Chapter-39

120K 8.3K 4K
                                    

[ Every Zawgyi font is under the Unicode. If you can't read this part, I bet it is wp error. So, remove my fic from your library first then add it again. You can do this action till you can read. This advice is the only thing that I can help you. Thank you. 💚]

*** ***

ဂိုဏ်းချုပ်နှင့်ဆရာဝန်ကြီးတို့ဟာ အခန်းထဲသို့ဝင်လိုက်ကြသည်နှင့် ပြင်းထန်အားကောင်းလှသော Dominant Alpha Pheromones တို့အား ခံစားမိလိုက်ကြ၏။ ပုံမှန်အားဖြင့် Pheromones တို့ကို အာရုံခံစားနိုင်လေ့မရှိသော Beta မျိုးစိတ်ဖြစ်သူ ဆရာဝန်ကြီးသည်ပင် ဆက်ခံသူသခင်လေးထံမှ Dominant Alpha Pheromones တို့ဖြင့် ဖိနှိပ်ခြင်းခံရသည်မှာ နှစ်ကြိမ်တိုင်တိုင်ရှိလေပြီ။

ကိန်းဟာ ဝင်လာကြသူနှစ်ယောက်အား ပြင်းထန်သောနည်းဖြင့်နှုတ်ဆက်ခြင်းပြီးနောက် မျက်နှာတည်နှင့်ပင် Pheromones တို့အားပြန်သိမ်းလိုက်သည့်အခါ တိုက်ခိုက်ခြင်းအငွေ့အသက်တို့ ပြည့်နှက်နေပါသော Pheromones တို့သည် ချစ်လှစွာသောကြင်ယာတော်လေး၏ အနီးတဝိုက်သို့ရောက်သည်နှင့် ရုတ်ချည်းဆိုသလိုပင် နူးညံ့နွေးထွေးသွားကြပါတော့သည်။

ဂိုဏ်းချုပ်နှင့် ဆရာဝန်ကြီးတို့က အရိုအသေပေးပြီး နှုတ်ဆက်လာကြသည့်အခါ ကိန်းကလက်ခံလိုက်ပြီး မျက်နှာချင်းဆိုင်၌ ထိုင်ခွင့်ပေးလိုက်၏။ ဧည့်သည်နှစ်ယောက်စလုံးဟာ Formal ကျကျဝတ်ဆင်လာခဲ့ကြပြီး ဆရာဝန်ကြီး၏လက်ထဲ၌ ဆေးဘက်ဆိုင်ရာလက်ဆွဲအိတ်တစ်အိတ်ပါသလို ဂိုဏ်းချုပ်၏လက်ထဲတွင်လည်း လက်ဖဝါးတစ်ဖက်တည်းနှင့်ပင် ကိုင်ထား၍ရသော ရွှေရောင်ကနုတ်ပန်းလေးများပါသည့် စိမ်းပြာရောင်ကြွေအိုးသေးသေးလေးပါလာသည်။ သို့ပေသည့် ဂိုဏ်းချုပ်ဟာ ထိုကြွေအိုးလေးအား လက်နှစ်ဖက်ဖြင့် သေချာဂရုတစိုက် ကိုင်ထားလေ၏။ ထို့ပြင် သူဟာ ထိုင်ခုံထက်ထိုင်လိုက်သည်နှင့် ယင်းကြွေအိုးလေးအား စားပွဲထက် ဂရုတစိုက်တင်လိုက်သည်။

ကိန်းနှင့်ဈာန်တို့၏အကြည့်များဟာ ထိုအိုးလေးဆီသို့ ခဏတာဖြတ်ပြေးသွားကြပြီးနောက် အနည်းငယ်ထူးဆန်းသွားကြသော်ငြား ဘာမှတော့ထုတ်မမေးလိုက်ကြပါချေ။

ကိန်းဟာ တစ်လျှောက်လုံး ဈာန့်ခါးအား သိုင်းဖက်ထားသည့်လက်အား လုံးဝမဖယ်ခဲ့ပါသလို ရှေ့ဆက်ပြီး ဖယ်ဖို့လည်း စိတ်ကူးမရှိ။

I bet you love me. [Completed]Where stories live. Discover now