရင်း.. လိမ်မာတဲ့ ချစ်စဖွယ်ကောင်းတဲ့ ကြင်ယာတော်လေးကို ပိုလို့လွမ်းလာရပြန်သည်။နန်းတော်ကိုပြန်ရောက်ရင်ဖြင့် မြတ်ငယ်ရဲ့လက်ကို ဆွဲလို့.. တစ်ခါတည်းပွေ့ချီပြီး တမ်းတရလွန်းတဲ့ ပါးပြင်နဲ့ နှုတ်ခမ်းလေးကို နမ်းပစ်လိုက်မယ် လို့ တွေးမိတာကြောင့် အိနြေ္ဒပျက်အောင်ပဲ ဖုန်းကြီးကိုင်လျက်နဲ့ ရယ်မိသေးသည်။ပင်ပန်းတဲ့အပြင် နာမကျန်းနေတာမို့ ကားပေါ်တက်လာကတည်းက တိတ်ဆိတ်နေတဲ့ ရန်ပုံခွင်းနဲ့ ငနိုင်တို့ ထူးဆန်းသလိုဖြစ်နေပေမယ့် အခုအချိန် စကားအပိုမပြောချင်တာမို့ ဘုန်းရှိန်ရောင်ဝါ ဘာမှမမိန့်မိ။ရန်ပုံခွင်း ကားရှေ့ခန်းကနေ ကားအလယ်တန်းမှာ တစ်ပါးတည်းစံနေတဲ့ မင်းတြားကြီးကို တစ်ချက်လှည့်ကြည့်မိသည်။ ဖုန်းကိုင်လျက် ပြုံးတုန့်တုန့် မျက်နှာတော်က ဖြူဖျော့နေသေးသည်။ လက်မှာပတ်ထားတဲ့ပတ်တီးအကြောင်းမေးလိုလှပေမယ့် မမေးရဲ။ တစ်ကယ်လို့ ထီးဘုရားကသာ တစ်ခုခု မေးခဲ့မယ် မိန့်ခဲ့မယ်ဆိုရင် ခေါင်ဖုရားလတ်တလော နာမကျန်းတာကို ဖွင့်ပြောပြလိုက်ဖို့ အားတင်းထားသမျှ.. တိတ်ဆိတ်နေတဲ့ ထီးဘုရားကြောင့် ရန်ပုံခွင်း ရှေ့ဆက်မရဖြစ်နေရသည်။******နန်းတော်ရှေ့ ဉယာဉ်ငယ်လေးထဲက သစ်ပင်ကြီးဂွကြားထဲက ကြည့်လျင်.. နန်းတော်ခြံဝင်းပေါက်ဝနဲ့ ကားရပ်ရာ စက်ြန်ထိပ် ကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ ဗိုလ်ရှုခံစင်မြင့်နဲ့ .. နန်းတော်ဉီးစက်ြန်အမိုးတို့က ကာကွယ်ထားတာမို့လည်း ဉယာဉ်ထဲကို လှမ်းကြည့်လို့ မြင်ကွင်းမကောင်း။ ဗိုလ်ရှု့ခံစင်မြင့်ကိုကျော်လွန်လာခဲ့ရင်တော့ နန်းတော်ဉီးဉယာဉ်သာကို လှပသပ်ရပ်စွာ မြင်ရလိမ့်မည်။ဒါကြောင့်လည်း နန်းတော်ဉီးဉယာဉ်ထဲ အကြီးဆုံးနဲ့ သစ်ရွက်တွေ အုပ်ဆိုင်းနေတဲ့ သစ်ပင်ဂွကြားထဲ မနက်မိုးလင်းကတည်းက အရိပ်လိုမျိုး သစ်ပင်မှော်လိုမျိုး တွယ်ကပ်နေသူတစ်ဉီးကို မည်သူမှ ဂရုမထားမိကြ။ဒီနေ့ ထီးဘုရားကြီး နန်းတော်ပြန်ကြွလာတော့မှာမို့လို့ နန်းတွင်းသူနန်းတွင်းသားတွေ လူကုန် အလုပ်များနေကြလေသည်။ ကော်ဇောနီခင်းသူ၊ ငှက်ပျောပင်နဲ့ ရာဇမတ်ကွက်ကာရံသူ၊ ဟင်းကျွေးဟင်းလျာ စီမံသူ၊ သန့်ရှင်းရေးဆောင်ရွက်သူ စသည်ဖြင့် ပျားပန်းခပ်လှုပ်ရှားနေကြသူတွေကို စက်ြန်ထဲကနေ စီမံခန့်ခွဲနေသူက အရိပ်လူရဲ့ အဓိက ပစ်မှတ်ပဲဖြစ်သည်။မနက်ကတည်းက သစ်ပင်ထက် မလှုပ်မယှက် တွယ်ကပ်နေသူကား တစ်ခြားလူမဟုတ်။ထီးဘုရား သတိုးရာဇာတိရာဇ သက်တော် ငါးဆယ်ကျော်မှ သဘောကျကာ ရွေးကောက်ခြင်းခံခဲ့ရတဲ့ ကိုယ်ရံတော်၊ အသက် ၁၈နှစ်ပြည့်ရုံ လူငယ်လေးက တိုက်ခိုက်ရေးမှာ ထူးချွန်လို့ အထူးတလည် ဆင့်‌ခေါ်ခြင်းခံရတဲ့ ကိုယ်ရံတော် ဗြတ္တသာဖြစ်သည်။ဘိုးတော်ထီးဘုရားကြီး မင်းကြီးသတိုးဘုန်းရာဇထံ ထီးနန်းလွှဲအပ်ပြီးသည်နောက်.. ထီးဘုရားကြီး.. နဲ့ မိဖုရားကြီး ကံတော်ကုန်ရှာချိန်အထိ ဉီးရီးတော်နန္ဒနဲ့အတူ နိုင်ငံရပ်ခြားမှာ ပညာသင်နေခဲ့တဲ့ ဗြတ္တ နန်းတော်ကို ပြန်ရောက်လာချိန်မှာ နန်းတော်တွင်း မယုံနိုင်လောက်အောင် အဖြစ်ဆိုးကြီးကို တစ်ဆင့်စကားနဲ့သာ ကြားခွင့်ရခဲ့သည်။ ထိုအချိန်တုန်းက ရန်ပုံခွင်းနဲ့ ရန်မျိုးအောင်တို့ .. ပျောက်ဆုံးနေတဲ့ မင်းသားသတိုးဘုန်းတေဇ သတင်းကို အိမ်ရှေ့စံ ငယ်ငယ်လေးကို ထိမ်းကြောင်းရင်း စုံစမ်းဖို့မတတ်နိုင်ကြတာကြောင့် မင်းကြီးက ဗြတ္တကို တာဝန်ပေးခဲ့တာ.. ဗြတ္တ နယ်အနှံ့လိုက်လံ စုံစမ်းနေခဲ့ရသည်။ မင်းသားသတိုးဘုန်းတေဇသတင်းကို ဘယ်လိုမှစုံစမ်းမရတာမို့လည်း မင်းကြီးက ဗြတ္တကို ဉီးရီးတော်နန္ဒကိုယ်ရံတော်အနေနဲ့ ခန့်အပ်ခဲ့ပြီး ကိုယ်ဝန်အရင့်အမာနဲ့ မယ်မယ်မိဖုရားခေါင် ထိပ်ထားလှရူပါစံအနား ခစားခဲ့ရသည်။ထိုအချိန်ကတည်းက နန်းတော်တွင်းက ရင်နာစရာဇာတ်လမ်း နဲ့ စက်ဆုပ်ဖွယ်ရာ ကျိန်စာအကြောင်း ဉီးရီးတော် တိုင်ပင်စရာလူတစ်ယောက်အဖြစ်ရော... ဆွေရင်းမျိုးချာ အမဝမ်းကွဲဖြစ်သူက ရုန့်ရင်းခဲ့လိုက်သမျှ အမှားကို သိမ်းဆည်းဖို့ကြိုးစားနေလေတဲ့ ဉီးရီးတော်ကို နှစ်သိမ့်ပေးနေရသူအဖြစ်ရော.. ညီဝမ်းကွဲ မင်းသားနဲ့ ကြင်ယာတော်တို့ သေကွဲကွဲရတဲ့ တရားခံကိုယ်စားအဖြစ် ကိုယ့်ကိုယ်ကို လှောင်ပိတ်ထားတဲ့ ဉီးရီးတော် နန္ဒကို ချစ်မြတ်နိုးရသူအဖြစ်ရော.. လူကြမ်းကြီးဗြတ္တ အနားကပ်ခစားနေခဲ့တဲ့ နှစ်ပေါင်းက နှစ်ဆယ်နီးပါး။ထိုနှစ်တွေမှာ. . အဝေးကနေကြည့်လို့ ဉီးရီးတော် ပျော်တဲ့အခါ ဗြတ္တပျော်ရသလို ဉီးရီးတော် ဝမ်းနည်းအားငယ်စေတဲ့ကိစ္စတွေကို အမြစ်က ဖြတ်ပစ်ချင်တဲ့ ဆန္ဒတို့နဲ့ နှစ်သိမ့်ပေးခဲ့ရတာ ဗြတ္တရဲ့ဘဝတစ်ခုလုံးသာဖြစ်သည်။ကျိန်စာသက်ရောက်ရာ ဖျားနာလို့ လူရုပ်တောင်မပေါ်တော့တဲ့ မင်းသားငယ် မဟာ့ကို ထွေးပွေ့ရင်း.. နောင်ရင်းမျိုး မျိုးရိုးမင်းသားငယ်ကို ကျောင်းကအပြန် လုပ်ကြံဖို့ ဗြတ္တကို တာဝန်ပေးလာချိန် ဗြတ္တတားဖို့မကြိုးစားခဲ့မိ။ ချစ်ရတဲ့ ဉီးရီးတော် နန္ဒ စိတ်ချမ်းသာစေမယ်ဆိုရင် ဗြတ္တ အသက်တောင်ပေးဝံ့တာပဲလေ။တစ်ကယ်တန်း မင်းသားငယ်ကို လုပ်ကြံနိုင်ဖို့ဝေးစွ ပါးနပ်လွန်းတဲ့ အိမ်ရှေ့စံလက်မှာ မမိဖို့ အတော်ကြိုးစားထွက်ပြေးလာခဲ့ရတာ ရန်ပုံခွင်းလက်ချက်မိလို့ ကျောက ဓါးဒဏ်ရာ အမာရွတ် အခုထိ မပျောက်သေးတာက သက်သေ။ အဲ့ဒီကတည်းက အိမ်နိမ့်စံအပို့ခံလိုက်ရတဲ့ ဉီးရီးတော်နဲ့ တွေ့ခွင့်မရတော့ဘဲ အိမ်ရှေ့စံ အရှင့်သား စုံစမ်းမှုလက်တံက လွတ်အောင်ပြေးနေခဲ့ရတာ ဗြတ္တကို ဉီးရီးတော် ရှာမတွေ့ခင်အထိပဲဖြစ်သည်။လွန်ခဲ့တဲ့ သုံးနှစ်ကမှ ဉီးရီးတော် ကိုယ်တိုင် ဗြတ္တပုန်းနေရာ သီပေါမြို့ကိုရောက်လာခဲ့ကာ ရှာတွေ့ခဲ့တာကြောင့် တိတ်တခိုးဆက်သွယ်ခွင့်ရခဲ့သည်။ ဉီးရီးတော်အမိန့်အတိုင်း နောင်ရင်းမျိုး သတို့သားငယ်ကို ဗြတ္တလုပ်ကြံဖို့ ကြံစည်နေခဲ့ပေမယ့် အခွင့်မသာခဲ့။နှစ်ကြာလေ.. လူပျိုကြီးဖြစ်လာပြီး ချောမောတဲ့ နောင်ရင်းမျိုးသတို့သားငယ်က မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ခံရတဲ့နောက်တော့ လုပ်ကြံဖို့အခွင့်အ‌ရေး အလွန်နည်းပါးသွားခဲ့ပေမယ့်.. ဖောင်ကြီးမြို့ဘက်က ရွာငယ်တစ်ရွာမှာ စတည်းချပြီး နန်းတွင်းထဲ အရိပ်ပမာ ဝင်ရောက်လှုပ်ရှားနေခဲ့မိသည်။ခေါင်ဖုရားရဲ့ ကုသိုလ်ကကောင်းလွန်းလှတာကြောင့်ပဲလား မသိ။ တစ်ပါးတည်းစံနေချိန် တစ်ချိန်ကိုမှ မကြုံကြိုက်ရဘဲ ဗြတ္တ လာချောင်းတိုင်း ရန်ပုံခွင်းက အနားမှာ အမြဲစောင့်ကြပ်နေတာမို့ .. ချက်ကောင်းကိုမှ မထိရင် လုပ်ကြံဖို့ မဖြစ်နိုင်တာ.. ဗြတ္တအတွက် အခက်ကြုံနေရတာပဲဖြစ်သည်။ဒီနေ့ရောက်လာတဲ့ စာတိုလေးထဲက အမိန့်အရ အရေးကြီးလာပြီဆိုတာ ဗြတ္တကောင်းကောင်းနားလည်မိသည်။ အမိန့်အတိုင်း ခေါင်ဖုရားနဲ့ ထီးဘုရားတို့ မဆုံတွေ့မီ လုပ်ကြံနိုင်မှ တော်ကြကျတော့မှာ။ ခေါင်ဖုရားကို နန်းတော်ရှေ့ ခြံပေါက်ဝနား တိက္ခတစ်ယောက်နဲ့သာ လွတ်လွတ်ကင်းကင်း တွေ့ရတာမို့ ဒီနေ့လို ရခဲတဲ့ အခွင့်အရေးကို ဗြတ္တ လက်လွှတ်လို့မရ။ ဒီနေ့တော့ ဖြစ်အောင် သတ်ရမှာပေါ့။ ဓါးပေါက်ဝိဇ္ဇာဗြတ္တ.. နှစ်ပေါင်းများစွာကျင့်သားရခဲ့ပြီးဖြစ်တဲ့ ကိုယ့်လက်ကို ကိုယ် ယုံသည်။ပိန်ပါးဖျော့တော့တဲ့ ခေါင်ဖုရားကို တိက္ခနဲ့ ဝဏ္ဏတို့ ခြံရံပြီး အတွင်းဆောင်ကိုဝင်သွားလိုက်.. နန်းတော်ပေါက်ဝမှာ ရပ်စောင့်လိုက် နဲ့ ပစ်ကွင်းက မငြိမ်။ သိပ်မကြာလိုက်.. ပစ်ကွင်းကောင်းကောင်းထဲ ခေါင်ဖုရား မြင်ကွင်းအတိအကျ ရောက်လာပြီး နန်းတော်ပြင်ပကို မျှော်နေတာမို့ ပေါက်ဓါးကို အိတ်ထဲကထုတ်ကာ တစ်ချက်ကောင်းအသက်ပါစေဖို့ ချိန်ဆရင်း.. ဓါးကိုပစ်လွှတ်ဖို့..အသင့်ပြင်ထားလိုက်တော့သည်။ဉီးရီးတော်နန္ဒ.. နှုတ်ဆက်ပါရဲ့။ဒီဓါးတစ်ချက်နဲ့အတူ ဉီးရီးတော်အပေါ် နှစ်ရှည်လများ နှိပ်စက်တဲ့သောကတွေ ငြိမ်းပါစေ..အိတ်ကပ်အတွင်း အသင့်ဆောင်ထားတဲ့ အဆိပ်ဗူးလေးကိုဖိလိုက်ရင်း.. ဗြတ္တ ဆုတောင်းလိုက်မိတော့သည်။*****"ရန်ပုံခွင်း.. သက်ဉီးကို အခစားဝင်ခိုင်းလိုက်။ ကိုယ်တော် နေမကောင်းတာ ခေါင်ဖုရားမသိစေနဲ့။ တိုးတိုးတိတ်တိတ် မှူးမတ်ဆောင်ဘက်ကစောင့်နေစေ။ ငါကိုယ်တော် မြတ်ငယ်စိတ်ပူမှာမလိုချင်ဘူး""မှန်လှပါ ဘုရား"နန်းတော်ခြံပေါက်ဝကို လှမ်းမြင်ရတော့မှ ရုတ်တရက်မိန့်လာတဲ့ ထီးဘုရားအမိန့်ကို ရန်ပုံခွင်းချက်ချင်း အကောင်အထည်ဖော်လိုက်သည်။ ကံအားလျှော်စွာ သက်ဉီးကလည်း ခေါင်ဖုရားကို စမ်းသပ်ဖို့လာနေတာမို့ သိပ်မကြာမီ နန်းတော်ကိုရောက်တော့မည်။ ရန်ပုံခွင်း မတင်လျှောက်ရသေးမီပဲ ကားအနက်လေးက နန်းတော်ခြံဝင်းထဲ ကွေ့ဝင်လိုက်တော့သည်။ကိုယ်တော်.. လိုက်ပါလာတဲ့ ကားအနက်လေး ခြံဝင်းထဲဝင်လာတာနဲ့ .. ခေါင်းမူးပျို့အန်ချင်နေတဲ့ မြတ် ရင်ခုန်လှုပ်ရှားစွာနဲ့ပဲ ထခုန်မိမတတ် ဝမ်းသာမိသည်။ စက်ြန်ထက်ကနေ ကားရပ်ရာနေရာကို ကလေးတစ်ယောက်သဖွယ် ပြေးသွားမိသည်အထိ ကိုယ်‌တော့်ကို မြတ် လွမ်းဆွတ်နေခဲ့တာပဲ။"ပိန်သွားလိုက်တာ မြတ်ငယ်ရယ်။ မောင်တော့်ကိုလွမ်းဆွတ်လို့များလား၊ နေများမကောင်းလို့လား"ခပ်သော့သော့လေး ကားဆီအပြေးလေးလာတဲ့ ကြင်ယာကို ငေးကြည့်ရင်း အရှင်မင်းကြီးခပ်တိုးတိုးညည်းမိသည်။နာမကျန်းတာရှည်လာခဲ့လို့ နှုတ်ခမ်းအတန်ငယ်ဖြူဖျော့နေတဲ့ .. မင်းတြားကြီးက ကားရပ်တာနဲ့ အပြေးလာကြိုတဲ့ ကြင်ယာတော်ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း ငေးနေတာ.. ဒီမြင်ကွင်းက ရန်ပုံခွင်းတင်မက အ‌ထောက်တော် ငလင်းမြင့်တို့ကိုပါ မင်သက်စေတာအမှန်။ကြင်ကြင်နာနာ ငေးကြည့်နေကြတဲ့ အရှင်မင်းကြီးတို့ကို မနှောက်ယှက်ချင်တာနဲ့ . ရန်ပုံခွင်းတို့.. ကားပေါ်ကဆင်းတာတောင် နောက်ကျကုန်တော့သည်။မင်းကြီးကိုကြိုဆိုနေကြတဲ့ နန်းတော်သူနန်းတော်သားတို့ကလည်း မင်းကြီးလျှောက်လမ်းတစ်ဘက်တစ်ချက် ခြံရံလျက် ဒူးထောက်ခစားနေကြလေသည်။မင်းတြားကြီး ဘယ်သူ့ကိုမှမစောင့်တော့ဘဲ ကားတံခါးကိုယ်တိုင်ဖွင့်ကာ ကားပေါ်က ဆင်းပြီး .. အနားကိုရောက်လာတဲ့ မြတ်ငယ်ကို ပွေ့ဖက်မည်အပြု.. လှစ်ကနဲ မြတ်ငယ်ရဲ့ နောက်ကျော ဆီဝင်လာတဲ့ ပေါက်ဓါးမြှောင်ကို မြင်လိုက်တာကြောင့်.. မြတ်ငယ်ကို ဆွဲဖက်လျက် လှည့်လိုက်သည်။အရှိန်ခပ်ပြင်းပြင်းနဲ့ မြတ်ငယ်နှလုံးသားနေရာတည့်တည့်ဝင်လာတဲ့ ဓါးပေါက်ချက်က ကောင်းလှတာမို့ ကိုယ်တော်ကြီး ကျောပြင်ကို တစ်ဆုံးစိုက်ဝင်သွားတော့သည်။"ကိုယ်တော်.. ""အင့်.."မြန်လှတဲ့အဖြစ်အပျက်ကြောင့် လူတိုင်း.. ပါးစပ်အဟောင်းသား ငေးလို့။မြတ်အပေါ် ပိကျလာတဲ့ကိုယ်တော့်ကို မြတ် အားကုန်သုံးပြီးဖက်ထားကာ ဖေးမလိုက်ပေမယ့် ကိုယ်တော်ကတော့ မြေပြင်ပေါ် ဒူးထောက်ကျသွားလေပြီ။ မြတ်လက်မှာ စိုစွတ်လာတာတွေက .. သွေးတွေ။"ကိုယ်တော် .. အား .. ဓါး .. ဓါး တိက္ခ""လုပ်ကြံသူ.. "ရုတ်တရက် လှည့်ချလိုက်တဲ့ မင်းတြားကြီး ကျောက ဓါးကို ခေါင်ဖုရားပြချိန်မှာ မြင်တော့မှ တိက္ခသတိဝင်လာကာ တစ်ချက်အော်ပြီး ဓါးပေါက်ရာ အရပ်ကို ဓါးဆွဲထုတ်ကာ ခုန်ဝင်သွားတော့.. ရန်ပုံခွင်းလည်း တိက္ခနောက်ကို အပြေးလိုက်ရတော့သည်။ရုတ်ရုတ်သဲသဲနဲ့ ထီးဘုရားအနား ပြေးသူပြေး .. ရန်ပုံခွင်းတို့နောက်လိုက်သူလိုက်နဲ့ အုတ်အော်သောင်းနင်းလူတွေကြားထဲ မြတ် ကိုယ်တော့်ကို ပွေ့ထားရင်း မြေပေါ်မှာ ထိုင်ချလိုက်မိသည်။ဒီဓါးက.. မြတ် ဆီကို လာတာ။"ကိုယ်တော်.. ကိုယ်တော်.. လူနာတင်ကားခေါ်စမ်း ဝဏ္ဏ.. ရန်အောင် ဘယ်ရောက်နေကြတုန်း .. ဆေးရုံပို့မယ်။ ကိုယ်တော် သတိထားပါအုံး။"ကျောပြင်က နင့်နေအောင် နာတဲ့ ဓါးဒဏ်ထက်.. ပူဆွေးသောကရောက်ပြီး ယောက်ယက်ခတ်နေရှာတဲ့ ချစ်ရသူသောကက ဘုန်းရှိန်ရောင်ဝါအတွက် ပိုနာကျင်ရသည်။"မြတ်ငယ်.. မောင်တော့်ကို ဆောင်ခန်းထဲ ပို့ပေးပါ။ ဆေးရုံ‌ဆေးခန်းတွေဆိုရင် နန်းတွင်းအရေး ဝင်စွက်ဖက်ကြလိမ့်မယ်။ သက်ဉီးလာပါလိမ့်မယ်။ မောင်တော် ဘာမှမဖြစ်ဘူးနော် စိတ်ပူတော်မမူပါနဲ့ မြတ်ငယ်။ လာလာ ‌မောင်တော့်ကို ထူပေးပါ"မြတ် ပူထူနေတာမို့လို့ ဘာမှထပ်မတွေးနိုင်ပါ ကိုယ်တော်ပြောတဲ့အတိုင်း ရန်အောင်တို့ကို သာ မြတ်နဲ့အတူ တွဲထူမစေပြီး ဆောင်ခန်းထဲ ကိုယ်တော့်ကို ခေါ်လာခဲ့ရသည်။ခေါင်ဖုရားကို စိတ်မချလို့ စစ်ဆေးပေးဖို့လာတဲ့ သက်ဉီး.. နန်းတော်ခြံဝင်းထဲ ဝင်တာနဲ့ အခြေအနေက ထင်မထားတဲ့အခြေအနေမျိုး။ ရထားမှူးငနိုင် ပြာပြာသလဲပဲ သက်ဉီးကို သတင်းပေးတာမို့ သက်ဉီး နန်းဆောင်ခန်းထဲ အပြေးလာခဲ့ရသည်။အတွင်းဆောင်ခန်းထဲ က မြင်ကွင်းကြောင့်.. သက်ဉီး ရင်ဘတ်ကိုဖိပြီး ပါးစပ်အဟောင်းသားဖြစ်ရသည်။ ကုတင်ပေါ် မှောက်လျက်အိပ်နေရှာတဲ့ ထီးဘုရားကျောပြင်မှာ ဓါးတစ်လက်က ဓါးသွားအဆုံးထိစိုက်လျက် ထီးဘုရားကိုပေါင်ပေါ်တင်ထားပြီး သွေးတွေသုတ်ပေးနေတဲ့ ခေါင်ဖုရားလက်နှစ်ဘက်လုံး သွေးချင်းချင်းနီလျက်။ ထီးဘုရားကို သူတစ်ပါးထိကိုင်တာ ခွင့်မပြုထားတဲ့ ခေါင်ဖုရားထံ က ခပ်တိုးတိုး တောင်းပန်သံလေးက သနားစဖွယ်။"သက်ဉီး.. လာပါ ကြည့်ပါအုံး ဓါးကို ဘယ့်နှယ်လုပ်ရမလဲ ဟင်။ ကယ်ပါဉီးသက်ဉီးရယ်။"ခေါင်ဖုရားအသံက တုန်လှုပ်နေသလို.. ဓါးဒဏ်ရာကြောင့် နာကျင်နေတဲ့ ‌ထီးဘုရားကြီးကိုလည်း လှည့်လို့မရတာမို့ အင်္ကျီကိုသာ ကတ်ကြေးနဲ့ ထိုးဖြတ်ပစ်လိုက်ပြီး.. ပေါ်လာတဲ့ ဒဏ်ရာကို စစ်ဆေးကြည့်လိုက်ရသည်။နှလုံးကိုထိဖို့. . လက်မဝက်လောက်ပဲ လိုတော့တဲ့ ဓါးပေါက်ချက်က သေသပ်ထိရောက်လှသည်။ ဘယ်သူကများ လုပ်ကြံရတာလဲ။သက်ဉီးစစ်ဆေးပြီး နှလုံးနဲ့လွတ်သွားတာကို ကျေးဇူးကြိတ်တင်ရင်း ဒဏ်ရာပေါ် ထုံဆေး ဖြန်းလိုက်ကာ ဓါးကိုအတတ်နိုင်ဆုံးမနာကျင်စေအောင် ကြိုးစား နှုတ်ပေးလိုက်ရသည်။သွေးစိမ်းရှင်ရှင်ထွက်လာတဲ့ဒဏ်ရာကို သွေးတိတ်ဆေးထည့် ချုပ်ပြီးမှ ပတ်တီးစည်းနှောင်ပေးလိုက်ရသည်။သက်ဉီးပေးတဲ့ဆေးတွေကိုတော့ ခေါင်ဖုရားကိုယ်တိုင် ဝတ်လဲတော် လဲလှယ်ပေးပြီးတာနဲ့ ကြင်ကြင်နာနာ တိုက်ကျွေးလေသည်။"သက်ဉီး.. ဒီမှာကြည့်စမ်း။ ဒီလက်ဝါးက ဒဏ်ရာတွေကိုပါ ဆေးထည့်စမ်းပါ။ ကိုယ်တော် .. ဒီဒဏ်ရာတွေ ဘယ်လိုရလာတာလဲဟင်။ မြတ်ကို ဘာမှမဖြစ်ဘူးလို့ ညာထားတာမဟုတ်လား။ ဒဏ်ရာတွေက ရင်းတောင်နေသလိုပဲ သက်ဉီးရယ်။ ကြည့်စမ်းပါ"သက်ဉီး.. ထီးဘုရားလက်ဝါးကဒဏ်ရာတွေကို သေချာစစ်ကြည့်ပြီး ဆေးထည့်ပတ်တီးစည်းပေးရပြန်သည်။"ဝဏ္ဏ ငချစ်မြဆီဖုန်းဆက်စမ်း။ ငါကိုယ်တော် စကားပြောမယ်"ထီးဘုရားကြီးကတော့ အနာဒဏ်ရာကြောင့်‌ရော နာမကျန်းလို့ အားနည်းဖျော့တော့တာကြောင့်ရော မျောနေအောင် အိပ်ပျော်နေခဲ့ပြီ။"ငချစ်မြ.. ထီးဘုရား ဘာတွေဖြစ်လာလဲ လျှောက်စမ်း"ခေါင်ဖုရားရဲ့ အံကြိတ်သံက ဉီးချစ်မြကို တုန်တက်သွားစေသည်။"မှန်လှပါ ခေါင်ဖုရား.. လက်က အနာက ဝိုင်ခွက်ကွဲစတွေ ရှမိလို့ပါဘုရား။ ဒူးက ထိခိုက်မိတာ နှစ်ခါမို့လို့ အနာသည်းကြောင်းပါဘုရား။ ဟိုတယ်ဓါတ်လှေကားက နေ့စဉ်အသုံးပြုနေခဲ့ပေမယ့် တစ်ရက်မှာ အလိုလို အမြင့်ဆုံးအထပ်မှာ ရပ်ပါတယ်ဘုရား။ တစ်နာရီကျော်ကြာအောင် ရပ်နေခဲ့ပြီး.. အထပ် ၃၀ ကျော်က ပြုတ်ကျဖို့ ရာခိုင်နှုန်းအပြည့်ကို .. ထီးဘုရားဘုန်းကံကြောင့် ငယ်ကျွန်တို့ အသက်ဘေးကလွတ်ခဲ့ပါတယ်ဘုရား။ သံတမန်ရေးရာလုပ်ငန်းများနဲ့ သဘောတူညီမှုများကိုလည်း သုံးနိုင်ငံအကြား ကောင်းစွာတည်ဆောက်ခဲ့ပါတယ်ဘုရား"ဉီးချစ်မြ ခေါင်ဖုရားကို တစ်ခုမှ မချွင်းချန်ထားရဲ။ စိတ်ထဲရှိသမျှ အားလုံးဖွင့်ပြောလိုက်မိသည်။"ဒီလောက်တောင် ဖြစ်ခဲ့တာလား.. ကိုယ်တော်ရယ်"ယူကြုံးမရတဲ့ လေသံက ဖုန်းထဲကနေ ဉီးချစ်မြ နားရင်းကို ရိုက်လေသည်။ အံကြိတ်သံထက်ပိုပြီး ကြောက်ဖို့ကောင်းတဲ့ ဝမ်းနည်းသံကြောင့် ခေါင်ဖုရားကို သနားမိနေတော့သည်။🌺🗡🌺🌺🗡🌺🌺🗡🌺🌺🗡🌺ထွက်ပြေးတဲ့လုပ်ကြံသူက ရေကန်ဘက်ကို မျက်နှာမူကာ ပြေးတာမို့ တိက္ခနဲ့ရန်ပုံခွင်းတို့ နောက်က အမြန်လိုက်လာခဲ့ကြသည်။ဗြတ္တ အသက်ကိုလုပြီး ပြေးလာခဲ့ပေမယ့် ငယ်ရွယ်ဖြတ်လတ်တဲ့ တိက္ခကို မျက်ခြေဖြတ်လို့ မရ။ မျက်စေ့အောက်တင်ပဲ တူလိုသားလို ချစ်ခင်ရတဲ့ ထီးဘုရားကျောပြင်မှာ ကိုယ်တိုင်ပစ်လိုက်လို့ စိုက်သွားခဲ့တဲ့ ပေါက်ဓါးလေးကိုသာ မြင်ယောင်နေမိတာမို့ မသေအောင်ပြေးရမယ့်တာဝန်ကိုတောင် မေ့လုမတတ် ကြေကွဲမိသည်။ဗြတ္တမတတ်နိုင်တော့... ရန်ပုံခွင်းတို့ မျက်စေ့မှောက်အောင် ပရိယာယ်ဆင်ပြီး ခြံစည်းရိုးဖျက်ထားကာ ထင်ရှားတဲ့ဝင်ပေါက်ကို ရှာတွေ့စေပြီး ထိုခြံစည်းရိုးပျက်နေရာနှင့် မနီးမဝေးမှာ မထင်ရှားအောင် ခြုံတွေပိတ်ဆို့ထားတဲ့ ထွက်ပေါက်ကို လွတ်လမ်းအနေနဲ့ တူးဖော်သုံးလိုက်ရသည်။ ထိုအခါမှသာ ရန်ပုံခွင်းတို့ ထိုထွက်ပေါက်ကို တွေ့တော့သည်။ ဝင်ပေါက်သည်ကား ရန်ပုံခွင်းစစ်ဆေးခဲ့တဲ့ ခြံစည်းရိုးပျက်နေရာနှင့်မဝေး။ တိက္ခနဲ့ ရန်ပုံခွင်းတို့ လုပ်ကြံသူထွက်ပြေးတဲ့ ထွက်ပေါက်ကနေ ခြံစည်းရိုးအပြင်ဘက် တောထဲအထိ ပြေးလိုက်ခဲ့တာ တောအုပ်ထဲမှာပဲ လုပ်ကြံသူကို တိက္ခတို့ ဝိုင်းမိလေသည်။"မပြေးနဲ့.. ရာရာစစ ဘယ်သူ့ကိုလာလုပ်ကြံတာလဲ အသက်သေဖို့ပြင်ထားလိုက်စမ်း""ဗြတ္တ.. ငမိုက်သား မင်းကိုဘယ်သူခိုင်းလိုက်တာလဲ ဉီးရီးတော်လား၊ တိက္ခ မသေအောင်ဖမ်းစမ်း။ စစ်ဆေးရမယ်"မျက်နှာကိုဖုံးထားပေမယ့် ကိုယ်နေဟန်ထားနဲ့ တိုက်ခိုက်တဲ့ပုံစံတို့ကြောင့် ဗြတ္တပဲဆိုတာ ရန်ပုံခွင်းသေချာသိသည်။ တိက္ခနဲ့ ရန်ပုံခွင်းတို့ ပြေးပေါက်နှစ်ဘက်ညှပ်ထားတာမို့.. လုပ်ကြံသူ ဗြတ္တ အရက်စက်ဆုံးတိုက်ကွက်ကိုထုတ်သုံးလိုက်တော့သည်။ဓါးရှည်နဲ့ လူကို တိုက်ခိုက်ဖို့ အကောင်းဆုံး တိုက်ကွက်က သေကွင်းသေကွက်ကို အဝေးကပစ်ခတ်ခြင်းပဲမဟုတ်လား။ သုံးယောက်သား နဲနဲအကဲခတ်နေကြပြီးနောက် .. လုပ်ကြံသူ ဗြတ္တ သဘောပေါက်သည်က ရန်ပုံခွင်းရဲ့ တိုက်ရည်ခိုက်ရည် လက်ရည်မကျတာပဲဖြစ်သည်။ တိက္ခကတော့ လူငယ်ဖြစ်တာမို့ ဗြတ္တအလွယ်တစ်ကူအနိုင်ယူနိုင်လိမ့်မယ်လို့ထင်ထားမိသည်။ကြံစည်လိုက်တဲ့တိုက်ကွက်အတိုင်း အယောင်ပြကာ တိုက်ကွက်တစ်ခုထုတ်လိုက်ပြီး .. ပေါက်ဓါးနဲ့ စကြ်ာငယ်လေးတွေကိုတော့ ရန်ပုံခွင်းရဲ့ သေကွင်းသေကွက်တွေဆီ ချိန်ဆကာ တစ်ခုချင်း ဆင့်ကဲ ဝေ့ဝဲပစ်ထုတ်လိုက်ပြီး.. လူကိုယ်တိုင်ကတော့ တိက္ခရှိရာဘက်ကိုမျက်နှာမူကာ ဓါးရှည်ကို ဓါးတိုနှစ်လက်ဖြင့် ယှဉ်ပြိုင်ရင်း လွတ်လမ်းရှာလိုက်သည်။ဗြတ္တ မထင်မှတ်ထားသည်ကား ရန်ပုံခွင်းရဲ့ လက်ထွက်.. ဇာမဏိရဲ့ တပည့် တိက္ခရဲ့ ဓါးစွမ်းက ဗြတ္တ ထင်ထားတာထက်ပိုအစွမ်းထက်နေတာမို့ ဗြတ္တ အစွမ်းကုန်ရှောင်တိမ်းပါသော်လည်း လက်မောင်းနဲ့ ခါးစောင်းမှာ ဓါးချက်နှစ်ချက် ထိလေတော့သည်။အသက် ၅၀ ကျော် ရန်ပုံခွင်း ဗြတ္တရဲ့ပေါက်ဓါးတွေကို ဓါးနဲ့ ခုတ်ချလိုက်နိုင်ပေမယ့် သေးငယ်ပြီး အရပ်လေးမျက်နှာက ဝေ့ဝဲပျံလာတဲ့ စကြ်ာလေးတွေကိုတော့ အကုန်မမြင်နိုင်လိုက်တာမို့ တိက္ခနဲ့ ဗြတ္တတို့ တိုက်ခိုက်နေတာအာရုံစိုက်မိချိန် စကြ်ာငယ်တစ်ခု လည်မျိုမှာလာစိုက်တော့သည်။ ရှောင်ရင်းတိမ်းရင်း ပစ်တဲ့လက်နက်မို့ အားအင်အကုန်မစိုက်နိုင်လိုက်တာက ရန်ပုံခွင်းအတွက်သက်သာသွားစေတာပင်။ လည်မျိုမှာလာစိုက်တဲ့ စကြ်ာကို ဆွဲနှုတ်ပြီး တိက္ခတို့ဆီခုန်ဝင်ဖို့ကြိုးစားလိုက်ချိန်မှာပဲ ရန်ပုံခွင်း..အမြင်တွေဝေဝါးပြီး တစ်ကိုယ်လုံးပျော့ခွေကာ ဒူး‌ထောက်ကျသွားတော့သည်။အဆိပ်...သွေးနဲ့ထိတာနဲ့ တစ်ခါတည်းအသက်ပါစေမယ့် ထိသေအဆိပ်မျိုးက ဗြတ္တတို့ ‌ယောနယ်ဘက်မုဆိုးမျိုးရိုးတွေ သုံးလေ့ရှိတာ ရန်ပုံခွင်းဘာလို့မေ့နေမိတာလဲ။ ဒါဆို ထီးဘုရား...ကျောကိုစိုက်တဲ့ ဓါးမှာများ အဆိပ်ရှိနေမလား။ဓါးမထိလိုက်တဲ့ ခေါင်ဖုရားအတွက် ဝမ်းသာရမလား အဆိပ်ပါတဲ့ဓါးတန်းလန်းနဲ့ မြေပြင်ပေါ် လဲသွားတဲ့ ထီးဘုရားကို စိတ်ပူရမလား...ရန်ပုံခွင်းမျက်ဝန်းတွေလေးလာပြီး သွေးပွက်ပွက်ထွက်တဲ့ လည်မျိုက ဒဏ်ရာကိုလက်နဲ့အုပ်ကိုင်ရင်း ခြေလှမ်းပင်မလှမ်းနိုင်တော့ဘဲ လဲကျသွားရတော့သည်။လက်နှစ်ဘက်နဲ့ ဆောင်ဓါးငယ် နှစ်ချောင်းကိုသာ အသုံးပြုပြီးခုခံတဲ့ လုပ်ကြံသူက တိက္ခလက်ချက်နဲ့ သွေးချင်းချင်းနီနေပြီဖြစ်သော်လည်း လဲကျမသွားတဲ့အပြင် ခုခံတဲ့ တိုက်ကွက်တွေကလည်း တိက္ခသတိကြီးကြီးထားပြီ ရှောင်နေရလောက်အောင် စွမ်းတာမို့ တိက္ခ ခြေထောက်တွေကို အဓိကထားတိုက်ခိုက်နေမိသည်။ ခြေကျင်းဝတ်က အကြောကိုဖြတ်လိုက်ရင် မပြေးနိုင်လောက်တော့ဘူးမဟုတ်လား။ ဒါမှလည်း ဖမ်းဆီးစစ်မေးနိုင်မှာ။ဗြတ္တ တိက္ခနောက်မှာလဲကျသွားတဲ့ ရန်ပုံခွင်းကို တစ်ချက်ကြည့်လိုက်ပြီး ဒီပွဲကို အမြန်အဆုံးသတ်ဖို့ လိုပြီလို့ သဘောပေါက်လိုက်သည်။ လက်နဲ့ ခါးမှာ ဓါးဒဏ်ရာတွေနဲ့ အထိနာနေတဲ့ ဗြတ္တ နောက်ထပ်တိုးလာမယ့်လူအင်အားနဲ့ဆိုရင် ဖမ်းမိတော့မှာသေချာသည်။ ခြေထောက်ကိုသာ ဉီးတည်လာတဲ့ တိက္ခရဲ့ ဓါးချက်တွေကို တိမ်းရှောင်ရင်း အလွတ်ရုန်းပြေးဖို့ တိုက်ကွက်ပြောင်းကာ ခုခံလိုက်ရသည်။လုပ်ကြံသူက ခံစစ်ကနေ ရုတ်တရက် တိုက်ကွက်ပြောင်းကာ တိုးလို့တိုက်ခိုက်လာတာမို့ တိက္ခ သတိထားကာ ခုခံရင်း.. ဓါးရှည်ကို လက်လွှဲပိုင်းချလိုက်ရာ လုပ်ကြံသူလက်ထဲက ဓါးတိုတစ်ချောင်းမြေပေါ် ကျပြီး ထိုလုပ်ကြံသူလက်ချောင်းများဓါးနဲ့ခုတ်မိသွားတာမို့ တိက္ခ တိုးပြီး တိုက်ကွက်ထုတ်ချိန်မှာပဲ .."ဝုန်း.."လုပ်ကြံသူက လက်ထဲမှာကျန်တဲ့ ဓါးတစ်ချောင်းကို ပစ်အလွှတ်မှာ တိက္ခရှောင်လိုက်ပြီး လုပ်ကြံသူခြေထောက်တွေကို ဖြတ်ဖို့ဓါးကို လွှဲလိုက်စဉ်မှာပဲ ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ မီးခိုးလုံးများမွှန်ထူသွားပြီး သံမှုန်သံစများလာစဉ်တာကြောင့် တိက္ခ မျက်နှာကို လက်ဖျံနဲ့ကာကွယ်ပြီး မြေမှာ ဝပ်ချလိုက်ရသည်။မီးခိုးလုံးများ လေပြေနဲ့အတူ လွင့်သွားချိန်မှာတော့ လုပ်ကြံသူကို တိက္ခ မတွေ့ရတော့။ တိက္ခ မျက်နှာ တစ်ခုကလွဲပြီး ညာဘက်တစ်ခြမ်းလုံး သံတိုသံစတွေ စိုက်နေတာမို့ နာကျင်စရာ အပေါက်တွေက သွေးတွေစိမ့်ထွက်လာတော့သည်။ နံရိုးကြားလာစိုက်တဲ့ သံချောင်းက နဲနဲကြီးပုံရသည်။ အောင့်နာလာတာမို့. တိက္ခ.. ရုတ်တရက် ပြန်မထနိုင်ဘဲ ကုန်းကုန်းကွကွနဲ့ ကိုယ်ရံတော်ရန်ပုံခွင်းကို စိတ်ပူစွာ လိုက်ရှာမိသည်။ မြေပြင်ပေါ်လဲကျနေတဲ့ ကိုယ်ရံတော် ရန်ပုံခွင်းလည်မျိုက သွေးပန်းထွက်နေတဲ့အပြင် တုပ်တုပ်မှမလှုပ်‌တော့တာကြောင့် .. တိက္ခ အားတင်းလိုက်ပြီး ကိုယ်ရံတော် ရန်ပုံခွင်းအနား.. တိုးကပ်သွားလိုက်မိတော့သည်။ဝုန်းကနဲ အသံနဲ့ မီးခိုးလုံးတို့ကြောင့် အထောက်တော် ငလင်းမြင့်နဲ့ နန်းဆောင်ထိမ်းကြီးတို့ အပြင် နောက်ကလိုက်လာတဲ့ နန်းတွင်းသားများ ခြုံတွေပိတ်ထားတဲ့ ထွက်ပေါက်ကို တွေ့ပြီး သွေးသံရဲရဲ လဲနေရှာတဲ့ တိက္ခနဲ့ ရန်ပုံခွင်းတို့ကို တွေ့တော့တာပင်။တိက္ခတို့ကို .. ချက်ချင်း သယ်ဆောင်လာခဲ့ပြီး မှူးမတ်ဆောင်မှာ..နေရာချပြီးတာနဲ့ ငလင်းမြင့် နန်းတွင်းသမားတော် သက်ဉီးကို အပြေးအကြောင်းကြားရတော့သည်။တိက္ခတို့အခြေအနေကို ငလင်းမြင့်လျှောက်တင်မှုအဆုံးမှာကိုယ်တော့်လက်က ဒဏ်ရာတွေကိုစည်းနှောင်ထားတဲ့ ပတ်တီးနဲ့ ကျောပြင်က ပတ်တီးကို ပွတ်သပ်ပေးရင်း.. မြတ် အံကိုကြိတ်လိုက်မိသည်။ဖြစ်ရလေတယ် တိက္ခနဲ့ရန်ပုံခွင်းရယ်။"ရန်အောင်.. ဒီအနားကိုလာ။ ထီးဘုရားလက်ကို မလွှတ်လိုက်နဲ့။ ကိုယ်တော့်ကိုယ်စား ခဏ ကိုင်ထားစမ်း။ သက်ဉီး.. လာ ငါကိုယ်တော်လည်း လိုက်မယ်"သက်ဉီးရှေ့ကနေ ခြေသံပြင်းပြင်း နင်းချသွားတဲ့ ခေါင်ဖုရားနောက်ကို .. သက်ဉီးနဲ့ လင်းမြင့်တို့ အပြေးအလွှားလိုက်သွားရလေသည်။သတိလစ်နေတဲ့ ရန်ပုံခွင်းမိလာတာက အဆိပ်တော့မဟုတ်.. ထုံထိုင်းစေတဲ့ ဆေးတစ်မျိုးဖြစ်လို့ ထိုထုံထိုင်းတာပျောက်အောင် ဖြေဆေးလိုသည်။ သက်ဉီး စစ်ဆေးပြီး လိုအပ်တဲ့ဆေးတွေကို ငလင်းမြင့်ကို မှော်ဘီမြို့လွှတ်ကာ ဝယ်ခိုင်းလိုက်ရသည်။ ရန်ပုံခွင်းလည်ပင်းက အနာကျက်ရင် သက်သာပြီဆိုပေမယ့် တိက္ခက စိုးရိမ်ရသည်။ တစ်ကိုယ်လုံးနီးပါး စိုက်ဝင်နေတဲ့ သံချာင်းတွေကို သေချာခွဲစိတ်ထုတ်ယူဖို့ လိုသလို နံရိုးကြားဝင်သွားတဲ သံချောင်းကြောင့် သွေးထွက်လွန်နေတဲ့ အပြင်.. ထိုသံချောင်းမည်မျှ နက်နက် စိုက်နေတယ်ဆိုတာ မသိနိုင်တာကြောင့် သက်ဉီး ခွဲစိတ်ဖို့အခက်တွေ့နေရသည်။"ခေါင်ဖုရား.. တိက္ခကို ခွဲစိတ်ဖို့လိုပါတယ်ဘုရား။ သွေးလည်း လိုပါလိမ့်မယ်။ နန်းတွင်းဆေးခန်းကို ‌ရွှေ့ပြီး သက်ဉီးခွဲစိတ်ပေးနိုင်ပေမယ့် နံရိုးကြားက သံချောင်းကိုတော့ စိတ်မချပါဘူးဘုရား။ ဒါကြောင့် မိတ်ဆွေခွဲစိတ်ဆရာဝန်ကိုခေါ်ပါရစေဘုရား""အင်း. ခေါ်လိုက်သက်ဉီး။ နန်းတွင်းက ကိစ္စ အပြင်မရောက်စေဖို့တော့ ကိုယ်တော်လည်း ကြိုးစားဖြောင့်ဖြရတာပေါ့""မှန်ပါဘုရား။ မိတ်ဆွေက စိတ်ချရပါတယ်ဘုရား။ ကျွန်တော်မျိုးအကြောင်းလည်း သိထားသူပါဘုရား"တိက္ခကို နန်းတွင်းဆေးခန်းရွှေ့ပြီးတာနဲ့ .. ခွဲစိတ်ဖို့ သက်ဉီး ပြင်ဆင်နေတုန်းမှာပဲ သတိလစ်နေတဲ့ တိက္ခ သတိပြန်ရလာခဲ့သည်။ တိက္ခကုတင်အနားရပ်ကာ သွေးထွက်နေတဲ့ ဒဏ်ရာတွေကို သန့်ရှင်းရေးလုပ်ပေးနေတဲ့ မြတ်ကို မြင်တာနဲ့ တိက္ခ နံရိုးကြားကသံချောင်းကို သူ့ဘာသာ ဆွဲနှုတ်ပစ်လိုက်လေသည်။သွေးပန်းထွက်လာတဲ့ ဒဏ်ရာနေရာကို မြတ် ကမန်းကတန်း ခေါင်းပေါင်းချွတ်ကာ ဖိပိတ်လိုက်ပြီး တိက္ခကို ဖေးမထားလိုက်မိသည်။"တိက္ခ ဘယ့်လိုလုပ်လိုက်တာလဲ။ မင်းသေသွားမှာပေါ့။ လှဲနေစမ်း။ သက်ဉီး ဘာကြောင်ကြည့်နေတာလဲ လာလေ။ ဟေ့ မောင်ထက် .. ရေနွေးယူခဲ့စမ်း။"ခေါင်ဘုရား အသံကြားတော့မှ သက်ဉီး အသိပြန်ဝင်လာပြီး ခေါင်ဖုရားလက်ထဲက တိက္ခကို သွေးတိတ်စေဖို့ ပြုစုလိုက်ပြီး ဒဏ်ရာကို ဆေးထည့်ပေးလိုက်ရသည်။နာကျင်တယ်လို့တောင် မထင်ရတဲ့ တိက္ခက ခေါင်ဖုရားလက်ကိုအုပ်ကိုင်ကာ လက်အုပ်ချီလိုက်ပြီး တွန်းလွှတ်လိုက်သည်။"ခေါင်ဖုရား.. လုပ်ကြံသူကို မမိလိုက်ပါဘူးဘုရား။ အသက်ဘေးစိုးရိမ်ရပါတယ်ဘုရား။ ထီးဘုရားအနားနေပြီး ဝဏ္ဏတို့စောင့်ရှောက်မှုအောက်မှာ နေတော်မူပါဘုရား။ ငယ်ကျွန်တို့ ဘာမှမဖြစ်ပါဘူးဘုရား။ စိတ်ပူတော်မမူပါနဲ့ဘုရား"မြတ်ကိုစိတ်ပူစွာ သတိပေးပြီးတာနဲ့ သတိလစ်သွားတဲ့ တိက္ခကို .. မြတ် စိတ်မချပါ။"သက်ဉီး မောင်မင်း မိတ်ဆွေမလာသေးဘူးလား။ မောင်မင်းတို့မနိုင်ရင် ပင်လုံဆေးရုံကိုပို့မယ်။ ကိုယ်တော့်ကိုပွင့်ပွင့်လင်းလင်းလျှောက်ကြ။""ခေါင်ဖုရား။ ထီးဘုရားအနားပြန်ကြွတော်မူပါဘုရား။ ထီးဘုရား နာမကျန်းလို့ အားနည်းနေချိန် ထိခိုက်ဒဏ်ရာရတာမို့ စိတ်မချရပါဘူးဘုရား။ ခေါင်ဖုရားလည်း ကျန်းမာတာမဟုတ်လို့ နားစေလိုပါတယ်ဘုရား။ ဝဏ္ဏ .. ခေါင်ဖုရားကို ဆောင်ခန်း ပြန်ကြွဖို့ ခေါ်ပါလား။ ကြွတော်မူပါလားဘုရား"သက်ဉီးစကားကြောင့် တိက္ခနဲ့ ရန်ပုံခွင်းကို စိတ်ပူနေမိတဲ့ မြတ် .. ချစ်ရသူဆီ ပြန်လာခဲ့ရသည်။စောစောက စိတ်တွေပူထူနေလို့ ဘာမှသတိမရပေမယ့်.. အခု ကြင်ယာတော်အနား ထိုင်မိတော့မှ.. သွေးညှီနံ့တွေကို သတိထားမိပြီး ပျို့အန်ချင်စိတ်တွေ ဖြစ်လာတော့သည်။"ကိုယ်တော်.. ဘာလို့များ မြတ်ကိုယ်စား အနာခံရတာလဲကိုယ်တော်ရယ်။ ကျိန်စာထဲမှာ ကြင်ယာတော် တိမ်းပါးမှ အသက်မြဲမယ်လို့ ရေးထားတာလေ။ ကိုယ်တော်မေ့နေတာလား ဟင်။ ဒီကျိန်စာကြောင့်ပဲ ဖျားနာတာတွေ အသက်ဘေးနီးလှတဲ့ ပိတ်မိတာတွေ ဖြစ်လာတာလား ကိုယ်တော်။ မြတ်ကို ဘာလို့များ ဖုံးကွယ်ထားတာလဲ ကွယ်"ကိုယ်တော့်ပါးပြင်ကို မြတ်ပါးအပ်လိုက်ပြီး မျောနေတဲ့ကိုယ်တော့ကို မေးနေပေမယ့် ကိုယ်တော်ကတော့ မဖြေနိုင်ပါ။တယုတယကိုင်ထားမိတဲ့ ကိုယ်တော့်လက်က ဒဏ်ရာတွေနဲ့ .. မြတ်လက်က သွေးစေးတွေ စီးကပ်လို့။မြတ် ပျို့လာ အန်ချင်လာတာတွေက ထိမ်းထားလို့မရတော့။ မနက်ကတည်းက တစ်ခွက်သာဝင်သေးတဲ့ ဆေးကို ထပ်သောက်မှ အန်ချင်တာပျောက်မှာမို့လည်း မှောက်လျက်အိပ်ပျော်နေတဲ့ ကိုယ်တော့်ကို ခဏထားခဲ့ပြီး ဒီပါစံနန်းဆောင်ထဲ မြတ် ပြန်လာခဲ့ကာ ဆေးတစ်ခွက်သောက်လိုက်ရသည်။ဝင်ခွင့်မရလို့ အခန်းပေါက်ဝကနေ အထဲကို ကဲကြည့်နေတဲ့ ဝဏ္ဏကို လက်တစ်ချက်ပြလိုက်ပြီး ဝတ်လဲတော်ထုတ်ကာ ရေမိုးချိုးလိုက်ရသည်။ မြတ်လက်မှာ သွေးတွေက‌ ခြောက်ကပ်နေပြီ။"ဒီနေ့က ဘာတွေဖြစ်ကုန်ရတာလဲ။ ကိုယ်တော့်ကျောက ဓါးချက်က ငါ့ဆီကိုတန်းဝင်လာခဲ့တာပဲ။ ငါ့ကို ဘယ်သူက သေစေချင်နေတာလဲ။ ကြင်ယာတော် တိမ်းပါးလေမှ သတိုးမျိုးရိုး သက်တမ်းမပြတ်မှာ ဆိုတဲ့ကျိန်စာအတိုင်း ဆိုရင်.. ငါ့ကိုကိုယ်တော်က ဘာလို့ ကယ်ရတာလဲ။ ဉီးရီးတော် မောင်မောင်တို့ ရတနာအိမ်နိမ့်စံတွေကပဲ လုပ်ကြံကြတာများလား။ ငါ့ကိုလုပ်ကြံလို့ သူတို့ဘာအကျိုးရှိမှာလဲ။ ထီးနန်းဆက်ခံသူပျောက်မှာစိုးလို့များ ငါ့ကို လုပ်ကြံကြတာလား။ အင်း...."မေးခွန်းတွေက အဖြေမရှိ။ မဟုတ် .. အဖြေကရှိသည်.. ထိုအဖြေကို မြတ်တစ်ယောက်သာ မသိတာဖြစ်လိမ့်မည်။ ထိုအဖြေကို သိရဖို့ တစ်ခြားဘယ်သူ့ကိုမှ‌မေးဖို့မလိုပါ။ ကိုယ်တော့်ကိုသာ မေးရတော့မှာ။ ကိုယ်တော့်ဆီက အဖြေကို ရဖို့ ဘယ်လိုကြံစည်ရမလဲဆိုတာသာ မြတ် နက်နက်နဲနဲတွေးနေမိတော့သည်။****"နောင်‌တော်.. နောင်တော်.. ဟင် ခေါင်ဖုရား.. ထိခိုက်မိတာမရှိဘူးမဟုတ်လား ဟင်။""ကိုယ်တော်သတိရနေပြီ မဟာ။ လာပါ။ မြတ်က ဘာမှမထိခိုက်ပါဘူး"မြတ် ဖုန်းဆက်အကြောင်းကြားလိုက်လို့ .. အပြေးရောက်လာတဲ့ မဟာက ထီးဘုရားအနား တိုးကာ ဒူးထောက်ထိုင်လိုက်တာမို့ မြတ်လည်း ကိုယ်တော့်နံဘေးက အသာခွာပေးလိုက်သည်။ မဟာ့နောက်က အတွင်းဆောင်ထဲ ဝင်ခွင့်ယူပြီးရောက်လာတာက ဒိဗ္ဗနဲ့ ဉီးညို။"ခေါင်ဖုရား.. ဒိဗ္ဗ အခစားရောက်ကြောင်းပါဘုရား။ ကိုယ်ရံတော်ငယ်များ နဲ့ သူရဲငယ်များ နန်းတော်ဝင်းအနှံ့ လုံခြုံရေးချထားကြောင်းပါ ခေါင်ဖုရား။ ခေါင်ဖုရား ကျန်းမာပါရဲ့လားဘုရား။ မျက်နှာတော် ဖျော့တော့လွန်းပါတယ်ဘုရား။ ထီးဘုရားအနား နားနေတော်မူပါလားဘုရား""နားခံတော် ငညို အခစားဝင်ကြောင်းပါ ခေါင်ဖုရား.."လုပ်ကြံသူလွတ်ထွက်သွားတဲ့အပြင် သတိမရလာသေးတဲ့ တိက္ခနဲ့ သက်သာကာစ ရန်ပုံခွင်းတို့က အားနည်းနေတာမို့ .. မြတ် အနားကို ကိုယ်ရံတော် ဒိဗ္ဗ ညတွင်းချင်းရောက်လာခဲ့တာပဲဖြစ်သည်။"အင်း ဒိဗ္ဗ နဲ့ နားခံတော်ကြီးတို့ ရန်ပုံခွင်းတို့ကို ဂရုစိုက်ပေးပါအုံး။ ဒိဗ္ဗ .. တိက္ခကိုကြည့်ပြီးပြီလား။ သတိမရသေးဘူးတဲ့ ဒိဗ္ဗရယ်.. သံချောင်းတွေနဲ့ ဗုံးလုပ်ထားတာတဲ့လေ။ ဒီမှာကြည့် တိက္ခနံကြားက သံချောင်း။ သက်ဉီးကုသထားလို့ စိုးရိမ်စရာတော့ မရှိဘူးတဲ့။ ကိုင်း မောင်မင်း သွားကြည့်ခြေတော့""အရှင်နှစ်ပါးကို စောင့်ရှောက်ဖို့ အတွက် ရောက်လာပါတယ်ဘုရား။ နောက်များမှ ညီငယ်တိက္ခကို ကြည့်ပါ့မယ်။ လိုအပ်တာရှိရင် ဒိဗ္ဗကို မိန့်တော်မူပါဘုရား။ ဆောင်ခန်းအပြင်မှာ ငယ်ကျွန် ရှိပါ့မယ်ဘုရား"ညီကိုတောင် သွားမကြည့်နိုင်လောက်အောင် ခေါင်ဖုရားကို ဒိဗ္ဗစိတ်ပူပါသည်။ နန်းတော်တွင်းမှာလာပြီးလုပ်ကြံနိုင်ရ‌လောက်အောင် ဘာကိစ္စက အရေးကြီးနေတယ်ဆိုတာ ဒိဗ္ဗသိလိုလှသည်။ မှောက်လျက်လေး အိပ်ပျော်နေတဲ့ မင်းတြားကြီးကို ဒိဗ္ဗ ကြင်နာတဲ့မျက်ဝန်းများနဲ့ ငေးကြည့်ပြီး အရှင်နှစ်ပါးရဲ့ လုံခြုံရေးအတွက် ဒိဗ္ဗ အခန်းပြင်ပမှာ အသင့်စောင့်ရှောက်နေမိသည်။"မဟာ.. ခုလေးတင် ကိုယ်တော် အိပ်ပျော်သွားတာ။ ဆေးကပြင်းတော့ နုံးတယ်ထင်ပါတယ် မဟာရယ်။ မဟာ ကြားပြီးပြီလား။ စင်ကာပူမှာဖြစ်လာတာလေ""ငချစ်မြဆီက ကြားပြီးပါပြီ ခေါင်ဖုရား။ ခေါင်ဖုရားရော နေကောင်းရဲ့လားဘုရား။ နှုတ်ခမ်းတွေဖြူနေတာပဲကိုးဘုရား။ အားအတော်နည်းနေပုံရတယ် ခေါင်ဖုရား။ သက်ဉီးနဲ့ စစ်‌ဆေးပါအုံးလားဘုရား""မြတ် နေကောင်းပါတယ် မဟာ။ ဒါနဲ့ လုပ်ကြံတာ ဘယ်သူလို့ ထင်လဲဟင် မဟာ။""မဟာကတော့ ရတနာအိမ်နိမ့်စံတွေကို မသင်္ကာဘူး ခေါင်ဘုရား။ ဖမ်းပြီးစစ်မေးရင်တော့ ပိုကောင်းမယ်ထင်တယ်""စိတ်နောက်လူပါ မလုပ်ပါနဲ့အုံးမဟာ။ ရန်ပုံခွင်းနဲ့ တိက္ခတို့ သတိရလာရင် လုပ်ကြံသူကို ပြောပြနိုင်မယ်ထင်တယ်။""ခေါင်ဖုရား...မဟာ ရှိပါတယ်နော်ဘုရား။ စိတ်အားတင်းထားပါ။ ကိုယ်ရံတော်ရန်ပုံခွင်းကို မဟာ စကားပြောပါ့မယ်ဘုရား။ ရန်ပုံခွင်းဆီက သတင်းရရင် ဝင်းသူကို စေလွှတ်ပြီးလုပ်ကြံသူကို ဖမ်းခိုင်းပါ့မယ်ဘုရား""ကောင်းပါပြီ မဟာ.မြတ်ကျောကို စိုက်ဖို့လာတဲ့ ဒီဓါးက ဘယ်သူပစ်လွှတ်စေခိုင်းလာတာလဲလို့ မြတ်သိချင်တယ်မဟာရယ်"နောင်တော့်လက်တစ်ဘက်ကို ပါးမှာအပ်ရင်း ဝမ်းပန်းတစ်နည်း ဆိုလာတဲ့ ‌ခေါင်ဖုရားကို မဟာသနားလွန်းလှပါသည်။မဟာ မှူးမတ်ဆောင်ကိုရောက်တော့ ရန်ပုံခွင်းက သတိရနေပြီ။ ခြေလက်တွေလည်း လှုပ်ရှားလာနိုင်နေပြီ။ မဟာ့ကို မြင်တာနဲ့ စိတ်လောတဲ့အမူအယာတွေနဲ့... သူသိထားတဲ့သတင်းစကားကို ပြောဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်လေသည်။"မင်းသား အဲ့ဒါ ဗြတ္တပါဘုရား။ ငယ်ကျွန် ဖမ်းပါ့မယ်။ ငယ်ကျွန့်လက်က ဆေးထိုးအပ်ကိုဖြုတ်ပေးဖို့ အမိန့်ပေးတော်မူပါ""ရန်ပုံခွင်း.. ခေါင်ဖုရားအမိန့်လွန်ဆန်ဝံ့သလား။ အဲ့ဒါ ဗြတ္တသေချာလား ရန်ပုံခွင်း။ သေချာရင် ဝင်းသူကို အဖမ်းခိုင်းမယ်""ဝင်းသူနဲ့ ပြိုင်ဖက်မဟုတ်ပါဘူး မင်းသား။ ငယ်ကျွန်တို့ ပေါ့ဆမိတယ်ဘုရား။ ထီးဘုရား သက်သာပါရဲ့လား မင်းသား။""သက်သာတယ် ရန်ပုံခွင်း။ မောင်မင်းသက်သာအောင်နေ။ ဝင်းသူစုံစမ်းလို့ သတင်းရချိန် ဖမ်းနိုင်ဖို့ အားမွေးထား။ အခုလတ်တလော ဒိဗ္ဗနန်းတွင်းထဲရောက်နေတယ်။ ဗြတ္တဆိုရင်.. ဒါက ဉီးရီးတော်လက်ချက်လား ရန်ပုံခွင်း။ ပြောစမ်း""မှန်ပါ.. ဉီးရီးတော်ကြိုးကိုင်တယ်လို့ အရဲစွန့်လျှောက်လိုပါတယ်ဘုရား။ ဗြတ္တကို မိပါမှ ခေါင်ဖုရား ဘေးကင်းပါမယ်ဘုရား။""ကောင်းပြီ။ ငါကိုယ်တော်ကိုယ်တိုင် ပြင်ဉီးလွင်ကိုသွားတွေ့မယ် ရန်ပုံခွင်း။ ဝင်းသူကို ဒီမှာစုံစမ်းဖို့ထားခဲ့မယ်။ မောင်မင်းသာ မြန်မြန်ကျန်းမာလာခဲ့တော့။ ခေါင်ဖုရားအနား နေဖို့လူလိုတယ်။ ဝင်းသူ.. ရန်ပုံခွင်းဆီက လုပ်ကြံသူပုံစံကို မေးမြန်းပြီး မောင်မင်းစုံစမ်းဖော်ထုတ်ရမယ်။ ကိုင်း ငလင်းမြင့်.. ငနိုင့်ကို ကားပြင်ခိုင်းလိုက် ငါပြင်ဉီးလွင်ကို တက်မယ်"သတိုးမဟာမင်းရှိန်... ရန်ပုံခွင်းကို အမိန့်ပေးရင်း တိက္ခကိုလှည့်ကြည့်တော့ တိက္ခက သတိပြန်မရသေးဘဲ မေ့မျောနေဆဲပင်။ ဒီညလွန်ရင်တော့ လုပ်ကြံသူကို ဖမ်းမိနိုင်ကောင်းပါရဲ့လို့ပဲ မဟာဆုတောင်းရင်း ဖြစ်နိုင်ခြေတွေကို တွက်ဆနေမိတော့သည်။ ဖတ်ရတာအဆင်ပြေကြပါစေဗျ။အပတ်စဉ်သောကြာနေ့တိုင်း အပိုင်းသစ် တင်‌ပေးနေပါတယ်ခင်ဗျာ။နှစ်သက်ကြပါစေ။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now