Chapter-38

159K 8.2K 4.1K
                                    

[ Every Zawgyi font is under the Unicode. If you can't read this part, I bet it is wp error. So, remove my fic from your library first then add it again. You can do this action till you can read. This advice is the only thing that I can help you. Thank you. 💚]

*** ***

ခမည်းတော်ဖြစ်သူ၏စကားအဆုံး မဟာလေး၏မျက်ဝန်းလေးများဟာ သိသိသာသာကိုပြူးကျယ်သွားကြပြီးနောက် ခေါင်းသေးသေးလေးက နောက်သို့ ချက်ချင်းဆိုသလို ဆတ်ခနဲလှည့်ကြည့်လိုက်တော့၏။ ထိုအခါ အဖိုးတော်ဖြစ်သူ၏နံဘေး တွေ့လိုက်ရသူကြောင့် ကလေးလေး၏မျက်နှာထက် ပိုလို့ပင် အံ့အားတကြီးဟန်ဖြစ်သွားပြီးနောက် ခမည်းတော်ဖြစ်သူအား မယုံနိုင်သလိုလေးပြန်လှည့်ကြည့်လိုက်ရင်း မျက်နှာလေးက မထိန်းနိုင်တော့ဟန်ဖြင့် မဲ့တဲ့တဲ့လေးဖြစ်လာကာ...

"ခမည်းတော်... ဦးဦးဈာန်.. ဦးဦးဈာန်က... "

မဟာလေး၏အသံလေးဟာ တိမ်ဝင်သွားပြီးနောက် နှုတ်ခမ်းထောင့်စွန်းလေးတွေပါ မဲ့ကျသွားပြီး ခမည်းတော်ဖြစ်သူ၏မျက်နှာကိုကြည့်နေရာမှ မျက်ရည်လုံးကြီးတွေစီးကျလာကာ ရုတ်တရက်ကြီးပြန်ထငိုပါတော့သည်။

ကိန်းမှာ သား၏ပုံစံလေးကြောင့် စိတ်ပူသွားရပြီး ကလေးကို သေချာလေးပြန်ဖက်ကာ ကျောပြင်သေးသေးလေးထက် ခပ်ဖွဖွသပ်ပေးရင်း...

"သား ဘာဖြစ်လို့လဲ၊ သားအဆင်သင့်မဖြစ်သေးလို့လား၊ ဟင်? ၊ ခမည်းတော်ကိုပြောပါဦး၊ သား ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်လေ နော်၊ ခမည်းတော်ရော၊ ဖဘုရားရောက သားကို အရမ်းချစ်ကြတာမလို့ အဆင်သင့်မဖြစ်သေးလည်း နားလည်ပေးမှာပါ၊ မငိုပါနဲ့ ဖေ့သားရာ၊ သားငိုရင် ခမည်းတော်နဲ့ဖဘုရားက အရမ်းရင်နာရတာ၊ ဖေ့သားလေးက လိမ္မာပါတယ်ကွာ၊ နော်"

"ဝူး....... သားလည်း .. မသိပါဘူး... သားလည်း.. တကယ်.. မငိုချင်ပါဘူး... ဟီး........... သား ... ပိုပိုပြီး... ဝမ်းနည်းလာပါတယ်... သား... သား.. မလိမ္မာနိုင်တော့ပါဘူး... ဟီး............. "

"အင်းအင်း ဟုတ်ပါပြီကွာ၊ ခမည်းတော်တို့ရဲ့သားလေးက အရမ်းဝမ်းနည်းနေတာပဲ၊ မထိန်းနိုင်တော့ရင်လည်း ငိုချင်သလောက်ငိုလိုက်နော်၊ ဘာမှမဖြစ်ပါဘူး၊ ဖေ့သားလေးက အရမ်းလိမ္မာထားတာပဲဟာ၊ အခုငိုနေရင်တောင် လိမ္မာနေတုန်းပဲ၊ မဟာအနွယ်တော်လေးက အမြဲတမ်း အလိမ္မာဆုံးလေးပါပဲ"

I bet you love me. [Completed]Where stories live. Discover now