အခဏ်း ၉။ Z

37 1 0
                                    

"လုပ်ကြံမှုမအောင်မြင်.. ငယ်ကျွန် ပုန်းခိုရာမှာ ဒဏ်ရာနဲ့ ငြိမ်နေရ။ ထီးဘုရား ကိုယ်စားဝင်ခံလို့ ဒဏ်ရာပြင်းထန်။ ဉီးရီးတော် ရှောင်တိမ်းပါ"စာတိုလေးက စာလုံးရေမများပေမယ့် နန္ဒကို အဖြစ်အပျက်အားလုံးပြောပြနေသည်။ဗြတ္တအကြောင်း နန္ဒ ကောင်းကောင်းသိတာပေါ့။ အင်မတန်လက်မြန်ပြီး စိတ်ငြိမ်လွန်းတဲ့လူ။ တိတ်ဆိတ်သလောက် နားလည်လွယ်တဲ့လူ။ နန္ဒလိုချင်တာ ဖြစ်ချင်တာမှန်သမျှ တစ်ခုမှ မရဖူးမဖြစ်ဖူးတာမျိုး မရှိခဲ့စဖူးအောင် စွမ်းဆောင်နိုင်တဲ့လူ။ ဒီလိုလူက ငြိမ်ငြိမ်လေးပုန်းနေရလောက်အောင် ဒဏ်ရာရလာခဲ့ပြီး. ... လုပ်ကြံချင်တဲ့ ခေါင်ဖုရားက မထိခိုက်ပါဘဲ ထီးဘုရားက ဒဏ်ရာပြင်းထန်သတဲ့လား။ ရေမြေခြားမှာ ကျန်းမာရေးချို့တဲ့လာခဲ့တဲ့ ထီးဘုရားကို .. ဗြတ္တလက်ချက်နဲ့ ဘယ်လောက်ပြင်းထန်အောင် ထိခိုက်သွားစေပြီလဲ။နန္ဒတုန်လှုပ်တဲ့ လက်များနဲ့ စာတိုလေးကို တစ်ခေါက်ထပ်ဖတ်လိုက်ပြီး ဖျက်ပစ်လိုက်ကာ.. သက်သေဖျောက်လိုက်ရပေမယ့်.. ဒီအတိုင်းထိုင်နေလို့မရတော့။ အနားက စောင့်ကြပ်နေတဲ့ ဇာမဏိရဲ့ တည်တည်ငြိမ်ငြိမ် အမူအယာမပျက်တာကြောင့် ထီးဘုရားသတင်း မရောက်လာ‌သေးတာပဲ ဖြစ်လိမ့်မယ်ထင်ရသည်။ခေါင်ဖုရားအသက်ကို နန္ဒကိုယ်တိုင် နှုတ်ယူရမှဖြစ်တော့မှာပဲ။ဟိုစဉ်တုန်းက အိမ်ရှေ့စံသတိုးဘုန်းတေဇ အိပ်ယာကမထနိုင်အောင် မကျန်းမာနေရာက မင်းသားဒီပါစံကံကုန်တာနဲ့ ယူပစ်သလိုသက်သာသွားတဲ့သာဓက အရဆိုရင် ခေါင်ဖုရားကံကုန်မှ ထီးဘုရား ကျိန်စာစက်ကွင်းက လွတ်လိမ့်မယ်မဟုတ်လား။"ဟင်း.. ကျိန်စာက အရမ်းနီးကပ်လာခဲ့ပြီပဲ။ နောက်ဆုံးစာကြောင်းကို ဖော်ပေးတဲ့ ပုဏ္ဏားညိုဘသာ စကားအတိုင်းဆိုရင်.. ကြင်ယာတော် အသက်မြဲနေတဲ့နှစ်အလိုက် ထီးဘုရားဘေးကြီးသင့်ရာ ဆထက်တစ်ပိုး တိုးလာမယ်ဆိုတဲ့ ခန့်မှန်းချက်က မှန်နေမယ်ထင်တယ်။ မိုက်လိုက်တဲ့ အမတော် ရတနာမယ်။ မယ်မင်းကြည့်စမ်း။ တူတော်လေး.. ဘာအပြစ်မှမရှိပါဘဲလျက်က ကျိန်စာစူးကို ကျောမှာထမ်းပြီး သေမင်းခံတွင်းဝဆီ ပင်ပင်ပန်းပန်း လှမ်းနေရရှာတယ်။ ထီးဘုရားရယ်.. ဉီးရီးတော်အဲ့ဒီဝန်ကို ထမ်းလို့ရရင် ထမ်းလိုက်ချင်ပါရဲ့။ ကဲပါလေ.. ကိုယ်စားထမ်းမရတော့လဲ အသက်နဲ့လဲလို့ ကာကွယ်ရုံပဲပေါ့။ ရမ်းသမ်းပြီးအဖြေရှာနေတာထက် .. ခေါင်ဖုရားကို ကိုယ်တိုင်အနီးကပ် သတ်ပစ်ရတော့မှာပေါ့။"နောက်နှစ်ရက်မှာကျရောက်မယ့် နှစ်ကူးပွဲတော်အတွက် ဟိုတယ်က စီစဉ်ထားတဲ့ ထူးခြားတဲ့ဝန်ဆောင်မှုတွေကိုကို ပြင်ဆင်နေကြသည်မှာ ဝန်ထမ်းအားလုံး မနားကြရ။ ဟိုတယ်ဝန်းအတွင်း လေးထပ်ဆောင်နဲ့ လုံးချင်းဘန်ကလိုလေးတွေအားလုံး အခန်းအပြည့် ဘိုကင်အပြည့်.. ဧည့်သည်တွေလည်း ပျားပန်းခပ်မျှ ဝင်ထွက်နေကြလေသည်။ ဧည့်သည်များတာနှင့်အမျှ တောင်းဆိုချက်တွေလည်းများသလို မူလဝန်ဆောင်မှုထက် တိုးပေးနေရတဲ့ ဝန်ဆောင်မှုတွေက ဟိုတယ်မန်နေဂျာကို မျက်ဖြူစိုက်စေအောင် များပြားတာမို့ ကိုယ်ရံတော် ဇာမဏိကူညီဖြေရှင်‌ပေးနေတာကို နန္ဒ တစ်စေ့တစ်စောင်း အကဲခတ်မိသည်။နန္ဒ သက်ပြင်းကို ခပ်ဖျော့‌ဖျော့ ချလိုက်သည်။ ကြိုတင်စီမံထားခဲ့တဲ့ လှည့်ကွက်ကို အသက်သွင်းပြီး လွတ်လမ်းရှာရတော့မှာပေါ့။နန္ဒလက်သပ်မွေးထားတဲ့ လူယုံငယ်ကို ဝန်ထမ်းအဝတ်လဲခန်းမှာ စောင့်နေဖို့ စာတိုပို့လိုက်ကာ .. မီးရှူးမီးပန်းများ တပ်ဆင်နေရာ ဟိုတယ်ခေါင်မိုးထပ်ကို ဟန်မပျက်တက်လာခဲ့တော့ ဇာမဏိလည်း နောက်ကလိုက်လာလေသည်။"ဇာမဏိ.. ဒီလိုပုံစံတပ်ဆင်ထားရင် အန္တရာယ်မဖြစ်နိုင်ဘူးလား လာကြည့်စမ်းပါ။ ဟိုမှာ သူတို့သယ်ဖို့ ပုံးတွေကျန်နေသေးတယ်လေ။ အခုတပ်ဆင်ထားမှ.. နောက်သယ်လာတဲ့ပုံးတွေနဲ့ မထိမခိုက်မိအောင် .. ထားလို့ရမှာမဟုတ်လား။ ဟေ့ ခွန်ထီး.. မင်းဇာမဏိဆီက အကြံကိုနားထောင်ကြည့်စမ်း။ မီးပန်းပုံးတွေ သိပ်နီးကပ်နေရင် အားလုံးပေါက်ကွဲကုန်လိမ့်မယ်"နန္ဒအပြစ်ရှာတာကို ဟိုတယ်မန်နေဂျာ ခွန်ထီး ပြာပြာသလဲပဲ ဇာမဏိအနားကပ်ကာ အကြံတောင်းနေတုန်း နန္ဒ ဟန်မပျက်အောက်ထပ်ဆင်းလာခဲ့သည်။ဝန်ထမ်းအဝတ်လဲခန်းထဲမှာ ထိုလူငယ်နဲ့ နန္ဒတို့ ဝတ်စုံချင်းလဲလိုက်ကာ.. နန္ဒ ရုပ်ဖျက်လျက်... ဟိုတယ်ဝင်းထဲ စောင့်ကြပ်နေကြတဲ့ ကိုယ်ရံတော်ငယ်လေးနှစ်ယောက်ကို လှည့်စားပြီး ဟိုတယ်ဝင်းထဲက ထွက်လာခဲ့ကာ အသင့်ပြင်ထားခဲ့တဲ့ ကားပေါ် ခုန်တက်လိုက်ပြီး.. ရန်ကုန်ကို မနားတမ်းတစ်ရှိန်ထိုးမောင်းထွက်လာခဲ့တော့သည်။မီးရှူးမီးပန်းတပ်ဆင်နေတဲ့ ခေါင်မိုးထပ်မှာ ဇာမဏိနဲ့ ခွန်ထီးတို့ အန္တရာယ်မရှိစေအောင် ဂရုစိုက်တပ်ဆင်လိုက်ပြီးတာနဲ့ ဉီးရီးတော်နန္ဒ မရှိတာကို ဇာမဏိ သတိထားလိုက်မိသည်။ ဉီးရီးတော် အိပ်ခန်းထဲ တံခါးခေါက်‌ကြည့်တော့ ရေချိုးခန်းထဲကနေ ဝင်လာဖို့ လှမ်းအော်သံကြောင့် ဇာမဏိ အခန်းထဲမဝင်ဖြစ်တော့။"ဉီးရီးတော် ငယ်ကျွန်တို့ပြင်ဆင်ထားတာတွေ လာကြည့်အုံးမလားဘုရာ့""မင်းလုပ်တာဆိုသေချာတယ်မဟုတ်လား ဇာမဏိ။ မကြည့်တော့ဘူး။ မနက်ဖြန်ကျမှ နမူနာစမ်းကြည့်မယ်"သေချာအောင် အသံပြုချိန် ဉီးရီးတော် ရေသံကြားထဲက ပြန်ဖြေတာမို့ ဇာမဏိ အခန်းတံခါးကိုပိတ်ပေးခဲ့ပြီး ဉီးရီးတော် အခန်းရှေ့တည့်တည့်က မိမိအိပ်ခန်းထဲ ပြန်ဝင်လာခဲ့သည်။ ဘာကို စိတ်မချမှန်းမသိဖြစ်နေရပေမယ့်.. ရုတ်တရက် ဇာမဏိ တွေးလို့မပေါ်တာမို့ စိတ်ခပ်လေးလေးနဲ့ပဲ ဉီးရီးတော်အိပ်ခန်းရှေ့က CCTV ကို တစ်ချက်ငဲ့ကြည့်လိုက်ရသည်။ညစာစားချိန် ဉီးရီးတော်က ခါတိုင်းလိုပဲ နောက်ကျနေတာကို ဇာမဏိ စောင့်နေပေမယ့် မသင်္ကာစိတ်တွေက ဖိစီးလာတာမို့. .. ဉီးရီးတော်အခန်းကိုတက်သွားဖို့ဟန်ပြင်နေတုန်း တပည့်ဒိဗ္ဗဆီကဖုန်းဝင်လာတော့သည်။"ဆရာ။ ခေါင်ဖုရားကိုလုပ်ကြံလို့ ထီးဘုရား ကြားကခံလိုက်တာ ကျောပြင်မှာဓါးထိလို့ ဒဏ်ရာအတော်ပြင်းတယ်။ ကိုယ်ရံတော်ကြီး ရန်ပုံခွင်းနဲ့ တိက္ခတို့ လုပ်ကြံသူဗုံးနဲ့ပစ်သွားလို့ အထိအတော်နာပါတယ်။ အခု တပည့်ဒိဗ္ဗ နန်းတွင်းထဲ ဝင်ဖို့သွားနေပါတယ် ဆရာ။ အဲ့ဒါ အကြောင်းလှမ်းကြားတာပါ။ နားခံတော်ကြီးဉီးညိုကို ဝင်ခေါ်ပြီး နန်းတွင်းထဲဝင်မှာမို့လို့ သင်တန်းကျောင်းကိုလည်း ပိတ်ထားခဲ့ပါတယ်။ ခေါင်ဖုရားတို့အခြေအနေကို ကြည့်ပြီးတာနဲ့ တစ်ခေါက်ထပ်ဆက်ပါ့မယ်ခင်ဗျာ""ခေါင်ဖုရားရော ထိခိုက်တယ်တဲ့လား ဒိဗ္ဗ။ ကောင်းပြီ အခြေအနေ ပြန်ပြော။ ငါ ဉီးရီးတော်ကို ကြည့်လိုက်အုံးမယ်။ အဆင်ပြေရင် ငါဆင်းလာခဲ့မယ်"ဇာမဏိ ရလိုက်တဲ့သတင်းကြောင့် ဉီးရီးတော်အခန်းကို ခပ်မြန်မြန်ပဲ ပြေးလာခဲ့ပေမယ့် ဇာမဏိ နောက်ကျသွားခဲ့ပြီ။ ဉီးရီးတော်မရှိတော့တဲ့ အခန်းထဲမှာ ပစ္စည်းပစ္စယအားလုံးက အနေအထားမပျက်။ လက်လွတ်ထွက်သွားခဲ့တာမို့လို့.. ရုတ်တရက်ရှာဖို့ခက်မှာကို ဇာမဏိသိနေသည်။ ရန်ပုံခွင်း မှာကြားချက်အရဆိုရင်.. ဒီတစ်ခေါက်လုပ်ကြံတာလည်း ဗြတ္တပဲဖြစ်မှာသေချာသည်။ဇာမဏိအလျှင်အမြန်ပဲ ခွန်ထီးကိုလှမ်း‌ခေါ်ပြီး ဟိုတယ်သုံးကားများကို စစ်‌ဆေးစေတော့ ဟိုတယ်သုံးကားတစ်စီး ပျောက်နေသည့်အပြင် ဟိုတယ်ဝန်ထမ်းတစ်ယောက်က ဉီးရီးတော်ရဲ့ဖုန်းကို ကားဝင်းထဲက ကောက်လာကြောင်း လာပို့တော့သည်။ဇာမဏိ ဖုန်းထဲက ဖုန်းခေါ်သည့်နံပါတ်များနဲ့ စာတိုတွေကိုစစ်ဆေးလိုက်တော့ စာတို‌လေးက ဇာမဏိကို ဇဝေဇဝါဖြစ်စေသည်။ဉီးရီးတော်ရဲ့ သတင်းလက်တံ ဘယ်လောက် ရှည်တယ်ဆိုတာ ဇာမဏိ ရိပ်မိထားသလို အခုလိုပေါ့ပေါ့ဆဆ ဖုန်းကိုကျပျောက်ရလောက်အောင် မနုံချာလောက်ဘူးလို့လည်း သေချာနေတာမို့.. ကိုယ်ရံတော် ဇာမဏိ လက်ပိုက်လျက် သေသေချာချာ တွေးတောဆင်ခြင်လိုက်ရသည်။**ယုန်တောင်ပြေးလို့ ခွေးမြောက်လိုက်တဲ့ လမ်းကို ..ထွင်သွားခဲ့တာပဲ ဉီးရီးတော်။ လုပ်ကြံတာမအောင်မြင်ခဲ့ဘူးဆိုရင်.. ဉီးရီးတော်ရဲ့ ဉာဉ်အရ.. မဖြစ်မနေ လုပ်တော့မှာ ရှောင်နေမယ့်လူမျိုးတော့မဟုတ်တန်ဘူး။ ဒါဆို.. သီ‌ပေါကိုလိုက်တာထက်.. ရန်ကုန်ကို ဆင်းပြီး အရှင်နှစ်ပါးအနား သွားနေတာ ပိုထိရောက်လိမ့်မယ်။ ရန်ပုံခွင်း အထိနာတယ်ဆိုရင် ပြိုင်ဘက်က ‌တော်ရုံလူမဟုတ်နိုင်ဘူး။ ခေါင်ဖုရားဆီ အခစားဝင်ပြီးမှ.. လုပ်သင့်တာ တိုင်ပင်မှပဲ.. ကောင်းပြီ.. ဒီအတိုင်းလုပ်မယ်**ဇာမဏိ စဉ်းစားဆင်ခြင်နေတုန်း မှာပဲ ဖုန်းလာပို့တဲ့ ဝန်ထမ်းလေးက မသိမသာ အကဲခတ်နေတာမို့ သိုင်းသင်တန်းကျောင်းအုပ်ဟောင်း ဇာမဏိ အကဲစမ်းလိုက်သည်။"အင်း သီပေါနယ်ကစောင့် ဆို‌တော့.. လုပ်ကြံတာ မအောင်မြင်လို့ နယ်ကို ပြေးပုန်းတာပေါ့။ ခေါင်ဖုရားဆီ သံတော်ဉီးတင်ထားမှတော်ကာကျမယ်ထင်တယ်"ဇာမဏိခပ်မြန်မြန်ပဲ ဒိဗ္ဗဆီဖုန်းဆက်လိုက်သည်။"ဒိဗ္ဗ။ ခေါင်ဖုရားကို လျှောက်တင်စမ်း။ ဇာမဏိ ဉီးရီးတော်ထွက်ပြေးတဲ့ သီပေါနယ်ဘက်ကို လိုက်သွားတယ်လို့။ ဉီးရီးတော် ထွက်သွားတာ မကြာသေးဘူး ငါမီအောင်လိုက်ဖမ်းခဲ့မလို့။"ဇာမဏိ ဖုန်းချလိုက်တာနဲ့ ဟိုတယ်ဝန်ထမ်းလေး အလောတကြီးထွက်သွားတာမို့ ဉီးရီးတော်ဆီ သတင်းပို့တော့မယ်ဆိုတာ ဇာမဏိ နားလည်လိုက်သည်။ ထိုသတင်းကို မျောထားဖို့ ဟိုတယ်မန်နေဂျာ ခွန်ထီးကို ဇာမဏိအတွက်ကားတစ်စီးစီစဉ်ခိုင်းလိုက်ပြီး.. သီပေါဘက်တက်မယ်အယောင်ပြကာ... ကားဖြင့် ရန်ကုန်ကို ညတွင်းချင်း ဆင်းလာခဲ့‌တော့သည်။👾👾👾👾👾👾"အား..... မယ့်လေး.."ကျယ်လောင်တဲ့အသံက ရတနာစံအိမ်အပေါ်ထပ်ကနေ ဆူဆူညံညံပေါ်ထွက်လာသည်။ နာနာကျင်ကျင် ထိခိုက်မိတဲ့အသံမျိုးနဲ့ အော်ဟစ်လိုက်တာကြောင့် တင်တင်ကြီး ခေါ် ဂျူလီယန်.. အိမ်ပေါ်ကိုပြေးတက်သွားကာ.. ထပ်ခိုးပေါ်က ညစ်စုတ်နေတဲ့ အခန်းထဲ ဝင်လိုက်သည်။ ဆံပင်စုတ်ဖွားနဲ့ အမယ်အိုကြီးက ရှေ့ကမှန်ကိုကြည့်ရင်းသွေးပျက်စဖွယ် အော်ဟစ်နေတာ.. ရတနာစံအိမ်က ခြံကျယ်ကြီးအလယ်မှာမို့သာ‌ တော်သေးတော့တာ။ မဟုတ်ရင် ရပ်ကွက်က တစ်ခုခုဖြစ်တယ်ထင်ပြီး ရဲတိုင်တော့မှာအမှန်။"အမယ်ကြီး.. ဘာလို့အော်နေတာလဲ။ အပြင်လူတွေသိကုန်ရင် ရဲစခန်းရောက်နေမယ်။ ဒီမှာ အမယ်ကြီး ဆေးအင်းက မစွမ်းတော့လို့ ကျမရိုက်ရမယ့် ကုန်ပစ္စည်းတွေ.. သူများနဲ့ကြော်ငြာကုန်ကြပြီ ကဲ""ဒီမှာမိန်းကလေး... ငါ ပူတယ်.. ဒီမှာကျောရော ရင်ကော ပူတယ်။ မီးလောင်သလိုပူတယ်။ ငါ့ကို ရေအေးအေးပေးစမ်း.. အား... အာ့။ ငါ့ကိုအပြစ်လာတင်နေတယ်.. ငါပျက်စီးရင် နင်တို့လည်းပျက်စီးရမှာ။ ရတနာမယ် ညည်းမက်လုံးကြောင့် ငါအခု မသက်သာဘူး.. အား.. ပူတယ် ပူတယ်။ ဟိုကောင်မလေး.. သွားလေ ငါ့ဖို့ ရေအေးအေး ယူခဲ့ ငါသေတော့မယ်"ရတနာစံအိမ်မှာ တိတ်တိတ်ပုန်း မီခိုနေတဲ့ အောက်လမ်းဆရာမကြီး .. ရင်ထဲက အပူကြောင့် ဆံပင်တွေတောင် ကျွတ်ထွက်ကုန်တော့သလို ငယ်ထိပ်တည့်တည့်မှာထုံးထားတဲ့ ဆံပင်တွေ ဖားလျားကျကာ ကျောပြင်ကိုကုတ်ခြစ်လိုက်.. ရင်ဘတ်ကို ထုလိုက်.. ပါးစပ်ကြီး ဖြဲကာ ဟ လျက် အလွန်အမင်း ပူလောင်နေရသည်။ထို အောက်လမ်းဆရာမကြီး လုပ်ပေးထားတဲ့ အဆောင်တွေလည်း မစွမ်းနိုင်တော့တာမို့ တင်တင်ကြီးနဲ့အလုပ်လုပ်ဖို့ လျာထားတဲ့ စာချုပ်တွေလဲဖျက်ကုန်ကြသလို အပေါင်းအသင်းတွေက ပါတီတောင်မဖိတ်တော့။ လပိုင်းအတွင်း သိသိသာသာ ဆုတ်ယုတ်ကျဆင်းလာတဲ့အောင်မြင်မှုက သူ့အောက်လမ်းဆရာမကြီးကြောင့်လို့ တင်တင်ကြီးသိနေပေမယ့် ထိုမိန်းမကြီး ပူလောင်ခံစားနေရတာကိုတော့ မကူညီတတ်ပါ။နက်ကျယ်တဲ့ အော်သံကြောင့်သာ အိမ်အောက်ထပ်ပြေးဆင်းပြီး ရေအေးအေးတစ်ဗူး ယူကာ ပြန်တက်လာခဲ့ပေမယ့်.. ထိုမိန်းမကြီး ဒီရေလောက်နဲ့ သက်သာပါ့မလား လို့ တင်တင်ကြီးစိတ်ပူနေမိပြန်သည်။"ဒင်း မြန်မြန်ပြန်ကောင်းလာမှဖြစ်မှာကို.. ငါ ဒီတစ်ခေါက် အရွေးမခံရတော့ဘူးဆိုရင် ရုပ်ရှင်ရိုက်တဲ့အထဲ ပါရတော့မှာမဟုတ်ဘူး။ အရံမင်းသမီးတောင် မခေါ်ချင်ကြတော့တာ ဒင်းအဆောင်တွေ မစွမ်းတော့လို့နေမှာပေါ့။ ဟွန်း""ဟဲ့ သမီးတင်တင်ကြီး လာစမ်း"တင်တင်ကြီး ထပ်ခိုးတံခါးဖွင့်ကာ ရေခဲရေဗူးလေး ပစ်သွင်းလိုက်တုန်း နောက်ကနေ ခေါ်လိုက်တဲ့အသံကြောင့် တုန်သွားမိပေမယ့် မျက်နှာမပျက်စေဘဲ ဟန်မပျက် အောက်ဆင်းလာခဲ့သည်။"ဟုတ် ဖေဖေ။ အမိန့်ရှိပါ""တင်တင်ကြီး။ ဖေဖေ သမီးကို စကားအကုန်ပြောပြီးပြီနော်။ ဖေဖေ အိမ်မှာမကပ်ရဘူးဆိုပြီး သမီးစိတ်ထင်သလို ချယ်လှယ်နေတာ အလုပ်မဟုတ်ဘူး။ ထီးဘုရားကြီး ပြန်ကြွလာတော့မှာ။. ခေါင်ဖုရား နေမကောင်းဘူးလို့ ထီးဘုရား သိတာနဲ့ ကျိန်စာရဲ့အရင်းအမြစ်ကို မြေလှန်ရှာကြလိမ့်မယ်။ ညည်း ဇက်ပြတ်တာထက် မောင်လေး ညီမလေးတွေကို မငဲ့တော့ဘူးလား ဟင်""အို ဖေဖေကလည်း ခေါင်ဖုရားနာမကျန်းတာ သမီးတို့နဲ့ဘာဆိုင်လဲ။ နောက်ပြီး အရှင့်သားတို့ ကျိန်စာကိုမြေလှန်ရှာနေကြတာ ဟိုအရင်ကတည်းကပဲလေ။ ဒီအမယ်ကြီးစွမ်းလွန်းလို့ ရှာတိုင်းမတွေ့ဘူးမဟုတ်လား။ အခုလည်း ရှာကြစမ်းပါစေ။ တွေ့ပါလိမ့်အုံးမယ်။ နောက်ပြီး ဒါက သမီးရဲ့စနက်မဟုတ်ဘူးနော်။ ဖေဖေ့ အမက သမီးနာမည်ကြီးနဲ့ သေတမ်းစာပေးခဲ့တာ။ ပျက်စီးချင်းပျက်စီးရင် သမီးအရင်ပျက်စီးမှာလေ ဖေဖေ။ ခေါင်ဖုရားလို ယျော်က်ျားချင်းလက်ထပ်တဲ့ ဂေးကိုများ သမီးထက်ပို အလေးထားနေသေးတာလား ဖေဖေ။ ဟင်""တိတ်စမ်း တင်တင်ကြီး။ ထီးဘုရား ကျွေးလို့ စောင့်ရှောက်လို့ နင်လူလားမြောက်လာခဲ့တယ်ဆိုတာ မမေ့နဲ့။ ကျေးဇူးရှိရင် ဆပ်ရတယ်။ ငါ ထီးဘုရား ပြန်ကြွလာတဲ့အခါ ဒီမိန်းမကြီးကို ကိုယ်တိုင်ဖမ်းပြီး ထီးဘုရားလက်အပ်မှာ နင်သတိကြပ်ကြပ်ထား""နှစ်ပေါင်းပဲ နှစ်ဆယ်ကျော်နေပြီဟာကို ဖေဖေက ဘာလို့ အခုမှထပြီး အခြေပျက်အောင်လုပ်နေတာလဲ ဖေဖေ။ သမီးအောင်မြင်တာ မမြင်ချင်ဘူးလား ဟုတ်လား""ဘာ အောင်မြင်တာ။ ညည်းအောင်မြင်နေတာလား တင်တင်ကြီး။ ညည်းကို အောက်လမ်းပညာနဲ့ လုပ်ပေးနေတာတွေလေ။ ညည်းအောင်မြင်တော့ .. ညည်း ညီမနဲ့မောင်နဲ့ အဲ့ဒီဝဋ်ကြွေးကိုထမ်းပြီး အခုထိလူမဖြစ်လာဘူးမဟုတ်လား။ ပေးစမ်း အဲ့ဒီသေတမ်းစာ ဘယ်မှာလဲ ဖေဖေ့ကိုပေးစမ်း။ မီးရှို့ပစ်မယ်။ ခေါင်ဖုရားလိုလူမျိုးကို ညည်းစိတ်ထဲက စော်ကားနေပြီဆိုရင်.. ညည်းမှာဖြေဆေးမရှိအောင်ကို အဆိပ်တက်နေပြီပဲ။ ပေးစမ်း တင်တင်ကြီး""မပေးဘူးဖေဖေ။ မပေးဘူး။ မိသားစုတစ်ခုလုံး ကျိန်စာအောက်မှာရောက်နေတာကို သမီးပေးလိုက်လို့ ဖေဖေ စိတ်ထင်ရာလုပ်ရင် သမီးအရှက်ကွဲပြီပေါ့ဖေဖေ။ အနုပညာလောကဆိုတာ ဖေဖေထင်သလို လွယ်လွယ်နဲ့ နေရာရလာတာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သမီးကတော့ သေတမ်းစာနဲ့ အမယ်ကြီးကို ကာကွယ်ထားရမှာပဲ။ ဖေဖေ ဘာလုပ်လုပ်"တင်တင်ကြီး ခပ်မြန်မြန်ပဲ အခန်းတံခါးပိတ်ကာ ဝင်နေလိုက်တော့ ဉီးမောင်မောင် သက်ပြင်းကိုချလိုက်ရသည်။စိတ်နောက်ကိုယ်ပါ ထပ်ခိုးလှေကားပေါ်တက်လာပြီး အခန်းတံခါးကို ဖွင့်လိုက်ပေမယ့်.. အခန်းက ရှင်းလင်းနေတာ စောစောက တင်တင်ကြီးပစ်ထည့်လိုက်တဲ့ ရေဗူးကိုတောင် မတွေ့ရ။ဒီမိန်းမကြီးအခန်းက မောင်မောင်သာမက ဘယ်သူပဲဝင်ကြည့်ကြည့် ဘာမှမတွေ့ရအောင် ရှင်းလင်းနေတတ်ပေမယ့် တင်တင်ကြီးတစ်ယောက်ကတော့ ထိုမိန်းမကြီးကို မြင်လည်းမြင်ရသလို စကားလည်းပြောနိုင်တာမို့ ထိုအောက်လမ်းဆရာမကြီးကိုသာမက တင်တင်ကြီးကိုပါ အိမ်ကလူတိုင်းကြောက်ကြတာမဆန်း။ တစ်ခါတစ်လေ ထိုအခန်းထဲက အသံကျယ်ကြီးကြားတတ်ရသလို တစ်ခါတစ်လေ လေသာဆောင်မှာ ဆံပင်ဖားလျားကြီးနဲ့ ရပ်နေတတ်တာကို ဟိုကမြင်ဒီကမြင်နဲ့ အထပ်ခိုးပေါ် နေ့စဉ်ထမင်းအုပ် ပို့ဖို့ အိမ်စေတွေကို ခိုင်းလို့တောင်မရတာမို့ တင်တင်ကြီးကိုယ်တိုင် မနက် ည ထမင်းပို့‌ပေးရတာ။ အကြောင်းသိပ်မသိတဲ့အိမ်စေနဲ့ အကြောင်းအကုန်သိလို့ ကျိန်စာစက်ကွင်းမလွတ်ကင်းခဲ့တဲ့ အိမ်စေကြီးတွေကလွဲရင် မြဲတဲ့အခိုင်းအစေမရှိတာ ရတနာစံအိမ်ရဲ့ လူမသိတဲ့ဒုက္ခပဲဖြစ်သည်။"ထီးဘုရား... ကြွခဲ့ပါပြီဆိုရင်.. မောင်မောင် ကိုယ်တိုင် သမီးကြီးရဲ့ ဇက်မှာ ဓါးတင်လို့ ဒီမိန်းမကြီးကို ခေါ်ထုတ်ပေးပါ့မယ်ဘုရား။ ခေါင်ဖုရားရဲ့ နာမကျန်းမှုက အပရိက ယာယီသာဖြစ်ပါစေဘုရား။ ဉီးရီးတော်လို့ အခေါ်မခံရတဲ့ အပြစ်သားရဲ့ မိသားစုက.. ထီးဘုရားသက်တော်ရှည်စေကြောင်း အသက်ကိုလည်း ပေးချင်ပေးရပါစေတော့ဘုရား။ ဒီကိစ္စ အဆုံးသတ်ချင်လှပါပြီ"ဉီး‌ရီးတော်မောင်မောင် လို့ ကြင်ကြင်နာနာ ခေါ်တတ်တဲ့ ခေါင်ဖုရားကို ... သားလတ်မင်းနိုင်ကို သူငယ်ချင်းလို့ ခေါ်တတ်တဲ့ ခေါင်ဖုရားကို ... မိသားစုအကျိုးစီးပွားမနိမ့်ကျရအောင် စောင့်ရှောက်ပေးထားတဲ့ ထီးဘုရားကို ... မိသားစုလုံခြုံရေးအတွက် .. ရှာမတွေ့တဲ့ ကျိန်စာအရင်းအမြစ်ကို စံအိမ်ထဲက လူတွေအပေါ် ပုံမချဘဲ ကျိန်စာကိုသာ တိတ်တိတ်ထမ်းပိုးထားတဲ့ ထီးဘုရားကို .. မောင်မောင် တစ်ဆိတ်တော့ အားနာသနားလှပြီ။အိမ်နိမ့်စံဘဝကို မြင့်မြင့်မြတ်မြတ်နဲ့ အဆုံးသတ်ကြတာပေါ့ အမတော် ရတနာမယ်။ အမုန်းနဲ့ အချစ်ကို အလွဲသုံးစားလုပ်သွားခဲ့တဲ့ အာဃာတက .. အမတော် ပိုင်ဆိုင်တဲ့အရာတစ်ခုအပေါ်မှာမှ မသက်ရောက်ခဲ့ဘူး။ တစ်ကယ်ဆို .... အစကအဆုံး . . အမတော် ပိုင်ဆိုင်တဲ့အရာဆိုတာ တစ်ခုမှမရှိခဲ့တာပါပဲ။ သက်ဆိုင်ခွင့်တောင် မရှိတဲ့ ဂုဏ်ပကာသန အာဏာနဲ့ ... ချစ်ခြင်းတို့ကို.. လောဘတက်ခဲ့တာကိုး အမတော်။ ညီတော်ငယ်လေး အသက်နဲ့ ယုဇနဟန်အသက်တင်မကဘူး.. စံအိမ်ပေါ်မီခိုသမျှ အသက်တွေအားလုံးကို ဖျက်စီးပစ်ခဲ့တာပဲ။ မင်းသားဒီပါစံရဲ့ မေတ္တာခြေဖျား မမီခဲ့လို့.. အခု ငရဲများရောက်နေလေပြီလား အမတော်.. ။ စောင့်နေပါအုံး။ မောင်ငယ်တို့မိသားစုလည်း လိုက်လာခဲ့ပါ့မယ်။ ငရဲမှာဆုံကြတဲ့အခါ.. အိမ်ရှေ့စံ သတိုးဘုန်းတေဇ အပေါ် အသက်ပေးစောင့်ရှောက်သွားတဲ့ မင်းသားဒီပါစံအကြောင်းကိုလည်း ပြောပြအုံးမှာ။ မင်းသားငယ်လေး သတိုးတေဇရောင်ရှိန် .. နဲ့ ကြင်ယာတော် နောင်ရင်းမျိုးမြတ်ကြည်သာဟန်တို့ရဲ့ ချစ်ခြင်းတွေကို တစ်ဆင့်စကား ပြောပြအုံးမှာ။ မင်းသားငယ် သတိုးမဟာမင်းရှိန်ရဲ့ ကျိန်စာလွတ်လို့ စိတ်အေးချမ်းသာနေတဲ့ အခြေအနေကိုလည်း ပြောပြအုံးမှာ။ ထီးဘုရားဘွဲ့ခံယူလို့ .. ‌ဆွေမျိုးတွေကို ပင်ပင်ပန်းပန်းစောင့်ရှောက်ထားတဲ့အကြောင်းကိုလည်း ပြောပြအုံးမှာ။ ရွှေနန်းတော်ကြီး သာယာစည်ပင်နေတဲ့အကြောင်းကိုလည်း ပြောပြအုံးမှာ။ အမတော်.. သိစေချင်တယ် မြင်စေ့ချင်တယ် ကြားစေ့ချင်တယ်။ အဲ့လိုချစ်ခြင်းတွေနဲ့ အမတော်ရဲ့ ကျိန်စာကို .. ဂရုတောင်မထားဘဲ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နေကြတယ်ဆိုတာကိုပေါ့။ စောင့်နေပါတော့ အမတော် အမိုက်မကြီး ရတနာမယ်"❤️‍🩹🌺⚡️💖❤️‍🩹🌺⚡️💖"ကျွတ်..ကျွတ်...ကျွတ်... သိပ်များ နာနေသလားကိုယ်တော်ရယ်.. နေမကောင်းတာများ မြတ်ရင်ခွင်ထဲပြန်မလာဘဲ.. မြတ်ပေးလိုက်တဲ့ဆေးတွေသောက်နေတာဆို.. အဲ့ဒီဓါတ်လှေကားများ ပြုတ်ကျလိုက်ရင် မြတ်နဲ့ပြန်မတွေ့ရတော့ဘူးလို့ မတွေးမိခဲ့ဘူးလား ဟင် ကိုယ်တော်။ ကိုယ်တော့်ဝေဒနာတွေ မြတ်ပဲယူလိုက်ချင်ပါတယ်..."လက်မောင်းပေါ် ခေါင်းတင်ထားပြီး.. တယုတယထွေးပွေ့ကာ.. တိုးတိုးလေး ရေရွတ်နေတဲ့ စကားသံလေးနဲ့အတူ .. ပါးပြင်ပေါ် တို့ထိလိုက်တဲ့.. လက်ချောင်းလေးက .. ဘုန်းရှိန်ရောင်ဝါ ခံစားနေရတဲ့ဝေဒနာတွေကို ယူပစ်သလိုပျောက်ကင်းစေသည်။သက်ဉီးရဲ့မနားမနေ ကုသမှုများအပြင် ကိုယ်ဖိရင်ဖိ ပြုစုပေးတဲ့ မြတ်ငယ်ကြောင့် .. အမြန်ပြန်လည်အားအင်ပြည့်ဖြိုးလာခဲ့ပြီး ကိုယ်တော်ကြီး သက်သာလာခဲ့ပြီ။ ကျောက ဓါးဒဏ်ရာနဲ့ ဒူးက ထိခိုက်ဒဏ်ရာတို့ သိပ်မကျက်တတ်သေးပေမယ့်.. ဘုန်းရှိန်ရောင်ဝါ မှောက်နေရာက ထိုင်နိုင်လာခဲ့ပြီ။"မြတ်ငယ်.. ပင်ပန်းနေပြီကွယ်။ မျက်ကွင်းညိုနေတာလားဟင် ဒါက။ မောင်တော်နေကောင်းပါပြီ။ မြတ်ငယ် စိတ်မပူနဲ့တော့နော်။""ကိုယ်တော်။ မြတ်ကို စိတ်ပူမနေနဲ့။ မြတ်က နေကောင်းတယ်။ ကိုယ်တော် ဒီနေ့တော့ ရေပတ်နဲနဲတိုက်မယ်နော်။ ထမင်းလည်း စားလို့ရပြီဆိုလို့ မောင်မင်းထွန်းကို ဟင်းတစ်မယ်ကောင်းကောင်းလုပ်ခိုင်းထားတယ်။ မြတ်ငယ် ကိုယ်တော့်ကို ခွံ့ကျွေးမယ်"ဘုန်းရှိန်ရောင်ဝါ.. ချစ်ရသူမိဖုရားလေးကို မော့ငေးနေမိသည်။ ပိန်သွားတယ်လို့ထင်ရပေမယ့်.. မြတ်ငယ်ရဲ့ အသရေက အရင်နဲ့မတူ တစ်မူထူးခြားပြီး ဝင်းပနေတာ ဆန်းလှသည်။ ပင်ပန်းနေပုံရပေမယ့် ဘာကြောင့်များ ပိုလို့  လှပနေရတာပါလိမ့်။ မမြင်တွေ့ရတာကြာလို့များလား။ မောင်တော်လွမ်းလိုက်ရတာ မြတ်ငယ်ရယ်။ဘုန်းရှိန်ရောင်ဝါ ငုံ့မိုးကြည့်နေတဲ့ မြတ်ငယ်ပါးပြင်ကို လှမ်းကိုင်လိုက်ပြီး ညင်သာတဲ့အနမ်းတစ်ပွင့် ပေးလိုက်သည်။နူးညံ့တဲ့နှုတ်ခမ်းများက အရင်ကထက်ပိုနွေးထွေးသလိုမျိုး.. ကြည်လင်တဲ့ မျက်ဝန်းနက်များကလည်း အရင်ထက်ပိုပြီးတောက်ပနေသလိုမျိုး။ ကြင်နာသူရဲ့ ပြုစုယုယမှုတွေက ကိုယ်တော်ကြီးအလွမ်းတွေကို ပိုလို့တိုးအောင်ပဲ တတ်နိုင်လှတာမို့ ရင်ခွင်ထဲ ခေါင်းတိုးနေရင်းနဲ့တောင် အလွမ်းမပြေချင်မိပေ။ခြင်္သေ့တစ်ကောင်လို မာန်ထန်လှတဲ့ ဘုန်းရှိန်ရောင်ဝါက အခု‌တော့ မြတ်ငယ်ရင်ခွင်ထဲ ကြောင်ပေါက်လေးသဖွယ်သာ။ကိုယ်တော့်ကို ဂရုတစိုက် ရေပတ်တိုက်ပေး။ ထမင်းခွံ့ကျွေးတဲ့ မြတ်ငယ်က ကျောက ဒဏ်ရာကိုလည်း ဆေးထည့်ပေးတာမို့ ကိုယ်တော် ဒဏ်ရာတောင် မပျောက်ချင်တော့လောက်အောင် ကျေနပ်ကြည်နူးမိသည်။"ကိုယ်တော် ဆေးတွေက ပြင်းတယ် အခုခဏလောက် အိပ်လိုက်ပါလား မြတ် လည်း ရေမိုးချိုးပြီး လမ်းခဏလျှောက်အုံးမယ်နော်။ တိက္ခဆီသွားကြည့်ပြီးတာနဲ့ မြတ်ပြန်လာခဲ့မယ်။ ခဏအိပ်ပါနော်"မြတ်ငယ် ချော့သိပ်လို့ ရွှေနန်းရှင်ကြီး ခဏ မျက်လွှာမှေးချကာ အနားယူလိုက်ရသည်။မြတ်ငယ်ရဲ့ ခြေသံ၊ လှုပ်ရှားသံ အားလုံးကို တစ်ချက်အသိမလွတ်ဘဲ ဘုန်းရှိန်ရောင်ဝါ.. နားထောင်နေစဉ်မှာပဲ ပါးပြင်ကိုတစ်ချက်မွှေးကြူပြီးမှ အခန်းထဲက ထွက်သွားတဲ့မြတ်ငယ် ကျောပြင်ကို မျက်လွှာမှေးချထားရင်းက လှမ်းငေးလိုက်ရပြန်သည်။**မောင်တော် အခုလုပ်မှာတွေ မြတ်ငယ်ကို မသိစေချင်ဘူးမြတ်ငယ်ရယ်။ ဒီတစ်ကြိမ်တော့ ရက်စက်ရတော့မှာပေါ့**"ရန်အောင် အတွင်းဝင်ခဲ့"မြတ်ငယ်အခန်းက ထွက်သွားတာနဲ့ ဘုန်းရှိန်ရောင်ဝါ အိပ်ရာက ထပြီး ရန်အောင့်ကို အတွင်းဝင်စေလိုက်သည်။ သျောင်ထုံးဖြည်ချထားလို့.. ဖြောင့်စင်းတဲ့ဆံနွယ်တွေက ကျောပြင်ထက်မှာ ဝဲလျက်ကျနေပြီး.. တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းများကလည်း ရင်ထဲကဒေါသကို သိုမှီးထားရကြောင်း.. သက်သေပင်။"မင်းကြီးဘုရား။""ရန်အောင်.. မနေ့ညက ဇာမဏိရောက်တယ်မဟုတ်လား။ ရန်ပုံခွင်းနဲ့ ဇာမဏိကို ငါကိုယ်တော်ရှေ့အခစားဝင်ခိုင်းလိုက်။ ခေါင်ဖုရားမသိအောင် လျှို့ဝှက်လာကြလို့ မိန့်လိုက်""မှန်လှပါဘုရား"ရန်အောင် အမြန်ဆုံးနှုန်းနဲ့ ရန်ပုံခွင်းနားနေရာ မှူးမတ်ဆောင်ကို အပြေးလေးထွက်လာခဲ့ရသည်။"ရန်ပုံခွင်း..ဉီးရီးတော်ရှိနိုင်တဲ့နေရာကို တွေးစမ်း။ မင်းမလျှောက်နဲ့အုံးဆိုလို့ ငါ ခေါင်ဖုရားကိုရော ထီးဘုရားကိုပါ မလျှောက်ရသေးဘူး။ အခုလုပ်ကြံတာ ဗြတ္တသေချာရင်.. ငါ ဗြတ္တကို လိုက်စုံစမ်းမှာပေါ့။ မင်းသားမဟာ့ကိုလည်း ခရီးလွန်နေတာ ပြန်ကြွလာဖို့ ဖုန်းဆက်သင့်နေပြီ။ ဟိုတယ်မှာ ခွန်ထီးအပြင် ဘယ်သူမှမရှိဘူးမဟုတ်လား""မင်းသားကိုယ်ရံတော် ဝင်းသူ စုံစမ်းနေတာ သတင်းအစအနရလို့ နောက်ကလိုက်နေတယ် ဇာမဏိ။ ဗြတ္တကို မိပြီဆိုရင် ဉီးရီးတော်က ပေါ်လာပါလိမ့်မယ်။ ငါစိတ်မချတာတစ်ခုတည်းပဲ ဗြတ္တက ဘာလို့ အသေမခံဘဲထွက်ပြေးတာလဲဆိုတာကိုပေါ့။ ငါ့စိတ်ထင်ဇာမဏိ၊ ဗြတ္တရတဲ့အမိန့်မှာ လုပ်ကြံဖို့မအောင်မြင်မချင်း အသက်မသေဖို့ပါလိမ့်မယ်ထင်တယ်။ ဉီးရီးတော်ကို ငါတို့ဖမ်းလို့ ဘာသက်သေမှမရရင် လွတ်ထွက်အုံးမှာပဲလေ။ စိတ်မချရဘူးမဟုတ်လား""ငါမတွေးတတ်တော့ဘူး ရန်ပုံခွင်း။ ငါတို့ ထီးဘုရားတို့အပေါ် ထိမ်ချန်ထားသလိုဖြစ်နေပြီ။""ကိုယ်ရံတော်ကြီး ဇာမဏိ နဲ့ရန်ပုံခွင်း ထီးဘုရားက အခစားဝင်ဖို့ မိန့်လိုက်ပါတယ် ခေါင်ဖုရားမသိအောင် လျှို့ဝှက်လာခဲ့ပါတဲ့။ ဒါနဲ့ ကိုယ်ရံတော်ကြီး အခုလုပ်ကြံတာ ရတနာအိမ်နိမ့်စံတွေဘက်ကလား ဟင်။ နန်းတွင်းကလူတွေပြောနေကြတယ် တင်တင်ကြီးတို့အိမ်က အသံနက်ကြီးတွေကြောင့် အိမ်စေတွေထွက်ပြေးကြရတယ်လို့လေ။ အဲ့ဒါ ဟို ကျိန်စာ""တိတ်စမ်းရန်အောင်။ မင်း.. ။ ဟူး .. ငါတို့အကြိမ်ကြိမ် အဲ့ဒီကိုရှာကြတာ စုန်းမဆိုလို့ တူတဲ့သူတောင် မတွေ့ခဲ့ရဘူး။ နှစ်တွေတောင်ကြာခဲ့ပြီ။ အခုမှတိုက်တိုက်ဆိုင်ဆိုင်သတင်းထွက်လာရလား။ ဒါနဲ့ ဉီးရီးတော်ခေါ်သွားတဲ့ ပုဏ္ဏားညိုဘသာ ဟိုတယ်မှာပဲလား ဇာမဏိ။ ဘသာ တွက်ချက်တစ်ခုထွက်ထားတယ်ငါကြားလို့..အဲ့ဒါ ဘာလဲ မင်းသိလား""ပျက်တဲ့အပိုင်းအစလား။ အင်း.. ကြင်ယာတော်နဲ့အတူရှိတဲ့ ကာလတစ်လျှောက် ဆထက်တပိုးတိုးလို့ စူးမယ်ဆိုတဲ့ အဟောထွက်ထားတယ် ရန်ပုံခွင်း။ နေပါအုံး ပုဏ္ဏားဖြူ ဘမောင် က နားခံတော်ကြီးဆီ ခစားနေတယ်မဟုတ်လား။ ထီးဘုရား အမေးမရှိဘူးလားရန်ပုံခွင်း""ထီးဘုရားက ခေါင်ဖုရားစိတ်ညစ်ညူးမှာစိုးလို့ ပုဏ္ဏားဖြူကို နန်းတွင်းမခေါ်လာရဘူးလို့ အမိန့်ထုတ်ထားတာ ဇာမဏိ။ နားခံတော်ကြီး အိမ်တော်မှာ သွားမေးမှပဲရတော့မှာ။ ငါကတော့ အဲ့လိုမေးနေတာထက် ကျိန်စာအရင်းအမြစ်ကို တူးဖော်ပစ်ချင်တာပဲ။ ငါ အကြိမ်ကြိမ်သွားရှာပေမယ့် ရတနာမယ့်အခန်းလဲ ဗလာ အောက်လမ်းဆရာမအခန်းလဲ ဗလာ ပဲ ဇာမဏိ။ ထီးဘုရားက ထပ်မရှာဘဲ လွှတ်စေ အမိန့်ရှိထားလို့သာ ငါငြိမ်လိုက်ရတာ။ ရန်မျိုးအောင်လည်း တစ်စေ့တစ်စောင်း အကဲခတ်နေပါလျက်နဲ့ အခုထိ အစဆွဲမရသေးဘူးကွာ။ မင်းသားဒီပါစံ အသက်ပေးသွားပေမယ့် ရပ်မသွားဘဲ ထီးဘုရားဆီ ကူးစက်စူးလာတဲ့ ကျိန်စာကို အမြစ်ဖြတ်ပစ်ပေးချင်မိတယ်။""ဒါဆို ကျိန်စာမူရင်းကို ဘယ်သူမှ မသိဘူးပေါ့ဟုတ်လား ရန်ပုံခွင်း။ ငါက အပြင်မှာနေတဲ့သူဆို‌တော့ နောက်ပိုင်းကိစ္စတွေကို ငချစ်မြပြောသလောက်ပဲ သိရတော့တာ။""ကိုင်း ထီးဘုရားဆီအခစားဝင်ကြမယ်။ ကျန်တာတော့ မင်းတို့သိသလောက်ပဲ ငါလည်းသိတယ်လို့မှတ်ထားလိုက်ကြတော့"ရန်ပုံခွင်း.. ခပ်ပြတ်ပြတ်ပြောပြီး ရှေ့ကထသွားတော့မှ ဇာမဏိနဲ့ ရန်အောင်တို့လည်း မီအောင်လိုက်လာခဲ့ကြရတော့သည်။"ရန်ပုံခွင်း..""ဘုရား""ဗြတ္တဆိုတာသေချာလား။ သေချာရင် မြေလှန်ရှာကြစမ်း။ မဟာ့ဆီကဘာသတင်းရလဲ။ ဇာမဏိ ဉီးရီးတော်ကိုခြေရာခံပြီး ရအောင်ဖမ်းခဲ့။ ဒီကိစ္စကို ခေါင်ဖုရားမသိအောင် လျှို့ဝှက်ဆောင်ရွက်ကြစမ်း။ ရန်မျိုးအောင် ဆီက ပြန်စာလာပြီလား ရန်အောင်""မှန်လှပါ ရန်မျိုးအောင်ဆီက ပြန်စာမလာသေးကြောင်းပါဘုရား။ ဉရောပဘက်မှာ စက်ရုံတွေထဲရောက်နေတယ်လို့တော့ ပထမပိုင်းသတင်းပို့ထားပါတယ်ဘုရား""ထီးဘုရား.. ဉီးရီးတော် ခိုလှုံနိုင်တဲ့နေရာက နားခံတော်ကြီးသိနိုင်မလားဘုရား""မသိနိုင်ဘူး ဇာမဏိ။ ဉီးရီးတော်က သီပေါနယ်ဘက်ကို တစ်ကယ်မသွားဘူးဆိုရင် ရန်ကုန်မှာပဲရှိလိမ့်မယ်။ ဖြစ်အောင်လုပ်မယ်လက္ခဏာနဲ့ ချဉ်းကပ်လာတာမို့ ခေါင်ဖုရားကို ထပ်ကြပ်စောင့်ရှောက်ကြစမ်း။ စိတ်အနှောက်အယှက်မဖြစ်အောင်လည်း ဂရုစိုက်ကြ""ထီးဘုရား..."ရန်ပုံခွင်း.. ထီးဘုရားကို ခေါင်ဖုရားဝေဒနာတွေအကြောင်းလျှောက်လိုလှပေမယ့်.. အခုဆွံ့အနေရပြန်သည်။"ရန်ပုံခွင်း ဘာလျှောက်မလို့လဲ""မှန်လှပါ။ ခေါင်ဖုရားအမှန်အတိုင်းသိထားရင်ဖြင့် စောင့်ရှောက်ရတာ..""တိတ်စမ်း.. သိလို့မဖြစ်ဘူးဆိုတာ မောင်မင်း နားမလည်ဘူးလားရန်ပုံခွင်း.. မောင်မင်းနောက်ထပ် မင်းသားဒီပါစံတစ်ပါးထပ်မြင်လိုသလား။"အံကြိတ်ဟောက်ပစ်လိုက်သံက ကိုယ်ရံတော်အားလုံး ဇက်ပုသွားစေသည်။စည်ပင်သာယာနေတဲ့ နန်းတော်ကြီးက ဒီတစ်ရက်နှစ်ရက်မှာတောင် တစပြင်လိုခြောက်သွေ့နေခဲ့တာ... ဟိုတုန်းကလို ငရဲမျိုး ရန်ပုံခွင်းထပ်မမြင်လိုတော့တာက အမှန်ပါ။*****ဒီပါစံနန်းဆောင်ထဲ.. သလွန်ထက်မှာထိုင်လျက်ငိုင်နေတဲ့ ခေါင်ဖုရားကို .. နားခံတော်ဉီးညိုနဲ့ ဒိဗ္ဗတို့ ဒူးတုပ်ခစားရင်း အကဲခတ်နေကြသည်။ ထီးဘုရားကို နေ့ညမနားပြုစုနေတဲ့ ခေါင်ဖုရားက မနားနိုင်ဘဲ တွေးငိုင်နေတာ ငယ်ကျွန်တွေလည်း စိတ်ထဲ မနေသာကြ။"ဉီးညို မဟာ နန်းတွင်းက အပြင်မှာနေတော့.. ကျိန်စာက မလိုက်နိုင်ဘူးမဟုတ်လား။ မင်းကြီး နိုင်ငံရပ်ခြားမှာ.. ဘာလို့များ ဒီလောက်အထိ အသက်ဘေးနီးခဲ့ရတာလဲ။ ကိုယ်တော့်ကို လုပ်ကြံချင်တာက ဘယ်သူလဲ သိလား။ ကိုယ်တော် သေ ရင် အကျိုးရှိမှာ ဘယ်သူလဲ ရတနာစံအိမ်ကလူတွေလား။ ဉီးညို.. ဖြေလေ""ခေါင်ဖုရား.. ငညို မဖြေတတ်ကြောင်းပါဘုရား။""ဉီးညိုအကြံပေးသလို ကိုယ်တော်နိုင်ငံခြားမထွက်ခင် ဘုရားမှာသေချာအပ်နှံခဲ့ပါလျက်နဲ့ ကျိန်စာဘေးက မလွတ်ဘူးလား""ခေါင်ဖုရား.. ငညို အရဲစွန့်လို့ လျှောက်ထားပါရစေဘုရား။ ထီးဘုရားကြီး သတိုးဘုန်းရာဇ လက်ထက်တော်ကတည်းက ခစားခဲ့တဲ့ ပုဏ္ဏားဖြူပုဏ္ဏားညို ညီအကိုရှိပါတယ်ဘုရား။ ပုဏ္ဏားညိုဘသာ ကတော့ ဉီးရီးတော်နန္ဒအပါး ခစားလို့ အခါတော်ပေးနေပြီး.. ပုဏ္ဏားဖြူဘမောင်ကတော့ ငညို့ အိမ်မှာနေရင်း အဝေးက ခစားနေပါတယ်ဘုရား။ ပုဏ္ဏားဖြူဘမောင်ကို နန်းတော်တွင်း အခစားဝင်စေပြီး.. အမေးတော်ရှိပါလျင်..အနီးစပ်ဆုံးကာကွယ်ရာနည်းလမ်းများ အကြံရနိုင်ကြောင်းပါဘုရား ထီးဘုရားက နန်းတော်တွင်းမဝင်ဖို့ အမိန့်‌တော်ချမှတ်ထားတာကြောင့် ငညို မတတ်နိုင်ဖြစ်နေရပါတယ်ဘုရား""ကောင်းပြီဉီးညို ဒါဆို ကိုယ်တော့်ဆီ အခစားဝင်ခိုင်းလိုက် အခုချက်ချင်း မေးလိုတယ်""ခေါင်ဖုရား.အမိန့်အတိုင်းပါဘုရား"မြတ် ကုတင်ထက်မှာ ခေတ္တ လှဲပြီးအနားယူရင်း နားခံတော်ကြီး ဖုန်းဆက်နေတာကို စောင့်နေလိုက်ရသည်။ အရင်က မယုံခဲ့တဲ့ ဒီလိုကိစ္စတွေကို.. မြတ်အခု အားကိုးနေမိပြီ။"ဇာတာမှာ ဖူးစာဖက်လို့ ဆိုထားပေမယ့်.. ရာသီနက္ခတ် ဆန်းယှဉ်တာကတော့ လတ်တလော အဝေးမှာ ခွဲနေပါမှ အပြန်အလှန်ထိခိုက်မှု နည်းပါးမည့်ဇာတာခွင်ထဲ ကျရောက်နေပါတယ်ဘုရား။ ခေါင်ဖုရား.. ထူးခြားတာများ ကြုံရသေးလားဘုရား။ ခေါင်ဖုရားနဲ့ တစ်သဝေမတိမ်းတူလှတဲ့ ကလေးငယ်ကို.. ဇာတာမှာမြင်ပါတယ်ဘုရား။ ထီးဘုရား နဲ့ခေါင်ဖုရား တို့ ကံကြမ္မာကို.. ထို ကလေးရဲ့ ကံကြမ္မာနဲ့ ယှဉ်လို့မြင်ပါတယ်ဘုရား။ ထီးဘုရား ခေါင်ဖုရားနဲ့ ထိုကလေးတို့ .. အသက်တော်ရာကျော်အောင် ရှည်လို့ တူတကွနေကြရအုံးမှာပါဘုရား""ဒီမယ် ပုဏ္ဏားဖြူကြီး.. ထီးဘုရားရေမြေခြားမှာ ကိုယ်တော်နဲ့ခွဲနေရတာတောင် နာဖျားခဲ့သေးတာကျ ဘယ်လိုလျှောက်တင်မလဲ ဟင်""မှန်လှပါ ခေါင်ဖုရား။ ထီးနန်းရှင်ရေမြေ့ရှင်မို့.. ကျိန်စာစူးက နစ်သထက်နစ်ဝင်နေကြောင်း ငယ်ကျွန်လျှောက်ထားသလိုပဲ ဖြစ်ပါတယ်ဘုရား။ ခေါင်ဖုရားသာ နန်းတွင်းကထွက်လို့ အဝေးမှာ ရာသီစက်ဝန်းတစ်ခုစာ.. စံနေပါမှ.. ထိခိုက်နာကျင်ခြင်းကင်းပါမယ်လို့ အဟောထွက်ပါတယ်ဘုရား။ ဒါက ငယ်ကျွန်ကြီး အဟောပါဘုရား။ ညီငယ်အ‌ဟောကတော့.. ကွဲပြားပါတယ်ဘုရား။ ကျိန်စာရဲ့ ပျောက်ဆုံးနေတဲ့ အပိုင်းအစကို ဘသာဟောထားပုံက .. ထီးဘုရားအနီးအပါး ကြင်ယာတော်ရှိနေသ၍ နှစ်ကာလအလိုက် ဆထက်တန်ပိုးတိုးလို့ ကျိန်စာစူးစိုက်ပါမယ်လို့ အဟောထွက်ပါတယ်ဘုရား""အို ဘမောင် .. မင်းနှယ်"ဉီးညိုဟန့်ပေမယ့် မမီတော့။"ခေါင်ဖုရားစိတ်ထဲထားတော်မမူပါနဲ့လားဘုရား။ သခင့်စကားကျွန်ပါးစပ်ကထွက်လာတာမို့ သတ်ရင်လည်းသေရပါမယ်ဘုရား။ ဟဲ့ ဘမောင် ပါးစပ်စည်းကမ်းမရှိလိုက်လေကွယ်"မြတ်.. ကျိန်စာရဲ့ ပျောက်နေတဲ့ အပိုင်းအစကို ပိုစိတ်ဝင်စားလာမိပြီ။ဓါးဒဏ်ရာနဲ့ နာမကျန်းလို့အားနည်းတာ စုပြုံပြီး ခံစားနေရတဲ့ ချစ်ရသူ.. ကျိန်စာဘေးကကင်းဝေးစေဖို့ နည်းလမ်းများ ရှိလေမလားလို့ နားခံတော်ကြီးဉီးညိုကို မြတ် တိုင်ပင်မိကာမှ.. ဉီးညိုခေါ်လာပေးတဲ့ ပုဏ္ဏားဖြူဘမောင် စကားတွေကို မြတ် မယုံလို့မရပါ။ ပုဏ္ဏားဖြူဘမောင်က နားခံတော်ကြီးဉီးညိုလက်စွဲပဲဖြစ်သလို... ဘယ်သူမှမသိသေးတဲ့ မြတ်ဗိုက်ထဲက ကလေးကိုပါ ထည့်တွက်ဆမိထားတာကြောင့် မောင်တော်နဲ့ ခပ်ဝေးဝေးမှာ ဘယ်လိုနေရပါ့မလဲတွေးရင်း.. မြတ်လုပ်သင့်တာတွေကို ကြံဆနေမိသည်။"ကိုင်း စိတ်ပူမနေပါနဲ့တော့ ဉီးညို ပုဏ္ဏားဖြူကြီးကို ဆုချီးမြှင့်လိုက်ပါအုံး။ အခစားလဲလွှတ်ပါတယ်။ ကိုယ်တော်ခဏ လေညင်းခံချင်တယ် ဒိဗ္ဗ.. ဉယာဉ်ထဲ လမ်းလျှောက်ရအောင်"မြက်ခင်းကိုဖြတ်တိုက်လာတဲ့ ဆောင်းလေအဝေ့... မြက်သားနံ့ခပ်မွှေးမွှေး.. ဉယာဉ်နံဘေးမှာ အနောက်နားက နားခံတော်ကြီးဉီးညိုနဲ့ ဒိဗ္ဗတို့ ခြံရံလျက် မြတ် ခပ်ဖြေးဖြေးပဲ လမ်းလျှောက်လာခဲ့သည်။ပုံမှန်ဒီအချိန်ဆိုရင်.. ကလေးသံတွေစည်ဝေနေရမယ့် ဒီကွက်လပ်မှာ ဘယ်သူမှရှိမနေ။မနက်ဖြန်ဆို နှစ်ကူးပြီပဲ။ နှစ်ကူးချိန် ကလေးတွေပျော်ဖို့ မြတ်စီစဉ်ထားခဲ့တာတွေ လုပ်ကြံတဲ့လူကြောင့် ပျက်ကုန်ပြီ။ ကလေးတွေက မီးရှူးမီးပန်းတွေဖောက်တော့မှာမဟုတ်တော့။ စည်ပင်ပျော်ရွှင်နေရမယ့် နန်းတော်ဝင်းကြီးက အခုတော့ တိတ်ဆိတ်လို့.. ကယ်တော့မြတ်လည်း ကိုယ်တော့်ရှေ့ ဟန်ဆောင်နေပေမယ့်.. ကိုယ်ဝန်နာကြောင့် နုံးချိနေခဲ့ရတာ ပင်ပန်းနေခဲ့တာ ကိုယ်တော်မရိပ်မိအောင် ဆေးတွေသောက်ရင်း အားတင်းထားခဲ့ရတာပဲလေ။ အနားကပ်နေတဲ့ ကိုယ်ရံတော် ဒိဗ္ဗက မသင်္ကာဖြစ်နေတာကိုတောင် မကွယ်ဝှက်နိုင်တော့။ မြတ်ဗိုက်ကလေးက ရှပ်အင်္ကျီအောက်မှာ ခပ်ပူပူလေးထွက်လာပြီမို့ ကိုယ်တော်နေကောင်းပြီဆိုရင်ဖြင့် ဗိုက်ကိုပြလို့ ကိုယ်တော်ဝမ်းသာအောင် ပြောပြရအုံးတော့မှာပဲ။"အဟင်း.. ကိုယ်တော်နဲ့အတူတူ တစ်ပန်းကန်ထဲစားလို့လားမသိပါဘူး.. ဒီနေ့ ထမင်းကောင်းကောင်းစားနိုင်တယ်။ အန်မထွက်အောင်လို့ ဆေးကြိုသောက်ထားအုံးမှပဲ။ အင်း.. တိက္ခကို အရင်ဝင်ကြည့်လိုက်မယ်"တစ်ရက်လုံးလုံး သတိလစ်နေခဲပြီး.. ယနေ့မနက်ပိုင်းကမှ သတိရလာတဲ့ တိက္ခအနား ဝဏ္ဏကိုပို့ထားပေးပြီး ပြုစုခိုင်းထားပေမယ့် မြတ် စိတ်မချသေးတာကြောင့်လည်း တိက္ခကိုတစ်ချက် ဝင်ကြည့်လိုက်သည်။"ခေါင်ဖုရား... ""မထနဲ့တိက္ခ.. လှဲနေ။ သက်သာရဲ့မဟုတ်လား။ မောင်မင်းစားချင်တာကို ဝဏ္ဏနဲ့ စားဖိုဆောင်မောင်မင်းထွန်းဆီ ပြောခိုင်းလိုက်။ သက်ဉီးက မောင်မင်း စားလိုတာ စားနိုင်တယ်တဲ့။ ‌ဆေးရော ပုံမှန်သောက်ရဲ့လား တိက္ခ။ ဒဏ်ရာတွေကရော နာနေသေးလား"တစ်ကိုယ်လုံးပတ်တီးအပြည့်နဲ့ အိပ်ယာထက်ကနေ လက်အုပ်ချီနေတဲ့ တိက္ခရဲ့ လက်အစုံကို မြတ် ကြင်ကြင်နာနာ အုပ်ကိုင်ရင်း သတင်းမေးရသည်။ သက်သာလာတဲ့တိက္ခကိုကြည့်ရင်း မြတ် စိတ်အေးသွားရပေမယ့်.. တိက္ခကတော့ မထနိုင်သေးပေ။"ခေါင်ဖုရား ဝေဒနာသက်သာပါရဲ့လားဘုရား။ အန်နေသေးလားဘုရား။ ငယ်ကျွန့်ကိုစိတ်ချပါဘုရား ငယ်ကျွန်သက်သာပါပြီဘုရား။ ခေါင်ဖုရား.. နန်းဆောင်ခန်းထဲ စံနေပါလားဘုရား လုပ်ကြံသူကို ငယ်ကျွန့်ပေါ့ဆမှုကြောင့် လွတ်သွားပါတယ်ဘုရား။""ဒါ အရေးမကြီးပါဘူး တိက္ခရယ်။ ဒိဗ္ဗအနားရှိနေပါတယ် မင်းသာ အမြန်နေကောင်းအောင် နေ... ကဲဒိဗ္ဗ.. မင်းညီနဲ့ စကားပြောခြေအုံး။ ငါ ရန်ပုံခွင်းကို သွားကြည့်အုံးမယ်။ ဝဏ္ဏ တိက္ခလိုအပ်တာတွေလုပ်ပေးနော် မလစ်လပ်စေနဲ့""မှန်လှပါခေါင်ဖုရား"မြတ် လည်း ကြင်နာကြတဲ့ ညီအကိုနှစ်ယောက်ကို ခေတ္တလောက် အတူဆုံကြစေပြီး ရန်ပုံခွင်းရှိရာတစ်ဘက်ခန်းကို လှမ်းလာခဲ့လိုက်သည်။တိုက်ဆိုင်စွာပဲ ဇာမဏိနဲ့ ရန်ပုံခွင်းတို့ တိုင်ပင်နေကြတဲ့ အကြောင်းအရာတွေကို တိတ်တဆိတ် နားထောင်ရင်း လောလော ထထွက်သွားကြတဲ့ ရန်ပုံခွင်းတို့ မမြင်အောင် အခန်းနံရံတစ်ဘက်မှာ ပုန်းနေလိုက်ရသည်။**ကျိန်စာအရ.. ဉီးရီးတော်ဒီပါစံအသက်ပေးသွားခဲ့တာဆိုပေမယ့် ဘာလို့များ ကိုယ်တော့်ဆီကိုကူးစက်သေးတာလဲ၊ ခွဲနေရင်.. ကျိန်စာစူးက သက်သာမယ်လို့ ဆိုပေမယ့် ကြင်ယာတော်အသက်ရှင်နေသ၍ ဆထက်တန်ပိုးတိုးပြီး စူးလိမ့်အုံးမယ်ဆိုပြန်တယ်။ မဟာကျတော့ နန်းပြင်မှာ ကျိန်စာကင်းလွတ်တယ်ဆိုပေမယ့်.. မဟာ့အပေါ်ကျမယ့် ကျိန်စာစူးကို ကိုယ်‌တော်က ခံစားလိုက်ရတာများလား..? အင်း.. ကျိန်စာအရင်းအမြစ်အတွက် ရတနာစံအိမ်ကို ရှာကြတာ ဘယ်သူမှမတွေ့ဘူးတဲ့လား။ ဒါဆိုငါကရောဘာလို့တွေ့တာလဲ။ ကျိန်စာပြယ်စေမယ့် အရင်းအမြစ်က ငါများလား.. ငါ သေပါမှ ကျိန်စာက ပြယ်တော့မှာလား။ ဟင်း...."ဒီပါစံနန်းဆောင်ထဲ ပြန်မဝင်နိုင်ဘဲ ဉယာဉ်နံဘေး လမ်းတစ်လျှောက် လမ်းလျှောက်နေရင်း အဖြစ်အပျက်တွေကို တစ်စစီဆက်စပ်ကာ သွေးအေးအေးနဲ့ မြတ် စဉ်းစားနေမိရာကနေ .. သက်ပြင်းမောကို ချလိုက်ရသည်။လုပ်ကြံမည့်သူနဲ့.. ပုဏ္ဏားဖြူပုဏ္ဏားညိုတို့ အဟောတွေက .. မြတ်ဆီ ဉီးတည်နေတာပဲလေ။"ဒိဗ္ဗ.. မင်း ရတနာစံအိမ်ကို ‌ရောက်တော့ ဘာမှမတွေ့တာသေချာလား""မှန်ပါ ခေါင်ဖုရား.. မင်းနိုင်ကိုယ်တိုင် ထပ်ခိုးက အခန်းကိုလိုက်ပြပါတယ်ဘုရား။ ငယ်ကျွန်တို့ ဘာမှမတွေ့ခဲ့ပါဘူး"ဒါဆို မြတ် တွေ့ခဲ့တဲ့မျက်လုံးနဲ့ မျက်နှာအိုကြီးက ဘာလဲ?"ခေါင်ဖုရား.. နေကောင်းပါရဲ့လားဘုရား။ သက်ဉီးညနေပိုင်းလာတဲ့အခါ စစ်ဆေးဖို့ခွင့်ပေးတော်မူပါလားဘုရား"မြင်းခင်းရာမြက်ခင်းကိုငေးနေမိတဲ့ မြတ်ကို ဒိဗ္ဗ အပေါ်ထပ် ကိုယ်ရုံရှည်ပခုံးပေါ်တင်ကာခြုံပေးရင်း တင်လျှောက်လာတာမို့ ဒိဗ္ဗစကားကို မြတ် ပြုံးလျက် ညင်းလိုက်သည်။"မလိုပါဘူးဒိဗ္ဗ.. ငါ မင်းကိုတစ်ခုခိုင်းချင်တယ် ဒိဗ္ဗ.. ကျိန်စာအရင်းအမြစ်ဆိုတာကို ငါသိပ်စိတ်ဝင်စားတယ်။ ဒီတော့ မင်း မင်းနိုင်ကို ခေါ်သွား.. ငါ့အမိန့်နဲ့ ရတနာစံအိမ်မှာ မှီခိုကပ်ရပ်နေသူတစ်ဉီးမကျန် နန်းတော်ထဲဖမ်းလာခဲ့ဖို့.. အမိန့်ပေးပြီး ဖမ်းလာခဲ့။ အဲ့ဒါမှ မင်းတို့ အောက်လမ်းဆရာမကို မတွေ့ခဲ့ဘူးဆိုရင် ငါကိုယ်တိုင် ရတနာစံအိမ်ကိုသွားမယ်။ ထီးဘုရားကို မလျှောက်နဲ့။ ဒီညတွင်းချင်း ချက်ချင်းသွားဆောင်ရွက်စမ်း။ မနက်မိုးလင်းတာနဲ့ .. ငါ အဲဒီအိမ်ကလူတွေကိုမြင်ချင်တယ် ဒိဗ္ဗ။ ဉီးညို.. ဒိဗ္ဗကို အမိန့်တစ်စောင်ရေးပြီးပေးလိုက်။ ကိုယ်တော်လက်မှတ်ထိုးမယ်။""မှန်ပါ ငယ်ကျွန် ခေါင်ဖုရားကိုစောင့်ရှောက်...""သွားပါ ဒိဗ္ဗရယ် ဒီမှာဉီးညိုရှိနေတာပဲ။ မကြာခင် ရန်ပုံခွင်းလဲ ငါ့အနားရောက်လာတော့မှာပဲ သွားတော့ ဉီးညိုဆီက အမိန့်စာကိုယူပြီး မင်းသွားတော့"ဒိဗ္ဗ စိတ်မချမိပါ။ ဒါပေမယ့်လည်း သခင်ကပေးတဲ့အမိန့်မို့ ဒီကျွန် မတော်လှန်နိုင်။ ဉီးညို‌ရေးပေးနေတဲ့ အမိန့်စာလွှာကို စောင့်နေတုန်း .. မနေ့ကရောက်လာခဲ့တဲ့ ဆရာဖြစ်သူ ကိုယ်ရံတော် ဇာမဏိနဲ့ ကိုယ်ရံတော် ရန်ပုံခွင်းတို့ဆီ အပြေးသွားလိုက်မိသည်။ ဖြစ်နေတဲ့ အခြေအနေကို အလုံးစုံသိရမှ သခင့်ကို ကာကွယ်နိုင်မှာမဟုတ်လား။ သခင့်အမိန့်ကို ရင်မှာပိုက်ရင်း သခင့်ကိုကာကွယ်ပေးဖို့ ရန်ပုံခွင်းကို တောင်းဆိုပြီးမှ နန်းတွင်းကထွက်ဖို့ ဒိဗ္ဗ ဆုံးဖြတ်လိုက်သည်။ထိုမျက်နှာအိုကြီးကို ပြန်မြင်ယောင်တာနဲ့ မြတ်ရင်ထဲက ပျို့တက်လာသလို.. သိပ်နေမကောင်းချင်သလိုဖြစ်လာရသည်။မြတ်.. နောက်ပါးကိုလှည့်ကြည့်မိတော့ မြတ်အနားဘယ်သူမှမရှိတော့။အင်း.. ဒီအတိုင်းဆိုရင် အန္တရာယ်မကင်းဘူး။ ဖေဖေ့ဗိုက်ထဲက ကလေးရေ..ဖေဖေ မင်းလေးကိုစောင့်ရှောက်ရမှာပေါ့။မြတ်လမ်းလျှောက်နေရာဉယာဉ်က ဒီပါစံနန်းဆောင် အတွင်းလမ်းဝင်ပေါက်နဲ့ နီးကပ်နေပြီမို့.. အတွင်းလမ်းကနေ နန်းဆောင်ထဲဝင်ပြီး ဆေးသောက်ဖို့ ရည်ရွယ်ကာ မြတ်လေးပန်းနဲ့ ဂန့်ဂေါ်ပန်းရနံ့တွေကို ရှူရှိုက်ရင်း မြတ် ဉယာဉ်ထဲ ဝင်လာခဲ့မိသည်။အတွင်းလမ်းတံခါးရှိရာ လျှောက်လမ်းထိပ် ခပ်မှောင်မှောင် အပင်ရိပ်အောက်မှာ ကိုယ်ရုံအရှည်ကို ခေါင်းအုပ်ပြီး မြေပြင်ပေါ် ဒူးထောက်ထိုင်နေတဲ့လူတစ်ယောက်ကို မြင်လိုက်ရတာမို့ မြတ် သစ်ပင်ကြီးနောက် ခဏဝင်နေလိုက်ရသည်။ အခု မြတ်အနားမှာ ဘယ်သူမှမရှိဘူးလေ။"အသက်ကို ယူခွင့်ပြုပါ ခေါင်ဖုရား။ ကျွန်တော်မျိုးအသက်ကိုပါ.. အလျှော်အစားအဖြစ် ထည့်ပေးပါ့မယ်။ ထီးဘုရား ကျန်းမာသက်ရှည်စေဖို့ မညိုညင်ဘူးထင်ပါ့ဖျာ့။ အဝေးကနေသတ်လို့မသေတဲ့ ဘုန်းကံကို အနီးအနားလာလို့ အသက်ချင်းလဲပါ့မယ် ခေါင်ဖုရား။ ဘဝအဆက်ဆက် ကျွန်အဖြစ်နဲ့ အလုပ်အကျွေးပြုပါ့မယ် ခေါင်ဖုရား။ ဒီဘဝတော့ ခေါင်ဖုရားအသက်ကိုယူပါရစေ။ ကျွန်တော်မျိုးငမိုက်သားကို ခွင့်လွှတ်တော်မမူပါနဲ့တော့ဖျာ့"မြတ်.. ဒူးတွေခွေကျသွားမတတ် ထိတ်လန့်မိသလို ဗိုက်ကိုလည်း လက်နဲ့ကာကွယ်လိုက်မိသည်။ဝင်ပေါက်ဆီ ဉီးချပြီး ပြန်ထွက်သွားတဲ့ ထိုလူမျက်နှာကို မမြင်ရပေမယ့်. . ဒီနေရာရဲ့ အတွင်းလမ်းဝင်ပေါက်နေရာကိုသိသူဖြစ်တာကြောင့်ရော.. နောက်ဆုံးစကားလုံး ဖျာ့ ကြောင့်ရော ထိုလူဟာ ဘယ်သူဆိုတာ မြတ် သေချာသိပါပြီ။မြတ်.. အတွင်းလမ်းကိုသုံးပြီး ဒီပါစံ နန်းဆောင်ထဲဝင်ဖို့အကြံအစည်ကို လက်လျှော့လိုက်ရသည်။ လူသွားလူလာရှိရာ နန်းတော်မြောက်ဘက်စက်ြန်အတိုင်း ခပ်သွက်သွက် လျှောက်လျက် ဒီပါစံနန်းဆောင်ထဲ အရှေ့တံခါးကဝင်လိုက်ပြီး . ဖွက်ထားတဲ့ဆေးကို သောက်လိုက်ရသည်။မြတ်.. တုန်လှုပ်တဲ့ရင်ကိုဖိရင်း.. အတွင်းလမ်းဝင်ပေါက်ဖြစ်တဲ့ ဘီဒိုကြီကို အသာဖွင့်ကာ အတွင်းလမ်းထွက်ပေါက်တံခါးကို အထဲကနေ သေချာအောင် ပိတ်လိုက်ပြီး.. နံရံမှာကျောကပ်လို့ အသက်ဝအောင် ရှူလိုက်ရပြန်သည်။အဝေးကလုပ်ကြံတာမအောင်မြင်လို့ အနားကပ်လုပ်ကြံဖို့ ကိုယ်တိုင်ရောက်လာတယ်ပေါ့ ဉီးရီးတော်နန္ဒ။ ဉီးရီးတော်လိုချင်တဲ့အသက်ဆိုတာ ဘာအဓိပ္ပါယ်လဲ မြတ်သိတာပေါ့။ ကြင်ယာတော် မတိမ်းပါးလျှင်.. ထီးဘုရား.. အသက်တမ်း ၄၀ ရောက်တာနဲ့ ပြတ်မယ်ဆိုထားတဲ့ ကျိန်စာကြောင့်ရော .. ကြင်ယာတော် အသက်ရှင်နေတဲ့ နှစ်အလိုက် ကျိန်စာစူးက ဆထက်တန်ပိုးတိုးလို့ စူးလိမ့်မယ်ဆိုတာရော။ ထိခိုက်ဒဏ်ရာအပြင် အသက်ဘေးနီးလှတဲ့ အဖြစ်တွေကြောင့်ရော ဉီးရီးတော်နန္ဒ သောကများနေရတာကို မြတ်သေချာနားလည်တာ‌ပေါ့လေ။မြတ် နန်းဆောင်ကိုဝေ့ကြည့်လိုက်ရင်း ဉီးရီးတော် ဒီပါစံ့ကို ကိုယ်ချင်းစာမိသည်။ ဉီးရီးတော်ဒီပါစံ နောက်ဆုံးတွေးခဲ့တဲ့ အတွေးမျိုး မြတ်လည်း တွေးပါတယ် ဉီးရီးတော် နန္ဒရယ်။ မောင်တော့်အတွက် အသက်ကိုလည်း ပေးရဲပါတယ်။ ဒါပေမယ့် အခုတော့မဟုတ်ဘူးပေါ့။ မြတ် ဗိုက်ထဲက .. မောင်တော့်မျိုးဆက်အတွက် .. မြတ် အသက်ကို မွေးရအုံးမှာပါ။ မောင်တော့်လက်ထဲ မြတ်ရဲ့ ရင်သွေးကို ထည့်ပြီးတဲ့နောက် တော့ ဉီးရီးတော်ရှေ့ အသက်ကို ပေးပါ့မယ်။ အဲ့ဒီကျိန်စာဆိုးညစ် ရင်သွေးတွေဆီမရောက်စေဖို့ မြတ် အသက်ကို ပေးခဲ့ပါ့မယ်။ ခဏတော့ စောင့်ပေးအုံးမှပေါ့ ဉီးရီးတော်ရယ်။****"နောင်တော်..ညီတော်နဲ့ ဝင်းသူတို့ ခြေရာခံမိပေမယ့် .. ဗြတ္တကို လွတ်သွားပါတယ်ဘုရား။ ပုန်းခိုရာမှာ ခြေရာလက်ရာကျန်နေခဲ့ပေမယ့် ထပ်စုံစမ်းလို့မရတော့ဘူးဘုရား""ကောင်းပြီး မဟာ.. ပြန်လာခဲ့တော့။ နောင်တော် ဇာမဏိကို လိုက်စုံစမ်းခိုင်းမယ်။ ရန်ပုံခွင်း.. ကြားရဲ့မဟုတ်လား။ ခေါင်ဖုရားအနား မခွာနဲ့နော် ဒင်းတို့ရန်က အချိန်တိုင်း အနားရောက်လာနိုင်တယ်""မှန်ပါ မင်းကြီးဘုရား။ ဇာမဏိ ပုန်းခိုရာကို ဝင်းသူနဲ့တစ်ခေါက်လိုက်စစ်လိုက်ပါ့မယ်ဘုရား"ဇာမဏိ အပြေးထွက်သွားတော့မှ မြတ်လည်း ထီးဘုရားနန်း‌ဆောင်ထဲ ဝင်လာခဲ့ပြီး ကိုယ်တော့်ကို ဘာမှမသိသလို ပြုံးပြလိုက်ရသည်။"ကိုယ်တော် အကြာကြီးမထိုင်နဲ့အုံးလေ။ လှဲနေပါအုံး။ ညစာပွဲတော်တည်တော့ တစ်ခါထထိုင်ရအုံးမှာ။လာလာ လှဲလိုက်‌နော်။ ရန်အောင် .. စားဖိုဆောင်ကိုပြေးစမ်းပါ။ တိက္ခနိုးရင် နို့ဆန်ပြုတ် ပို့လိုက်စမ်းလို့ .. ညစာပွဲတော်ကိုလည်း ကိုယ်တော့်အတွက် နို့ဆန်ပြုတ်တစ်ခွက်ပါပစေလို့ နော်။ ကိုယ်တော်.. ဒီညတော့ ဆန်ပြုတ်နဲနဲ အရင် စားရမယ်။ ပြီးမှ ထမင်းစား.. ညအိပ်ယာဝင်ရင်လည်း နို့တစ်ခွက် မဖြစ်မနေသောက်ရမယ်‌နော်။ ညနေစောင်း အအေးမခံနဲ့ စောစောရေသုံးသပ်ရမယ်။ နောက်ကျောက ဒဏ်ရာကျက်အောင် အရမ်းမလှုပ်ရှားနဲ့အုံးနော်။""ကောင်းပါပြီမြတ်ငယ် မောင်တော်လှဲနေပါ့မယ်.. စိတ်မပူပါနဲ့တော့ မောင်တော်နေ‌ကောင်းနေပါပြီ"မြတ် ကိုယ်တော့်ရင်ခွင်ထက်မှာ ခေါင်းမှီလိုက်ရင်း ကိုယ်တော့် ရင်ခုန်သံကို နားထောင်လိုက်ရသည်။ ဒီရင်ခုန်သံကို .. နောက်ထပ် ဘယ်အချိန်မှာ.. ပြန်ကြားနိုင်ပါ့မလဲ မြတ်မသိ။ကိုယ်တော့် ကိုယ်သင်းနံ့လေးက ပိုလို့တောင် မွှေးနေသလို.. မြတ် မှီထားရင်းက ကိုယ်တော့်ကိုယ်ကို တင်းတင်းဖက်ထားလိုက်မိသည်။"မြတ်ငယ်.. မောင်တော် မြတ်ငယ်ကို ဘယ်လောက်သတိရလွမ်းဆွတ်လဲသိလား။ မြတ်ငယ်ရှိရာ ဒီနိုင်ငံဘက်ကို မျက်နှာမူပြီး.. မနက်ခင်းကိုအစပြုတယ် မြတ်ငယ်ရှိရာ.. အရပ်ကို မှန်းဆပြီး အိပ်စက်တယ်.. မြတ်ငယ် မှာကြားတာမှန်သမျှကိုလည်း နားထောင်ခဲ့တယ်.. မောင်တော်လေ.. အခု မြတ်ငယ်ကို တွေ့နေရတာတောင် လွမ်းနေမိတုန်းပဲကွယ်"ရင်ဘတ်ပေါ်မှီခိုနေရင်းက ကိုယ်တော့်မေးဖျားကို မြတ် နမ်းလိုက်သည်။လှုပ်ရှားဖို့ အဆင်မပြေတဲ့ ကိုယ်တော့်ကို မြတ် ရင်ထဲပြန်ထည့်ကာပွေ့ထားရင်း ဖြောင့်စင်းတဲ့ဆံနွယ်တွေကို နမ်းကာ.. မပြေတဲ့အလွမ်းကို ဖြေရပြန်သည်။"မြတ်လည်း လွမ်းနေတာပါ ကိုယ်တော်ရယ်။ မြတ်ကကိုယ်တော့်ကို သတိရသလို တိုးပွားကြီးကလည်း သတိရကြောင်း မြတ်ကို ခဏခဏ လာစကားပြောတယ်သိလား။ ကလေးတွေကို စာသင်ပေးနေရတာရော စက်ရုံကိစ္စတွေလုပ်နေရတာရော နဲ့ မြတ်က တစ်ခါတစ်လေ ကိုယ်တော့်ကိုမေ့နေတာ။"နှုတ်ခမ်းဆူလေးနဲ့ ချွဲချင်တဲ့ ကြင်ယာတော်လေးကို ကိုယ်တော်ကြီး မြတ်မြတ်နိုးနိုးပြုံးကြည့်နေမိသည်။"မြတ်ငယ် ပျော်တယ်ဆိုရင် မောင်တော်က ဝမ်းသာတာပေါ့ မြတ်ငယ်။ နန်းတော်ကြီးကို စည်ပင်ဝပြောနေအောင် စီမံထားတာများ အားရလိုက်တာမြတ်ငယ်ရယ်။ မောင်တော့်မိဖုရားခေါင်လေးက သိပ်တော်တာပဲကိုး""အဟင်း.. ကိုယ်တော်ကလည်း ချီးမွမ်းနေပြန်ပါပြီ။""နန်းတွင်းသူတွေ အတင်းပြောတာလွတ်တဲ့သူဆိုလို့ သိပ်မရှိဘူးမြတ်ငယ်ရဲ့ .. အခု မြတ်ငယ်ကိုတော့ ချီးမွမ်းကြတာပဲ မောင်တော် ကြားရပါတယ်။""ကိုယ်တော်.. ဉီးရီးတော် နန္ဒက ဘာလို့ မလာတာလဲဟင်။ ကိုယ်တော် ဒဏ်ရာရတာ မသိလို့လား။ မဟာလည်း ပြန်မလာဘူး။ ကိုယ်တော်.. မြတ်ကို မပြောတာဘာရှိသေးလဲ""မရှိပါဘူး မြတ်ငယ်။သိသင့်သိထိုက်တာမှန်သမျှ မြတ်ငယ်သိထားပြီးသားပါ ကွယ်"မြတ် နောက်ဆုံးကြိုးစားခြင်းမှာတောင်မှ ကိုယ်တော်က ဖုံးကွယ်ထားသေးတာပဲ။ မြတ်ကို နေသာစေပြီး ကျိန်စာစူးကို အဆုံးထိပိုက်ကာ အသက်ပေးဖို့ ဆုံးဖြတ်ထားတဲ့ မောင်တော့်ကို မြတ် နှဖူးကစပြီး.. နှုတ်ခမ်းများအထိ အနမ်းများပေးလိုက်မိသည်။"ထီးဘုရား.. အမတ်ကြီးများ နဲ့ ဝန်ကြီးဉီးကြင်‌မောင်တို့ သတင်းမေးဖို့ အခစားဝင်လိုပါကြောင်း သံတော်ဉီးတင်ပါတယ်ဘုရား""အင်း ရန်ပုံခွင်း.. ခဏစောင့်ခိုင်းလိုက်။ ကိုယ်တော်... မြတ်ငယ် သျောင်ထုံးပြန်ထုံးပေးမယ်။ ဝတ်လဲတော်လဲ လဲလိုက်ပါအုံး"မြတ် ကိုယ်တော့်ဆံနွယ်တွေကို တယုတယ ဆီမွှေးလိမ်းပေးပြီး ဆံနွယ်တွေကို အားပါးတရ နမ်းရှိုက်လိုက်ပြီးမှ သေသပ်တဲ့ သျောင်ထုံးကို ထုံးပေးလိုက်သည်။ ရှင်ဘုရင်တစ်ပါး အသရေနဲ့ ညီမျှအောင် ဝတ်လဲတော် လဲလှယ်ပေးပြီးမှ သလွန်ပေါ် မှီအုံးလေးမှီစေကာ ဧည့်သည်ဧည့်ခံဖို့ အသင့်ပြင်ပေးလိုက်ကာ.. ချစ်ရသူရဲ့ ရုပ်ပုံလွှာကို မျက်တောင်မခတ်စတမ်း.. ငေးကြည့်မိပြန်သည်။"ကိုယ်တော် .. မြတ် ဒီပါစံနန်းဆောင်ထဲမှာ စာအုပ်ဖတ်ရင်း ခဏ အိပ်လိုက်မယ်နော် ဝန်ကြီးတွေနဲ့ စကားသေချာပြောလိုက်ပါအုံး။ ဉီးညို .. ထီးဘုရားအနား ခဏနေခဲ့ပြီး.. ဧည့်သည်တွေဧည့်ခံဖို့ ပြည့်စုံအောင် စီစဉ်ပေးလိုက်။ ကိုယ်တော် မြတ် ရန်ပုံခွင်းကို အပါးခေါ်ထားလိုက်မယ်နော်။"မြတ်.. ချစ်ရတဲ့ မောင်တော့်ကို ဉီးသုံးကြိမ်ချလိုက်ပြီး တစ်ချက် စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။လွမ်းတိုင်း .. သတိရတိုင်း.. အားတင်းထားဖို့ ဒီမျက်နှာတော်ကို နှလုံးသားမှာ မှတ်တမ်းတင်ထားမယ် မောင်တော်...မြတ်.. ဒီပါစံနန်း‌ဆောင်ကို ပြန်ရောက်တာနဲ့ ရန်ပုံခွင်းကို အတွင်းဝင်ခစားစေလိုက်သည်။"ရန်ပုံခွင်း""မှန်ပါ့ ခေါင်ဖုရား အမိန့်ရှိတော်မူပါ"အခန်းထဲ ဒူးထောက်ဝင်လာပြီး မြတ်ရဲ့ အမိန့်ကို ငံ့လင့်နေတဲ့ ရန်ပုံခွင်းကို... မြတ်.. ငုံ့ကြည့်လိုက်မိသည်။ရန်ပုံခွင်းလည်ပင်းက ပတ်တီးကို အားနာပေမယ့်.. ဉီးရီးတော်နန္ဒအကြောင်း ရန်ပုံခွင်းက ပိုသိမှာမဟုတ်လား။"နန်းဆောင်နောက်ဘက် ဉယာဉ်ထဲမှာ.. ဉီးရီးတော်နန္ဒ ခိုအောင်းနေတယ်။ ရန်ပုံခွင်း.. မောင်မင်း မိအောင် ဖမ်းပါ.. ဖမ်းမမိခဲ့ရင် မောင်မင်းဇက်ကို ငါကိုယ်တိုင်ဖြတ်မယ်။ ငါကိုယ်တော်.. ဒီ နန်းဆောင်ထဲမှာစောင့်မယ် ရန်ပုံခွင်း.. မနက်ဖြန် နှစ်ကူးမှာ .. လက်ဆောင်ပေါ့လေ"ဘုရား..ရန်ပုံခွင်း ရုတ်တရက် ထူပူသွားမိသည်။ ခေါင်ဖုရားမျက်နှာတော်ကို မော်ဖူးမိတော့.. ပိရိတဲ့နှုတ်ခမ်းတစ်စုံနဲ့ မတုန်လှုပ်တဲ့ အမူအယာတို့ကြောင့် ရန်ပုံခွင်း ပိုလို့လန့်လာခဲ့သည်။ ဉီးရီးတော်လုပ်ကြံတယ်ဆိုတာ ခေါင်ဖုရား သိသွားတာလား။ ဉီးရီးတော်နဲ့ .. ဆုံများဆုံလာခဲ့တာလား။ ဉီးရီးတော် က ခေါင်ဖုရားအနား ရောက်နေနှင့်ပြီလား။ ရန်ပုံခွင်း စိုးရိမ်စိတ်တို့နဲ့ တုန်ယင်လာမိသည်။"ခေါင်ဖုရားရွှေစိတ်တော်အတိုင်း ဆောင်ပါ့မယ်ဘုရား။ စိတ်အေးချမ်းသာ စံနေတော်မူပါ။ ငယ်ကျွန်တို့ မပါပါဘဲ ဆောင်ခန်းက ထွက်တော်မမူပါနဲ့ဘုရား""ကောင်းပြီ ရန်ပုံခွင်း။ ကိုယ်တော့်ကို မပူနေပါနဲ့ ဉီးရီးတော်ကိုသာ ခပ်မြန်မြန် ဖမ်းခဲ့စမ်းပါ"ရန်ပုံခွင်း ဒီပါစံနန်းဆောင်အပြင်ကိုထွက်လိုက်ကာ.. နားခံတော်ကြီး ဉီးညိုအလာကို စောင့်နေလိုက်သည်။ နားခံတော်ကြီးကို အကျိုးအကြောင်း ပြောပြပြီးမှ .. ခေါင်ဖုရားအခန်းထဲ နှစ်ဉီးသားချောင်းကြည့်မိတော့.. ခေါင်ဖုရားက စာအုပ်လေးရင်ဘတ်ပေါ်တင်လျက် အိပ်ပျော်နေပေပြီ။****ပွဲတော်အုပ်များအလယ်က နို့ဆန်ပြုတ်ပန်းကန်လေးက အငွေ့တစ်ထောင်းထောင်း ထလျက်.. ဘုန်းရှိန်ရောင်ဝါ တံခါးပေါက်ဘက် လည်တစ်ဆန့်ဆန့်နဲ့ ခွံ့ကျွေးမယ့် ကြင်ယာတော်ကို မျှော်နေမိသည်။"ခေါင်ဖုရား.. စက်တော်ခေါ်ပျော်နေကြောင်းပါ ထီးဘုရား။ ဒီပါစံနန်း‌ဆောင်ထဲ ငယ်ကျွန်ဝဏ္ဏ အစောင့်ရှောက်ရှိကြောင်းပါ။ ဉီးရီးတော် နန္ဒ ဉယာဉ်သာထဲ ပုန်းခိုနေကြောင်း သတင်းရလို့ ရန်ပုံခွင်း.. အမြန်လိုက်နေကြောင်းပါ ဘုရား။""ဘယ်လို.. ရန်ပုံခွင်း ဘယ်ကသတင်းရပါလိမ့်လဲကွဲ့။ ဒါနဲ့ ဒိဗ္ဗမမြင်ပါ့လား ရန်အောင်။ ခေါင်ဖုရားအနား ဝဏ္ဏတစ်ယောက်တည်းလား။ ငါကြွစမ်းမယ်။""ထီးဘုရား လှုပ်ရှားတော်မမူပါနဲ့အုံးဘုရား။ ဇာမဏိ နန်းတွင်းဝင်လာခဲ့ပါပြီဘုရား။ ခေါင်ဖုရားအပါး အခစားဝင်ပါလိမ့်မယ်ဘုရား""ရန်အောင်.. အခု မောင်မင်းသွားစောင့်ရှောက်ခြေစမ်း။ ဝဏ္ဏက နဝေတိမ်တောင်နိုင်လွန်းတယ် ကိုယ်တော်စိတ်မချဘူး။ မြတ်ငယ် စက်တော်ခေါ်လိုက ခေါ်ပါစေ။ မနိုးစေနဲ့။ ပင်ပန်းနေရှာပြီ"""အမိန့်တော်မြတ်အတိုင်းပါဘုရား"နေ့ည ပြုစုရလို့ ပင်ပန်းနေရှာတဲ့ မြတ်ငယ်ကို အနားယူစေချင်တာမို့ ဘုန်းရှိန်ရောင်ဝါ နို့ဆန်ပြုတ်ပန်းကန်ကိုယူကာ ကိုယ့်ဘာသာပဲစားလိုက်ရသည်။ မြတ်ငယ်ခွံ့ကျွေးတာလောက် အရသာမရှိပေမယ့်.. မြတ်ကိုယ်တိုင် စီမံပေးတဲ့ ပွဲတော်စာမို့.. မြိန်ယှက်စွာပဲ သုံး‌ဆောင်လိုက်ရသည်။***မြတ်.. နာရီကိုတစ်ချက်ကြည့်လိုက်သည်။ ည ကိုးနာရီ..။ စောစောက နားခံတော်ကြီးနဲ့ ဝဏ္ဏတို့ အိပ်ချင်ယောင်ဆောင်နေတဲ့ မြတ်အနားကို ခြေဖော့ဝင်လာပြီး ခိုးကြည့်သွားခဲ့ကြပြီးပြီ။ ရန်အောင့်ကိုလည်း မြတ် အိပ်ပျော်နေတယ်လို့ ထီးဘုရားဆီ သတင်းပို့ဖို့ ပြောသံ သေချာကြားရပြီးမှ.. အိပ်ယာကထလိုက်ကာ ဘီဒိုထဲက အသင့်ပြင်ထားပြီးတဲ့ အဝတ်ထုပ်ထဲကို ဆေးဗူးများထည့်လိုက်ပြီးနောက်.. ခင်မမ ဆီက ကြိုတင်ယူထားခဲ့တဲ့ မိန်းကလေးအဝတ်အစားတွေကို လဲလှယ်ကာ အတွင်းလမ်းဉယာဉ်ပေါက်က ထွက်လာခဲ့တော့သည်။နှစ်ကူးအတွက်.. အိမ်ပြန်ကြမယ့် နန်းတွင်းသူ နန်းတွင်းသားများ ဝင်ထွက်နေကြတဲ့ နန်းတော်ပေါက်ဝမှာ မြတ် အသာရောထွေးပြီး ထွက်သွားလိုက်ပြီးတဲ့နောက်.. နန်းတော်ခြံဝင်းအပြင်ကိုရောက်တော့မှ.. ကိုယ်တော်ရှိရာ နန်း‌ဆောင်ဘက် ကို နောက်ဆုံးတစ်ကြိမ်လှည့်ကြည့်လိုက်မိသည်။"ကန်တော့ခဲ့ပါတယ် အိမ်ဉီးနတ်ရှင်။ ဝေးဝေးကနေ ရင်သွေးတော်ကို စောင့်ရှောက်ပါ့မယ်။ မြတ်ငယ်ရဲ့ အဝေးမှာ ကျန်းမာနေရစ်တော်မူပါ။ ထိမ်းမြားအလွန် ကြင်ယာတော် တိမ်းပါးလေမှ ပျက်ပြယ်မယ့် ကျိန်စာနဲ့ ကံကြမ္မာမို့ ရင်သွေးလေးကို အိမ်ဉီးနတ်လက်ထဲ အပ်နှံပြီးတာနဲ့ မောင်တော်နဲ့ မြတ်တို့အပေါ်စူးနေတဲ့ ကျိန်စာကို နှုတ်သိမ်းပြီး နှုတ်ဆက်ပါ့မယ် အိမ်ဉီးနတ်ရှင် ဗျာ။"အပိုင်းသစ်မျှော်ပါ ခင်ဗျာ။ဖတ်ရတာ အဆင်ပြေကြပါစေ။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now