အခဏ်း ၁။ (Z)

205 5 0
                                    

 အပိုင်း ၁။

"ဂိုး"

"ရေး... ကဲ ၂သောင်းခွဲနော် ဟေ့ကောင်တွေ။ မြတ် ရေ မင်းကြည့်ပဲ လေးဂိုး ကွာ မိုက်တယ် ငါ့ကောင်"

"ဟေ့ကောင် မင်းမော် မနက်ဖြန် ညနေ နောက်တစ်ပွဲ နှစ်သောင်းခွဲကြေးပဲနော်။ မင်းတို့ဘက်က မြတ်ကြောင့်နိုင်တာ‌ဆိုပေမယ့် မနက်ဖြန် ငါတိုအနိုင်ပြန်ကန်ပြမယ်။"‌

"ဟျောင့် စိုးလင်း မင်းတိုဘာသာ ညံ့လို မနိုင်တာကို ဘာတွေ လိလိလားလားပြောနေတာလဲ" အသံစည်ဝေနေတဲ့ အနိုင်အသင်း ဘက်က မခံမရပ်နိုင်အောင် ရန်စကားဆိုလာတော့ မြတ်မနေသာတော့

"အိုး ဟိုး ဟိုး။။ တော်တော့ ကွာ သူငယ်ချင်းတွေအချင်းချင်းကွာ ငါဒါ့ကြောင့် ကြေးတန်းနဲ့မကစားချင်တာ ဟျောင့်စိုးလင်း မနက်ဖြန် ဗလာကြေးကွာ မင်းလည်းအနိုင်ကန်။ နိုင်တဲ့ကောင်တွေ ညနေအဆာပြေစာကျွေးကြေး။ ကဲ လာ ငါဗိုက်ဆာပြီ။ လက်ဘက်ရည်လား ဉီးတီ အသုတ်လား။"အရပ် ၅ပေ ၉ ကိုမှ ရင်အုပ်ကျယ်ကျယ် မျက်နှာသွယ်သွယ် မျက်အိမ်ကြီးကြီး ထူသယောင်နှုတ်ခမ်းက.. နီ‌ဆွေးဆွေး.. ခြေတံလက်တံ ခပ်ကြီးကြီးနဲ့ ဖြူလွလွ အသားအရည် က ကစားထားလို နီတဲ့ဘက် ကူးနေတဲ့ မြတ် စကားကို အားလုံးသဘောတူကြသည်။ ဘောလုံးကန်တာတင်မက စာလည်းတော်တဲ့ မြတ်ကို ငယ်သူငယ်ချင်းတွေရော တက္ကသိုလ်ကသူငယ်ချင်းတွေကပါ ခင်မင်ကြတာ.. "ငါတိုဝောာ့ လက်ဘက်ရည်မရတော့ဘူး အသုတ်ပဲကွာ""အိုကေ.. ငါတိုကနိုင်ထားတာဆိုတော့ ငါတိုဘက်က ရှင်းမယ် ဉီးတီ အသုတ်ဆိုင်မှာဆုံမယ်ကွာ။""ဟေ့ မြတ်.. မင်းဖုန်းလာနေတယ်"ထူးဝေ လက်ထဲက ကျောပိုးအိတ်လေးကို ယူပြီး ဖုန်းထုတ်တော့ မမဆီက။ "ဟုတ်မမ""မြတ်.. အိမ်တော်က နားခံတော်ကြီးတို့ ရောက်နေတယ်။ အမိန့်တော်အတွက် မြတ်ကိုစောင့်နေတယ်။ မြန်မြန် ပြန်လာတော့နော်"မမရူပါရဲ့ အသံက နဂိုအတိုင်းကြည်လင်တည်ငြိမ်နေပေမယ့် နားထောင်နေတဲ့ မြတ်ရင်ထဲမှာတော့ ဝမ်းနည်းပန်းနည်း လှုပ်ရှားသွားရသည်။ ဟုတ်သားပဲ ငါတောင် ၂၁ နှစ်ပြည့်ပြီပဲ။"မင်းမော်.. ငါ့ကို အိမ်ပဲပို့တော့ ငါအသုတ်ဆိုင်မလိုက်တော့ဘူး အိမ်မှာအရေးကြီးလို့။ ငါ့ဝေစုကို မင်းတို့မုန့်ဝယ်စားလိုက်တော့""ဟာ မြတ်ကလဲကွာ။ စားပြီးမှသွားပါလား""မရဘူးထူးဝေ။ မမခေါ်တာ"မမယုယကို မြတ်ဘယ်လောက် ချစ်တယ်ဆိုတာ သိနေကြတဲ့ သူငယ်ချင်းတွေအားလုံးက မင်းမော်ဆိုင်ကယ်ကိုခွထိုင်လိုက်တဲ့ မြတ်ကို လက်ပြနှုတ်ဆက်ကြသည်။ အိမ်ထဲတောင်မဝင်ရသေး မြတ် တစ်ခါမှမမြင်ဖူးတဲ့ အမျိုးသမီးနှစ်ယောက်က လာခေါ်ကာ အဝတ်အစားလဲပေးဖို ပြင်နေကြတာကို မြတ် ငြင်းပစ်လိုက်ပြီး မမရှိရာ ဧည့်ခန်းထဲကို တန်းလာလိုက်သည်။ မမယုယကတော့ ဧည့်ခန်းထိပ် ဆိုဖာမှာ ကျုံကျုံထိုင်လျက်။ မမရှေ့ကြမ်းပြင်မှာ အသက်၆၀ကျော် အရွယ်တစ်ယောက် ဉီးဆောင်ပြီး အသက်၃၀ကျော် လူဆယ်ယောက်လောက် ဒူးထောက်နေကြလေသည်။ မြတ်အနောက်ကလိုက်လာတဲ့ ဓါးကိုင်လူတစ်ယောက် နေရာအတင်းချလို ဆက်တီခုံမှာ မြတ်ထိုင်မိတော့ ရှေ့ဆုံးက ဘကြီးဆီမှ အသံထွက်လာတော့သည်။ "ထိပ်ထား မြတ်နိုးယုယဟန် ကို တော်ဝင်လက်ဆောင် ပို့သပါတယ်.. မင်္ဂလာဆောင်နှင်းဖို့ နန်ဆောင်ယာဉ် လွှတ်မယ့်နေ့ သတ်မှတ်ပြီးကြောင်း သဝဏ်လွှာဆက်သပါတယ်ဘုရား"အိုဟို.. အသုံးအနှုး ဆန်းဆန်းနဲ့ ဒူးတုပ်လာတဲ့သူက မြတ်ထက် အများကြီးအသက်ကြီးတဲ့ သူ။ အဘိုးအရွယ်က ဘုရားထူးပြီး ဒူးထောက်‌နေတာ မြတ်အတွက် အဆင်မပြေ။ ထိုသူနောက်က ဒူးတုပ်ထိုင်ရင်း လက်ဆောင်တွေ အထုပ်လိုက် သယ်ပိုးထားကြတဲ့သူတွေက ခေါင်းတွေငုံချထားကြတာ မြတ်အတွက် အတော် မသက်မသာဖြစ်စေသည်။ မြတ်ကတော့ ထိုလူတွေရှေ့ ထိုင်ခုံပေါ်ကနေ ကြမ်းပြင်ပေါ်ဆင်းထိုင်ပစ်လိုက်တော့ ရှေ့ဆုံးက နားခံတော်အမတ်ကြီးက အာလုံးခေါင်းမမော့ရဘူး အမိန့်ချက်ချင်းထုတ်လေသည်။ မြတ်.. မရောက်ချင်တဲ့နေ့ကို ရောက်လာလေပြီ။ မမကို တော်ကောက်တယ်ဆိုပြီးခေါ်သွားရင် မိဘမဲ့ မြတ် တစ်ယောက်တည်းကျန်နေခဲ့ရတော့မှာ။ မေမေ ခဏခဏ ရည်ညွှန်းဖူးတဲ့ ၂၁ နှစ်ပြည့်ရင် ရှောင်လွှဲမရမယ့်ကိစ္စဆိုတာ.. အသက်၃၂နှစ်အရွယ် မမကို မိဘချင်းစီမံထားသည့်အတိုင်း အိမ်တော်က တော်ကောက်တာတဲ့လား။ "ယောက်ဖတော် မြတ်ကြည်သာဟန် အတွက် ဆောင်ခန်း အဆောင်အယောင် ပြင်ဆင်ပြီး.. ကြောင်း.. နန်းဆောင်ယာဉ် ဆက်သမယ့် နေ့ကောင်းရက်သာ သတ်မှတ်ပြီးကြောင်း သဝဏ်လွှာ ဆက်သအပ်ပါတယ်ဘုရား။" အို.. ငါလည်းပါတယ်လား?ဒူးတုပ်လျက်က ကြမ်းပြင်ပေါ်ထိုင်နေတဲ့ မြတ်နောက်နား စောစောက ဓါးကိုင်လူလက်ထဲ စာခွေလိပ်ထည့်ပေးပြီး ဆက်ခေါင်းငုံ့နေကြပြန်သည်။"ယောက်ဖတော်အတွက် ကိုယ်ရံတော် အပ်နှင်းခံရတဲ့ ငယ်ကျွန်တိက္ခပါဘုရား။ ယောက်ဖတော် သလွန်ထက်မှာစံမြန်းမှသာ နောက်လိုက်နောက်ပါတို့ ပြန်လို့ရပါမယ်ဘုရား။ ထတော်မူပါ"ဓါးကိုင်လူက မြတ်အနားဒူးထောက်ရင်းပြောလဲပြော လက်မောင်းကနေလဲ ဆွဲမတာမို့ မြတ်မထချင်ဘဲထရပြီ။ မြတ်တို့ရှေ့ကလူတွေကတော့ လက်‌ဆောင်ပဏာတွေကို နေရာချပြီး ခေါင်းငုံ့လျက်သား‌နောက်ဆုတ်ထွက်သွားကြ‌တော့တာ.. အိမ်ထဲမှာ နားခံတော်မင်းကြီးနဲ့ ကိုယ်ရံတော် တိက္ခပဲကျန်တော့သည်။"ယောက်ဖတော်ကို အိပ်ဆောင်အပ်နှင်းဖို့ ယနေ့ပဲ အခေါ်တော်လွှတ်လိုက်ပါတယ်ဘုရား။ အရှင့်သားအမိန့်တော် ခံယူပါဘုရား။"အန်.. ဘယ်လို? မြတ်ထိုင်ရုံရှိသေး နောက်တစ်မျိုးအမိန့်ဆိုတော့ ... တိက္ခက မြတ်လက်ကို အသာထူမပြီး ရှေ့မှာဒူးထောက်လိုက်တာမို့ မြတ်ဘာလုပ်ရမှန်းမသိတော့။"ဒူးထောက်လျက်သား အမိန့်တော် ခံယူပါ ယောက်ဖတော်ဘုရား"သေစမ်း။ အခု ငါ့အလှည့်လား။ ဒူးက ထောက်ရလိမ့်အုံးမှာ ချီးပဲကွာ။စိတ်ထဲက အထပ်ထပ် ဆဲပစ်လိုက်ပေမယ့် ဒူးကတော့ ထောက်ပြီးသား။"သခင်လေး မြတ်ကြည်သာဟန်... ဆောင်တော်အပ်နှင်းမှာမို့ ယနေ့ စီးတော်ယာဉ်နဲ့လိုက်ပါကြွမြန်းပါရန် အမိန့်တော်မှတ်ပါကြောင်း။ မည်သည့်ပစ္စည်းပစ္စယမှ မယူလာဖို့ အမှာတော် ပါးလိုက်ပါတယ်ဘုရား""အို ဘယ်ဖြစ်မလဲ မမတစ်ယောက်တည်း အိမ်မှာကျန်နေမှာပေါ့။""မင်္ဂလာအခန်းအနားအတွက် အပျိုတော်တွေ ‌ရောက်နေပါပြီဘုရား။ သခင်လေး စီးတော်ယာဉ်ပေါ် ကြွတော်မူပါဘုရား။""နေအုံး။ လက်ပ်တော့ယူအုံးမယ်လေ။ ပိုက်ဆံအိတ်လဲ ယူရမှာ။ ဒီဘောလုံးဝတ်စုံလဲအုံးမယ် ချွေးတွေကြည့်ပဲ"မြတ်စကားကို ဘယ်သူမှ ဂရုမစိုက်ကြပါ။ တိက္ခက လက်ကဆွဲကာ နားခံတော်က ကျောမှဖက်ကာ အိမ်ပြင်မှာရ့ပ်ထားတဲ့ ကားအကောင်းစားပေါ်ကို တွန်းတင်ကြတော့သည်။"ဟား သောက်ကျိုးနည်း .. တော်ကောက်ခံရတာ မမ လားငါလား ဟေ"တိက္ခ မြတ်နံဘေးဝင်ထိုင်ပေမယ့် မကြားယောင်သာဆောင်နေသည်။မမကိုတောင် နှုတ်မဆက်ခဲ့ရ။ ယူနေကြ လက်ပ်တော့လည်းမပါလာ။ ဖုန်းကိုလည်း ကားပေါ်တက်တာနဲ့ နားခံတော်ကြီးက ယူသွားလို့ ဘုမသိဘမသိနဲ့ မြတ် ထိုင်လိုက်လာခဲ့ရတော့သည်။ ကားကမောင်းထွက်လာခဲ့တာ လှည်းကူးမြို့ကိုတောင်ကျော်လို့.. ပဲခူးကိုပဲရောက်‌တော့မှာ.. မြတ်ချွေးစိုဘောလုံးဝတ်စုံက ကားအဲကွန်းကြောင့်‌အေးလာသလိုလို ပခုံးကိုတွန့်လိုက်တာနဲ့ ကားရှေ့ခန်းမှာထိုင်နေတဲ့ လူတစ်ယောက်က ပုဝါကြီးကြီးတစ်ထည်ကို ရိုရိုသေသေ ပေးလာတာမို့ ခြုံလိုက်ရသည်။"ယောက်ဖတော်ဘုရား။ ကိုယ်လုပ်တော် ငယ်ကျွန် ဝဏ္ဏပါ ဘုရား။ အပါးတော်မြဲခစားဖို့ အမိန့်တော် မှတ်ထားပါတယ်ဘုရား""ငါဗိုက်ဆာတယ်။"မြတ်ဆီက မထင်မှတ်ထားတဲ့ စကားကြောင့် တိက္ခ ပြာသွားသည်။ ခါးကြားက ဖုန်းကိုထုတ်ပြီး ရှေ့ကားမှာစီးသွားတဲ့ နားခံတော်ကြီးဆီ ဖုန်းဆက်လိုက်သည်။"နားခံတော်အမတ်ကြီးဘုရာ့၊ သခင်လေး ဗိုက်ဆာတော်မူတယ်တဲ့ဘုရာ"သိပ်မကြာခင်မှာပဲ ကားထိုးရပ်သွားပြီး ယွန်းအုပ်လေးတစ်ခုကို ဝဏ္ဏ ပြေးယူလာခဲ့သည်။ အချိန်ကား ည 7 နာရီထိုးနေပြီ။ ယွန်းအုပ်ဖွင့်လိုက်တော့ ခေါက်ဆွဲကြော်နဲ့ ကြက်ပေါင်တစ်ချောင်း။ "ဟင်း..."မြတ် သက်ပြင်းသာချလိုက်ရသည်။ ‌ရွှေရောင်ခက်ရင်းလေးနဲ့ ခေါက်ဆွဲကြော်ကိုယူစားလိုက်တော့ ကားထဲကလူတိုင်း ခေါင်းငုံ့ကာမျက်နှာလွဲနေကြတော့သည်။ ခြံဝင်းကြီးတစ်ခုအတွင်း ကားထိုးရပ်လိုက်ချိန် ည 8 နာရီခွဲ။ ဗိုက်ပြည့်လို့ ငိုက်လာတဲ့ မြတ်ကို ဝဏ္ဏက ဖေးမကာ ကားပေါ်ကဆင်းစေတော့ မီးတွေထွန်းထားတဲ့လမ်းလေးတစ်လျှောက် လူတစ်ချို့ ခေါင်းငုံ့လျက် တန်းစီရပ်နေကြတာ။ မြတ်ကို ရေချိုးခန်းထဲတစ်ခါတည်းထည့်ပြီး ရေချိုးခိုင်း ဝတ်ပေးလာတဲ့ အဝတ်အစား‌တွေကလည်း မြတ်ကိုယ်နဲ့ကွက်တိ။ ပိုးဖဲစတွေကို ခေတ်ပေါ်ပုံစံချုပ်ထားတာ သေသပ်တဲ့ဒီဇိုင်းတွေနဲ့။ မြတ်ပင်ပန်းနေပြီ။ အိပ်လည်းအိပ်ချင်နေပြီ။ ဘုရာ့တွေ သခင်လေးတွေ ယောက်ဖတော်တွေ ကိုလည်း စိတ်မဝင်စားတော့ပြီ။တော်ကောက်ခံရတဲ့ မမတော့ ဘယ်လိုနေမယ်မသိ။ ယောက်ဖအဖြစ် အိမ်တော်ကိုခေါ်လာခံရတဲ့ ကိုယ့်ကိုယ်ကို တော့ အတော်ပဲသနားသွားမိတော့တာပင်။ "အရှင့်သား မနက်ပိုင်းအဆောင်တော်ကူးချိန် သခင်လေး ကြိုဆိုရပါ့မယ် ဘုရား။ အပါးတော်မြဲ ဝဏ္ဏ အထောက်တော်ပြုပါလိမ့်မယ်။ စက်တော်ခေါ်ပါတော့ဘုရား"နွားနို့ပူပူကြီးတစ်ခွက်ကို ကိုင်လာတဲ့ နားခံတော်အမတ်ကြီးက ရှေ့ကဉီး‌ဆောင်သွားလို့ ခမ်းနားတဲ့ စင်္ကြန်အတိုင်း လိုက်သွားလိုက်ရသည်။ တစ်ယောက်အိပ် ကုတင်တစ်လုံးနဲ့ အခန်းတွင်းအပြင်အဆင်တွေက အံ့ဖွယ်ရာ ပြည့်စုံလွန်းလှသည်။ အိစက်တဲ့အိပ်ယာထက် ထိုင်မိတော့ နားခံတော်အမတ်ကြီးကိုယ်တိုင် နွားနို့ကို မှုတ်ကာတိုက်လို့ ကလေးတစ်ယောက်သဖွယ် မြတ်သောက်လိုက်ရတော့သည်။ ယောက်ဖတော် တစ်ယောက်ကို ဒီလောက် ထားစရာမရှိရင် ကြင်ယာတော်ကို ဘယ်လောက်ကြင်နာမယ့် အရှင့်သားဖြစ်လေလိမ့်မလဲလို့ .. မမအတွက် မြတ် ကျေနပ်မိရင်း အိပ်ယာဝင်လိုက်တော့သည်။ ထို နေ့ကစပြီး မြတ်ရဲ့ ရိုးရှင်းတဲ့ဘဝလေး ရှုပ်ထွေးမှုအပေါင်းနဲ့ တွေ့ကြုံရတော့မယ်လို့ .. အိမ်မက်လေးထဲတောင် ထည့်မမက်ခဲ့မိပေ။ ***********"ဉီးရီးတော်..."ခပ်ဆတ်ဆတ် အသံက အတော် စိတ်ဆိုးနေပြီဆိုတဲ့ လက္ခဏာပဲမို့ ဉီးရီးတော် နန္ဒ ခေါင်းကို အစွမ်းကုန် ငုံ့ထားမိသည်။"ကိုယ်တော့်ကို ကျော်လွန်လို့ စီမံဝံ့တယ်လား""အရှင့်သား။ စဉ်းစားချင့်ချိန်တော်မူပါ""ဉီးရီးတော်.. ဒီကိစ္စကို ကိုယ်တော်စီမံထားသလို မဖြစ်ရင် သူတစ်ပါး ထိခိုက်စေတယ်ဆိုတာ နားလည်ရဲ့လား""အရှင့်သားကို မထိပါးဘူးဆိုလျှင်ဖြင့် ဘယ်သူ့ကိုမဆို ထိခိုက်စေလည်း ထိခိုက်ပါစေ ဆိုတဲ့ အတွေးက ကျွန်တော်မျိုး အတွေးပါဘုရာ့။ နောက်ဆုတ်ဖို့ လွန်ကုန်ပါပြီ အရှင့်သား။ အဆောင်တော်ကူးဖို့ အချိန်ပါဘုရာ့။ ကြွတော်မူပါ""ဟင်း.. "သက်ပြင်းကို ခပ်ကျယ်ကျယ် ချလိုက်ရပေမယ့် ဉီးရီးတော်ကို စိတ်ဆိုးလို့မရ။ ဒီကိစ္စနဲ့ပတ်သက်ရင် တစ်ဇွတ်ထိုးလုပ်မယ်ဆိုတာ သိထားလျက်မဟုတ်လား။ အခုမှတော့ မတတ်နိုင်တော့ပြီ။ "ကောင်းပြီ။ အဆောင်တော်ကူးရင် နောက်လိုက်တစ်ယောက်မှ မမြင်ချင်ဘူး။ ကိုယ်တော် တစ်ပါးတည်းသွားမယ်""အမိန်တော်မြတ်အတိုင်းပါ အရှင့်သား"နဂိုပြင်ဆင်ထားတဲ့ အဆင်အယင်တွေကို ချွတ်ပစ်လိုက်ပြီး ရိုးရိုးပုဆိုး နဲ့ ရှပ်အင်္ကျီကို ယူဝတ်လိုက်ကာ ခြေညှပ်ဖိနပ်လေးစီးပြီး အိပ်ဆောင်ကထွက်လာခဲ့လိုက်သည်။ညတုန်းကသာ အ‌ဆောင်တော်ကူးဖို့ သံတော်ဉီးတင်ခဲ့ရင် နောက်မကျလောက်ဘူး။ စင်္ကြန်လမ်းအတိုင်း အိမ်မ ကြီးကနေ ခွဲထွက်နေတဲ့ အဆောင်တော်တစ်ခုဆီ ကူးလာချိန်မှာတော့ ကြိုဆိုနေကျ အထိန်းတော်တစ်ယောက်မှမရှိ။ လှေကားသုံးထစ် ဆင်းလိုက်ပြီး ကြင်ယာတော် အိပ်ဆောင်မကြီးဘက် ကွေ့ဝင်လိုက်တာနဲ့ တိက္ခကို တံခါးဝမှာရပ်လျက် တွေ့လိုက်ရသည်။အဆောင်အယောင်မပါ.. ရှေ့တော်ပြေးမပါ နဲ့ ရောက်ချလာတဲ့ အရှင့်သားကို တိက္ခ ဒူးချက်ချင်းထောက်ကာ ခရီးဉီးကြိုပြုလိုက်ရသည်။ အတွင်းထဲက ယောက်ဖတော် ပြင်ဆင်ပြီးမပြီး တိက္ခ မသိ။ "တံခါးဖွင့်"အသံပြတ်က အရှင့်သားပြောလေ့ရှိတဲ့ အသံအတိုင်းဆိုပေမယ့် တိက္ခ စိုးရိမ်နေမိသည်။အိပ်ဆောင်ခန်းတံခါးကို ဒူးထောက်လျက်က ဖွင့်ပေးလိုက်တော့ .. တစ်ချက်မှလှည့်မကြည့်ဘဲ အခန်းဆောင်ထဲတန်းဝင်သွားတဲ့ အရှင့်သား .. မနေ့က နားခံတော်ကြီး ဖတ်ကြားတဲ့ သဝဏ်လွှာအကြောင်းသာ သိမယ်ဆိုရင်.. ရွှေစိတ်တော် ညိုလိမ့်အုံးမလားမသိ။ ဉီးရီးတော်အမိန့်အတိုင်း ယောက်ဖတော်ကို ကြင်ယာတော် အဆောင်မှာထားရတာ ညတည်းက မျက်ခုံးလှုပ်နေပြီးသား။ ဘုရားဘုရား ညကမှရောက်တဲ့သခင်လေး ဒီနေ့တော့ အပြစ်ကြီးကြီး ခံရတော့လေမလား?💕💕 ကုတင်ခြေရင်း သလွန်ပေါ်မှာ ဝတ်စုံပြည့်နဲ့ထိုင်ငိုက်နေသူကို ဘုန်းရှိန်ရောင်ဝါ ငေးကြည့်လိုက်မိသည်။အနှီလူသားက ဘေးအန္တရာယ်ကိုမမြင်.. ကံဇာတ်ဆရာ ကြိုးဆွဲရာကို မသိနိုင်ဘဲ ကံကြမ္မာကို ရင်ဆိုင်မယ့်သူတဲ့လား။ ဖြူတဲ့အသားအရည်က ညှစ်ပြီးစ နွားနို့အတိုင်း ကြည်လို့။ နှာတံပေါ်ပေါ်နဲ့ နှုတ်ခမ်းထူအိအိက ရှေ့ကိုချွန်ထွက်လို့ ငိုက်မြည်းနေတဲ့ ဟန်ပန်က မြင်းဖြူတစ်ကောင် အနားယူနေသည့်ပုံမျိုး။ ခြေဆစ်လက်ဆစ်ကြီးပေမယ့်... လက်ချောင်းများကတော့ ကော့ညွတ်လို့ ... ငယ်စဉ်က တစ်ကြိမ်တွေ့ခဲ့ဖူးတဲ့ အနှီလူသားက အခုတော့ ကြင်ယာတော်အဖြစ် ရောက်လာခဲ့ပြီ။"မောင်မင်း ကိုယ်တော်ကို ကြိုဆိုဖို့ မပြင်ဆင်ထားဘူးလား" အသံကြောင့်မျက်လုံးပြဲသွားတဲ့ မြတ်.. အသံလာရာ အလန့်တကြားကြည့်လိုက်ရသည်။ ခံ့ထည်ဝင့်ကြွားမှုနဲ့ ကိုယ်ရောင်ကိုယ်ဝါက ရှိန်တောက်နေတဲ့လူ။ အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကြီးနဲ့ အဆီပိုမရှိတဲ့ ကိုယ်ခန္ဓာက.. ရွှေလိုဝင်းလို့။ ထူးခြားတဲ့ မျက်နှာသွင်ပြင်ကို ငေးလိုက်ရင်း သလွန်က ထလိုက်ကာ ထိုလူကိုကျော်ဖြတ်ပြီး အခန်းအပြင်သို့ ခေါင်းထုတ်ကြည့်လိုက်ရသည်။ အခန်းအပြင်မှာ တိက္ခက ဒူးထောက်လျက်သား။ အခန်းထဲပြန်ဝင်လာတော့ ခုဏထိုင်နေတဲ့သလွန်ဘေးမှာ ဝဏ္ဏက ဒူးထောက်လျက်သား။ ထိုလူအမေးကို ဖြေဖို့က ကိုယ့်တာဝန်လိုဖြစ်လာပြီမို့ မြတ် ခပ်အေးအေးပဲ ပြန်ဖြေလိုက်ရသည်။ "အဲ့ကိုယ်တော် မလာသေးဘူးထင်တယ်ဗျ။ စောင့်နေရတာ ဗိုက်တွေလည်းဆာလှပြီ။ မနက် ၅ နာရီတည်းက ပြင်လိုက်ဆင်လိုက်ရတာ.. အခုထိလည်းမပေါ်လာဘူး"မြတ်စိတ်ပျက်လက်ပျက် အသံနဲ့အမူအယာ ကြောင့် ဝဏ္ဏ မျက်လုံးပြူးသွားပြီး အရဲစွန့်ကာ ဟန့်တားဖို့ ပြင်လိုက်ပေမယ်။"ယောက်ဖတော်ဘုရာ့""မောင်မင်းကို ဘယ်သူသံတော်ဉီးတင်ခိုင်းတုန်း ဝဏ္ဏ"ခေါင်းငုံထားလို့ အရှင့်သား မျက်နှာကို မမြင်ရပေမယ့် အသံပြတ် ခပ်မာမာက ဝဏ္ဏ အသက်ထွက်ဖို့လုံလောက်နေပြီ။"မောင်မင်း မနက်စာ မသုံဆောင်ရသေးဘူးထင်ရဲ့။ တိက္ခ.."စောစောက ဟန့်သံနဲ့ မတူညီစွာ ညင်သာပျော့ပြောင်းသည့် အမိန့်တော်က အရှင့်သားနှုတ်ဖျားက မှဟုတ်ပါလေစ။ "ဧည့်ဆောင်ခန်းထဲမှာပွဲတော်တည်မယ်။""အမိန့်တော်မြတ်အတိုင်းပါ ဘုရား"အခန်းထဲက ဝဏ္ဏကိုပါ မောင်းထုတ်လိုက်တာမို့ တိက္ခနဲ့ ဝဏ္ဏတို့ စားဖို‌တော်မင်းဆီ အပြေးသွားကြရပြီ။ လှေကားခြေရင်းကျမှ အရှင့်သားကိုယ်ရံတော် ရန်ပုံခွင်း ကို ဓါးကိုင်လျက်သားနဲ့ အပါးတော်မြဲ ရန်အောင် ကိုတော့ ဝတ်လဲတော်တွေ အထပ်လိုက်ကိုင်လျက် တွေ့ကြရတာမို့ .. အရှင့်သား ဒီနေ့ ကြင်ယာတော်ဆောင်ကြွမြန်းတာ ပုံမှန်အတိုင်းမဟုတ်ဘူးလို့ ရိပ်မိတော့တာပင်။ "မောင်မင်း.. ကိုယ်တော်ကြွမလာရင် ဘာလုပ်မလဲ""ကျွန်တော် ဘာလုပ်လို့ရမလဲ။ မသိဘူး။ မမနဲ့တွေ့ချင်တယ်။ မမကို ကြင်ယာတော် တော်ကောက်တယ်ဆိုပြီး အိမ်မှာထားခဲ့ရတာ စိတ်မချဘူးလေ။ ဖုန်းရော လက်ပ်တော့ရောမပါလာတော့ ပျင်းတာအရမ်းပဲ။ ဒါနဲ့ ခင်ဗျားက နားခံတော်ကြီးထက် ရာထူးကြီးတာလား။ တိက္ခတို့ ကြောက်တာ ဒူးတုန်နေတာပဲ။ အရှင့်သားနဲ့ ဘာတော်တာလဲ""မောင်မင်း ဘာလို့ဒီကိုရောက်နေလဲ သိတယ်ဟုတ်စ""ယောက်ဖတော်ကို ဆောင်ခန်းအပ်နှင်းပါမယ်ဆိုပြီး ပြန်ပေးဆွဲသလို ခေါ်လာတာပဲ။ မမကို မင်္ဂလာဆောင်နှင်းဖို့ ရက်လိုသေးတယ်ဆိုလား။""အို.."ဉီးရီးတော် ဘယ့်နှယ်တွေလုပ်တာပါလိမ့်။ အင်း ဒါလည်းကောင်းတာပါပဲလေ။ ဒီလူသားလို ကျားကျားလျားလျားနဲ့ သွက်လက်တဲ့သူက ယျောက်ျားတစ်ယောက်ကို လက်ဆက်ရမယ်ဆိုရင် အကြည်တစ်သာ လိုက်လာပါ့မလား။"အရှင့်သား.. စားတော်ပွဲ အသင့်ဖြစ်ကြောင်းပါဘုရား"မြတ် စကားတွေပြောနေမိရာက ဆတ်ကနဲတွန့်သွားရသည်။ အရှင့်သား ဆိုပါ့လား။ထပ်ကြည့်မိတော့... လေးထောင့်ကျကျ မေးရိုးတွေက မေးစေ့ချွန်ချွန်မှာ အနားသတ်လို့.. နသယ်စမှာ ခပ်ထူထူကျတဲ့အထိ ဆံပင်က‌ကောင်းလိုက်တာ။ ပြန့်ကားကျယ်တဲ့နားရွက်က ဉာဏ်ပညာရဲ့ လက္ခဏာပဲလား။ နှာတံပေါ်လွန်းပြီး ချွန်မြတဲ့နှာခေါင်းထိပ်အောက်က နှုတ်ခမ်းမွှေးရေးရေးက ယောက်ျားပီသသည့်ပုံကို တိတိကျကျ ဖော်ဆောင်ထားသည်။ မြတ်ထက်ပိုရှည်တဲ့အရပ်က ၆ ပေကျော်လောက်မယ်ထင်သည်။ ရွှေရောင်အသားအရည်နဲ့ ထူးဆန်းတာက ပေါင်တံနဲ့ခြေသလုံး။ သွယ်ပြောင်းတယ်လို့ပဲ ဆိုရမလား။ ဆင်စွယ်ကဲ့သို့လို့ပဲ ပြောရမလား။ အင်း မမ ကို ချစ်မြတ်နိုးရင်တော့ သိပ်လိုက်ဖက်တဲ့ စုံတွဲဖြစ်မှာပဲ..."မောင်မင်း ကိုယ်တော့်ကို စိုက်ကြည့်လို့ပြီးရင် ပွဲတော်တည်ကြစို့။. ကိုယ်တော် ၉ နာရီမှာ ညီလာခံရှိတယ်။"မြတ် ရှက်ရှက်နဲ့ပဲ ကိုယ်တော့်နောက်က တိတ်တိတ်ဆိတ်ဆိတ်လိုက်လာရင်း မြတ်ကိုခိုးကြည့်တဲ့ ဝဏ္ဏကို မျက်လုံးပြူးပြလိုက်မိသည်။တော်လိုက်တဲ့ အပါးတော်မြဲ။ အရှင့်သားမှန်းမသိဘဲ သူရှောက်ပြောမိတာတွေ က လွန်သွားလား မြတ်မသိတော့။ စိတ်တော့ မဆိုးဘူးထင်တာပဲလေ။"မောင်မင်း... ဘယ်လိုစားဖွယ်မျိုးနှစ်သက်လဲ။ ဒီမှာတည်ခင်းထားတဲ့အထဲမှာ မောင်မင်းနှစ်သက်တာများပါလား"အမျိုးအမည် မရွေးနိုင်လောက်အောင် များပြားတဲ့ ပွဲတော်အုပ်ကြီး နဲ့ ဒေါင်းလန်းကြီး က ဧည့်ခန်းဆောင်မှာနေရာယူလို့။"ဘာမဆိုစားပါတယ် ကိုယ်တော်။ ဒီလောက်များတာ ဘယ်လိုလုပ်ပြီး နှစ်ယောက်ကုန်နိုင်ပါ့မလဲ""မောင်မင်း စိတ်တိုင်းကျ သုံးဆောင်ပါ။""မုန့်တွေ ပဲစားရမလား။ ဟိုဘက်က မုန့်ဟင်းခါးပဲစားတော့မယ်"မြတ်လက်မလှမ်းလိုက်ရ။ ကိုယ်တော်က မုန့်ဟင်းခါးထည့်ထားတဲ့ ပန်းကန်ကိုယူပြီး ဟင်းရည်ပန်းကန်ထဲက ဟင်းရည်တွေ ထည့်ကာ လှမ်းပေးလာတာမို့ မြတ်ယူစားလိုက်သည်။"အင်း.. ဟင်းချက်တော်လိုက်တာ။ စားကောင်းတယ် ကိုယ်တော်။ ကိုယ်တော်ရောမစားဘူးလား။ ညီလာခံရှိတယ်ဆို တစ်ခုခုတော့ ဝင်အောင်စားလိုက်အုံးဗျ""ယောက်ဖတော်ဘုရာ့"အနားကပ်လျက် ရပ်နေတဲ့ ဝဏ္ဏက ဟန့်တားချင်ပေမယ့် အရှင့်သားရဲ့ မနှစ်မြို့တဲ့အကြည့်ကြောင့် တွန့်သွားရသည်။ "ကိုယ်တော်က ကော်ဖီနဲ့ပေါင်မုန့် သုံးဆောင်မှာ။ မောင်မင်းသာ ပြည့်စုံအောင် သုံးဆောင်ပါ"အတူများမစားဘဲနဲ့ လာဧည့်ခံနေရသလားကိုယ်တော်။ မြတ်စိတ်ထဲက မေးလိုက်ပေမယ့် ကိုယ်တော်က ကြားဘိသည့်အလား.. စိုက်ကြည့်လာလေသည်။ မြတ် ပခုံးလေး တွန့်လိုက်မိပြီး မုန့်ကိုငုံ့စားလိုက်တော့မှ ကိုယ်တော် မျက်နှာလွှဲတော့တာ။ တော်ပါသေးရဲ့ တော်ကောက်တယ်ဆိုလို့ မလိုချင်တာ ယူရတဲ့လူတွေအတိုင်း ပစ်များထားမလား တွေးပူနေတာ။ အခုလို ယောက္ဖတစ်ယောက်ကို အခုလောက် ဂရုစိုက်တယ်ဆိုရင်. မမအတွက်တော့ ပြည့်စုံနေတော့မှာ။ ကိုယ်တော့်လို ချောမောသန့်ကြည်တဲ့ လူက မမကို ချစ်မြတ်နိုးးရင် ဘယ်လောက် ပျော်ဖို့ကောင်းနေလိမ့်မလဲလို့။ "ဝဏ္ဏ.. သခင်လေးကို ..အိမ်တော်ဝင်းထဲ တိုင်းခန်းလှည်ဖို့ လမ်းပြလိုက်။ အထောက်တော် နှစ်ယောက် ခေါ်သွား"အမိန့်ပေးပြီးတာနဲ့ မြတ်ကို ကိုယ်‌တော် ခေါင်းကိုညှိမ့်ပြပြီး ပြန်ထွက်သွားလိုက်တာ တစ်နေ့လုံးမတွေ့ရတော့။ အိမ်တော်ဝင်းအတွင်း ဆိုပြီး လမ်းလျှောက်မိပါတယ် မြတ် အတော်ညောင်းပြီးပြန်လာရတော့တာ။ အိမ်တော်ကြီးဆိုတာက နှစ်ဆောင်ပြိုင် နှစ်ထပ်အိမ်ကြီးဖြစ်ပြီး စုလစ်မွန်းချွန်များနဲ့ နန်းဆောင်အလား တင့်တယ်လို့။ ထိုနှစ်ထပ်အိမ်ကြီးကို ပတ်ပတ်လည် အိမ်ခန်း‌ဆောင်များနဲ့ ဆက်သွယ်ထားပြီး ထို ဆက်သွယ်တဲ့ စင်္ကြန်လမ်းလေးက စားဖိုဆောင်မှာ အဆုံးသတ်သည်။ ခပ်လှမ်းလှမ်း တောစပ်လေးအလွန်မှာတော့ မြက်ခင်းပြင်ကြီးက မျက်စေ့တစ်ဆုံး.. ထိုမြက်ခင်းရဲ့ ညာဘက်ခြမ်းမှာ.. မြင်းဇောင်းကြီးရှိပြီး မြင်းတွေ နှာမှုတ်သံ ကြားနေရသည်။ မြက်ခင်းအနားသတ်တောအုပ်လေးက စိန်တစ်လုံးသရက်သီးတွေနဲ့ တစ်ခြားသရက်မျိုးတွေ သီးနေတာ ပြွတ်ခဲလို့။ ဒီမြက်ခင်းကြီးမှာများ ဘောလုံးကန်လိုက်ရရင်တော့ကွာ...။မြက်ခင်းကြီးပေါ် ကျောလှဲချလိုက်တော့ "မသင့်တော်ပါ ဘုရား" ဆိုတာ့ ဝဏ္ဏဆီက အသံကို လစ်လျှူရှုလိုက်ပြီး ခဏ လေး မျက်စိမှိတ်လိုက်မိသည်။စိတ်အေးချမ်းလိုက်တဲ့ဖြစ်ခြင်း... နဲနဲကြာအောင်..လှဲနေလိုက်မယ်လို့ တွေးနေတုန်း....ဟိုက် အကျိုးနည်း.. ရုတ်ကနဲ မြတ်ထထိုင်လိုက်မိသည်။ ဝဏ္ဏတစ်ယောက် ထိတ်ထိတ်ပြာပြာအနားကပ်လာပေမယ့် မြတ် ကိုယ့်ကိုယ်ကို အံ့အားသင့်နေတာမို့ ဝဏ္ဏမေးနေတာတွေ နားထဲမရောက်။မြတ် အမြင်အာရုံမှာ ... လက်တစ်ဘက်ခါးထောက်ထားတဲ့ ရွှေရောင်လူသားကို .. ထိုသူ့ အပြုံးယောင်လေးနဲ့တကွ.. မြင်ယောင်လာတာက ဗလောင်ဆူစရာ.. အနေအထား။ မြတ်စွာဘုရား.. ယျောက်ျား.. ဒါတောင်မှ ယောက်ဖ.. ဒါတောင်မှ.. ဒီနေ့မှ တွေ့တဲ့သူ ဗျား... ဒီနေ့အထိ ရည်းစားမထားဖူးလို့များ စိတ်တွေက‌ယောက်ကယက်ဖြစ်လေသလားပဲ..။"သခင်လေး.. နေညိုချိန် ညနေချမ်းမှာ ရေသုံးသပ်ရပါမယ်ဘုရား။ အချိန်မလင့်မီ အဆောင်တော်ပြန်ကြွရအောင်ပါဘုရား"ဝဏ္ဏ ခပ်တိုးတိုး စကားကြောင့် မြတ် ရုတ်တရက်ထရပ်လိုက်သည်။ "ညောင်းလိုက်တာကွာ။"ကိုယ့်ဘာသာ ညည်းတွားတာ မှန်ပေမယ့် တိက္ခကို ပြာသွားစေပြန်သည်။ "နေ နေ တိက္ခ .. ငါ ဒီအတိုင်းလမ်းလျှောက်ပြန်မှာပါ"ဖုန်းထုတ်ထားတဲ့ တိက္ခ ယောင်ကန်းကန်းနဲ့ နောက်ကကပ်လိုက်လာတာမို့ ထိုနှစ်ယောက်ကို မြတ် သိလိုရာတွေ မေးမိသည်။"တိက္ခ အသက်ဘယ်လောက်လဲ။ ဝဏ္ဏကရော။ ဒီကိုရောက်နေတာ ကြာပြီလား။""ကျွန်တော်မျိုးက အသက် ၃၀ ပါ ဘုရား။ ဝဏ္ဏကတော့ ၂၈ ပါဘုရား။ ကျွန်တော်မျိုးတို့ မွေးစတည်းက အရှင့်သားကို ခစားဖို့ ဒီအိမ်တော်မှာပဲ ကြီးပြင်းပါတယ်ဘုရား""အာ.. ဒါဆို ကျွန်တော့်ထက် အများကြီးအသက်ကြီးကြတာပဲ။ နာမည်တွေခေါ်နေလို့ ငရဲကြီးနေမယ်။ ကိုတိက္ခ ကိုဝဏ္ဏ ခေါ်မယ်လေ။""သခင်လေး.. ""ယောက်ဖတော်ဘုရာ့"ဒူးတွေထောက်လျက်သား မည်တမ်းကြလို့ မြတ် အတော်စိတ်ညစ်သွားရသည်။"အရှင့်သားရဲ့ ယောက်ဖတော် ဖြစ်တာမို့ ငယ်ကျွန်များကို ရိုသေရင် ငယ်ကျွန်များ မင်းပြစ်မင်းဒဏ် သင့်ပါလိမ့်မယ် ဘုရား။ စိတ်အေးသက်သာ ငယ်ကျွန်များနာမည်ကိုသာ ခေါ်တော်မူပါ။ အလိုရှိတိုင်း အသင့်ဆောင်ဖို့ ရှိကြောင်းပါဘုရား""အာ.. ထကြဗျာ။ ဟုတ်ပါပြီ။ နာမည်ပဲခေါ်ပါ့မယ်။ ငယ်ကတည်းက ဒီမှာနေကြတာဆိုတော့ .. ကျောင်းမတက်ကြဘူးလား""ကျွန်တော်မျိုးက ပထဝီမေဂျာနဲ့ ဘွဲ့ရထားပါတယ်ဘုရား။ ကိုယ်ရံတော်ကတော့ အင်္ဂလိပ်စာ မေဂျာနဲ့ ဘွဲ့ရပါတယ်ဘုရား""အိုး.. တော်လိုက်ကြတာ။ ကျွန်တော်ဆို ဘွဲ့‌တောင်မရသေးဘူး။ ကိုယ်‌တော်ကရော ဘွဲ့ရပဲလား""အရှင့်သားအကြောင်း နိမ့်ကျတဲ့ကျေးတော်မျိုးကျွန်တော်မျိုးတို့က မလျှောက်ဝံ့ကြောင်းပါဘုရား။ ညစာစားတော်ပွဲကျမှ သခင်လေးကိုယ်တိုင် မေးတော်မူပါဘုရား""အာ.. ညစာ အတူတူစားရမယ်ပေါ့။ ကိုယ်တော် က အလုပ်များသလား။ တစ်နေ့လုံးမတွေ့ရဘူး။ မမကိုရော ဘယ်တော့သွားခေါ်မယ်တဲ့လဲ။ မင်္ဂလာဆောင်ကရော ဘယ်တော့လဲ။ ကျွန်တော့်သူငယ်ချင်းတွေကို ဖိတ်လို့ရော ရလားဗျာ။"မည်သည့် စကားမှ ပြန်မလာ။ နောက်လှည့်ကြည့်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတဲ့ ကိုယ်ရံတော်နဲ့ အပါးတော်မြဲ တို့ရဲ့ Face expression ကြောင့် အဲ့ဒီ လည်ပင်းညှစ်ထားသလို စည်းကမ်းတွေအကြောင်းတောင် သိချင်လာသလို.. အင်းလေ..မမ မင်္ဂလာပွဲပြီးရင်တော့ ဒီအိမ်မှာဆက်နေဖို့ အကြောင်းမရှိလောက်တော့ဘူးပေါ့။ ဘွဲ့ယူမယ်.. အလုပ်ခွင်ထဲဝင်မယ်.. ကိုယ်ပိုင်အလုပ်တစ်ခုလုပ်မယ်... မိန်းမက‌တော့ အသက်သုံးဆယ်လောက်ကျမှ ယူမလားလို့.. အား မိန်းမယူဖို့တွေးတာတောင် ရင်ထဲစူးနာလိုက်တာ။ ဆန်းပါပေ့။'သခင်လေး.. အဆောင်တော်ဝင်ပါဘုရား။ ချိုးရေသုံးပြီးဝတ်လဲ‌တော် ကျွန်တော်မျိုး ပြင်ဆင်ပါ့မယ်ဘုရား။""အင်း.. ကောင်းပြီလေ။ ရေသောက်ချင်တယ် ဝဏ္ဏ.""သောက်ရေတော် ပါဘုရား"ထိုင်ရာက မထစတမ်း.. ရေအဆင်သင့် စားစရာအဆင်သင့် ဘဝကို တစ်ရက်တည်းနဲ့အတော်ညည်းငွေ့နေတယ်ဆိုရင် မြတ်မလွန်ပါ။ ဒီနေ့ ဟိုကောင်တွေ ဖူဆယ်ကွင်းမှာ အသေအကြေ ကန်နေကြလောက်ပြီ.. ငါလည်း လာချင်လိုက်တာကွာ။****ရေပူစက်လေးကနေ ဖြတ်စီးဆင်းလာတဲ့ ရေခပ်နွေးနွေးက မြတ်ရဲ့ ကိုယ်ခန္ဓာ အကြောအချဉ်တွေကိုပြေစေသည်။ အားရအောင် ရေချိုးပြီး ခါးပတ်တံဘက်တစ်ထည်ကို ထုတ်ယူကာ ပတ်လျက် အပေါ်သုတ်တံဘက် ကို ပခုံးပေါ်တင်လျက် ရေချိုးခန်းကထွက်လာတော့. .. သလွန်ထက်မှာထိုင်နေတာ ဝဏ္ဏမဟုတ်။ "ကိုယ်တော်.. ညစာစားဖို့ရောက်နေပြီလား။ ကျွန်တော် ခဏပဲကြာမှာ"ရေချိုးခန်း အပြင်ဘက် ခုံပုလေးပေါ်မှာတင်ထားတဲ့ အဝတ်စားတစ်ပုံကို ယူပြီး ရေချိုးခန်းထဲ ခပ်မြန်မြန်ပြန်ဝင်လာခဲ့မိသည်။ မြတ်.. စိတ်တွေလှုပ်ရှားနေမိပုံများ.. အပျိုဖြန်းလေးလိုမျိုး..။ဟိတ်.. မြတ်ကြည်သာဟန်.. မင်းကွာ။ကိုယ့်ကိုယ်ကို မာန်မဲလိုက်ပေမယ့် အကြောင်းရင်းမရှိ။ ကိုယ်နဲ့ကွက်တိ အဝတ်အစားတွေကို အပြီးသတ်ဝတ်လိုက်တော့ မှန်ထဲမှာ .. မင်းညီမင်းသားတစ်ယောက်လိုမျိုး ရုပ်ပုံက ထွက်လာတော့သည်။ မြတ်နဲ့လိုက်ဖက်တဲ့ ဒီအဝတ်အစားကို အရှင့်သား ယူဆောင်လာတယ်ဆိုတာတော့ ဝဏ္ဏ မပြောပြရင် ဘယ်သူမှ မသိနိုင်တော့ပေ။💕 ကိုယ်တော်ကြီး တစ်ဆိတ် ထူးဆန်းနေပြီ။ တစ်ကယ်တော့ ... စာချုပ်တော်ပေါ် လက်မှတ်ထိုးပြီးတာနဲ့ ကြင်ယာတော် သို့မဟုတ် ‌ယောက်ဖတော်ကို အိမ်ပြန်လွှတ်လိုက်ဖို့.. အခုလို ဉီးရီးတော် အစီအမံကြောင့် စိတ်လက်ပေါ့ပါးနေတဲ့ ကြင်ယာတော်ကို ကိုယ်တော်ကြီး ကြည့်မဝနိုင်..။မြက်ခင်းပြင်ပေါ် လွတ်လွတ်လပ်လပ်ကြီး ကျောခင်းကာ မျက်ဝန်းအစုံမှိတ်ထားတဲ့ ကြင်ယာတော် က.. ကံကြမ္မာစက်ဝန်းထဲ ဘုမသိဘမသိ ဆွဲခေါ်ခံရတဲ့သူပဲမဟုတ်လား။ ဒါကြောင့်လဲ တစ်ကိုယ်တည်း နေတတ်တဲ့ ကိုယ်တော်ကြီး ကြင်ယာတော်ဆောင်ခန်းကို ညပွဲတော်တည်ဖို့ ရောက်လာခဲ့တာ။ အခုလိုမျိုး ရေစက်‌ရေမှုန်တွေနဲ့ ဝင်းပတဲ့ကျောပြင်.. ဖြူလွှတဲ့ ခြေသလုံးသားတွေကို မြင်ရလိမ့်မယ်လို့တော့ မထင်ထားခဲ့မိ။ ရာဇအိန္ဒြ မထိမ်းဘဲ စိတ်လွတ်ကိုယ်လွတ် အိပ်ဆောင်ထဲဝင်စောင့်မိတာ နောင်တရမိသလိုမျိုး စိတ်တွေထူပူနေတော့တာ။ ကြင်ယာတော် ရေသုံးသပ်ခန်းထဲ ပြန်ဝင်သွားတော့မှ.. သက်ပြင်းနဲ့ တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်ပြီး.. အခန်းပြင်ထွက်ဖို့ ပြင်လိုက်တာတောင် မမီတော့။ မင်းညီမင်းသားတစ်ပါး က .. ကိုယ်တော်ကြီးရှေ့ ရောက်လာခဲ့လေပြီ။ "ကိုယ်တော်..ညစာစားဖို့ ဝတ်စုံက အရမ်းမိုက်တယ် သိလား"နှုတ်ခမ်းနှစ်လွှာလုံး မစေ့နိုင်အောင် ငေးမိတဲ့ကိုယ့်ကိုယ်ကို ထုရိုက်ပစ်ချင်အောင်ပဲ ကိုယ်တော်ကြီး အရှက်သည်းမိသည်။ ငါဟဲ့ အိမ်ရှေ့စံ.. ရာဇမာန်ကို ပြန်တင်းလိုက်ရင်း.. ထိုရာဇမာန်တို့က ခင်မင်နှစ်လိုဖွယ်ရာ မင်းညီမင်းသားတစ်ပါးအနား ဖြုတ်ကနဲ ပြုတ်ကျရင်း။ ရှက်ဖွယ်ရာ စိတ်ခံစားချက်တို့ကို ချွန်းအုပ်ဖို့ မတတ်နိုင်အောင် ပင်။"ကိုယ်တော် ဗိုက်ဆာပြီလား။ ကျွန်တော်တော့ ဆာပြီ။"မျက်ဝန်းညိုညိုက ကြည်လင်လွန်းလှခြည့်။"ကောင်းပြီ။ ကိုယ်တော်တို့ သွားကြမယ်"ပွဲတော်ပြင်ဆင်ထားတဲ့နေရာက .. မနက်ကနေရာမဟုတ်။ မြက်ခင်းပြင်ပေါ်က သလွန်ထက်မှာ ပိတ်သားအမိုးနဲ့ ပိတ်သားတင်းတိမ်တွေကာရံထားလို့ လေတိုက်တိုင်းတစ်လွင့်လွင့်။ ဒီလို ညစာစားပွဲမျိုး မြတ် တစ်ခါမှ အိမ်မက်‌တောင်မမက်စဖူး။ ယွန်းအုပ်နဲ့ အပြည့်နီးပါး ထည့်ထားတဲ့ ထမင်းဖြူလွလွ... ရွှေရောင် ခပ်တောက်တောက် ဇွန်းနဲ့ ခက်ရင်း အစုံလိုက်.. အမျိုးအမည် ခွဲခြားခေါ်ဝေါ်ဖို့ ခက်စေတဲ့ ဟင်းခွက်များ.. ဒေါင်းလန်းထဲက အကြော်အလှော်မျိုးစုံ.. သလွန်ထက် စားပွဲငယ်လေးပေါ်မှာ ပြည့်နှက်လို့။ အင်း... ဒါက ဘူဖေးပုံစံတစ်မျိုးပဲ။ ဒီဘူဖေးက တန်းမစီရဘူး။ပေါက်ကရအတွေးကြောင့် မြတ်ပြုံးလိုက်မိသည်။ ကိုယ်တော်ကတော့ မြတ်ကိုခွံ့ကျွေးတော့မည့်အလား.. ဟင်းအမယ်စုံနေအောင် ထည့်ပေးနေတော့သည်။စကားတစ်ခွန်းမှ မဆိုဖြစ်ကြဘဲ ထမင်းကို ငုံ့စားလိုက် .. တိုးတိုးညင်ညင် ပျံ့လွင့်နေတဲ့ စောင်းသံလေးကို နားထောင်လိုက်... ရှေ့က ရွှေကိုယ်တော်ကြီးကို ငေးလိုက်နဲ့ ယွန်းအုပ်တစ်အုပ်နီးနီး ထမင်းစားဝင်တာ.. မြတ် ကိုယ့်ဘာသာ အံ့သြနေမိသည်။ "မောင်မင်း ပွဲတော်တည်ရတာ.. နှစ်ထောင်းအားရရှိရဲ့လား။ ပြည့်စုံရဲ့လား""ကိုယ်တော်.. ဒီမကုန်တဲ့ ဟင်းတွေကို ဘယ်သူတွေစားလဲ""မောင်မင်းက ပွဲတော်ဟင်းတွေအတွက် စိတ်ပူပန်နေသကိုး""ကျွန်တော်တွေးနေမိလို့ပါ။ ဟင်းတွေ ကျန်နေတော့ ပစ်လိုက်ရမှာစိုးလို့""အစေခံတန်းလျားကို ရောက်ပါလိမ့်မယ်။ အလဟဿ မဖြစ်ပါဘူး ..""ကိုယ်တော် .. မင်္ဂလာဆောင်က ဘယ်တော့လဲ.. ကျွန်တော့်သူငယ်ချင်းတွေ ဖိတ်လို့ရမလား။ ဒီနေရာမှာပဲဆောင်မှာလား။ မမ ဘယ်တော့လောက် ဒီကိုရောက်မလဲ။ ဖုန်းဆက်ချင်တယ်ကိုယ်တော်။ နားခံတော်မင်းကြီးက ကျွန်တော့်ဖုန်းကို သိမ်းထားလို့ ပြန်တောင်းပေးပါအုံး။"ကိုယ်တော်ကြီး တစ်ဒင်္ဂ တိတ်ဆိတ်သွားရသည်။"မောင်မင်းဖုန်းကို ပြန်ရစေမယ်။ မောင်မင်းအမအတွက်ကတော့ ဉီးရီးတော်စီမံနေတာမို့ ကိုယ်တော် မမိန့်နိုင်ဘူးကွဲ့။ ကိုယ်တော် သိရတာနဲ့ မောင်မင်းကိုပြောပါ့မယ်။""ကျွန်တော်ဘွဲ့ယူဖို့ အိမ်ပြန်အုံးမှရမယ်ကိုယ်တော်။ rehearsal နေ့က နီးနေပြီ။ တော်ကြာ မမမင်္ဂလာဆောင်နဲ့တိုက်နေရင် ဘွဲ့ယူတော့ မမမလိုက်နိုင်မှာစိုးတယ်။ ဒီမောင်နှမနှစ်ယောက်တည်းရှိတာ""မောင်မင်း.. ဘွဲ့ယူရမယ့်နေ့ကို ဉီးရီးတော် စီမံပေးပါလိမ့်မယ်။ စိုးရိမ်ကြောင့်ကြ မရှိပါနဲ့""ဒါနဲ့ ကိုယ်တော် က ဘွဲ့ရပြီးသားလား။ စီးပွားရေးကရော ဘာတွေလုပ်လဲ...ကိုယ်တော့်အလုပ်ကိုသိချင်တာက သူငယ်ချင်းတွေ‌မေးရင်ဖြေနိုင်အောင်လို့ပါ။ မြတ်ကတော့ ဘွဲ့ယူပြီးရင် အလုပ်လုပ်တော့မယ်။ မမကို ဂရုစိုက်ပါနော် ကိုယ်တော်။ ""အင်းကိုယ်တော် မောင်မင်းစကားတွေကို မှတ်ထားပါ့မယ်။"မြတ်တို့ရှေ့က ဟင်းပွဲတွေ ဒေါင်းလန်းတွေ အသီးသီး လာသိမ်းသွားကြပြီး မွှေးလွန်းလှတဲ့ ရေနွေးကရားတစ်အိုးသာ ရောက်လာတော့သည်။"ညဘက် အိပ်စက်ပျော်အောင် အကြမ်းရည်လေး သောက်ပါ""မမသိပ်ကြိုက်တာ ရေနွေးကြမ်းကို။ မွှေးလိုက်တာ ကိုယ်တော်""မောင်မင်း အမတော်ကို သိပ်ချစ်ခင်တာပဲလား။""မိဘတွေမရှိကတည်းက လေးနှစ်လောက် မမအုပ်ထိန်းမှုအောက်မှာနေခဲ့ရတာ ကိုယ်တော်။ မမက သိပ်သိမ်မွေ့တာ။ အစစ စေ့စပ်တယ်။ ကြင်လည်းကြင်နာတတ်တယ် ကျွန်တော့်ကိုဆိုရင် သားတစ်ယောက်လို ဂရုစိုက်တယ်။ မေမေ မကျန်းမာလို့ ကျွန်တော် ပြုစုတိုင်း မမစကား‌နားထောင်ဖို့ အမြဲမှာတာ.. မြတ် အသက် ၂၁ ပြည့်ရင် မရှောင်လွှဲနိုင်တဲ့ တာဝန်ယူမှုတခု ရှိလာမယ် လို့ မေမေ ခဏခဏပြောခဲ့တုန်းက သေချာမမေးခဲ့ရဘူးလေ။""တာဝန်ယူမှုအတွက် ညိုညင်သလား မောင်မင်း""မညိုညင်ပါဘူး ကိုယ်တော်. ကိုယ်တော့်လို ကြင်နာတတ်သူနဲ့ဆိုရင် မမပျော်ရမှာပါ။"ရွှေကိုယ်တော်ကြီး သက်ပြင်းချလိုက်မိသည်။ "မောင်မင်း သိလိုသမျှ ဉီးရီးတော်ကို မေးနိုင်တယ်..။ ဉီးရီးတော် အိမ်နိမ့်ဆောင်မှာ နေတယ်ကွဲ့""အိမ်နိမ့်ဆောင်??? တိက္ခသိလား ကိုယ်တော်""တိက္ခလမ်းပြပါလိမ့်မယ်။ မောင်မင်း ပြည့်စုံပြီဆိုလျင်ဖြင့် စက်တော်ခေါ်ပေတော့။ ကိုယ်တော်ပြန်ကြွတော့မယ်""ကိုယ်တော်.. မနက်စာ လာစားအုံးမှာလား"မြတ် မထင်မှတ်ဘဲမေးလိုက်မိပြီးမှ.. ပါးစပ်ပြန်ပိတ်လိုက်ရသည်။"ကိုယ်တော် ကြွခဲ့မယ်" ခပ်လေးလေး မိန့်ပြီး ခပ်ဖြေးဖြေး ပြန်ထွက်သွားတဲ့ ကိုယ်တော်က မနက်အတွက်ချိန်းခဲ့လေပြီ။ အိပ်မပျော်သူအတွက် ညတာသည်ကား ရှည်လှသည်။ လမ်းမသိသူအတွက် တစ်ယူဇနာခရီးက ရှည်လှသည်။ အနက်အကျယ်မသိသူအတွက် မြစ်တစ်စင်းက ပရိယာယ်များလှသည်မဟုတ်လား။ကြင်ယာဆောင်မှာ မြတ်အိပ်မပျော်သလို.. နန်းဆောင်မကြီးမှာလည်း ရွှေကိုယ်တော်ကြီး စက်တော်မခေါ်နိုင်။ မိုးလင်းခါနီးမှ မြတ်အိပ်ပျော်သွားပေမယ့် အရှင့်သား ဘုန်းရှိန်ရောင်ဝါကတော့ ဉီးရီးတော်နဲ့ မြတ်နိုးယုယဟန်တို့ကို နန်းဆောင်မကြီးဆီ မနက်စောစော လာစေပြီး ကိစ္စတစ်ချို့ကို စီမံခဲ့ပြီးဖြစ်သည်။ မမြင်ရတဲ့ ကံကြမ္မာ ကို ရင်ဆိုင်ရမှာမို့ မျက်ကန်းကဲ့သို့ ပြုမူရလျှင်လည်း ပြုမူရပါစေတော့။ ဉီးရီးတော် သတိုးမြတ်ရာဇာတို့ လမ်းကိုတော့ မလိုက်လိုတော့ပြီ။ နံနက်စာသုံးဆောင်ဖို့ ကြင်ယာ‌တော်ဆောင်ကို ကြွမြန်းလာတဲ့ ရွှေကိုယ်တော်ကြီး ရှေ့တော်ပြေးက အကြောင်းကြားချိန်အထိ မြတ်ကို ဝဏ္ဏနှိုးလို့မရသေး။ "သခင်လေး.. အရှင့်သား ကြွမြန်းလာကြောင်းပါဘုရား""သခင်လေး.. အရှင့်သား တံခါးနားရောက်နေပါပြီဘုရား""သခင်လေး..""ဝဏ္ဏ .. မနက်စာ မစားတော့ဘူး.. ငါအိပ်ချင်တယ်""သခင်လေး.. အရှင့်သား ကြွလာပါပြီ ညင်းနေလို့ မသင့်တော်ပါဘူးဘုရား။ ထတော်မူပါ။ ကျွန်တော်မျိုး ဝတ်လဲတော် ပြင်ဆင်ထားပါ့မယ်ဘုရား""ဟင်း... ငါ ညက အိပ်မပျော်လို့ .. အခုထိ အိပ်ချင်နေတုန်းပဲ ဝဏ္ဏ။ မနက်စာလည်း မစားချင်တော့ဘူး""သခင်လေး.. နံနက်ပွဲတော်တည်ပြီးရင် နန်းတွင်းစည်းကမ်း သင်ကြားဖို့ နားခံတော်ကြီး လာပါလိမ့်မယ်ဘုရား။ အခု ထတော်မူပါတော့ဘုရား""ဘာ.. နန်းတွင်းစည်းကမ်း ဟုတ်လား။ အဲ့ဒီ Bull shit စည်းကမ်းတွေ မသင်ချင်ပါဘူး။ ငါ ထလည်းမထချင်ဘူးကွာ""ဘယ့်နှယ်မောင်မင်း.. ကိုယ်တော့်ကို ဖိတ်တာ မောင်မင်းပဲလေကွဲ့။ အခု မဟုတ်တော့ဘူးလား။ ကိုယ်တော် ၁၀ နာရီခွဲမှာ ညီလာခံရှိတယ်။ မောင်မင်း ထသင့်ပြီ"အနားက ဝဏ္ဏကို အခန်းပြင်ထွက်ဖို့ လက်ပြလိုက်တာမို့ ဝဏ္ဏဉီးတင်ပြီးနောက်ဆုတ် ထွက်သွားလေပြီ။"ကိုယ်တော်ရောက်လာမှတော့ ထရပြီပေါ့။ ခဏစောင့်ပါကိုယ်တော်။ ကျွန်တော်.. မျက်နှာသစ်မယ်""ကောင်းပြီ ကိုယ်တော်စောင့်နေမယ်။"မြတ် မျက်နှာသစ်ပြီးထွက်လာတော့ စားပွဲပုလေးပေါ်မှာ ဝတ်လဲတော် တစ်ထပ်။ ဝဏ္ဏပဲ လာထားသွားတာများလား မြတ်မတွေးတော့ဘဲ ယူပြီး အဝတ်အစားလဲပစ်လိုက်သည်။ ခန်းဆောင်ထိပ်က ပြတင်းပေါက်မှာ လက်တင်လျက် ကိုယ်တော်ကြီးက အပြင်ကိုငေးနေလေသည်။ "ကျွန်တော် ပြီးပြီကိုယ်တော်။ ဗိုက်ဆာနေပြီလား""မဆာပါဘူးလေ။ ကဲ ကြွ"ခပ်ပြုံးပြုံး မျက်နှာက စောင့်နေရလို့ သဘောကျနေတာများလား။ မဖြစ်နိုင်ပါ။မနက်စာသည်ကား မုန့်ဟင်းခါး အကြော်စုံနဲ့ .. အသုတ်တွေက စုံလိုက်တာ။ ငါးဖယ်ကြော် အချပ်ကြီးတွေက စားချင့်စဖွယ်။ ကိုယ်တော် ကိုယ်တိုင်ထည့်ပေးတဲ့ မုန့်ကို အရသာရှိရှိနှစ်ပန်းကန်တောင် မြတ်စားပစ်လိုက်သည်။ ကိုယ်တော်ကတော့ ခေါက်ဆွဲသုတ်ကိုသာ ယူစားလေသည်။"ကိုယ်တော် ကော်ဖီနဲ့ပေါင်မုန့် မစားတော့ဘူးလား""အင်း.. အပြောင်းအလဲရှိလာတော့လည်း ကိုယ်တော် လိုက်နာကြည့်တာပေါ့လေ""ကောင်းတယ်။ ကျွန်တော်က လ္ဘက်ရည်ဆိုင်ထိုင်ရတာ ပိုကြိုက်တယ် ကိုယ်တော်။ ကြိုက်တာ မှာစားလို့ရတယ်လေ။ ကိုယ်တော်ရော လ္ဘက်ရည်ဆိုင် ထိုင်ဖူးလား။""ကျောင်းတက်တုန်းက ထိုင်ဖူးပါတယ်။ ဒါပေမယ့် အမေရိကားက လ္ဘက်ရည်ဆိုင်က ဒီနိုင်ငံနဲ့ မတူဘူးလေ""ကိုယ်တော် ကျောင်းကို US ကနေ ပြီးတာပေါ့ တော်လိုက်တာ"မမအတွက် သိပ်ကောင်းတာပဲလေ။ "အခွင့်သာလို့ပါ မောင်မင်း။ ကဲ.. ကိုယ်တော် ညီလာခံအတွက် ပြင်ဆင်ရမယ်။ ကိုယ်တော် ကြွပြီ။" အပြင်ကိုလှမ်းသွားပြီးမှ.. သမင်လည်ပြန် ကြည့်ကာ"မောင်မင်း အမတော်ကို မကြာခင် ဆောင်ယူလာကြလိမ့်မယ် ။မောင်မင်း မပျင်းရတော့ဘူးပေါ့"ဒါဆို မမကိုတွေ့ရတော့မှာပေါ့။ ပျော်လိုက်တာ။ "တိက္ခ။ ဉီးရီးတော်နဲ့ တွေ့ချင်တယ်။ ငါ့ကိုပို့ပေး""အမိန့်တော်အတိုင်းပါ သခင်လေး"မနက်စာစားပြီးကတည်းက စာဖတ်ဆောင်မှာ နားခံတော်ကြီး သင်ပြတဲ့ နန်းတွင်းစည်းကမ်းတွေကို တောက်လျှောက် နားထောင်နေရတာ မြတ် ပျင်းလိုက်တာ။ မတတ်နိုင်ပါ စည်းကမ်းတွေ နားထောင်မှ ဖုန်းပြန်ပေးမယ်ဆိုလို့ စိတ်ဝင်စားချင်ယောင်ဆောင်နေရတာ။ အတွေးတွေက မမဆီကိုတစ်လှည့် ရွှေကိုယ်တော်ကြီးဆီတစ်လှည့် မြက်ခင်းပြင်ကိုတစ်လှည့် သရက်ပင်တွေဆီတစ်လှည့် .. ကူးလူးနေလို့။ ဓါတ်ပုံရိုက်ပြီး IG မှာ တင်မယ်တွေးထားသမျှ မလုပ်ရဆိုတဲ့ စည်းကမ်းချက်တွေထဲ ပါလာလို့ လက်လွှတ်လိုက်ရပြန်သည်။ ညနေပိုင်း ဉီးရီးတော် အဆောင်ကိုသွားပေမယ့် ဉီးရီးတော်မရှိလို့ တပ်ခေါက်ပြန်လာခဲ့ရသည်။ "တိက္ခ အိမ်နိမ့်ကို ပို့ထားတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ""အပြစ်လုပ်မိတဲ့ မင်းမျိုးမင်းနွယ်များကို အပြစ်ပေးတဲ့အနေနဲ့ အိမ်နိမ့်မှာစံစေပါတယ်ဘုရား။ ရံရွေတော်နဲ့ အပါးတော်မြဲများ မပါဘဲ တစ်ကိုယ်တည်း နေရပါတယ်ဘုရား။""အဲ့ဒီရံရွေတွေကတော့ရော အလုပ်ပြုတ်သလား""အစေခံတန်းလျားမှာ တစ်ခြားအမှုတော်တွေ ထမ်းကြရပါတယ်ဘုရား။ လခစားငယ်ကျွန်များနဲ့ နယ်စားပယ်စားငယ်ကျွန်များ ကွာခြားလို့ အလုပ်ပြုတ်တာတော့ မရှိပါဘုရား""အဲ့ဒီအစေခံတန်းလျား သွားရအောင်""အမိန့်အတိုင်းပါဘုရား"ဉီးကော့ချွန်နေတဲ့ ခြေနင်းတော်ကို လွှားကနဲ လှမ်းလို့ နီညိုရောင် တောင်ရှည်ပုဆိုးကို ဝဏ္ဏ ဝတ်ပေးတဲ့အတိုင်း ဆင်မြန်းထားတဲ့ သခင်လေးက လိပ်ပြာအနီရောင်လေးအလား လွင့်နေလေသည်။ အစေခံတန်းလျားလို့ ဆိုကြပေမယ့် တစ်ကယ့် တိုက်ခန်းကောင်းစားတွေမှာ ရေမီးအပြည့်အစုံ။ ကွန်ပြူတာ တီဗီ စသည်ဖြင့် ဖြည့်စွက်ပေးထားတဲ့ ဘုံဧည့်ခန်းမှာတော့ လူငယ်ကျောင်းသားတွေ စည်းကမ်းနဲ့သုံးစွဲနေကြသည်။ အိမ်ခန်းတစ်ခန်းစီမှာ ခန်းဝင်ပစ္စည်း အစုံအလင်နဲ့ အချို့ မိသားစုလိုက် အချို့ လူပျိုလူလွတ်တွေက စုပေါင်းလို့။ အပျိုတော်တန်းလျားက ခပ်လှမ်းလှမ်း မှာ မီးရောင်ထိန်ထိန်နဲ့ ခြံဝင်းခတ်ထားလို့။ စည်းကမ်းတစ်ကျ နေထိုင်ကြတာ ဒီနေရာက မြတ်အတွက် အတော်အဆင်ပြေတဲ့နေရာပဲဆိုပါတော့။ "သခင်လေး.. ကြွမြန်းလာတယ်။ ခစားစေ"တိက္ခစကားဆုံးတာနဲ့ ရောက်လေရာက ဒူးထောက်ကျသွားကြတဲ့ လူအပေါင်းက အသက်ရွယ်အစုံ။ "ဒီနေ့တော့ ဒီလောက်ပဲ သူတို့ ညစာချက်နေကြတယ်။ ဒါနဲ့ .. ကိုယ်တော် ညစာ အဆောင်မှာလာစားမှာလား""မှန်ပါ.. ကျွန်တော်မျိုး မလျှောက်တတ်ကြောင်းပါဘုရား"ပြောပေမယ့် တိက္ခ ဖုန်းထုတ်ပြီး ရန်ပုံခွင်းဆီ ဖုန်းဆက်သံကြားလိုက်ရသည်။ "သခင်လေး.. အရှင့်သား အ‌ဆောင်ခန်းမှာစောင့်နေကြောင်းပါဘုရား""အော.. ပြန်ရအောင်" "စီးတော်ယဉ် ပို့ဆောင်လိုက်ကြောင်းပါဘုရား"မကြာလိုက် ကားတစ်စီးရှေ့ရောက်လာတော့တာမို့ မြတ် တက်လိုက်လာခဲ့သည်။ အခန်းထဲဝင် ရေမိုးချိုးပြီး ညစာပွဲတော်တည်ဖို့ ထွက်လာတော့ ကိုယ်တော်ကြီးက လက်ပိုက်လျက် ညရှုခင်းကို ငေးနေလေပြီ။"ဆာနေပြီလား ကိုယ်တော်။ ဉီးရီးတော်ဆီသွားရင်းက လမ်းကြုံလို့ ရံရွေတော်တွေ အဆောင်ဘက် သွားလိုက်တယ်။ သူတို့မှာ ပြည့်စုံအောင် ထားပေးထားတာပဲ ကိုယ်တော် သိပ်တော်တယ်""ချီးမွမ်းပေးတာ ကျေးဇူးပါ မောင်မင်း။ ကဲ ပွဲတော်တည်ရအောင် ဒီညတော့ စောစော စက်တော်ခေါ်ပါ မနက်ဖြန် မနက် ဉီးရီးတော် စောင့်နေပါလိမ့်မယ်။""ဒီနေ့ ဟင်းပွဲနည်းသားပဲ ကိုယ်တော်။""မောင်မင်းက ဟင်းပိုရင်မကြိုက်ဘူးမဟုတ်လား။ စားတော်ကဲကြီး သင့်ရာ နဲနဲပဲစီမံပေးလိုက်တာနေမယ်""မောင်မင်း ကိုယ်တော့်အလုပ်ကိုင်ကို သိလိုတယ်မဟုတ်လား။ ကိုယ်တော် ပြောပြရတာပေါ့"ရွှေဇွန်းလေးနဲ့ အိ‌နြေ္နရရ သုံးဆောင်နေတဲ့ကိုယ်တော့်ဆီက စကားကြောင့် မြတ် နားစိုက်ထောင်မိသည်။ "ကိုယ်တော်တို့ သက်မွေးအလုပ်ကတော့ စိုက်ပျိုးရေးပေါ့။ နို့နဲ့နို့ထွက်ပစ္စည်းထုတ်လုပ်တာက‌တော့ ကိုယ်တော့်လက်ထက်မှာ စတင်တယ်။ နွားအကောင်ရေ ၂၀၀ လောက်ပဲရှိပါတယ်။ အိမ်တော်ဝင်း တစ်ဘက်ကမ်းမှာ ဆည်အောက်ဘက် ခြံဝင်းနဲ့မွေးထားတယ်။ နို့ချက်စက်ရုံကတော့ ဒီမြက်ခင်းအလွန် မှာတည်ထားတယ်။" စားနေတဲ့ ယွန်းအုပ်လေးကို လက်စသတ်ပြီး ကိုယ်တော် နှုတ်ခမ်းကိုသုတ်လိုက်သည်။ ရေတစ်ခွက် ပြည့်ပြည့် သောက်ချလိုက်ပြီးတာနဲ့ သက်တောင့်သက်သာ ထိုင်လိုက်ပြီး စကားဆက်ပြန်သည်။"ရာဘာ ခြံ တွေကိုတော့ အငှားချထားလို့ နှစ်စဉ် အခွန်တော်ကောက်ရုံပဲ။ သဲလှေနဲ့ ကျောက်စရစ်သမ္မာန်ကတော့ သိပ်ခေါင်းကိုက်တဲ့ စီးပွားရေးဖြစ်တယ်။ ကိုယ်တော်က စီးပွားရေးပညာဘွဲ့ကို မဟာအတန်းအထိ တက်ထားတာဆိုပေမယ့် အဲ့ဒီစီးပွားရေးတစ်ခုတော့ မတတ်နိုင်အောင်ပဲ။"ကိုယ်တော် ပြုံးသည်။ "တစ်ခြား စီးပွားရေးတွေလည်းရှိပါရဲ့ သိပ်ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ ဟိုတယ်ရှယ်ယာတွေနဲ့ အိမ်ခြံမြေတွေ ဝယ်ထားတာ ဈေးရရင် ရောင်းထုတ်တဲ့ လုပ်ငန်းလောက်ပါပဲ။ ရံရွေတွေထဲက တစ်ချို့ကို အလုပ်ပေးထားတယ်လေ။""ကိုယ်တော် ပင်ပန်းမှာပဲနော်။ ဒီလောက်ကြီးတဲ့ မိသားစုကြီးကို ထိမ်းသိမ်းရတာ ခက်ခဲမှာပဲ။ "ဉီးရီးတော် ကူညီပါတယ်။""ကိုယ်တော် .. ကျွန်တော် ကူညီနိုင်တာရှိရင်လည်း မိန့်ပါ။ ဘွဲ့မရသေးပေမယ့် စာတမ်းတွေဖတ်ထားလို့ ဗဟုသုတကတော့ များပါတယ်""မောင်မင်း အခုတော့ နားနေလိုက်ပါအုံး။ နောက်တော့မှ ကိုယ်တော် သင့်သလို့စီမံပေးပါ့မယ်။""ကိုယ်တော်..က တစ်ဉီးတည်းလား။ မမအရင် အိမ်ထောင်ရှိသေးလား""မောင်မင်း စိတ်ပူနေတာတစ်ခြားဟာကိုး။ ကိုယ်တော်တို့ မျိုးရိုးအကြောင်းတော့ ဉီးရီးတော် ပြောပြပါလိမ့်မယ်။ ကိုယ်တော် တစ်ကြိမ်မှ လက်မဆက်ဖူးသေးပါဘူး။ မောင်မင်း စိတ်ချနိုင်ပါတယ်""ဟို ..ကိုယ်တော့်ကို မယုံလို့မဟုတ်ပါဘူး မမအတွက်စိတ်ပူလို့""မောင်မင်း အမကို ကြင်နာတာ ကိုယ်တော်သိပါတယ်"တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ပုရစ်လေးတွေ တစ်စီစီအသံနှင့်တစ်ကွ.. တစ်ထပ်ထပ် နှလုံးခုန်သံကိုပါ ကြားနေကြရသည်။ မနေ့က စောင်းသံလေး ဘယ်ဆီရောက်နေတယ်မသိ။ "မောင်မင်း ဘာကိုဝါသနာပါလဲ""ဘောလုံးကန်တာ။ စာအုပ်ဖတ်တာ။ သီချင်းဆိုတာ။""ဝါသနာကောင်းတွေပါပဲ""ကိုယ်တော်ကရော"တွေးတွေဆဆနဲ့ ငဲ့စောင်းကြည့်လာတဲ့ ကိုယ်တော် ဒီဝါသနာကိစ္စကို မစဉ်းစားဖူးတာမဟုတ်။ "ကိုယ်တော်က တွေး ရ တာ ဝါသနာပါပုံရတယ်မောင်မင်း"တစ်ကိုယ်တည်းနေခဲ့စဉ်တုန်းက အတော် ကို တွေး ခဲ့ရတာမဟုတ်လား။"တွေး ရတာ? ဒါကို ဝါသနာလို့ သတ်မှတ်လို့လား ကိုယ်တော်။ ဘာတွေများတွေးလည်း""မောင်မင်း ဘောလုံးကန်တာ ဝါသနာပါတော့ ကိုယ်တော် ဘောလုံးကွင်းစီမံပေးမယ်။ ကန်ဘက်ကတော့""အာ ရတယ်ကိုယ်တော် မမ မင်္ဂလာဆောင်ပြီးရင် ကျွန်တော်က အိမ်ပြန်ရမှာပဲ မဟုတ်လား။ အဲ့အခါကျမှ ဖူဆယ်ကွင်း သွားကစားမယ်။"မြတ်စကားဆုံးတာနဲ့ ကိုယ်တော်ကြီး အခါးရည်ခွက်ကိုချကာ မတ်တပ်ရပ်လျက် လက်ပိုက်လိုက်သည်။"မောင်မင်း အိမ်တော်ဆိုတာ ဒီနေရာကလွဲလို့ တစ်ခြားမှ မရှိတော့မှာမို့.. ကိုယ်တော် စီမံပေးတာကိုသာ လိုက်နာစမ်းပါ""ဟင်"နှုတ်တောင်မဆက်ဘဲ ပြန်ကြွသွားတဲ့ကိုယ်တော်ကြီး သည်.. မနက်အတွက်လည်း ချိန်းဆိုမသွားတော့။ "တိက္ခ..""မိန့်တော်မူပါ သခင်လေး"အမှောင်ရိပ်ထဲ ရပ်နေတဲ့ ကိုယ်ရံတော်က မြတ်အနားတိုးကပ်လာခဲ့သည်။"ငါက ယောက်ဖပဲဟာ အိမ်မပြန်ရတော့ဘူးလား"".....................""မမ ရောက်လာရင်.. ငါက ဒီမှာဘာလုပ်နေရမှာလဲ"".....................""ငါ့ကို ဒီမှာခေါ်ထားတာ ဘာလို့လဲ"".....................""သခင်လေး... အဆောင်တော် ပြန်ကြွဖို့အချိန်ပါဘုရား။ ဆောင်းလေမြူးလာပြီမို့ အအေးဓါတ်ပိုလာပြီဘုရား""အင်း... သွားတာပေါ့"မြတ် စိတ်ခပ်လေးလေးနဲ့ပဲ အဆောင်ခန်းကို ပြန်လာခဲ့သည်။ အရာရာ ပြည့်စုံနေတယ်ဆိုပေမယ့်... ဒီအဆောင်ခန်းက မြတ်နဲ့မရင်းနှီးသလိုလို၊ တစ်စုံတစ်ခု လစ်ဟာနေသလို .. ခံစားရခက်လှသည်။ *****"ရန်ပုံခွင်း .. ငါ့ဆီသေရည်ယူလာခဲ့""အမိန့်တော်အတိုင်းပါ အရှင့်သား"ရန်အောင် နဲ့ အပျိုတော် နှစ်ယောက် ကိုယ်တော်ကြီးဝတ်လဲတော် လဲလှယ်ပေးဖို့ အနားကပ်လာတော့ ရွှေကိုယ်တော်ကြီး လက်ပဲပြလိုက်သည်။ စိတ်မကြည်သာတဲ့ အမူအယာမျိုးမို့ အပျိုတော်နှစ်ယောက် နောက်ဆုတ်သွားကြပြီး အပါးတော်မြဲသာ အနားတိုးကပ်လာရဲတော့သည်။"အရှင့်သား.. စိတ်မကြည့်သာတာများရှိရင် ကျွန်‌တော်မျိုးကို မိန့်ပါဘုရား။""မောင်မင်း မတတ်နိုင်ဘူး။ ဝတ်လဲတော်တွေ ထားရစ်ခဲ့ ကိုယ်တော် ကိုယ်တိုင်စီမံမယ်""အမိန့်အတိုင်းပါ အရှင့်သား"ရန်အောင်က ပြောရင်းဆိုရင်း ကိုယ်ရုံရှည်ကြီးတစ်ခုကို ကိုယ်တော်ကြီးပခုံးပေါ်က ခြုံလွှမ်းပေးလိုက်ရသည်။ ဒီအတိုင်းဆိုလျှင် ဒီဝတ်လက်စ အဝတ်အတိုင်း ကိုယ်တော် နေလိမ့်မည်။ အအေးဓါတ်ပိုလာခဲ့ပြီမို့ အိပ်ခန်းဆောင် ပြတင်းတံခါးတွေကို ပိတ်လိုက်ပြီး အဲကွန်း အပူချိန် ညှိကာ အပျိုတော်တွေကိုပါ ခေါ်လျက် အခန်းထဲက ထွက်လာခဲ့ရသည်။ အရှင့်သားအတွက် သေရည်‌ရောက်လာလို့ ရန်ပုံခွင်း ခွက်ရောပုလင်းကိုပါ မြည်းလိုက်သည်။ ပြီးမှ အဆောင်ခန်းအတွင်းယူလာခဲ့ကာ.. ကိုယ်‌တော်ကြီးအနီး စားပွဲပုလေးမှာနေရာချပေးပြီး ဒူးထောက်ခစားနေလိုက်သည်။"ရန်ပုံခွင်း.. မောင်မင်းအလုပ်မရှိတော့ဘူး။""အရှင့်သား.. ကျွန်တော်မျိုး အဖော်ပြုပါရစေဘုရား""မောင်မင်း.. နားခြေတော့။ ကိုယ်တော် အလုပ်ရှိတယ်""အမိန့်အတိုင်းပါ ဘုရား"အခန်းထဲက ထွက်လာတဲ့ ရန်ပုံခွင်း က သိလိုစိတ်တွေနဲ့စောင့်နေတဲ့ ရန်အောင့်ကို ခေါင်းခါပြလိုက်မိသည်။ အနားမှာ ငယ်စဉ်ကတည်းက အရိပ်တစ်ကြည့်ကြည့် ပြုစုလာခဲ့ရတာ မို့ အရှင့်သားရဲ့ အပြုအမူ ထူးဆန်းတိုင်း အဖြေရှာနေကြ ရှာတိုင်း အဖြေရနေကြ။ အခုတစ်ကြိမ်တော့ အဖြေမရှိ။ မဟုတ်ပါ.. အဖြေ မရှိရဲကြတာ ဆို ပိုမှန်မလား။ ရွှေကိုယ်တော်ကြီးရဲ့ ခြေလှမ်းတွေက ကြင်ယာတော်ဆောင်ဘက်ကို နေ့စဉ် လှည့်နေတာ ... ကြင်ယာတော် သို့မဟုတ် ယောက်ဖတော်.. မြက်ခင်းထဲ လှဲအိပ်နေတာ စိတ်မကွက်တဲ့အပြင် သဘောတော် ကျနေသေးတာကရော။ ညီလာခံကို ကိုးနာရီမှာမှ မစတင်နိုင်ရင် စိတ်ဆိုးတတ်တဲ့ကိုယ်တော်ကြီးက နေ့ချင်း ဆယ်နာရီခွဲ ရွှေ့ပစ်လိုက်ပြီး နံနက်ပွဲတော်တည်ဖို့ ကြင်ယာတော်ကို စောင့်နေတတ်တာကရော။ ကြင်ယာတော် အတွက် ဝတ်လဲတော်တွေ စီမံပေးထားတာ က ပုံမှန်ဖြစ်လောက်ပေမယ့်... ဝဏ္ဏ စကားအရဆိုလျင် ဒီလိုအတွဲအစပ်မှန်အောင် သခင်လေးက ထုတ်ဝတ်တတ်လိမ့်မယ် မထင်။ အရှင့်သားက ကြင်ယာတော် အိပ်ယာအနိုးကို ထိုင်စောင့်တတ်တာကရော။ အဆုံးစွန်.. ဒီနေ့.. ညစာစားပွဲတော်ကနေ ရုတ်ကနဲထပြန်လာခဲ့ပေမယ့်... "ဆောင်းလေအေးတယ်.. မြတ် ကို အဆောင်တော် ပြန်ပို့ဖို့ ဝဏ္ဏကို မိန့်လိုက်"လို့ ခပ်ဆတ်ဆတ် မိန့်သွားခဲ့တာကရော.. မသောက်စဖူး သေရည်တောင်းတာကရော။ချစ်ရတဲ့ အရှင့်သား တစ်မျက်နှာကိုပဲ ရန်ပုံခွင်းတို့ အရိပ်အခြေကြည့်လာခဲ့ရတာ.. အခု .. အရှင့်သား.. ဆန်းပြားတဲ့ ခံစားချက်တွေများ .. တွေးဖို့ မရဲပါဘုရား။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now