အခဏ်း ၈။

124 7 0
                                    


🐚🐚🐚🌷🌷🐚🐚🐚🌷🌷🐚🐚🐚🌷🌷🐚🐚🐚

"ဒူ...တူ...တူ.. တုတ်..တုတ်...တုတ်... နောင်"

နန်းတော်ဉီး စည်တော်ကြီး တီးချိန်... လင်းကြက်တွန်ချိန်.. နံနက်အာရုဏ်တက် နေမင်းရဲ့ အရှိန်အဝါ.. ကောင်းကင်ယံမှာ ထွန်းလင်းဖို့ အားယူနေချိန်..နှစ်ခြိုက်စွာ အိပ်စက်နေတဲ့ ခေါင်ဖုရားအနား.. ရန်ပုံခွင်း.. ဒူးထုပ်လျက်.. ခစားရင်း အခြေအနေကို အကဲခတ်နေမိသည်။ ရုတ်တရက်ဆန်စွာ နာမကျန်းတဲ့ ခေါင်ဖုရားအဖြစ်က လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ခန့်က ရန်ပုံခွင်း ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်အတိုင်း... ယူပစ်လိုက်သလို ခြုံးကျတဲ့ နားထင်ချိုင့်လေးတွေ က ခေါင်ဖုရား အသရေကို ထိပါးလာနေသည်အထိ နေ့ချင်းညချင်း စုပ်ယုတ်သွားခဲ့တာ။

ရန်ပုံခွင်း အဖြေရှာဖို့မရဲတဲ့ ခေါင်ဖုရားရဲ့ နာမကျန်းခြင်းက သုံးရက်အထိတာရှည်လာခဲ့ပြီမို့ ထီးဘုရားဆီ ကိုယ့်သဘောနဲ့ကိုယ် သံတော်ဉီတင်ပြီး နောက်မှပေးတဲ့အပြစ်ခံယူလိုက်ရင် ကောင်းမလားလို့ ရန်ပုံခွင်း တွေးနေမိသည်။ ဆေးအရှိန်ကြောင့် အိပ်စက်ပျော်နေရှာတဲ့ ခေါင်ဖုရားကိုစောင်လုံအောင် ခြုံပေးလိုက်ကာ.. သခင့်အိပ်ဆောင်ခန်း အပြင်မှာပဲ တိက္ခနဲ့အတူ ထိုင်စောင့်နေမိသည်။ ဝဏ္ဏကတော့ စားဖိုဆောင်ဘက် အပြေးသွားကာ ဒေါက်တာသက်ဉီးညွှန်းတဲ့ အစားအစာပျော့ပျော့အတွက် စားတော်ကဲကြီးကို သွားညွှန်ကြားနေပြီ။

ခေါင်ဖုရား ခပ်မာမာ မိန့်ထားတဲ့ အမိန့်ကြောင့် နာမကျန်းတာကို နားခံတော်ကြီးဆီတောင် သတင်းမပို့ရတာမို့ သခင်နဲ့ကျွန်တွေကြည့်သာ လုံးပန်းရမယ့် ဒီအရေး.. ရန်ပုံခွင်းလည်း မရဲသလို တိက္ခလည်း မျက်နှာပျက်နေရပြီဖြစ်သည်။

ဒီနေ့လည်း ရန်ပုံခွင်း စိတ်မချတဲ့အတိုင်း နန်းဆောင်ခန်းထဲက ခေါင်ဖုရား အော့အန်သံကို မိုးလင်းတာနဲ့ အတိုင်းသားကြားရပြန်တော့သည်။

"ခေါင်ဖုရား.. အတွင်းဝင်ခွင့်ပြုပါဘုရား"

ခေါင်ဖုရားဆီက ပြန်ဖြေသံမကြားရ။ တစ်ဝေါ့ဝေါ့ အော့အန်သံကိုသာ ကြားနေရတော့သည်။ အတွင်းဆောင်တံခါးကို ရန်ပုံခွင်းကိုယ့်သဘောနဲ့ကိုယ် တွန်းဖွင့်လိုက်ပြီး .. အော့အန်နေရှာတဲ့ ခေါင်ဖုရားကို ထွေးပွေ့လိုက်ကာ.. ကျောပြင်ကိုသပ်ပေးလိုက်မိသည်။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now