Chapter-10

103K 8.9K 1.7K
                                    

ကိန်းက သည်နေ့နံနက်ခင်းတွင်စောစောနိုးနေပြီး လုပ်စရာလည်းမရှိသည်မို့ ခမည်းတော်တို့ ၊ ဖဘုရားတို့နှင့်အတူ စံအိမ်ဝင်းထဲ၌ ပတ်ပြေးပြီး လေ့ကျင့်ခန်းများလိုက်လုပ်ဖြစ်၏။ ထို့ကြောင့် ဖဘုရားက သဘောတကျဖြစ်နေပြီး နေ့တိုင်းအတူလိုက်လုပ်ဖို့ ပြောလာသည်။

“ဒါမျိုးအလေ့အကျင့်ကောင်းကို သေချာလုပ်ယူကြည့် သားငယ်၊ မနက်စောစောထဖြစ်တော့ ညဆိုလည်း စောစောအိပ်ဖြစ်တယ်၊ အကျင့်ရသွားရင် စိတ်လည်းပိုကြည်လာပြီး စာတွေမှာလည်း အာရုံစူးစိုက်မှု ပိုကောင်းလာလိမ့်မယ်၊ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတယ်”

“ဟုတ်ကဲ့ပါ ဖဘုရား”

“ဟားဟား ငယ်ရေ… ကိုယ်တို့သားငယ်လေး ဆေးစားမှားသွားတာလား”

ခမည်းတော်က သူ့ကိုစလာသည်မို့ သူရယ်လိုက်မိရင်း…

“ကျွန်တော်လိမ္မာဖို့စဉ်းစားနေတာကို ခမည်းတော်က ဖျက်ဆီးချင်နေတာလား၊ ဖဘုရား ခမည်းတော်ကို ဆူလိုက်”

ဖဘုရားက သူတို့စကားကြောင့် ရယ်နေ၏။ လက်ရှိတွင် သားအဖသုံးယောက်လုံးပြေးထားကြသည်မို့ ချွေးအနည်းငယ်စို့နေကြပြီး အမောပြေ လမ်းလျှောက်လိုက်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်လိုက်၊ အကြောဆန့်လိုက်နှင့် လုပ်နေကြခြင်းပင်။

ခမည်းတော်က လမ်းလျှောက်နေရင်းမှ ဖဘုရား၏ပုခုံးကိုဆွဲဖက်ကာ သူ့ဘက်ပိုကပ်အောင်လုပ်လိုက်၏။ သားအဖချင်းကိုတောင် ဘာတွေတိုနေမှန်းမသိ။

“ဖယ် အစ်ကိုရာ … ကျွန်တော့်မှာ ချွေးတွေထွက်နေတုန်း”

“ကိုယ်လည်း ချွေးတွေနဲ့ပဲလေ”

“အဲ့ဒါကြောင့်ပြောတာလေ၊ ကပ်နေလို့အဆင်မပြေဘူး”

“ငယ်ကလည်း…”

ခမည်းတော်က အလိုမကျစွာဖြင့် ဖဘုရား၏ပုခုံးကိုပြန်လွှတ်ပေးလိုက်ပြီးဆက်ပြော၏။

“ဒီရက်တွေထဲ ငယ်အလုပ်ရှုပ်နေတာ တအားများနေပြီနော်၊ ကိုယ့်နားလည်း ကပ်ဦး”

ကိန်း ခမည်းတော်ကို မနိုင်သလိုလှည့်ကြည့်လိုက်မိသည်။ သည်မှာ သားတစ်ယောက်လုံး အကောင်လိုက်ကြီးရှိနေသေးတာကို အချစ်ငှက်ကလေးတွေ မလုပ်ဘဲနေလို့မရဘူးလား။ ကိုယ့်ဘာသာ အိမ်တော်ပြန်ရောက်မှ စိတ်ကြိုက်လုပ်ရင် ပိုမကောင်းဘူးလား။

I bet you love me. [Completed]Where stories live. Discover now