Chapter-7

102K 9.6K 1.2K
                                    

ဈာန် ဗီရိုတံခါးကိုအမြန်ဆွဲဖွင့်ကာ အပေါ်ဆုံးထပ်မှဆေးဘူးတစ်ဘူးကိုယူလိုက်သည်။ ထို့နောက် ဆေးတစ်လုံးကိုထုတ်ယူပြီး ပါးစပ်ထဲသို့အဆောတလျင်ထည့်လိုက်ကာ မျိုချလိုက်မိ၏။ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်နေပါသလို နှုတ်ခမ်းနှင့်လက်တို့ကလည်း သိသိသာသာတုန်ယင်နေသည်။

သူ့ခန္ဓာကိုယ်ထက်စွဲပါလာသော စန္ဒကူးရနံ့တို့က အင်အားပြင်းလွန်းလှသည်မို့ လွန်ခဲ့ပြီးသောတစ်ညနေအား ပြန်လည်၍သတိရမိသွား၏။

လက်စသတ်တော့ အဲ့တုန်းကလည်း မင်းဖြစ်နေတာကိုး…။

ထိုစဉ်က သူ့တွင်လည်းကိစ္စများစွာဖြစ်နေခဲ့သည်မို့ ထိုသူမည်သူဆိုတာကို မမှတ်မိခဲ့။ သို့တိုင် အနှီ လူတစ်ထောင်မှာတစ်ယောက်တောင်မရှိနိုင်သော စန္ဒကူးရနံ့တို့ကိုတော့မမှတ်မိစရာအကြောင်းမရှိ။ ပုံမှန်ဆိုလျှင် အားနေ Pheromone တို့ဖြင့်ဖိနှိပ်တတ်သော အယ်လ်ဖာတို့၏စရိုက်များကို သူမနှစ်သက်သော်ငြား ထိုစန္ဒကူးရနံ့တို့ကိုတော့ သူမမုန်းခဲ့။

ထို့ပြင် Dominant Omega တစ်ယောက်အနေနှင့် သူက သာမာန်အိုမီဂါများထက်ခံနိုင်ရည်ပိုမြင့်ပါသော်ငြား ထိုစန္ဒကူးရနံ့တို့ကတော့ သူ့အားသိသိသာသာဖိနှိပ်နိုင်ခဲ့မှန်း အမှတ်ရခဲ့သည်။ သို့တိုင် သူ့လိုအလေ့အကျင့်ပေါင်းစုံကြား ကြီးပြင်းလာခဲ့ရသူအနေနှင့် အတွင်း၌ မည်မျှပင်အားနည်းလာပါစေ ထုတ်မပြဘဲတောင့်ခံနိုင်ပါ၏။

သာမာန်အယ်လ်ဖာများ၏ ရနံ့တို့ကတော့ သူ့အပေါ်အနည်းငယ်မျှပင်သက်ရောက်မှုမရှိတော့ပါချေ။ မင်းရတုရှင်က သာမာန်အယ်လ်ဖာတစ်ယောက်ဖြစ်သည်မို့ သူ့အားမလွှမ်းမိုးနိုင်ခြင်းဖြစ်၏။ သူ့အနေနှင့် သတိထားနေရသည်က Dominant Alpha များကိုသာပင်။

သို့တိုင် မင်းရတုရှင်ကိုလည်း သတိမထားဘဲဆက်ဆံ၍တော့မရ။ သာမာန်အယ်လ်ဖာတစ်ယောက်ဖြစ်သည့်တိုင် အားနည်းသူတစ်ယောက်မဟုတ်သလို သူ့လက်အောက်တွင် အဖွဲ့အစည်းတစ်ခုလည်းရှိ၏။ သူကတော့ ထိုအဖွဲ့အစည်းမှထွက်လာခဲ့သူမို့ အာဏာကအရင်လိုသက်ရောက်မှုရှိမည်မဟုတ်တော့။

I bet you love me. [Completed]Where stories live. Discover now