လင်းလက်.. အကိုလေးတို့ရော...မတွေ့ပါလား

ကျွန်တော် တစ်ယောက်တည်းပြန်လာတာပါ
ဒါနဲ့ အဘ အပေါ်ထပ်မှာရှိတယ်မလား

မိသွယ်နဲ့အေးမိ လင်းလက် မျက်နှာမကောင်းသည်ကိုရိပ်မိသဖြင့် ကျန်တာတွေဆက်မမေးတော့ဘဲ လင်းလက်မေးတာကိုပဲဖြေပေးလိုက်သည်

အန်ကယ် အပေါ်ထပ်အခန်းထဲမှာရှိတယ်

အင်း..ဒါဆို ကျွန်တော် တတ်သွားလိုက်မယ်

ခါတိုင်းဆို...မိသွယ်နဲ့အေးမိကို တွေ့တာနဲ့ ပြုံးပြလေ့ရှိတဲ့သူက ခုတော့မျက်နှာ ညိုးနွမ်းနေလေသည်...

ဒေါက်..ဒေါက်..
အဘ..ကျွန်တော်လင်းလက်ပါ...ဝင်လာလို့ရမလား

ဝင်ခဲ့..

တံခါးကို အသာဖွင့်ပြီး ထိုင်ခုံမှာ သတင်းစာဖတ်နေသော အဘ ရှေ့မှာ ထချလိုက်သည်

သား...လင်းလက်..ဘာဖြစ်လာတာလဲ
ဒါနဲ့ ​ပြန်လာတာကားသံလည်းမကြားမိပါလား

ကျွန်တော် အဘ ကိုပြောစရာလေးရှိလို့ပါ

အေး ပြောလေ သား

အဘ လည်းဖတ်လက်စ သတင်းစာကိုဘေးချကာ ကျွန်တော်ပြောမဲ့စကားကို အာရုံစိုက်နားထောင်ပေးသည်

ကျွန်တော် အဆောင်ပြောင်းနေချင်လို့ပါ
ဒီလိုပြောလိုက်လို့..အဘ တို့အိမ်က ကျွန်တော့်အတွက် မကောင်းတာမဟုတ်ပါဘူး
အရာရာအဆင်ပြေပါတယ်

ဒါဆို သားလင်းလက် က ဘာလို့ပြောင်းချင်ရတာလဲ..အန်ကယ်ကိုပြော
အဆင်မပြေတာတစ်ခုခုများရှိလို့လား

ကျွန်တော်..အကို မာန်ထိုက်နဲ့ မျက်နှာချင်းမဆိုင်ချင်လို့ပါ...

ဘာ...ဒီကောင်မာန်ထိုက်..ဘာတွေလုပ်ထားပြန်ပြီးလဲ..

အဘ..ကျွန်တော်ကိုပြောင်းခွင့်ပေးပါ

သားလင်းလက်... ဖြစ်နိုင်ရင်မပြောင်းပါနဲ့
အန်ကယ် မာန်ထိုက် ကိုဆုံးမပေးပါ့မယ်

ရပါတယ်..ကျွန်တော်ပြောင်းနေချင်လို့ပါ
ခွင့်ပြုပေးပါနော်အဘ

ဟူး..

အဘက သက်ပြင်းတစ်ချက်ချကာ ခေါင်းငြိမ့်လာခဲ့သည်

Crazy love (Complete) Where stories live. Discover now