Chapter-50 [Finale] [Only Unicode]

175K 6.7K 7.6K
                                    

[Gem's note _ IBYLM ရဲ့ စီနီယာစာဖတ်သူတွေအနေနဲ့ ဂျူနီယာစာဖတ်သူတွေအပေါ် စာနာသောအားဖြင့် အစကနေအဆုံးထိပြန်ဖတ်တဲ့အခါ ရှေ့ပိုင်းတွေမှာ စပွိုင်းတဲ့ Cmt တွေ လုံးဝမမန့်ကြဖို့၊ Fb ပေါ်မှာ Major spoiler တွေ မတင်ကြဖို့အတွက် တောင်းဆိုချင်ပါတယ်ရှင်။ ဒီ Final part နဲ့ပတ်သက်ပြီးတော့လည်း ဘာကိုမှမတင်ကြဖို့ ထပ်ပြီး တောင်းဆိုပါတယ်။ ဂျမ်ကိုယ်တိုင်လည်း Page မှာ Spoil တဲ့ Cmt တွေရနိုင်မဲ့ ပို့စ်တွေကို လုံးဝမတင်ဖို့ ဆုံးဖြတ်ထားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။]

***

တစ်လကျော်ကြာပြီးနောက်တွင်တော့ နိုင်ငံအတွင်း တရားမဝင်လုပ်ငန်းများနှင့်ပတ်သက်၍ ဖိဖိစီးစီး ဖမ်းဆီးစစ်ဆေးခြင်းများ ရှိနေဆဲဖြစ်သော်ငြား ဖြစ်ပွားသွားသော အမှုများနှင့်ပတ်သက်၍တော့ အဆုံးသတ်လုနီးပါး ဖြစ်နေပြီဖြစ်၏။

ဆေးရုံမီးလောင်ခြင်းအမှု၌ ဆေးရုံတစ်ခုလုံးတွင် တားမြစ်ပစ္စည်းများကိုအသုံးပြုထားခြင်းကြောင့် ထိုမျှထိ ဆိုးရွားလွန်းလှသော မီးလောင်မှုကြီးနှင့် နောက်ဆက်တွဲဖြစ်ရပ်များကို ဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မီးနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ချိုးဖောက်ထားသည်ဖြစ်ရာ ထိုဆေးရုံနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံး ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ချမှတ်ခြင်းကို ခံရရုံသာမက လုပ်ငန်းလိုင်စင်များလည်း သိမ်းဆည်းခြင်းခံရပါတော့၏။

ထိုမျှမကသေး ထိုဆေးရုံအား လစဉ် စစ်ဆေးကြရသော စစ်ဆေးရေးအဖွဲ့ဟာလည်း လာဘ်စားထားကြသည်မို့ အလုပ်ဖြုတ်ခံကြရရုံသာမက ဥပဒေအတိုင်း ပြင်းထန်စွာအရေးယူခြင်းကို ခံကြရသည့်အပြင် ထိုဆေးရုံကိုတည်ဆောက်ခြင်း၌ တာဝန်ယူခဲ့ပါသော ဆောက်လုပ်ရေးလုပ်ငန်း၏ ပိုင်ရှင်သည်လည်း လုပ်ငန်းလိုင်စင်အား အသိမ်းခံရပြီး စည်းမျဉ်းစည်းကမ်းများအတိုင်း ထိရောက်စွာ အရေးယူခံရပါတော့၏။

ထိုမီးလောင်ခြင်းအမှု၌ ကနဦးတွင် အယောက် ၂၀သေဆုံးပြီး ၅၅ယောက် ဒဏ်ရာရကာ ၂၅ ယောက်က စိုးရိမ်ရသည့်အခြေအနေ၌ရှိခဲ့ပါသော်ငြား ရက်အနည်းငယ်ကြာပြီးနောက်တွင်တော့ စိုးရိမ်ရသည့် အခြေအနေရှိကြသူများထဲမှ ၉ယောက် ထပ်မံသေဆုံးသွားခဲ့ကြသည်မို့ စုစုပေါင်း ၂၉ယောက် သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအမှု၌ တာဝန်ရှိကြသူများအားလုံးဟာ နစ်နာသူများအား တစ်သက်တာအတွက် သတ်မှတ်ငွေကြေးတို့အား ထောက်ပံ့ကြရမည်ဖြစ်ပြီး မထောက်ပံ့နိုင်ကြပါက ထောင်ဒဏ်များကို တိုးမြှင့်၍ ချမှတ်ခံကြရမည်လည်း ဖြစ်၏။

I bet you love me. [Completed]Where stories live. Discover now